Вы находитесь на странице: 1из 5

ကောက်ရိတ်အိမ်- ၄၄

ဇင်ဘာဘွေ နိုင်ငံ က ကောက်ရိတ်အိမ်-၄၄ ဆိုတာ ဒီမိုကရက်တစ်ပြောင်းလဲရေးလှုပ်ရှားမှုအဖွဲ့ ( MDC) ရဲ့ ဋ္ဌာနချုပ်ရုံးခမ်း တည်ရှိရာနေရာဖြစ်တယ်။


အကျင့်ပျက်အာဏာရှင် ရောဘတ်မူဂါရီ က အဲ့ဒီဋ္ဌာနချုပ်ကို ကြိမ်ဖန်များစွာစီးနင်းတိုက်ခိုက်ခ့တ
ဲ ယ်။ အတိုက်အခံခေါင်းဆောင်ရာပေါင်းများစွာကို
ဖမ်းဆီးထောင်ချခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ် (၄၄) ယောက်လုပ်ကြံသတ်ဖြတ်ခံခ့ရ
ဲ တယ်။ ရွေးကောက်ပွဲတွေကို မဲလိမ်ခ့တ
ဲ ယ်။
တရားမျှတမှုမဲ့အောင်လုပ်ခ့တ
ဲ ယ်။ ဒါပေမဲ့ ကောက်ရိတ်ချိန် ကို ရောက်လာပြီဆိုရင် ဘယ်သူမှ တားဆီးလို့မရတဲ့ အရာတွေရှိတယ်။
အာဖရိက ရဲ့ ကျွဲချိုမှုတ်သံတွေ ကောက်လှိုင်းလှည်းတွေပေါ်မှာ ကျလာတယ်။
ဗုံးကွဲနေတဲ့ လမ်းမတွေပေါ်မှာ ဇင်ဘာဘွေပြည်သူတွေ သူတို့ရဲ့ ခရီးရှည်တခု ကို စတင်လိုက်ကြတယ်။

မော်ဂန်ချန်ဂရိုင်း

တချိန်တုန်းက ရောဘတ်မူဂါရီကို ထောက်ခံခ့သ


ဲူတဦးဖြစ်တယ်။ ရောဘတ်မူဂါဘီ ရဲ့ ဇင်ဘာဘွေ အာဖရိကန်အမျိုးသားသမဂ္ဂ ( ZANU-PF) ပါတီမှာ
ဝင်ရောက်ခဲ့တယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ပွဲမှာ ( အထူးသဖြင့် ၁၉၈၃ ခုနှစ်မှာ) မူဂါဘီရဲ့အတိုက်အခံတွေအပေါ် ရက်ရက်စက်စက်ထိုးစစ်ဆင်တဲ့
လုပ်ရပ်တွေကို ဆန့်ကျင်ရှုတ်ချပြီးတဲ့နောက် မူဂါဘီကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို စတင်လုပ်ဆောင်လာခဲ့တယ်။ အလုပ်သမားသမဂ္ဂအတွင်းမှာ
ထင်ရှားလာခဲ့ပြီး ၁၉၈၉ မှာ အလုပ်သမားသမဂ္ဂရဲ့အထွေအထွေအတွင်းရေးမှူးဖြစ်လာခဲ့တယ်။ ရောဘတ်မူဂါဘီ ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို
အနည်းဆုံး (၃) ကြိမ်နည်းပါး ကြုံတွေ့ခဲ့ရတယ်။

အမျိုးသားအခြေခံဥပဒေဆိုင်ရာလွှတ်တော် ( NCA)

ဇင်ဘာဘွေနိုင်ငံရဲ့ဒီမိုကရေစီတိုက်ပွဲမှာ ၁၉၉၇ မှာဖွဲ့စည်းတဲ့ အခြေခံဥပဒေဆိုင်ရာပြည်သူ့လွှတ်တော်ဖွဲ့စည်းမှုဟာ အရေးပါဆုံးအဆင့်ဖြစ်တယ်။


အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ NCA ကို ဇင်ဘာဘွေတက္ကသိုလ်အတွင်းမှာ ဖွဲ့စည်းခဲ့တယ်။ တသီးပုဂ္ဂလိက ကိုယ်စားလှယ်တွေ၊
ကျောင်းသားခေါင်းဆောင်တွေ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ ၊ အမျိုးသမီးအဖွ့ေ
ဲ တွ ဦးဆောင်
ပါဝင်ကြတယ်။ ဒီအဖွဲ့အစည်းရဲ့အဓိက လုပ်ဆောင်ချက်က အစိုးရရဲ့ အခြေခံဥပဒေ ကို ပြုပြင်ပြောင်းလဲရေုးလုပ်ဖို့အတွက် ပြည်သူတွေဟာ
ဆုံးဖြတ်ချက်အခန်းကဏ္ဍမှာ ပါဝင်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ အယူအဆတရပ်ကို ချမှတ်ပြီး လှုံ့ဆော်တယ်။ ၁၉၉၀ လူထုလှုပ်ရှားမှုတဆင့် အားတက်လာတဲ့
ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်တွေဟာ မူဂါဘီအစိုးရရဲ့ အခြေခံဥပဒေ ကို အပြိုင်ဖွဲ့နိုင်မဲ့ စင်ပြိုင် အခြေခံဥပဒေ လွှတ်တော်ကို
ဖွဲ့စည်းလာခဲ့ကြတယ်။ ဒီ လှုပ်ရှားမှုတွေဟာ မော်ဂန်ချန်ဂရိုင်း ရဲ့ ဒီမိုကရက်တစ်ပြောင်းလဲရေးလှုပ်ရှားမှုအဖွဲ့ကို ပေါ်ပေါက်စေခဲ့တယ်။

ဒီမိုကရက်တစ်ပြောင်းလဲရေးလှုပ်ရှားမှု ( Movement for Democratic Change)

၁၉၉၉ မှာ ရောဘတ်မူဂါဘီ ကို အန်တုပြိုင်ဆိုင်မဲ့ ဒီမိုကရက်တစ်ပြောင်းလဲရေးလှုပ်ရှားမှု အတိုက်အခံပါတီ ကို မော်ဂန်ချန်ဂရိုင်း နဲ့
ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်တွေဖ့စ
ွဲ ည်းခဲ့တယ်။ ၂၀၀၀ ခုနှစ် မှာ ကျင်းပတဲ့ အခြေခံဥပဒေလူထုဆန္ဒခံယူပွဲကို ငြင်းဆန်ခဲ့ကြတယ်။
၂၀၀၂ ခုနှစ်မှာ မူဂါဘီ က ရွေးကောက်ပွဲကျင်းပပေးခဲ့ပေမဲ့ လွတ်လပ်တရားမျှတမှု မရှိတာကြောင့် ရှုံးနှိမ့်ခ့ရ
ဲ တယ်။
၂၀၀၈ ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မူဂါဘီက ရွေးကောက်ပွဲရလဒ် ကို လိမ်လည်ခဲ့တာကြောင့် ဒုတိယအဆင့်ရွေးကောက်ပွဲမှာ
မပါဝင်တော့ပဲ သပိတ်မှောက်ခဲ့ကြတယ်။ ပါတီဋ္ဌာနချုပ်ဖြစ်တဲ့ ကောက်ရိတ်အိမ်-၄ ဟာ ကြိမ်ဖန်များစွာစီးနင်းတိုက်ခိုက်ခြင်းခံရတယ်။
မော်ဂန်ချန်ဂရိုင်းရဲ့ အမျိုးသမီးအပါအဝင်၊ ကိုယ်ရံတော်တွေ၊ အတိုက်အခံပါတီဝင်တွေ လုပ်ကြံသတ်ဖြတ်ခံခ့ရ
ဲ တယ်။
၂၀၀၈ ခု ဒုတိယအဆင့် ရွေးကောက်ပွဲ ကျင်းပတဲ့အခါ အတိုက်အခံမပါဝင်ခဲ့တာကြောင့် ရောဘတ်မူဂါရီ က ၈၆ ရာခိုင်နှုန်းနဲ့အနိုင်ရခဲ့တယ်။
ဒါပေမဲ့ နိုင်ငံတကာက ရွေးကောက်ပွဲရလဒ် ကို အသိအမှတ်မပြုခဲ့ဘူး။ ဇင်ဘာဘွေနိုင်ငံအပေါ် တင်းကြပ်တ့အ
ဲ ရေးယူမှုတွေ ပြုလုပ်လာခဲ့တယ်။
၂၀၀၉ ခုနှစ် မှာ အာဖရိက တိုးတက်ရေးကွန်မြူနတီက ဇင်ဘာဘွေပြည်တွင်းရေးကို ကြားဝင်စေ့စပ်ရတယ်။
ရောဘတ်မူဂါရီ က စစ်တပ်ကိုချုပ်ကိုင်မယ်။ မော်ဂန်ချန်ဂရိုင်းက ရဲတပ်ဖွဲ့ကို ချုပ်ကိုင်မယ် ဆိုတဲ့ သဘောတူညီမှုန့အ
ဲ တူ၊ မော်ဂန်ချန်ဂရိုင်း ဟာ
ဇင်ဘာဘွေနိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခ့တ
ဲ ယ်။

