Вы находитесь на странице: 1из 3

'kwd,tdrf EdkifiHwumpmayqufqHa&;tiftm;pk

P.O Box 201 Rochester, NY 14580------Ph: 585-957-6452----Fax: 585-671-4707

ပြီးခဲ့တဲ့အပတ်က အာရှအလယ်ပိုင်းနိုင်ငံ(၅) နိုင်ငံအကြောင်းကိုအကြမ်းဖျင်းမိတ်ဆက်ခဲ့တယ်။


စစ်အခြေစိုက်စခန်းတွေ၊ ရေနံ၊သဘာဝဓါတ်ငွေ့နဲ့ ဒေသဆိုင်ရာလုံခြုံရေးအတွက် လွှမ်းမိုးအားပြိုင်မှုအမြင်တွေ ကို ကျနော်တို့ထောက်ပြခဲ့ကြတယ်။
၂၀၀၁ ခုနှစ်မှာ အော်ကိုင်းဒါးအကြမ်းဖက်အဖွ့က
ဲ အမေရိကန်ပြည်ထောင်စုကိုတိုက်ခိုက်အပြီးမှာ၊ အာဖကန်နစ္စတန်စစ်ပွဲကို စတင်ဖို့အတွက်
ကာဂျစ်စတန်နိုင်ငံက “မန်နက်စ်လေတပ်စခန်း”ကို အမေရိကန်ပြည်ထောင်စုက ငှားရမ်းခဲ့တယ်။ ရုရှားကလည်း အကြမ်းဖက်သမားတွေအပေါ်
စစ်ဆင်ရေးကြွေးကြော်သံကို ကြိုက်နှစ်သက်ခ့တ
ဲ ယ်။ သူတို့မှာလည်း အစ္စလာမ်ဘာသာဝင် ခွဲထွက်အုပ်စုတွေရဲ့အန္တရာယ်ရှိနေတယ်။
အဲ့ဒီအုပ်စုကို အမြစ်ပြတ်ခြေမှုန်းရမယ်လို့ ယုံကြည်ထားတယ်။ ရုရှားလွှမ်းမိုးထားတဲ့ အာရှအလယ်ပိုင်းဒေသတွေဆီက စစ်အခြေစိုက်စခန်းတွေမှာ
အမေရိကန်ပြည်ထောင်စုရဲ့လေတပ်စခန်းတွေအခြေချနိုင်ဖို့အတွက် ခွင့်ပေးထားခဲ့တယ်။
ဒါပေမဲ့ ၂၀၀၅ ခုနှစ်လောက်ကစပြီး အာရှအလယ်ပိုင်းနဲ့ ဥရောပနိုင်ငံဒေသတွေအပေါ် မဟာဗျူဟာအရ တွက်ချက်နေတဲ့
ရုရှားရဲ့သဘောထားကပြောင်းလဲသွားခဲ့တယ်။ ဥဇဘက်ကစ္စတန်မှာရှိတဲ့ အမေရိကန်လေတပ်စခန်းကိုထွက်ခွာသွားစေဖို့ အတွက်
ဥဇဘက်ကစ္စတန်အစိုးရကို ဖိအားပေးခဲ့တယ်။ အမေရိကန်လွှမ်းမိုးအခြေချမှုကို နှင်ထုတ်ဖို့ကြိုးစားတယ်။
နောက်ထပ်နိုင်ငံတခုကိုထပ်ရွှေ့ပြန်တယ်။ ကာဂျစ်စတန်နိုင်ငံထဲမှာ တပ်စွဲထားတဲ့ အမေရိကန်လေတပ်စခန်းကို ဆက်လက်မငှားရမ်းတော့ဘူးဆိုရင်
ရုရှားအနေနဲ့ ကာဂျစ်စတန်အစိုးရကို နှစ်ဘီလျှံငွေ ထုတ်ချေးမယ်လို့ဆိုတယ်။

၂၀၀၅ ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့ ကာဂျစ်စတန်နိုင်ငံက ဘက်ကီယက်ဗ်အစိုးရ ကလည်း အရင်အစိုးရလိုပါပဲ။


