Вы находитесь на странице: 1из 4

'kwd,tdrf EdkifiHwumpmayqufqHa&;tiftm;pk

P.O Box 201 Rochester, NY 14580------Ph: 585-957-6452----Fax: 585-671-4707

တော်လှန်ရေးအဖွဲ့အစည်းတွေ၊ မြေပေါ်ပါတီတွေတရားဝင်ရှိနေပေမဲ့ အကြပ်အတည်းကာလ၊ ဘာမှလုပ်လို့မရတဲ့အနေအထားတွေမှာ


ဒေသဆိုင်ရာခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍ၊ လူမှုရေးလုပ်ငန်းတွေ က ပိုမိုထိရောက်လာခဲ့တယ်။ ပြည်သူတွေကြားမှာ
လူမှုဆက်ဆံရေးအနုပညာတွေ၊ အယူအဆတွေကို လှုပ်နိုးပူးကပ်နေသရွေ့၊ အိပ်မက်တွေမသေ၊ အဖွဲ့အစည်းတွေရဲ့ဝိညာဉ်မသေပါ။
လမ်းမပေါ်ထွက်လုပ်တဲ့ နိုင်ငံရေးဟာ ပါလီမန်တွင်းတိုက်ပထ
ွဲ က်အဆင့်နိမ့်တယ် လို့ ပြောနေတဲ့ ပုဂ္ဂိုလ်များခင်ဗျား-
ဂါဇာကမ်းမြှောင်ဆီကို တခေါက်လောက် အလည်သွားစေချင်ပါတယ်။

ဘဝသစ်တခုကိုတည်ဆောက်ကြတဲ့အခါ…….

(၁) ၁၉၇၁ မှာ ရာဇာအာရာဖတ်ရဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ( PLO) ကို ဂျော်ဒန်နိုင်ငံထဲကနေနှင်ထုတ်လိုက်တာကြောင့်၊


PLO ဟာ လက်ဘနွန်ဆီကိုပြောင်းရွေ့ခဲ့ရတယ်။ ဒါပေမဲ့ ၁၉၈၂ မှာ အစ္စရေးစစ်တပ်တွေ လက်ဘနွန်ကို သိမ်းပိုက်လိုက်တာကြောင့်
PLO ဟာ တူနီးရှားနိုင်ငံဘက်ဆီကို ပြောင်းရွေ့ခဲ့ရပြန်တယ်။ ၁၉၈၀ ကာလဟာ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ အတွက်
အကြမ်းတမ်းဆုံးနှစ်တွေလို့ဆိုရမယ်။ ၁၉၈၇ အာရပ်ထိပ်သီးဆွေးနွေးပွဲကို တက်လာတဲ့ ရာဆာအာရာဖတ် ကို ဂျော်ဒန်ဘုရင်
ဟူစိန်က နှုတ်ဆက်ခြင်းမပြုခဲ့ဘူး။ နောက်-- အာရပ်ထိပ်သီးဆွေးနွေးပွဲမှာ ပါလက်စတိုင်းကိစ္စကိုမဆွေးနွေးကြဖို့တောင်းဆိုခဲ့တယ်။
ပါလက်စတိုင်းလွတ်မြောက်ရေးအဖွ့ရ
ဲ့တရားဝင်ရှိမှုကို နိုင်ငံတကာက ငြင်းဆန်နေချိန်မှာ မထင်မှတ်တဲ့လှုပ်ရှားမှုတွေ၊
ဂါဇာကမ်းမြှောင်ရဲ့ ဒုက္ခသည်စခန်းတွေဆီကတဆင့် နိုင်ငံတကာလူ့အဖွဲ့အစည်းတွေဆီကိုပွက်လောရိုက် လှုပ်ခါလာတော့တယ်။

(၂) ၁၉၈၇ မှာ ပထမ “အင်တီဖာဒါ” လို့ခေါ်တဲ့ ပါလက်စတိုင်းလှုပ်ရှားမှုဟာ အရှေ့အလယ်ပိုင်းနိုင်ငံရေးအခင်းအကျင်းတွေကို


