Академический Документы
Профессиональный Документы
Культура Документы
ပိုင်သ က ဒါရိုက်တာအဖြစ်ကျင်လည်နေရတဲ့ဘဝတွေထက
ဲ ရုပ်ပုံတွေကို တသသမဖြစ်ခဲ့ပါဘူး။
ဘဝတွေမပြေလည်ကြပေမဲ့ ကိုယ့်ရဲ့ယုံကြည်ချက်ကို မာန်မလျော့ပဲ ဆက်လက်တူးဖေါ်နေကြတဲ့ ကဗျာဆရာ၊ စာရေးဆရာတွေစုဝေးရာနေရာလေးကို
လွမ်းဆွတ်မှုအပြည့်နဲ့ တသသဖြစ်နေခဲ့တယ် လို့ ဆိုတယ်။ ပိုင်သ ကို ကျနော်မရင်းနှီးပါဘူး။ ဒါပေမဲ့ တသသထဲမှာ ပွင့်လင်းစွာရင်ဖွင့်ထားတဲ့
သူ့ရဲ့အမြင်ကို သဘောကျခဲ့တယ်။
(၁)
ရော့ဂ်ဂီတအဆိုတော် ဇော်ဝင်းထွဋ် ရဲ့ “မဟာ” စီးရီးကိုမှတ်မိကြမလားမသိဘူး။ စစ်အစိုးရက ၁၉၉၆ မှာသူ့ကို အသုံးချပြီး ဝါဒဖြန့်သီချင်းခွေ
ထုတ်ခဲ့တယ်။ တက္ကသိုလ်နယ်မြေအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေအားလုံးကို မဟာ စီးရီးခွေကိုဖွင့်ရမယ်လို့ အစိုးရက တိုးတိုးတိတ်တိတ်
ထုတ်ပြန်ထားခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ပြန်အားစမ်းခဲ့ပါတယ်။ “ဇော်ဝင်းထွဋ်ရဲ့မဟာသီချင်းဖွင့်တဲ့ဆိုင်မီးရှို့ခံရမယ်”လို့။
ဖြစ်ချင်တော့ တရက်မှာ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းအဝင်မှာဖွင့်ထားတဲ့ “ ဟယ်လို” လက္ဘက်ရည်ဆိုင်မှာ ဇော်ဝင်းထွဋ်ရဲ့မဟာသီချင်း
ဖွင့်နေသံကိုကြားလိုက်ရတယ်။ အီးဆောင်နဲ့ ဒီဆောင်မှာ ရှိတဲ့ကျောင်းသားတွေ အောက်ကိုဆင်းလာကြတယ်။ နောက်-
ဆိုင်ရှင်ကိုမေးတယ်။ ဒီသီချင်းခွေကိုဘယ်သူယူလာတာလဲ လို့။ ဆိုင်ရှင်က ဝိုင်းတဝိုင်းကိုလက်ညှိုးထိုးပြတယ်။
ကြည့်လိုက်တော့ အင်ပါယာ တေးဂီတမှာ တီးနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကျနော်တို့တတွေ၊ အဲ့ဒီ ဇော်ဝင်းထွဋ်ခွေကို အုတ်နီခဲကျိုးနဲ့ထု၊ ရိုက်ခွဲပစ်လိုက်ပြီး၊
လက္ဘက်ရည်ဆိုင်ထဲကနေထွက်သွားပေးဖို့ ပြောခဲ့ကြတယ်။ တကယ်တော့ သူတို့နဲ့ကျနော်တို့တတွေ၊ တယောက်ကိုတယောက်သိကြတာပဲ။
ကျနော်တို့လည်း ရန်ကုန်စက်မှုတက္ကသိုလ်န့က
ဲ ပ်တည်ရှိနေတဲ့ ဆရာစောဘွဲ့မှူးအဖွဲ့ အခြေစိုက်ရာ ဘုရားကျောင်းမှာ ဂစ်တာသင်ကြားနေသူတွေ၊