ခြစားမှု၊ အာဏာရှင်ဆန်မှုတွေကို ဆက်လက်ဖန်တီးခဲ့တယ်။ ပိုပြီးဆိုးတာက ပထဝီဝင်အနေအထားတည်ရှိမှုကိုသတိထားမိပုံမရဘူး။
နိုင်ငံရေးကို သတိကင်းမဲ့စွာကစားဖို့ကြိုးစားတယ်။ ရုရှားခေါင်းဆောင် ပူတင် နဲ့ တွေ့တဲ့အခါ၊ ကာဂျစ်စတန်နိုင်ငံမှာတပ်စွဲထားတဲ့ အမေရိကန်လေတပ်ကို
ဆက်လက်မငှားရမ်းတော့ပါဘူး လို့ ဆိုတယ်။ ငွေတချို့ကို ထုတ်သုံးထားသေးတယ်။ အမေရိကန်ပြည်ထောင်စုကလည်း လျင်တယ်။
လေတပ်အခြေစိုက်စခန်းငှားရမ်းမှုဈေးနှုန်းကို အဆမတန်တိုးမြှင့်ပေးလိုက်တယ်။ ဘက်ကီးယက်ဗ် ရဲ့ သဘောထားက ချက်ချင်းပြောင်းသွားတယ်။
ငွေရေးကြေးရေးမှာ ခြစားမှုနဲ့ ယဉ်ပါးနေသူဆိုတော့ ပူတင်ကိုပေးထားတဲ့ ဂတိတွေထက် ဘယ်သူငွေပိုပေးမလဲဆိုတဲ့ အချက်ကို ပိုအလေးထားတယ်။
အမေရိကန်ပြည်ထောင်စုရဲ့လေတပ်အခြေစိုက်စခန်းကိုဆက်လက်ငှားရမ်းခဲ့တယ်။
ဒါပေမဲ့ အဲ့သလို မျက်နှာနှစ်ဘက်နဲ့ လှေနံနှစ်ဘက်နင်းတဲ့အလုပ်ကိုလုပ်လိုက်တာဟာ ဘက်ကီယက်ဗ်အစိုးရအတွက် ကိုယ့်သေတွင်းကိုယ်တူးလိုက်
သလိုမျိုးဖြစ်နေတယ်။ တကယ်တော့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပေမဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကေဂျီဘီအဖွဲ့ဝင်တွေဟာ
မာဖီးယားခေါင်းဆောင်တွေဖြစ်သွားပြီး နေရာအနှံ့အပြားမှာ ခြေကုပ်ယူထားတယ်။ စီးပွားရေးတွေမြှုပ်နှံတည်ဆောက်ကြတယ်။
အရောင်တော်လှန်ရေးဒီရေတွေတက်နေတဲ့အချိန်မှာ သူတို့က နိုင်ငံရေးလောကကိုခပ်လှမ်းလှမ်းကနေ အကဲခပ်လေ့လာနေခဲ့တယ်။
စီးပွားရေးကွန်ယက်တွေကိုချဲ့ထွင်ကြတယ်။ အရှေ့ဥရောပနိုင်ငံတွေနဲ့အာရှအလယ်ပိုင်းနိုင်ငံတွေမှာ ရုရှားစီးပွားရေးသမားတွေက တစထက်တစ
လွှမ်းမိုးလာခဲ့တယ်။ ကာဂျစ်စတန်နိုင်ငံ က ရုရှားတွေပိုင်ဆိုင်ထိန်းချုပ်ထားနိုင်ခဲ့တဲ့ မီဒီယာတွေမှာ ဘက်ကီယက်ဗ်အစိုးရရဲ့လှေနံနှစ်ဘက်နင်းတဲ့
အပြုအမူတွေကို စတင်တိုက်ခိုက်လာခဲ့ကြတော့တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတခါမှထုတ်မပြောခဲ့တဲ့ ရုရှားမီဒီယာတွေကလည်း
ဗက်ကီယက်ဗ်အစိုးရရဲ့ပြည်သူအပေါ်နှိပ်စက်မှုတွေကိုဆက်တိုက်ထုတ်ဖေါ်ပြောကြားလာခဲ့တော့တယ်။

တကယ်တော့ ၂၀၁၀ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ကာဂျစ်စတန်နိုင်ငံရဲ့ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကိုဖြစ်ပေါ်စေတဲ့အချက် (၃) ချက်ရှိတယ်။