ပြောင်းလဲစေခဲ့တယ်။ ပီအယ်လ်အို ကို လှုပ်ရှားမှု့မ့သ
ွဲားအောင် အစ္စရေးစစ်တပ်ကကြိုးပမ်းနေသလို၊ အာရပ်ကမ္ဘာရဲ့နိုင်ငံတချို့က
သစ္စာဖောက်ခဲ့ကြတယ်။ ဒုက္ခသည်စခန်းက လူငယ်တွေ ကို ဒေသဆိုင်ရာခေါင်းဆောင်တွေက ခေါင်းဆောင်ပေးရင်း
တိုက်ပွဲဝင်ကော်မတီတခုကိုဖ့စ
ွဲ ည်းခဲ့ကြတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်တဲ့ အာရာဖတ်ရဲ့ ပီအယ်လ်အို၊ ပါလက်စတိုင်းကွန်မြူနစ်ပါတီနဲ့
ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဦး( PFLF) တို့ဟာ လူငယ်တွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ တရိပ်ရိပ်အားကောင်း
လာလိမ့်မယ် လို့ မမျှော်လင့်ခ့ဘ
ဲူး။ ဒါပေမဲ့ ရာဆာအာရာဖတ် ကြိုတင်ကြံစည်ခဲ့တဲ့ လူဦးရေးဗံုး ကွဲမှု ( Baby Bombs) ကြောင့်
ဂါဇာကမ်းမြှောင်မှာ ဆယ်ကျော်သက်လူငယ်တွေက ၅၇ ရာခိုင်နှုန်းကျော်အထိလူဦးရေတိုးပွားနေခဲ့တယ်။
သူတို့တတွေရဲ့ အသံတွေက ဒုက္ခသည်စခန်းတွေကို တုန်ခါမြည်ဟိန်းနေခဲ့တယ်။
အဖွဲ့အားလုံးပါဝင်နိုင်တဲ့ တိုက်ပဝ
ွဲ င်ကော်မတီကိုဖွဲ့စည်းကြတယ်။ ဒုက္ခသည်စခန်းတွေမှာ ထုတ်ပြန်ကြေငြာတဲ့စာတွေ
ပလူပျံလာတယ်။ ကွန်ယက်တွေကိုဖ့စ
ွဲ ည်းကြပြီး အာဏာဖီဆန်နိုင်တဲ့ အချက်ပေါင်း (၁၂၀) ကျော်ကိုတင်ပြထားတယ်။

(၃) အစ္စရေးအစိုးရက စာသင်ကျောင်းတွေကိုပိတ်လိုက်တ့အ


ဲ ခါ၊ အနောက်ဖက်ကမ်းနဖူးရဲ့ကွင်းပြင်တွေ၊ အရိပ်ကောင်းတဲ့
သစ်ပင်ရိပ်တွေဟာ ဟင်းလင်းပွင့် စာသင်ကျောင်းတွေဖြစ်လာတယ်။ ကောင်မလေးတွေ၊ အမျိုးသမီးကြီးစိုက်ပျိုးထွန်ယက်ထားတဲ့
ဟင်းသီးဟင်းရွက်စိုက်ခင်းတွေဟာ အစ္စရေးကျူးကျော်မှုကို အန်တုခုခံနေတဲ့ လူငယ်တွေကို အဟာရဖြည့်ဆည်းပေးခဲ့တယ်။
ဂါဇာကမ်းမြှောင်ရဲ့ ပြည့်သိပ်နေတဲ့ပါလက်စတိုင်းပြည်သူတွေကြားမှာ တရားမဝင်စာရွက်စာတမ်းတွေက လူထုလှိုင်းတွေဖြစ်သွားတယ်။

(၄) “ ဆူပူလှုံ့ဆော်သူတွေရဲ့အရိုးတွေကို ရိုက်ချိုးပစ်ရမယ်” ဆိုတဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး ရာဘင် ဟာ နောက်ဆယ်နှစ်ကျော်လာတဲ့အခါ၊


