Вы находитесь на странице: 1из 4

အင်တာနက် မေတ္တာစာ

တစ်ရံ ရောခါ ၊ ဤနေရာမှ ၊ စိတ်မှာညစ်ထပ် ၊ သောက်ည င်ကပ်လို့ ၊ ဝေးရပ်တစ်မြေ ၊ ပြေးထွက်လေသော ၊

အင်တာနက်အား ၊ စိတ်မှာထား၍ ၊ မေတ္တာ ပို့ သလို က်ပါသည် ။

ဆွေးလို့ ပြာကာ ၊ အွ န်လိုင်းမှာလည်း ၊ မလာတာကြာ ၊ စိတ်မပါထင်ပြီး ၊ ကြိတ်ကာကြူ (Q)

ထား ၊ မဒီများလည်း ၊ တစ်ခြားနောက်ကို ၊ ပါတော့ မည်ထင့် ၊ ရင်မှာနင့်သည် ။ ဒီနေ့စိတ်

ကောက် ၊ နက်ဖြန်ရောက်မှ ၊ စိတ်ကောက်ပြေရေး ၊ ချော့ မယ်တွေးပြီး ၊ ထို ဒေး (day) ညမှ၊

နက် ကကျတော့ ၊ ချစ်သူကမု န်း ၊ ဘလော့ (block)ဦး (အုံး) မှာ ၊ ပူ နေတာမို့  ၊ ဆပ်ပြာသည်

မ ၊ လင်ပျောက်ရသို့  ၊ ဒု က္ခတွေနဲ့ ၊ တစ်မှိုင်မှိုင်တွေ ၊ တစ်တွေတွေငေး ၊ တစ်ငေးငေးငူ ၊တစ်