ဒါပေမဲ့ မူ ကိုတော့ အလျော့ပေးလို့မရဘူး။ ဇော်ဝင်းထွဋ် ရဲ့ မဟာခွေ ကို ဖွင့်တဲ့ဆိုင်ပြဿနာတက်မယ်လို့ ရာဇသံပေးထားပြီးပြီ။
ဒီ ရပ်တည်ချက်ကိုချိုးဖောက်လာသူတွေအားလုံးကို တုန့်ပြန်ရမယ်ဆိုတာ အားလုံးဆုံးဖြတ်ပြီးသား။ သူတို့ကလည်း
အစိုးရခိုင်းလို့ထုတ်ရတယ် ဆိုတာသိပေမဲ့ ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ခံစားချက်၊ မူဝါဒကိုနားလည်ပေးဖို့လိုမယ်။
သူတို့နားလည်ပါတယ်။ ကျနော်တို့တတွေ၊ သူတို့ကို လက္ဘက်ရည်ဆိုင်ထဲကမောင်းထုတ်ခဲ့ပေမဲ့၊ သူတို့နဲ့ ကျနော်တို့ကြားက
ဆက်ဆံရေးပျက်မသွားခဲ့ပါဘူး။ ကင်န်တင်းမှာ ကိုမန
ွ်းအောင် ရဲ့ သီချင်းတွေနေရာယူလာခဲ့ဘူးတယ်။
(၂)
(၃)
(၄)
အနုပညာသည်တွေဘက်က အလွန်အကျွံကာကွယ်ပြောဆိုပြီး၊ ပြည်ပနိုင်ငံရေးသမားတွေကို အပေါ်စီးက လူတတ်လုပ်၊ ဝေဖန်တိုက်ခိုက်
နေတဲ့အသံတွေ ကြားနေရတယ်။ ဆင်းရဲကြပ်တည်းမှုတွေန့ဒ
ဲုက္ခတွေအောက်မှာရပ်တည်နေရတဲ့သူတွေရဲ့ခံစားချက်တွေ၊
ဘဝကိုဖျက်လာရသူတွေရဲ့စိတ်ဒဏ်ရာတွေကို တစက်မှထည့် စဉ်းစားမပေးပဲ၊ တလျောက်လုံးအခွင့်အရေးတွေရနေသူတွေဘက်က
ဆတ်ဆတ်ခါ နာနေသူတွေကိုတော့ နားမလည်နိုင်အောင်ပါပဲ။
“ ပြန်ပေးဆွဲခံရတဲ့အနုပညာသည်တွေကို အစိုးရဝါဒဖြန့်ချီရေးဇာတ်ကား ရိုက်ရကောင်းလား လို့ အပြစ်တင်နေကြမလား။
အနုပညာသည်တွေကို ဆန္ဒပြရင် အကုသိုလ်ရမယ်” ဆိုတော့ ဗိုလ်အောင်ကြီးရဲ့စစ်တပ်ကို စိတ်နဲ့တောင်မပစ်မှားကြနဲ့
ဆိုတဲ့စကားကိုသွားသတိယမိတယ်။
သေချာစဉ်းစားပါအုံး ဆရာတို့ရယ်။ တချို့အနုပညာသမားတွေက ဟိုဘက်ကသာရင်ဟိုဘက်ကိုပေါင်းမယ်။
ဒီဘက်ကသာရင်ဒီဘက်ပေါင်းမယ်။ ပြီးရင်ရတဲ့အခွင့်အရေးကိုယူ။ ကိုယ့်အောင်မြင်မှုအတွက် ခန္ဓာကိုယ်ကိုပါလိုအပ်ရင် ရင်းပစ်လိုက်မယ် ဆိုတာ
လူဗြိန်းတောင်နားလည်တဲ့ အဲ့ဒီလောကသားအများစုရဲ့ အဖြစ်အပျက်တွေပါ။ အထူးအဆန်းတွေမဟုတ်ပါဘူး။
သိတ်လည်းခံစားနေစရာမလိုပါဘူး။ နိုင်ငံရေးလုပ်နေတဲ့သူတွေကို
“ သူတို့က အစိုးရဖိအားပေးလို့လုပ်ရတာပါ” ဆိုတာတွေကိုလည်းရှင်းပြနေစရာမလိုပါဘူး။
“သူတို့ကို စည်းရုံးရေးလုပ်ချင်ရင် ငွေများများသုံးဖြုန်းပြလိုက်” ဆိုတဲ့ ခပ်ညံ့ညံ့သီအိုရီတွေလည်း ကျနော်တို့နားလည်ပါတယ်။