လေဘာပါတီရဲ့ခေါင်းဆောင်တဦးဖြစ်လာခဲ့တယ်။ ၁၉၉၀ ကျော်မှာ ရာဆာအာရာဖတ်ရဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့နဲ့
တွေ့ဆုံဆွေးနွေးရေးလုပ်ရတော့တယ်။ နိုင်ငံတကာရဲ့မြင်ကွင်းအောက်မှာ အိုစလိုသဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့ပြီး၊
ရာဆာအာရာဖတ်၊ ရာဘင် နဲ့ ရှီမန
ွ်ပဲရစ် တို့ကို နိုဘယ်ငြိမ်းချမ်းရေးဆု ပူးတွဲဆွတ်ခူးခဲ့တယ်။ ပါလက်စတိုင်းလူငယ်တွေရဲ့
“အင်တီဖာဒါ” လှုပ်ရှားမှုဟာ အစ္စရေးနိုင်ငံရေးအတွင်းစည်းထဲအထိ ထိုးခွဲဝင်ရောက်လိုက်တယ်။
(အစ္စရေးလက်ယာစွန်းတွေနဲ့ ပါလက်စတိုင်းစစ်သွေးကြွတချို့ရဲ့အစွန်းရောက်မှုတွေရှိနေခဲ့ပေမဲ့ သေချာတာတခုကတော့ အင်တီဖာဒါ
လှုပ်ရှားမှုဟာ အစ္စရေးစစ်ခေါင်းဆောင်တွေ နဲ့ ပြည်သူတွေကိုမေးခွန်းတွေအများကြီးမေးခဲ့တယ်။)
အကြမ်းဖက်မှုတွေကိုရှုတ်ချဖို့အတွက် နိုင်ငံတကာ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေ ဂါဇာကမ်းမြှောင်နဲ့ အနောက်ဘက်ကမ်းနဖူးဆီကို
ချီတက်သွားနေကြဆဲဖြစ်တယ်။

ဒီတပတ် လွတ်လပ်တဲ့အာရှအသံမှာ ၁၉၈၇ ခုနှစ်၊ ပါလက်စတိုင်းလူငယ်တွေရဲ့ အင်တီဖာဒါ ( ဘဝသစ်တခုအတွက်ရုန်းကန်ခြင်းတိုက်ပွဲ)


အကြောင်းကို ဆွေးနွေးဖြစ်ပါတယ်။ ၁၉၉၃ အိုစလိုသဘောတူညီမှုကို လက်မှတ်ထိုးခဲ့ရတဲ့အကြောင်းရင်းတွေကို ဆွေးနွေးထားပါတယ်။
ပါလက်စတိုင်းအစွန်းရောက်လက်နက်ကိုင်အုပ်စု နဲ့ အစ္စရေးလက်ယာစွန်းဝါဒီတွေက လက်မခံခဲ့ခြင်းကြောင့် အကျိုးဆက်အဖြစ်ခံစားလိုက်
ရတဲ့ လက်ရှိအနေအထားကို တော့ နောက်မှ အလျင်းသင့်သလို ဖေါ်ပြပါမယ်။

သောတရှင်များခင်ဗျား

၁၉၈၇ ကာလ၊ အာရပ်ထိပ်သီးဆွေးနွေးပွမ


ှဲာ ဂျော်ဒန်ဘုရင်က ပါလက်စတိုင်းကိစ္စ ကို ထည့်သွင်းမဆွေးနွေးဖို့ ပိတ်ပင်တားဆီးခဲ့ဘူးပါတယ်။
ရာဆာအာရာဖတ်ရဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွ့ဟ
ဲာ အခက်အခဲများစွာနဲ့ရင်ဆိုင်နေရသလို၊ ကျူးကျော်သိမ်းပိုက်ထားတဲ့ နယ်မြေတွေဆီက
ပြည်သူတွေအကြောင်းကိုလည်းဘယ်သူမှမတွေးမိခြဲ့ ကပါ။ ဒါပေမဲ့ အဲ့သလိုမေ့လျော့ခံနေရတဲ့ဘဝတွေကို ဂါဇာကမ်းမြှောင်ရဲ့
ဆူပွက်အော်ဟစ်နေတဲ့ဒုက္ခသည်စခန်းတွေကတဆင့် ကမ္ဘာ့အသိုင်းအဝိုင်းတခုလုံး ဆီကိုလှုပ်နိုးလိုက်သူတွေရှိနေပါတယ်။
“ တစ်စတုရမ်းကီလိုမီတာမှာ လူ ၁၇၀၀ ကျော်မျှဝေနေထိုင်ကြရတဲ့ နေရာလေဗျာ။
နေ့စဉ်နေ့တိုင်း ပါလက်စတိုင်းလူမျိုး တစ်သိန်းခွဟ
ဲာ အနောက်ဖက်ကမ်းနဖူးနဲ့ ဂါဇာကမ်းမြောင်ကနေ အစ္စရေးနိုင်ငံရဲ့မြို့တွေမှာ
မိုးလင်းကနေမိုးချုပ်ထိသွားအလုပ်လုပ်ကြရတယ်။ ရာချီနေတဲ့လူတန်းကြီးဟာ အုတ်ဖုတ်၊ မြေကျင်းတူးတဲ့အလုပ်တွေကိုရဖို့အတွက်
အစ္စရေးအလုပ်ရှင်တွေဆီမှာ လုပ်ခဈေးညှိကြတယ်။ လုပ်ခက နည်းပေမဲ့ အစ္စရေးနိုင်ငံကိုပေးရတဲ့ အခွန်က အနည်းဆုံး (၁၅) ရာခိုင်နှုန်းကျော်တယ်လေ။
တကယ့်ကို အရှက်ခွဲခံရတဲ့ဖြစ်ရပ်ပါဗျာ။
အလုပ်ရဖို့အတွက် သွားတန်းစီတ့အ
ဲ ခါကျရင်၊ နှစ်ဘက်လုံးက အထင်သေးစွာဆက်ဆံကြတယ်။
ကျနော်တို့ပြည်သူတွေဘက်က သစ္စာဖောက်လို့ ရှုမြင်ကြသလို၊ အစ္စရေးအလုပ်ရှင်တွေကသူတို့ကိုယ်သူတို့ ကျေးဇူးရှင်လိုဂိုက်ဖမ်းပြီး
ကျနော်တို့ကို ချိုးနှိမ်ဆက်ဆံတယ်။ တရိစ္ဆာန်တကောင်လိုဆက်ဆံနေရတယ်ဆိုတာသိပေမဲ့ ကျနော်တို့မှာ အစားအစာလိုတယ်လေ”

ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းနဖူးကို အစ္စရေးတို့သိမ်းပိုက်ပြီး အနှစ် (၂၀)ကြာတဲ့အခါ၊ ပါလက်စတိုင်းလူဦးရေဟာ


နှစ်သန်းနီးပါးရှိလာတာကြောင့် စားဝတ်နေရေး ပိုမိုကြပ်တည်းလာခဲ့ပြီး ဒုက္ခသည်စခန်းတွေဟာ ရာပေါင်းများစွာတည်ရှိလာခဲ့ပါတယ်။
အစ္စရေးတို့က ဒုက္ခသည်စခန်းတွေကို ဆင်းရဲငတ်ပြတ်မှု၊ညစ်ပတ်နံစော်မှုတွေကိုအသနားခံနေတဲ့နေရာအဖြစ်ရှုမြင်ခဲ့တယ်။
ဂါဇာကမ်းမြောင်မြောက်ပိုင်းမှာ ဒုက္ခသည်စခန်းကလူတွေနဲ့ အစ္စရေးတပ်သားတွေပဋိပက္ခဖြစ်ခဲ့ပြီး ပြည်သူတချို့သေဆုံးခဲ့ရတယ်။
ပါလက်စတိုင်းလူငယ်တွေရဲ့ဈာပနအခန်းအနားအပြီးမှာတော့ လူထုဟာ အစ္စရေးလုံခြုံရေးတပ်တွေကို ခဲနဲ့ပစ်ပေါက်လိုက်ကြပြီး
ထိပ်တိုက်ရင်ဆိုင်လိုက်ကြတော့တယ်။

“Intifada ဆိုတာ တော်လှန်ရေး လို့ပြောတာထက်၊ ဘဝသစ်တခု ကို ရဖို့ရုန်းကန်ကြတဲ့လှုပ်ရှားမှု လို့ပြောရင်ပိုပြီးမှန်မယ်ထင်တယ်။