(၁) ဘက်ကီယက်ဗ်အစိုးရဟာ လူမျိုးစုခေါင်းဆောင်တချို့ကို သူ့ရဲ့အတွင်းစည်းထဲကနေထုတ်ပယ်ထားခဲ့ပြီး ပါလီမန်ခေါင်းဆောင်တချို့ကို


လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ပါလီမန်ထက
ဲ မိတ်ဆွေတွေန့လ
ဲ ည်း ပူးပေါင်းဆောင်ရွက်မှုမလုပ်ခဲ့ဘူး။
(၂) ရုရှားခေါင်းဆောင်တွေန့န
ဲိုင်ငံရေးကစားဖို့လုပ်တယ်။
(၃) နိုင်ငံရေးကစားခြင်းရဲ့အကျိုးဆက်အဖြစ်၊ စွမ်းအင်ဈေးနှုန်းတွေ အဆမတန်မြင့်တက်သွားတယ်။ လူထုမကျေနပ်မှုတွေအားလုံးကို
သတင်းမီဒီယာတွေက လွှင့်ထုတ်ပေးလိုက်ပြီး လူထုလှုပ်ရှားမှုဖြစ်လာအောင် တွန်းပို့ပေးလိုက်တယ်။
၂၀၀၅ ခှုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကြက်သွေးရောင်တော်လှန်ရေးနဲ့ ၂၀၁၀ မှာဖြစ်ပွားခဲ့တဲ့လူထုဆန္ဒပြပွဲတွေမှာ အဓိကခြားနားတဲ့အချက်က

၂၀၀၅ ခုနှစ်လှုပ်ရှားမှုကို ချမ်းသာကြွယ်ဝတဲ့ လက်ရွေးစင်လူတန်းစားတွေက ပါလီမန်ထဲမှာ သူတို့ရဲ့အမတ်နေရာပျောက်မှာစိုးတဲ့ စိုးရိမ်မှု


တခုတည်းပေါ်မှာတည်ပြီး လူထုကိုဦးဆောင်ခြဲ့ ကတယ်။ သွေးထွက်သံယိုဖြစ်မှုနည်းခဲ့တယ်။
၂၀၁၀ မှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို အောက်ခြေလူထုက ဦးဆောင်လှုပ်ရှားကြတယ်။ တာလပ်စ် လို နယ်မြို့တွေမှာ စတင်ခဲ့ပြီး မြို့တော်
ဘစ်ရှ်ကက်ဆီကိုပျံ့နှံ့သွားတာဖြစ်တယ်။ အကြမ်းဖက်မှုတွေများသလို၊အတိုက်အခံတွေကလည်း ဘက်ကီယက်ဗ်အစိုးရပြုတ်ကျသွားအောင်ထိ
ဖြစ်လာလိမ့်မယ်လို့မမျှော်လင့်ခြဲ့ ကဘူး။

လွတ်လပ်တဲ့အာရှအသံမှာ ပြီးခဲ့တ့အ
ဲ င်္ဂါနေ့ညက ကာဂျစ်စတန်နိုင်ငံရဲ့ ကံကြမ္မာအပြောင်းအလဲတွေကိုဆွေးနွေးခဲ့တယ်။

မျက်နှာနှစ်ဘက် နဲ့လူ (သို့မဟုတ်)…………

သောတရှင်များခင်ဗျား

၂၀၀၅ ခုနှစ်မှာ ကာဂျစ်စတန်အစိုးရအသစ်ကိုဖ့စ


ွဲ ည်းနိုင်ခ့ေ
ဲ ပမဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေက ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။
ပါလီမန်အမတ်(၇၅) ယောက်ထက
ဲ (၄) ယောက်ဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသလို ခြစားမှုတွေ၊ အဂတိလုက
ိစားမှုတွေကလည်း နိုင်ငံအနှံ့အပြားမှာ
စိမ့်ဝင်နေပါတယ်။ ဒါကြောင့်လည်း ၂၀၀၆ ဧပြီလမှာထောင်ချီနေတဲ့လူအုပ်ဟာ မြို့တော် ဘစ်ရှ်ကက် ဆီက ပါလီမန်အဆောက်အဦဆီကို
ချီတက်လိုက်ကြပြီး “သူခိုးများကျဆုံးပါစေ” ဆိုတ့ေ
ဲ ကြွးကြော်သံနဲ့အတူ ခြစားမှု၊ အဂတိလိုက်စားမှုတွေကို အရေးယူဖို့တောင်းဆိုခဲ့ကြတယ်။
ဘက်ကီယက်ဗ်ကလည်းမြင်ကွင်းရှေ့ကိုထက
ွ်လာပြီး ပြည်သူကို နှစ်သိမ့်မှုပေးခဲ့ပါတယ်။ ဒါပေမဲ့ သူထွက်သွားအပြီး အချိန်သိတ်မကြာခင်မှာ
လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆန္ဒပြလူအုပ်ကို တိုက်ခိုက်လိုက်ပါတယ်။ တိုင်းပြည်မှာ အရေးပါတဲ့ သတင်းစာတိုက်(၂)ခုကိုဝင်ရောက်စီးနင်းလိုက်ကြပြီး
သတင်းထုတ်ပြန်ခွင့်တွေကို ပိတ်ပင်တားဆီးလိုက်ပါတယ်။