အူ အူဆွေး ၊ ၀မ်းဗို က်ရေးထက် ၊ လွမ်းရေးသာသည် ။ ရင်မှာမျက်ရည် ခါခါလည် ။

ဝေးလို့ မှာတာ ၊ ကို အင်တာရေ ၊ လာပါအမြန် ၊ သင်မမှန်လို့ ၊ ကော (call)သံ တ

တိတ် ၊ အဆောင်ဆိတ်နေပြီ ။ ဓားကို ဆွဲထု တ် ရန်သူခု တ်ဖို့ ၊ အဟု တ်ကြံ မှ ၊ နက်

ကကျသွား ၊ ဟီးရိုး (Hero)များလည်း ၊ တစ်အားဆွေးသည် ။ နက်ကမလာ ၊ လန်

(lan)ပေါ်မှာလည်း ၊ ကောင်တာပစ်ရ ၊ လက်ညောင်းလှပြီ ၊ ဟို ဆောက်ဒီဝယ် ၊

ဂျင်နရယ် (General)လည်း ၊ စိတ်ဝယ်မရွှင် ၊ မတို က်ချင်ဘူး ။ အွ န်လိုင်းဟီးရိုး ၊

တန် (Dan)မတိုးဘူး ၊ ကံ ဆိုးချက်က ၊ ချစ်သူမယုံ ၊ ဖု န်းဖိုးကု န်လည်း ၊ သူယုံမလာ

၊ စိတ်ည စ်ပါသည် ။ ဘီယာကဒ်တွေ ခါခါဝယ် ။

ပြေးလို့ လာပါ ၊ မျှော်နေတာလည်း ၊ ရင်မှာထိတ်ရ ၊ ဒီလို ညများ ၊ လာမလားလို့ 

အိပ်ငြားမပျော် ၊ အိပ်ရာပေါ်ဝယ် ၊ မပျော်မလှုပ် ၊ အမြီးကု ပ်၍ ၊ လွမ်းရု ပ်တွေဆင်

ကော်နက်ရှင် စောင့် ၊ တစ်တောက်တောက်နှင့် ၊ ဘောက်မဲ့ကြောင့်များ ၊ ဒီစီ

(dc) များဖြစ် ၊ တဗျစ်တောက်တောက် ၊ တလျှောက်လျှောက်တွေး ၊ တစ်

တွေးတွေးပူ ၊ သင်သာလူဖြစ် ၊ လည်ပင်းညှစ်လို့ ၊ အလစ်ကိုချောင်း ၊ တု တ်

ကောင်းကောင်းနဲ့ ၊ ရို က်မောင်းဆုံးမ ၊ တွေ့ကြတာပေါ့ ၊ စိတ်ပေါ့ဖို့ ရေး ၊ကြံ

ကာတွေးလည်း ၊ နှုတ်ဝယ်ခါခါ ၊ ပြောနေပါသည် ။ အင်တာနက်ရေ လာပါကွယ်

စိတ်ကိုအလို လို က် ဝေးရာသို့ လည်းမသွားနှင့်


ထိပ်ကိုအတို ကို က် ဒွေး ပါလို့ လည်းမကြွားနှင့်
စိတ်ကိုအလို လို က် ဝေးရာသို့  သွားက ၊ အသွားမတော်တစ်လှမ်း ဒု က္ခလမ်းသို့ မြန်းလိမ့်မည် ၊ ထိပ်ကိုအ တို ကို
က် ဒွေး ပါလို့ ကြွားက ၊ တစ်အားအော်ငေါက်ငမ်း မမိုးမိုးက ရမ်းလိမ့်မည် ။ အသွားမတော်ပဲ မျဉ်း ကျား
မှ မကူးက ယာဉ်ထိန်းရဲနှင့်မိ တတ်သည် ။ စိတ်ထင်ရာသွားပြီး ၊ ညကြီးအမှောင် ၊ ပတ္တရောင်နှင့်တိုး ဂျေးသို့ ဂိုးရ
တတ်သည် ။ အကြွားမတော်ပါက တအားအော်ခံ ရပြီး ၊ လက်ဝါးနှင့်နီးတတ်သည် ။

ဆန်ဆုံစားပြီး ကံ ကု န်လို့လည်းမသွားနှင့်

ကံ ယုံစားပြီး သံ ပုံသို့ လည်းမသွားနှင့် ။

ဆန်ဆုံစားပြီး ကံ ကု န်သွားလို့  ခွဲသွားတော့ ကျန်ခဲ့သူ က လွမ်းရသည် ။ ကံ ယုံစားပြီး သံ ပုံကြားသို့ 


အရဲ သွားတော့ သံ ဆိပ်ထူကာ နွမ်းရမည် ။ ဆန်ဆုံစားပြီး ကံ ကု န်လို့သွားသည် ပြောရအောင် အသ
င်နှင့် ကျုပ်တို့ကြား ဆက်ဆံ ရေး အလှဆင်ပေးဖို့  ၊ မပြတ်အ မှန်းပေး လစဉ်းကြေး ရှိပြီးသား တစ်မုံ့ ၊ န
က်ရရေး ကို ၊ မနက်ညေ တွးပြီး ၊ မဟန်တာကြောင့် ၊ အမြန်လာပါဟု သာ ပြောချင်ပါသည် ။ ကံ ကို ယုံပြီးလည်း
ဘောပွဲတွေ အတင်းလောင်း ၊ မောင်းမပေါက်ပဲ ၊ ချောင်းပေါက်မတက် ၊ အကြွေးတောင်းခံ ရပေမ
ည် ။ကံ မကောင်းပါက ချစ်သူကို ပင်မှားပြီး ဘလော့ ပေးမိတတ်၍ စိတ်ကွက်ခံ ရပါမည် ။ ကံ ကောင်းပါက လည်း မနက်က
ဆို ထားသော ရည်းစားစကား လူမှား၍ ညနေတွင် အဖြေမြင်ရတတ်ပါ၏ ။ သို့ ပါ၍ ဆန်မပါ ၊ ကံ ဗလာနှင့် လာ
လည်း ကျိတ်မဆဲပါ ။ လာသာလာပါ ဘာညာမပါလည်း ကိစ္စမရှိပါ ။

မျှော်ရလွန်းလို့  လည်ပင်းလည်း ပဲရစ်မျှော်စင်ဖြစ်တော့ မည်

အော်ရလွန်းလို့  ရောခ့်ကာများရဲ့ စီးပွားရေးလည်းထိခို က်တော့ မည် ။

မျှော်ထားလည်းမလာသည်က ကို ရီးယား ဇာတ်လမ်းတွဲ ၊ မမျှော်ထားလည်း လာသည်က ကြော်ငြာ ၊ အော်တိုင်း


လည်းမသာသည်က ရည်းစားဟောင်း မင်္ဂလာဆောင်က သီချင်း ၊ မအော်ခိုင်းပဲ သာသည်က အလှူအိမ်က ဗြောသံ ၊
သို့ ကလို ကြောင့် ကို ရီးယားကားလို ဇာတ်သိမ်းကို မျှော်လင့်ချက်တွေပေးပြီး အကြီးအကျယ် busyေ
နသောသင့်အား ၊ ရင်ကွဲ ပက်လက် အသံ ဖြင့် ကျုပ်တို့ အော်ကြီးဟစ်ကျယ် call နေပါတယ် ၊ ကျေးဇူးပြုပြီး
ရောက်ရာအရပ်က အမြန်လာ Answer ပေးလှည့်ပါ ။