ကျနော်တို့တတွေ အဲ့ဒီရုန်းကန်မှုကိုရေရှည်သယ်ဆောင်နိုင်ဖို့အတွက်ဘယ်လိုလုပ်ကြမလဲ၊
အစ္စရေးစစ်တပ်က ကျနော်တို့လှုပ်ရှားမှုကို ဘယ်လိုတုန့်ပြန်ဖြိုခွဲလာနိုင်မလဲ ဆိုတာတွေကိုဆွေးနွေးခဲ့ကြတယ်။
ဒါကြောင့် အစ္စရေးနိုင်ငံထုတ်စီးကရက် သောက်သုံးမှုကို ရပ်ပစ်လိုက်ကြတယ်။
နောက်နှစ်ပတ်အကြာမှာ ဆိုဒါသောက်သုံးခြင်းကိုမပြုလုပ်ကြဖို့၊ အစ္စရေးအစိုးရကို အခွန်ပေးဆောင်ဖို့ငြင်းဆိုလိုက်ကြပြီး
အစ္စရေးနိုင်ငံမှာလုပ်နေတဲ့အလုပ်တွေကို ထွက်ပစ်လိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဝင်ငွေမရှိတော့တဲ့ ပါလက်စတိုင်းပြည်သူတွေကို ကူညီဖို့အတွက် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေက ဟင်းသီးဟင်းရွက်တွေစိုက်ကြပြီးမျှဝေ
စားသုံးကြတယ်။ ဆေးဝါးကုသစောင့်ရှောက်မှုသမဂ္ဂအဖွ့ေ
ဲ တွကလည်း ဒုက္ခသည်စခန်းတွေဆီမှာ ရွေ့ပြောင်း ကျန်းမာရေးဆေးခန်းတွေကို
ရာပေါင်းများစွာဖွင့်လှစ်နိုင်ခြဲ့ ပီး လှုပ်ရှားမှု့ကို အားဖြည့်ခြဲ့ ကပါတယ်။”

ပါလက်စတိုင်းပြည်သူတွေသပိတ်မှောက်မှုကြောင့် အစ္စရေးအစိုးရအတွက် အခွန်ငွေ တစ်ဘီလျှံဘိုး နစ်နာလိုက်ရသလို၊


ဈေးပေါတဲ့ပါလက်စတိုင်းအလုပ်သမားတွေလည်းဆုံးရှုံးခဲ့ရပါတယ်။ စစ်သား ၁၂၀၀၀ မှ ၈၀၀၀၀ တိုးမြှင့်လိုက်ရတဲ့အတွက်
စစ်အသုံးစရိတ် မီလျှံ ( ၆၀၀)ကျော်ထပ်မံသုံးစွလ
ဲိုက်ရတာကြောင့် စီးပွားရေးကျဆင်းထိခိုက်လာခဲ့ပါတယ်။
ဒါကြောင့်လည်း အစ္စရေး ကာကွယ်ရေးဝန်ကြီး ရာဘင်က “ ဆူပူမှုလှုံ့ဆော်နေသူတွေရဲ့အရိုးတွေကို ရိုက်ချိုးပစ်ရမယ်”လို့
အမိန့်ပေးလိုက်ပါတယ်။ အစ္စရေးစစ်ရဟတ်ယာဉ်တွေက ဒုက္ခသည်စခန်းတွေပေါ်မှာနေ့စဉ်ရက်ဆက်ဝဲပျံနေခဲ့ပြီး လူအုပ်တွေအပေါ်
ဓါတ်ငွေ့တွေကို ပစ်ချဖြိုခွဲခ့ပ
ဲါတယ်။ စာသင်ကျောင်းရဲ့အတန်းပေါင်း ၉၀၀ ကျော်ပိတ်ပစ်လိုက်ပြီး ပါလက်စတိုင်းကျောင်းသား (၃) သိန်းကျော်ကို
အစ္စရေးပိုင်စာသင်ကျောင်းတွေမှ နှင်ထုတ်ပစ်ခ့ပ
ဲါတယ်။ ပါလက်စတိုင်းဆယ်ကျော်သက်လူငယ်တွေရဲ့ အစ္စရေးဆန့်ကျင်ရေးလှုပ်ရှားမှုတွေက
တစထက်တစကြီးမားလာခဲ့ပါတယ်။ ဒါကြောင့်လည်း အစ္စရေးအစိုးရဟာ တနှစ်အတွင်း စစ်အုပ်ချုပ်ရေးအမိန့် စုစုပေါင်း ၁၆၀ ကို ထုတ်ပြန်
ကြေငြာခဲ့ပြီး ဒုက္ခသည်စခန်းတွေဆီကိုစီးဆင်းတဲ့ ရေ၊မီး၊ အစားအစာတွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။
အထူးလက်မှတ် (ဒါမှမဟုတ်) အခွန်ပေးဆောင်ထားတဲ့သက်သေစာရွက်စာတမ်းမပါရင် အပြင်ကိုထွက်ခွင့်မပေးခဲ့ပါဘူး။
လှုပ်ရှားမှုစတင်လိုက်တဲ့ ပထမနှစ်အတွင်း ပါလက်စတိုင်း သုံးသောင်းကျော်အဖမ်းခံလိုက်ရသလို၊
နောက်ထပ် သုံးသောင်းကျော် ဒဏ်ရာရခဲ့ပါတယ်။ ၈၀၀၀ ကျော် ကို ကြီးမားတဲ့ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။
“ ဆေးရုံးပေါ်မှာ လက်ကျိုး၊ ခြေကျိုး ဒဏ်ရာပေါင်းစုံရနေတဲ့ ကလေးတွေကိုကြည့်ဖို့ အတွက် အစ္စရေးအရာရှိတွေကိုခေါ်ပြတယ်။
ကလေးတွေရဲ့ ဆိုးဆိုးဝါးဝါးအခြေအနေတွေကိုမြင်လိုက်ရတဲ့ အစ္စရေးစစ်သားတွေဟာ သူတို့ကိုယ်တိုင် ဒီအလုပ်လုပ်မိတာပါလားတွေးမိပြီး
အရှက်ရစေခဲ့တယ်။ ဒေသဆိုင်ရာစစ်အကြီးအကဲတွေက အစ္စရေးပါလီမန်ဆီကိုတင်သွင်းတဲ့စာတွေမှာ ဆန္ဒပြပွဲတွေကို
အကြမ်းဖက်ဖြိုခွဲနေမှုဟာ “ရေမရှိတဲ့ ရေကူးကန်ထက
ဲို ဒိုက်ထိုးခုန်ဆင်းခိုင်းတာနဲ့အတူတူပဲ” ဆိုပြီး အမိန့်ကိုနာခံဖို့ငြင်းဆိုခဲ့ကြပါတယ်။
အကျိုးဆက်ကတော့ အစ္စရေးအစိုးရဟာ ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဦးနဲ့လျှို့ဝှက်တွေ့ဆုံခဲ့ရပြီး အိုစလိုသဘောတူညီမှုစာချုပ်ကို
လက်မှတ်ထိုးလိုက်ရပါတယ်”