အော်သာ မူတမ်ဘာရာ( Authur Mutambara)

၁၉၈၈-၈၉ ကျောင်းသားလှုပ်ရှားမှုမှာ ထင်ရှားတဲ့ခေါင်းဆောင်တယောက်ဖြစ်သူတယောက်ဖြစ်ပြီး မူဂါဘီရဲ့ ဖမ်းဆီးခြင်းခံခ့ရ


ဲ တယ်။
ချီကွေဘားရား ကို အားကျစံထားသူတယောက်ဖြစ်ပြီး၊ ကျူးဘားနိုင်ငံရဲ့ ၁၉၅၉ တော်လှန်ရေးလို လုပ်ချင်သူတဦးဖြစ်တယ်။
ကျူးဘားနိုင်ငံဟာ အမေရိကန်စီးပွားရေးပိတ်ဆို့မှုကိုဘယ်လို အာခံခဲ့သလဲ ဆိုတ့အ
ဲ ချက်ကို စိတ်အားထက်သန်စွာလေ့လာချင်သူဖြစ်တယ်။

၂၀၀၅ ခုနှစ် ဇင်ဘာဘွေ ဆီးနိတ်ရွေးကောက်ပွဲ ကို ဝင်ပြိုင်သင့်၊ မပြိုင်သင့် ဆိုတဲ့ အယူအဆပေါ်မှာ ဒီမိုကရက်တစ်ပြောင်းလဲရေးလှုပ်ရှားမှုအဖွဲ့ ဟာ
နှစ်ခြမ်းကွဲထွက်သွားတယ်။ အော်သာမူတမ်ဘာရာ က ဆီးနိတ်ရွေးကောက်ပွဲကို ဝင်ပြိုင်ချင်ပေမဲ့ မော်ဂန်ချန်ဂရိုင်းက ဆီးနိတ်ရွေးကောက်ပွဲကို
သပိတ်မှောက်ခဲ့တယ်။ မော်ဂန် ချန်ဂရိုင်းနဲ့ ကွဲထွက်သွားတဲ့ မူတန်ဘာရာ ဟာ ၂၀၀၆ ခုနှစ် မှာ ဒီမိုကရက်တစ်ပြောင်းလဲရေးလှုပ်ရှားမှုအဖွဲ့ရဲ့
ဥက္ကဋ္ဌဖြစ်လာတယ်။ အာဖရိကန်သမဂ္ဂ ( African Union) ဆိုတာ အာဏာရှင်တွေရဲ့ ကလပ် ဖြစ်တယ် လို့ ဝေဖန်တိုက်ခိုက်ခ့တ
ဲ ယ်။ ၂၀၀၆
ခုနှစ်မှာ လွတ်မြောက်ရေးလှုပ်ရှားမှု ခြေတက်ပွဲမှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့်အဖမ်းခံခ့ရ
ဲ တယ်။ ၂၀၀၈ ရွေးကောက်ပွဲ မှာ
ဝင်ရောက်ယှဉ်ပြိုင်တ့အ
ဲ ခါ သူ့ရဲ့အဖွဲ့ က အမတ်နေရာ (၁၀) နေရာ ရခဲ့တယ်။
ဒါပေမဲ့ ရောဘတ်မူဂါရီ ရဲ့ လိမ်ညာမှုတွေကို ပြောင်ပြောင်တင်းတင်းထုတ်ဖေါ်ပြောခဲ့ပြီးဆောင်းပါးပေါင်းများစွာရေးခဲ့တယ်။
အစိုးရရဲ့ အဂတိလိုက်စားမှုတွေ၊ စစ်တပ်ရဲ့ မတရားနှိပ်စက်မှုတွေကို ရှုတ်ချခဲ့တယ်။ မူဂါဘီ ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ
ကျဆုံးလိမ့်မယ်။ မကောင်းဆိုးဝါးတွေအပေါ်မှာ ကျနော်တို့ အောင်နိုင်ရလိမ့်မယ် --စတဲ့ မိန့်ခွန်းတွေကြောင့် ဖမ်းဆီးခံခ့ရ
ဲ တယ်။
၂၀၀၈ ရွေးကောက်ပွဲ ကို မူဂါဘီ က မဲလိမ်ခ့တ
ဲာကြောင့် မော်ဂန် ချန်ဂရိုင်း ရဲ့ ဒီမိုကရက်တစ်ပြောင်းလဲရေးလှုပ်ရှားမှုအဖွဲ့ နဲ့ ပြန်လည်
ပေါင်းစည်းသင့်မြတ်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒါပေမဲ့ ၂၀၀၈ ဂျွန်လမှာ နှစ်ကြိမ် အဖမ်းခံခ့ရ
ဲ တယ်။
၂၀၀၈ စက်တင်ဘာ (၁၅) ရက်မှာ အာဖရိကဖွံ့ဖြိုးတိုးတက်ရေးကွန်မြူနတီ ရဲ့ ခေါင်းဆောင် (၁၄) ယောက်ရှေ့မှာ ဇင်ဘာဘွေနိုင်ငံအတွက်
ပါဝါခွဲဝေရေး သဘောတူညီမှုလုပ်ခ့တ
ဲ ယ်။ ဇင်ဘာဘွေ နိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ် မူတမ်ဘာရာ ကို တာဝန်ပေးအပ်ခဲ့ကြတယ်။