တိုင်းပြည်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာသိလို့ပဲ သူများတွေ သီချင်းတအေးအေးနဲ့ လွမ်းနေချိန်၊ ဘွဲ့ရဖို့ကြိုးစားနေချိန်မှာ
စာသင်ခန်းတွေပစ်ပြီးသူပုန်ဘဝရောက်ခြဲ့ ကသူတွေပါ။ ဘလောက်ကလေးတခုနှစ်ခုဖွင့်၊ နိုင်ငံရေးကို ဧည့်ခမ်းဆောင်မှာ အခန့်သားထိုင်
အညွှန့်ခူးစား လူပေါ်လူဇော်လုပ်မဲ့ မျိုးဆက်သစ်အမည်ခံ စိတ်ကူးတွေလိုမျိုး တယောက်မှမရှိခဲ့တဲ့သူတွေပါ။
(၅)
(၆)
ဂျိမ်းဖောင်ဒါ လို မင်းသမီးတွေကြောင့် ဗီယက်နမ်စစ်ပွဲရပ်တန့်စေမဲ့ လှုပ်ရှားမှုတွေ ပိုမိုအားကောင်းလာခဲ့တယ်။ မင်းသားကြီးထွန်းဝေ၊
ဦးမြတ်လေး၊ ကိုကျော်သူ၊ ကိုဇာဂနာ၊ နှုတ်ခမ်းမွှေး လူရွှင်တော်ညီအကိုတို့ရဲ့ မွန်မြတ်တဲ့လုပ်ငန်းတွေကြောင့်ပဲ၊ ပြည်သူတွေက
သူတို့ကိုချစ်ခဲ့တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ဘီဘီစီမှာ ပြောနေတဲ့ ဆရာဦးဝင်းဖေရဲ့ “ဝင်းဖေလွယ်အိပ်” လို ကြုံရာလျှောက်ပြောနေ
တဲ့ဇာတ်လမ်းတွေနဲ့တော့ မတူနိုင်ဘူး။ ပစ်မှတ်ကိုတဆင့်ခြင်းလွှတ်ရတယ် ဆိုတာ လူတွေသိပါတယ်။
ဟတ် ဒ် ( Heart) ကို ထိအောင်ပစ်ရတယ် ဆိုတာ ဒီကနေ့လူငယ်တွေပြောနေတဲ့ စကားပါ။
“ ချစ်သူသည်သာ ငြိမ်းချမ်းရာမြေ၊ အိပ်မက်ဆန်သော-- ငြိမ်းချမ်းသာယာသောနယ်မြေ--- ဆိုတဲ့ ဒေါ်မာမာအေးလိုသီချင်းဆိုပြီး
ဇာတ်သိမ်းသွားမဲ့ အဝေးရောက် “ဂန္ဓာဝင်” အဖြစ် ကျန်မနေရစ်ချင်ပါဘူး။ ဆန္ဒပြတယ်ဆိုတာ ဟဒ် ကို ထိအောင်ပစ်ကြည့်တာပါ။
ရုပ်ရှင်မင်းသားမင်းသမီးတွေကို ဆန္ဒပြတဲ့သူတွေက သူတို့ကိုမုန်းလို့မဟုတ်ပါဘူး။
“ ပြည်တွင်းကရဲဘော်တွေပြောခွင့်မရတဲ့ အရာတွေကို ကျမတို့က ပြောနေရတာပါ” တဲ့
ပြည်တော်မပြန်ခင်မှာ စဉ်းစားစရာတွေပါသွားအောင်၊ နှလုံးသားကို လှမ်းပစ်ကြည့်တဲ့ သဘောလောက်ပါ။
တနိုင်ငံလုံး ဒုက္ခရောက်နေတဲ့ ခေတ်ကြီးမှာ မေ့မေ့လျော့လျော့ နေချင်သူတွေကို ဒီလောက်တော့ သတိပေးသင့်တယ်လို့ထင်ပါတယ်။
တောင်ပြိုနေတာပါ။ လက်ဖဝါးနဲ့သွားကာမနေကြပါနဲ့။
အရှိန်နဲ့လှုပ်နေသူတွေသာ သမိုင်းလမ်းကြောင်းကို ပြောင်းလဲနိုင်သူတွေဖြစ်တယ် လို့ ယုံတယ်။
ဟာ့ဒ် ကို သာ ထိအောင်ပစ်ပါ မိတ်ဆွေ တို့။
အောင်မိုးဝင်း