သောတရှင်များခင်ဗျား
ဂါဇာကမ်းမြောင်နဲ့အနောက်ဘက်ကမ်းနဖူးဒေသဆီမှာ အစ္စရေးစစ်တပ်ရဲ့ကျူးကျော်ဖိနှိပ်မှုတွေကို သတင်းဋ္ဌာနတွေမှာမြင်လိုက်ရတဲ့အတွက်
နိုင်ငံတကာငြိမ်းချမ်းရေးအုပ်စုတွေက အကြမ်းဖက်မှုတွေကိုရှုတ်ချကြဖို့ တကမ္ဘာလုံးကိုလှုံ့ဆော်လိုက်ကြပါတယ်။
အစ္စရေးအမျိုးသမီးတွေ ကိုယ်တိုင်ဦးဆောင်ခြဲ့ ကတဲ့ “ အနက်ရောင်ဝတ်စုံနဲ့အမျိုးသမီးများ”“ ငြိမ်းချမ်းရေးချက်ခြင်းပေးအဖွဲ့” တွေကလည်း
သူတို့ရဲ့အစိုးရကိုဖိအားပေးခဲ့ကြပါတယ်။ အစ္စရေးတို့ဟာ သူတို့ရဲ့ အမာခံမိတ်ဆွေနိုင်ငံတနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့လည်း
ဆက်ဆံရေးအက်ကြောင်းရာတွေပေါ်နေခဲ့ရပါတယ်။
“အရင်တုန်းကတော့ အစ္စရေးတွေဟာ အာရပ်ကမ္ဘာကိုနိုင်အောင်တိုက်နိုင်တဲ့အင်အားကြီးသူတွေအဖြစ် ထင်နေကြတယ်။
ဒုက္ခသည်စခန်းတွေမှာလှုပ်ရှားမှုတွေစတင်လိုက်ကတည်းက ပါလက်စတိုင်းတွေဟာ ဘဝသစ်တခုကိုဖန်တီးနိုင်တယ် ဆိုတဲ့
ယုံကြည်မှုတွေခိုင်မာလာခဲ့ပါတယ်။”လို့ ပါလက်စတိုင်းပြည်သူတွေက ပြောပြလေ့ရှိပါတယ်။
သောတရှင်တို့လည်း ဘဝသစ်တွေကို တည်ဆောက်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေခိုင်ခိုင်မာမာပိုင်ဆိုင်ကြပါစေခင်ဗျား။
အောင်မိုးဝင်း

Вам также может понравиться