မော်ဂန် ချန်ဂရိုင်း အော်သာ မူတမ်ဘာရီ ရောဘတ်မူဂါရီ


NDF (သို့မဟုတ်) ဒီမိုကရေစီ အရေခြုံ လူလိမ်များအဖွဲ့

၂၀၀၅ ခုနှစ်မှာ ကွဲထွက်သွားတဲ့ ဒီမိုကရက်တစ်ပြောင်းလဲရေးလှုပ်ရှားမှု ( MDC) အကြောင်းရေးပြတဲ့အခါ၊ ဒီကနေ့ ဗမာပြည်မှာ တည်ရှိနေတဲ့


NLD နဲ့ NDF ပါတီအကြောင်းနှိုင်းယှဉ်မစဉ်းစားစေချင်ဘူး။ ဇင်ဘာဘွေမှာ ၂၀၀၅ ဆီးနိတ်လွှတ်တော်ရွေးကောက်ပွဲ ကို MDC အနေနဲ့ ပါဝင်
ယှဉ်ပြိုင်သင့်၊ မပြိုင်သင့် စဉ်းစားငြင်းခုန်ကြတဲ့အခါ၊ ရွေးကောက်ပွဲဝင်ရမယ် ဆိုတဲ့ အော်သာမူတန်ဘာရာရဲ့အဖွဲ့ က ၃၃-၃၁ မဲ နဲ့အနိုင်ရခဲ့တယ်
လို့ ယုံကြည်တယ်။ မော်ဂန်ချန်ဂရိုင်းက မဲက ၅၀ရာခိုင်နှုန်းစီ တူညီနေတယ် ဆိုပြီး ၂၀၀၅ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်။
ဒါပေမဲ့ ၂၀၀၈ ရွေးကောက်ပွဲ လိမ်လည်မှုကို သိသွားတဲ့အခါ ကွဲထွက်နေတဲ့ MDC နှစ်ဖွဲ့လုံး ပြန်လည်ပေါင်းစည်းဖို့ကြိုးစားခဲ့ကြတယ်။
ဗမာပြည်ရဲ့အဓိက အင်အားအကြီးဆုံးအတိုက်အခံပါတီဖြစ်တဲ့ NLD က ၂၀၁၀ ရွေးကောက်ပွဲ ကို မဝင်ပါဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို အများဆန္ဒနဲ့
ဆုံးဖြတ်ခဲ့တယ်။ ဒီမိုကရေစီကျင့်စဉ် ကို မကျင့်သုံးနိုင်သူတွေက အဖွဲ့ခွဲထောင်တယ်။ ဦးခင်မောင်ဆွေက ပါတီမထောင်ပါဘူး လို့ အင်တာဗျုးတခုမှာ
ဆိုခဲ့တယ်။ နောက်ထပ် အင်တာဗျုးတခုမှာ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ရုံတင်တာပါ။ ရွေးကောက်ပွဲက တရားမျှတမှုမရှိတ့အ
ဲ ခါ
သပိတ်မှောက်မှာပါ လို့ ဆိုပြန်တယ်။ ဦးခင်မောင်ဆွေက ကိုယ့်တံတွေးကို ကိုယ့်ဘာသာပြန်မြိုတယ်။
ကိုယ်ဘာပြောခဲ့တယ်ဆိုတာကို မသိချင်ယောင်ဆောင်နေတယ်။ ပါတီသစ်ထောင်တယ်။
ရွေးကောက်ပွဲက တရားမျှတမှု မရှိလည်း မလွှဲမသွေဖြတ်ရမှာဖြစ်တယ် လို့ အရှက်မရှိဆိုပြန်တယ်။
ရွေးကောက်ပွဲ ဝင်ခြင်းမဝင်ခြင်း ကို ကိုယ့်အယူအဆနဲ့ကိုယ် လုပ်နိုင်ပါတယ်။ ဒီ အပေါ်မှာ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်။
သို့သော် စကားကို အမျိုးမျိုးပြောတဲ့ ဦးခင်မောင်ဆွေ တို့်လို လူလိမ်နိုင်ငံရေးသမားတွေကိုတော့ ပြည်သူလူထုက သတိထားသင့်ပါတယ်။
အာဏာမရခင်တော့ အဲ့သလောက် ဂတိမတည်ရင်၊ အာဏာများရမယ် ဆိုရင် ဘယ်လောက်လိမ်ညာ အနိုင်ကျင့်မလဲ ဆိုတာ စဉ်းစားသာကြည့်ပါ။
ရွေးကောက်ပွဲမဲပေးမလား၊ မဲမပေးဘူးလား။ ငြင်းခုန်နေကြပြန်တယ်။ မဲပေးချင်တဲ့ သူတွေကို တခုပဲ အကြံပြုချင်ပါတယ်။
ကြံ့ဖွံ့၊ တစည၊ အေးလွင် တို့ကို မဲမပေးသလိုမျိုး ဦးခင်မောင်ဆွေ လို လူလိမ်ပါတီကို မဲမပေးပါနဲ့။ ဂတိသစ္စာမတည်ကြည်တ့န
ဲိုင်ငံရေးသမားတွေကို
မဲပေးမိတဲ့ အဖြစ်မျိုး မလုပ်မိပါစေနဲ့။ ဇင်ဘာဘွေနိုင်ငံမှာ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီခေါင်းဆောင်တွေက သူတို့လို မဟုတ်ပါဘူး။
တည်ကြည်ဖြောင့်မတ် အားကောင်းတဲ့ ခေါင်းဆောင်တွေဖြစ်ကြတယ်။ ဒါဟာ ဇင်ဘာဘွေ ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတွေနဲ့
ဗမာပြည်က ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်မဲ့သူတွေကြားက ကွာခြားချက်ပါ။