“နှစ်ပတ်လည်နေ့ဖြစ်တဲ့ ၂၀၀၇ ဧပြီလမှာ ထောင်ချီနေတဲ့ လူအုပ်ဟာ မြို့တော်ရဲ့ ပါလီမန် အဆောက်အဦရှေ့မှာစုစည်းလိုက်ကြပြီး


ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲပေးဖို့တောင်းဆိုတယ်။ ဘက်ကီယက်ဗ် ကလည်း သမ္မတရဲ့အာဏာကို ကန့်သတ်လျော့ချမဲ့
အခြေခံဥပေဒေကိုပြင်ဆင်ရေးဆြွဲ ပီး ပြည်သူတွေဘဝတိုးတက်စေရပါမယ်လို့ ဂတိပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်တလအကြာမှာတော့
သူ့ကိုထောက်ခံတဲ့ ပါလီမန်အမတ်တချို့နဲ့ ပူးပေါင်းကြံစည်ပြီး သမ္မတအာဏာအားလုံးကို ပြန်လည်ထိန်းသိမ်းခဲ့ပါတယ်။”

၂၀၀၉ ဂျူလိုင်လ သမ္မတရွေးကောက်ပက


ွဲို ဘက်ကီယက်ဗ် ဟာ မဲလိမ်မှုတွေနဲ့ ဒုတိယအကြိမ် အနိုင်ရခဲ့ပါတယ်။
“ဘက်ကီးယက်ဗ်” ဟာ နိုင်ငံတွင်းက သတင်းဋ္ဌာနတွေအားလုံးကို တိတ်ဆိတ်သွားအောင်ကြိုးစားခဲ့ယုံမက၊ အတိုက်အခံတွေအပေါ်
သတ်ဖြတ်ခြေမှုန်းမှုတွေကိုလည်း စံနစ်ကျစွာလုပ်ဆောင်လာခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်ဆိုတဲ့စကားကိုပြောနေခဲ့ပါတယ်။
“ဆိုဗီယက်ကွန်မြူနစ်အစိုးရပုံစံ လို အုပ်ချုပ်မှုတွေကို စွန့်ခွာ ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းဆီကိုဝင်ဆန့်ရမယ်၊ အနောက်တိုင်းဒီမိုကရေစီပုံစံသွပ်သွင်းမှုဟာ
ကာဂျစ်စတန်နိုင်ငံရဲ့နိုင်ငံရေးအနေအထားနဲ့ မလျော်ညီဘူး၊ နိုင်ငံရဲ့အတွေးအခေါ်တွေကိုပြုပြင်ပြောင်းလဲ ပစ်ရမယ်” လို့ ဆိုခဲ့ပါတယ်။
“ဘက်ကီယက်ဗ် က လူမျိုးစုကိုယ်စားလှယ်တွေ၊ အတိုက်အခံခေါင်းဆောင်တွေ၊ လူထုအဖွဲ့အစည်းတွေကို ဖိတ်ကြားခဲ့ပြီး အထူးအတိုင်ပင်ခံ
အကြံပေးအဖွဲ့ကိုဖွဲ့စည်းခဲ့တယ်။ မူဝါဒရေးရာတွေကိုထောက်ခံရေးဆွဲစေခဲ့တယ်။ ဒါပေမဲ့ “ဘက်ကီယက်ဗ်” က ရုရှားသမ္မတပူတင် လုပ်သလိုမျိုး၊
နိုင်ငံရေးပါဝါနဲ့ တိုင်းပြည်ရဲ့ချမ်းသာကြွယ်ဝတဲ့ သဘာဝတွင်းထွက်တွေကိုကိုင်တွယ်အသုံးချပြီး တည်ငြိမ်အောင်လုပ်ချင်တယ်။
ဒီမိုကရေစီနဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်တွေကို ကန့်သတ်ထားချင်ခဲ့တယ်။ ဒါပေမဲ့ ပြဿနာက ကျနော်တို့ ကာဂျစ်စတန်နိုင်ငံမှာ
ရုရှားလို ကြွယ်ဝလုံလောက်တဲ့ သဘာဝစွမ်းအင်တွေမရှိခ့တ
ဲာာကြောင့် တိုင်းပြည်ကိုတည်ငြိမ်အောင်လုပ်နိုင်မဲ့ အခြေအနေကို မဖန်တီးနိုင်ခဲ့ဘူး”