ဒီတပတ် အင်္ဂါနေ့ည၊ လွတ်လပ်တ့အ


ဲာရှအသံမှာ ဇင်ဘာဘွေနိုင်ငံက ၂၀၀၈ ရွေးကောက်ပွဲသပိတ်မှောက်လှုပ်ရှားမှုအကြောင်းကို ဆွေးနွေးထားပါတယ်။

သောတရှင်များ ခင်ဗျား

ဇင်ဘာဘွေနိုင်ငံ ကို ဗြိတိသျှ ကိုလိုနီလက်အောက်က လွတ်မြောက်အောင် ဦးဆောင်တိုက်ပွဲဝင် ခဲ့တဲ့ ရောဘတ်မူဂါရီဟာ၊ သူ့လက်ထက်မှာ


အာဖရိကန်လူမည်းတွေအတွက် မြေယာပိုင်ဆိုင်မှု ဆိုတဲ့အစီအစဉ်တခုကိုလုပ်ခ့တ
ဲ ယ်။ ဒါပေမဲ့ လိုအပ်တဲ့ လယ်ယာစိုက်ပျိုးရေး ပစ္စည်းတွေ၊
အသုံးစရိတ်တွေ ကို လုပ်မပေးခဲ့ပါဘူး။ ကုန်ထုတ်လုပ်မှု အင်အားတွေကျဆင်းခဲ့တယ်။
“ရောဘတ်မူဂါဘီ ရဲ့ ရက်စက်မှုကို သူအာဏာရအပြီး (၃) နှစ်အကြာမှာတွေ့လိုက်ရတယ်။ တန်ပြန်တော်လှန်ရေးသမားတွေကို ခြေမှုန်းဖို့ဆိုပြီး
“မီတာဘီလီလန်း” ဒေသကို စစ်ဆင်ရေးဆင်နွဲပြီး လူ နှစ်သောင်းနီးပါးသတ်ခဲ့တယ်။ ဒါကြောင့်လည်း တချိန်တုန်းက သူ့ကုေ
ိ ထာက်ခဲ့တဲ့
မော်ဂန် ချန်ဂရိုင်း ( Tvsangirai) လို ပုဂ္ဂိုလ်တွေက အစ ဒါဟာ အရိုင်းအစိုင်းတွေရဲ့ စစ်ဆင်ရေးဖြစ်တယ် လို့ ဝေဖန်ရှုတ်ချပြီး
အတိုက်အခံပါတီ ကို ဖွဲ့စည်းခဲ့ကြတယ်”

ရောဘတ်မူဂါဘီ ဟာ ၁၉၉၀ ရွေးကောက်ပွဲ ကို လိမ်ညာခဲ့မှုကြောင့်ပြည်သူတွေဟာ သူ့အပေါ် အယုံအကြည်မ့ခ


ဲ့ကြပါတယ်။
ကျောင်းသားတွေက တက္ကသိုလ်တွေအပေါ်တင်းကြပ်စွာ ချုပ်ကိုင်ထားခဲ့တဲ့ မူဂါဘီအစိုးရရဲ့ပေါ်လစီကို ငြင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အစိုးရကလည်း အကြမ်းဖက်ဖြေရှင်းခဲ့သလို၊ အလုပ်သမားသမဂ္ဂတွေကိုလည်း ဆန္ဒပြစုဝေးခွင့်မလုပ်ရဆိုတဲ့ ဟန့်တားမှုတွေကို
တင်းတင်းကြပ်ကြပ်ပြုလုပ်ခ့ပ
ဲါတယ်။ ဒါပေမဲ့ စက်ရုံအလုပ်ရုံတွေရဲ့သပိတ်မှောက်မှုကြောင့် ၁၉၉၄ ကစပြီး စီးပွားရေးဒလဟောကျဆင်းလာခဲ့တယ်။
ကျန်းမာရေးဝန်ထမ်းတွေ၊အစိုးရဝန်ထမ်းတွေ ကလည်း သူတို့ရဲ့လခတွေအတွက် အစိုးရကို သပိတ်မှောက်ခဲ့ကြတယ်။
“ ဇင်ဘာဘွေနိုင်ငံဟာ အာဖရိကတိုက်မှာ ချမ်းသာခဲ့တ့န
ဲိုင်ငံတနိုင်ငံလေဗျာ။ မူဂါဘီလက်အောက်မှာ နိုင်ငံရေးမတည်ငြိမ်မှု၊
စီးပွားရေးကြပ်တည်းမှုတွေ ကျရောက်လာ ကတည်းက နာတာရှည်လူပမာကြီးလိုဖြစ်လာခဲ့တယ်။ ပြည်သူတွေ ငတ်ပြတ်လာခဲ့ပြီး
တိုင်းပြည် လူဦးရေ ရဲ့ (၂၅) ရာခိုင်နှုန်း ဟာ အိတ်ဂ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုးစွဲကပ်ခဲ့ကြတယ်။
မူဂါဘီ ကတော့ အရင်တုံးက လူဖြူတွေစည်းဇိမ်ယစ်နေကျ နန်းတော် (၃) ခုမှာ ချမ်းချမ်းသာသာနေထိုင်ပြီး ဘဝမေ့နေခဲ့တယ်။”

၁၉၉၇ မှာတော့ ဇင်ဘာဘွေနိုင်ငံရဲ့အလုပ်သမားလှုပ်ရှားမှု၊ ကျောင်းသားအဖွ့အ


ဲ စည်းတွေ၊ ဘာသာရေးအဖွ့အ
ဲ စည်း၊ စီးပွားရေးသမားတွေ၊
တသီးပုဂ္ဂလိက ခေါင်းဆောင်တွေဟာ နိုင်ငံလုံးဆိုင်ရာ လွှတ်တော်တခု ကို ခေါ်ယူလိုက်ပြီး ဇင်ဘာဘွေနိုင်ငံရဲ့ကြုံတွေ့နေရတဲ့
ပြဿနာတွေဟာ မူဂါဘီရဲ့အခြေခံဥပေကြောင့်ဖြစ်တယ်။ ဒါကြောင့်အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို
ချမှတ်လိုက်ကြပြီး၊ တိုင်းပြည်အနှံ့အပြားမှာ မူဂါဘီ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုပြုလုပ်ခြဲ့ ကပါတယ်။
“ သမိုင်းစဉ်တလျောက်လုံးကိုကြည့်လိုက်မယ် ဆိုရင် အာဏာရှင်တွေဟာ အာဏာကို အေးအေးဆေးဆေးစွန့်ခွာဖို့ ငြင်းဆိုခဲ့ကြတယ်မို့လား။
ဒါပေမဲ့ ပြည်သူတွေက သူတို့ ကို အကြမ်းဖက်ဖြုတ်ချခဲ့ကြတယ်မို့လား လို့ အတိုက်အခံခေါင်းဆောင် မော်ဂန်ဆန်ဂီရိုင်းက ဟာရယ်မြို့
လူထုစည်းဝေးပွဲတခုမှာပြောခဲ့တယ်။ ၂၀၀၂ ရွေးကောက်ပွဲမတိုင်ခင် ရာထူးကနေ စွန့်ခွာပေးဖို့တောင်းဆိုခဲ့တ့အ
ဲ တွက် မူဂါဘီဟာ
သူ့ကိုခြိမ်းခြောက်တယ်ဆိုပြီးဆန်ဂီရိုင်းကို ဖမ်းဆီးခဲ့တယ်။ ရွေးကောက်ပွဲကျင်းပတဲ့အခါ မူဂါဘီ ပဲ နိုင်ခ့တ
ဲာပေါ့ဗျာ”