လက်တွေ့မှာတော့ ဘက်ကီယက်ဗ် ဟာ လူထုအဖွ့အ


ဲ စည်းတွေ၊ ပါလီမန်ထဲက အတိုက်အခံကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းလက်တွဲလုပ်ကိုင်ဖို့ဆန္ဒမရှိခဲ့ပါဘူး။
နိုင်ငံတွင်းမှာ ရှိတဲ့ သတင်းဋ္ဌာနတွေ၊ NGOsဟာ အစိုးရရဲ့ဖိအားပေးခြင်းခံခဲ့ရသလို၊ အတိုက်အခံနိုင်ငံရေးပါတီတွေ ကလည်း ရွေးကောက်ပွဲမတိုင်ခင်
ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပဲ ကျောခိုင်းသွားခဲ့ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အဓိကအတိုက်အခံပါတီ မှာလည်း မဲဆွယ်လှုံဆော်ပွဲတွေ
လုပ်ဖို့အတွက် ငွေကြေးမလုံလောက်မှုတွေကိုကြုံတွေ့ရင်ဆိုင်နေခဲ့ရပါတယ်။ ဘက်ကီယက်ဗ်အစိုးရရဲ့ အာဏာရှင်ဆန်လာမှုတွေ၊
ကြီးထွားလာတဲ့ခြစားမှုတွေကို သူ့ရဲ့အစိုးရအဖွ့ဝ
ဲ င်တချို့အပါအဝင်၊ ပြည်သူတွေအားလုံးကစိတ်ပျက်ခဲ့ကြပါတယ်။
၂၀၀၈ ခုနှစ်ကနေစပြီး ကြိမ်ဖန်များစွာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု၊ လုံလောက်တဲ့အနွေးဓါတ်မရခဲ့မှု--စတဲ့ လူမှုဒုက္ခတွေကို
ရင်ဆိုင်လိုက်ရပါတော့တယ်။ လျှပ်စစ်ဓါတ်အားအသုံးစရိတ်ဈေးနှုန်းတွေဟာလည်း တဟုန်ထိုးတက်သွားခဲ့ပါတော့တယ်။

ပြည်သူလူထုအပေါ်မှာ တည်ကြည်မှုမရှိတဲ့ ဘက်ကီယက်ဗ်ဟာ အဓိကအိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ ရုရှားပြည်ထောင်စု နဲ့ သဘောတူညီမှုတွေကိုလည်း


ချိုးဖောက်ခဲ့ပါတယ်။ ကာဂျစ်စတန်နိုင်ငံ မန်နပ်စ်လေတပ်စခန်းမှာတပ်စွဲထားတဲ့အမေရိကန်စစ်တပ်ကိုနှင်ထုတ်ပစ်မယ်ဆိုရင် ရုရှားအနေနဲ့
နှစ် ဘီလျှံ ထုတ်ချေးမယ် ဆိုတ့က
ဲ မ်းလှမ်းမှုကိုလက်ခံခ့တ
ဲ ယ်။ ထောက်ပံ့ငွေတချို့ကို သုံးစွဲခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်စစ်တပ်အတွက်
မန်နပ်စ်လေတပ်စခန်းကို ဆက်လက်ငှားရမ်းလိုက်တ့အ
ဲ တွက် ရုရှားခေါင်းဆောင်တွေစိတ်ဆိုးခဲ့ကြပါတယ်။
ဒါကြောင့် ရုရှားပြည်ထောင်စုဟာ စီးပွားရေးပိတ်ဆို့မှုကို စတင်လိုက်ပြီး၊စွမ်းအင်ဈေးနှုန်းတွေကိုမြှင့်ပစ်လိုက်ပါတယ်။
ကာဂျစ်စတန်နိုင်ငံတွင်းက သတင်းမီဒီယာတွေကတဆင့် ဘက်ကီယက်ဗ် အစိုးရကို စတင်တိုက်ခိုက်လာပါတော့တယ်။
ဒါကြောင့် ဘက်ကီယက်ဗ်အစိုးရဟာ သတင်းဋ္ဌာနအားလုံးကို ပိတ်ပင်တားဆီးလိုက်ပါတယ်။ လူထုရဲ့မကျေနပ်မှုကပိုမိုမြင့်တက်လာခဲ့ပါတယ်။