မူဂါဘီ ကို မကျေနပ်တြဲ့ ပည်သူတွေဟာ ဒီမိုကရက်တစ်ပြောင်းလဲရေး လှုပ်ရှားမှု (MDC) နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်လိုက်ကြပါတယ်။
ဆန္ဒပြတောင်းဆို၊ ရှုတ်ချမှုတွေကို လမ်းမတွေပေါ်မှာ ပြုလုပ်ခြဲ့ ကသလို၊ ပါလီမန်တွင်းတိုကပ
်ွဲ၊ ရွေးကောက်ပွဲတိုက်ပွဲတွေကို ဆင်နွဲဖို့ ကြိုးစားကြ
ပါတယ်။ ရောဘတ်မူဂါဘီ ကလည်း ကောက်ကျစ်စဉ်းလဲစွာ တုန့်ပြန်ခဲ့တယ်။ “၂၀၀၅ ခုနှစ်မှာ မူဂါဘီ က ငြိမ်ဝပ်ပိပြားမှုစစ်ဆင်ရေး တခုကိုလုပ်ခ့တ
ဲ ယ်။
မြို့ကြီးတွေမှာရှိတဲ့ လူနေအိမ် တချို့နဲ့ ၊ စီးပွားရေးအဆောက်အဦတွေကို တရားမဝင်ဆောက်လုပ်ထားတဲ့အိမ်တွေဖြစ်တယ် ဆိုပြီး
ရှင်းလင်းဖယ်ရှားပစ်ခဲ့တယ်။ နိုင်ငံတွင်းမှာ ကူးစက်ပျံ့ပွားနိုင်တ့ေ
ဲ ရာဂါတွေ ကို တားဆီးဖို့အတွက် ဖြစ်တယ် လို့ ဆိုတယ်။
လူနှစ်သန်းခွဲ နီးပါး အလုပ်လက်မဲ့ဖြစ်ခဲ့တယ်။ဇင်ဘာဘွေ ဆူနာမီ အဖြစ်နာမည်ကြီးခဲ့တယ်။ တကယ်တော့ မူဂါဘီ ဟာ အတိုက်အခံပါတီ
ထောက်ခံသူတွေကို ရှင်းလင်းပစ်ခ့တ
ဲာဗျ”
မူဂါဘီရဲ့စစ်ဆင်ရေးဟာ ကျေးလက်ဒေသတွေဆီထိရောက်လာခဲ့ပါတယ်။ လူပေါင်းသိန်းချီပြီး အိုးမဲ့အိမ်မြဲ့ ဖစ်ခဲ့ရတယ်။
ပြည်သူတွေဟာ ရှင်သန်ရပ်တည်ဖို့အတွက် ခက်ခဲခ့ပ
ဲါတယ်။ အသွားအပြန် (၅) နာရီကျော်လမ်းလျှောက်ပြီး အလုပ်သွားလုပ်ရတယ်။
နိုင်ငတ
ံ ဝှမ်းလုံးမှာ အတိုက်အခံအင်အားစုတွေအပေါ်အနိုင်ကျင့်ခြိမ်းခြောက်၊ သတ်ဖြတ်ညှင်းပမ်း၊ မုဒိမ်းကျင့် လုယက်မှုတွေ၊
ဗုံးခွဲတိုက်ခိုက်မှုတွေကိုပြုလုပ်ခြဲ့ ကပါတယ်။
“ အတိုက်အခံခေါင်းဆောင် မော်ဂန် ချန်ဂရိုင်းရဲ့မိန်းမအပါအဝင် ကိုယ်ရံတော်အားလုံးအသတ်ခံလိုက်ရသလို၊မော်ဂန်ချန်ဂရိုင်း ဟာလည်း
အကြိမ်ကြိမ်အဖမ်းခံရ၊ နှိပ်စက်ခံခရ
ဲ့ တယ်။ “ကောက်ရိတ် အိမ် -၄၄” လို့ခေါ်တဲ့ ရုံးခန်း ကို မူဂါဘီရဲ့လက်ကိုင်ဒုတ်တွေက
အကြိမ်ကြိမ်ဝင်ရောက်စီးနင်းတိုက်ခိုက်ကြတယ်။ နေ့ခင်းကြောင်တောင်မှာ ဓါးမြတိုက်ခံရ၊ အနုကြမ်းစီးခံနေရတဲ့ နေရာကိုပြပါဆိုရင်
ကျနော်တို့ ဇင်ဘာဘွေနိုင်ငံကိုသာ ကြည့်လိုက်ပါဗျာ”

ဒီမိုကရက်တစ်ပြောင်းလဲရေးလှုပ်ရှားမှု အဖွဲ့ဝင်တွေက မူဂါဘီ ရဲ့ခြိမ်းခြောက်မှုတွေ၊ရွေးကောက်ပွဲတွေရဲ့မဲလိမ်မှု၊ မရိုးသားမှုတွေကို


ကျယ်ကျယ်လောင်လောင်ဖွင့်ချရင်း လူထုရဲ့ခံစားမှုနဲ့အတူခေတ်ဆိုးကြီးကိုအတူတကွရင်ဆိုင်လိုက်ကြပါတယ်။
၂၀၀၈ ရွေးကောက်ပွဲကျင်းပတဲ့အခါမှာလည်း မူဂါဘီ ကမဲလိမ်ခြဲ့ ပန်ပါတယ်။ ပထမအဆင့်မှာ အတိုက်အခံပါတီကလည်း (၅၀) %
ကျော်မဲမရတဲ့အတွက် ဒုတိယအဆင့်ရွေးကောက်ပွဲကို ပြန်လည်ကျင်းပမယ် လို့ ရောဘတ်မူဂါရီက ဆိုခဲ့တယ်။
“ ၂၀၀၈ ခုနှစ်ရွေးကောက်ပွဲမှာ အတိုက်အခံပါတီဝင် ၄၀ ကျော်အသတ်ခံရတယ်။ အစိုးရရဲ့အကြမ်းဖက်မှုတွေက နေ့စဉ်ရက်စက်ပဲ။
ဒါကြောင့် အကြမ်းဖက်မှုအောက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲ ကို အယုံအကြည်မရှိ ဘူး ဆိုပြီး သပိတ်မှောက်ခဲ့ကြတယ်။”
ၿပိဳင္ဘက္မရိွတ့ေ
ဲ ရွးကောက်ပွဲကို ရောဘတ်မူဂါရီက (၈၆) ရာခိုင်နှုန်းနဲ့အနိုင်ရခဲ့ပေမဲ့၊ နိုင်ငံတကာက မူဂါဘီ ရဲ့အတုအယောင်ရွေးကောက်ပွဲကို
ရှုတ်ချခဲ့ကြပါတယ်။ သူ့ရဲ့သမ္မတ ကျမ်းသစ္စာကြိမ်ဆိုပွဲကို မည်သည့်နိုင်ငံကမှ မတက်ခဲ့ကြသလို၊ စီးပွားရေးပိတ်ဆို့မှုတွေကလည်း မူဂါဘီအစိုးရကို
အသက်ရှူကြပ်စေခဲ့ပါတယ်။ အထီးကျန်ဖြစ်သွားတဲ့ မူဂါဘီ ဟာ အတိုက်အခံတွေနဲ့ အာဏာခွဲဝေအုပ်ချုပ်မှု ကို အလျော့ပေးပြုလုပ်ခ့ရ
ဲ ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ ချန်ဂရိုင်း ဟာ ဇင်ဘာဘွေရဲ့ဝန်ကြီးချုပ်အဖြစ်ရောက်ရှိလာခဲ့ပါတယ်။
သောတရှင်များခင်ဗျား
ကြံ့ကြံခံ၊တွန်းလှန်ရဲသူတွေကသာ သမိုင်းလမ်းကြောင်းကိုပြောင်းလဲနိုင်ခ့တ
ဲ ယ်။
သောတရှင်တို့လည်း ဇင်ဘာဘွေနိုင်ငံက ဒီမိုကရက်တစ်ပြောင်းလဲရေးလှုပ်ရှားမှုခေါင်းဆောင်တွေလို အနာဂတ်ဆီကို ခိုင်ခိုင်မာမာသွားနိုင်ကြပါစေ။
အောင်မိုးဝင်း

အာဖရိက လစ်ဘရယ်ကွန်ယက်အဖွဲ့မှ ဆောင်းပါးများနှင့် ဘီဘီစီ ဆောင်းပါးများပါ အချက်အလက်များကို ယူသုံးပါတယ်။

Вам также может понравиться