သောတရှင်များခင်ဗျား

၂၀၁၀ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေကို သာမန်လူထုက စတင်ဦးဆောင်လိုက်ကြတယ်။ နယ်မြို့တွေမှာ အစိုးရပိုင်အဆောက်အဦတွေကိုသိမ်းယူလိုက်ကြပြီး၊


လုံခြုံရေးတပ်ဖွဲ့တွေကို မီးလောင်ဗုံးတွေန့တ
ဲိုက်ခိုက်လိုက်ကြပါတော့တယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းလာရောက်လည်ပတ်တဲ့အခါ
ကုလသမဂ္ဂအဆောက်အဦရှေ့ကိုအရောက်သွားကြပြီး ဖိနှိပ်ခံရမှုအခြေအနေတွေကိုပြောပြကြပါတယ်။လူထုရဲ့ဒေါသတွေဟာ မြို့တော်ဆီအထိ
ပြန့်နှံ့သွားခဲ့ပြီး အစိုးရပိုင်သတင်းဋ္ဌာနတွေကိုတရစပ်တိုက်ခိုက်လိုက်ပါတယ်။ အစိုးရကလည်းပစ်ခပ်ချေမှုန်းခဲ့တာကြောင့်
လူ(၈၀) ကျော်သေဆုံးခဲ့ပြီး ရာပေါင်းများစွာဒဏ်ရာရခဲ့ပါတယ်။ အရေးပေါ်စစ်အုပ်ချုပ်ရေးကို ပြဋ္ဌာန်းခဲ့ပေမဲ့ နယ်ပေါင်းများစွာကဆန္ဒပြသူတွေကို
ငြိမ်သက်သွားအောင်မစွမ်းဆောင်နိုင်ခ့ပ
ဲါဘူး။ လူထုဟာအဓိကရုဏ်းနှိမ်နှင်းရေးရဲတွေကိုဝိုင်းရံလိုက်ကြတယ်။
အတိုက်အခံတွေအတွက်မျှော်လင့်မထားတဲ့ လူထုလှုပ်ရှားမှုတခုဖြစ်စေခဲ့သလို၊ အစိုးရအရာရှိတွေကလည်း လူထုဆန္ဒပြပွဲဆီ ကို တဖြည်းဖြည်း
ပူးပေါင်းလာခဲ့ပြီးအာဏာဖီဆန်မှုမှာပါဝင်လိုက်ကြပါတော့တယ်။ ဧပြီ(၁၅) ရက်နေ့မှာတော့ ဘက်ကီယက်ဗ်ဟာ နိုင်ငံအတွင်းကနေ ထွက်ပြေးသွားခဲ့
ပါတော့တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပြည်သူကိုလိမ်လည်လှည့်ဖျားခဲ့တဲ့ အာဏာရှင်တွေဟာ သာမန်ပြည်သူတွေရဲ့ဒေါသကို
ရင်ဆိုင်ခဲ့ရပြီး ကံကြမ္မာဆိုးတခုကိုပိုင်ဆိုင်နိဂုံးချုပ်ခ့ရ
ဲ တယ်ဆိုတဲ့အချက်ကို ကာဂျစ်စတန်နိုင်ငံရဲ့ဖြစ်ပျက်မှုတွေကသက်သေခံခဲ့ပါတယ်။

သောတရှင်တို့လည်း ကံကောင်းကြပါစေ။

အောင်မိုးဝင်း

Вам также может понравиться