တံ ခွန်မရှိသောဘု ရား ၊ အလံ မရှိသောရထား

လင်မရှိသော မိန်းမ မတင့်တယ်ဟု ဆို စကားရှိ၏ ။

အလားတူ အင်တာနက်မရသော ကွန်ပျူတာမှာလည်း ၊ Core 2 Duo ပင်ဖြစ်လင့်ကစား မတင့်တယ်ပေ၊ ထို နည်းတူ အင်တာန
က်မရသော ကွန်ပျူတာမှာ ၊ အတောင်ပါပြီး မပျံသန်းနိုင် သော ပင်ဂွင်းငှက်ကဲ့ သို့  ယက်ကန်ယက်ကန်ဖြစ်နေကြောင်း ထပ်ေ
လာင်းသိစေချင်ပါသည်
မျှော်တာများလို့  ဘလော့ ဂါ(Blogger) များလည်း ၊ ပို့ စ်မတင်လို့ တစ်မျိုးထင်ခံ ရတော့ မည် ၊ ဟီးရိုးဂိမ်မာများလည်း
တန်(Dan)တက်ဖို့ ရန်သတ်ချင်လှပြီ ၊ ဂူးဂဲလ်ချက် သမားလည်း အရူးအမဲနှပ်စားသို့  လွမ်းနေ သည် ၊ ရဟူး မက်ဆင်ဂျာ
ကို လည်း အထူးမမြင်တာကြာပြီ ၊ နက်လော့ (Netlog) မှာ လက်ဆော့ ချင်သူ များလည်း ၊ အရက်မော့ နေရပြီ ၊
ဒေါင်းလု ပ်ချထားသော ဇာတ်ကားများလည်း ကု န်နေပြီ ၊ သီချင်းအသစ် ကို စာရင်းမလှစ်ရတာလည်း ကြာပြီ ၊ေ
ဘာပွဲသတင်း ၀ဘ်ဆိုဒ် မဖတ်လိုက်ရတာကြာလို့  ဟာနေပါသည်၊ သို့ သော်လည်း သင့်အား
အ၀ါကဒ်နှင့် တစ်ခါထပ် သတိပေးပြီး၊ လယ်ဗယ်ညီအောင် ပယ်နယ်တီလည်း မတောင်းပါ ။

အဆောင်သားအားလုံး “ အောက်အီးလည်းမတွန် ၊ အစာလည်းမစား ၊ ကော်နက်ရှင်ကိုလွမ်းလို့ လား ” ဟု မေးရ


မလောက်ဖြစ်နေသည်ကို မြင်စေချင်ပါသည် ။ သို့ ဂလို အရေးကြောင့် ပု ဂ္ဂိုလ်ရေးကို ဘေးချိတ်ပြီး ကျုပ်တို့အိ
ပ်ရေးပျက်အောင် အမြန်လာပါဟု ၊ ကြားရာအရပ်သို့ တအားမှာလျက်ရှိနေပါသည် ။ တစ်ခြား အဆောင်တွေမှာ အ
လန်ဆုံးဆို တဲ့ အမြန်နှုန်း(Speed)ကို မမှီလည်းနေပါ ၊ အသင့်အမြန်နှုန်း လိပ်နဲ့စပ် လည်း အကျင့်တန်မုန်း စိတ်
ဓာတ်မပျက်ပါ ၊ အကြောင်းမဟု တ်ပါက ဒေါင်းလု ပ် (download)လည်း မချ တော့ ပါဟု ကျုပ်တို့အာမခံ ပါတယ် ။
တောင်းဆိုး ပလုံးဆိုးသာ ပစ်ရိုးထုံးစံ ရှိပေမယ့် ကော်နက်ရှင်ဆိုး ၊ စပိ (Speed)ဆိုးကို တော့ ပစ်ရိုးထုံးစံ မရှိပါ
။ သင်ဘယ်အ ချိန် ဆို င်းနီးအပ် (singing up)မလဲလို့  ပဒို င်းသီးနှပ်စားထား သလို မျှော်နေပါတယ် ၊

နေ့ညတွင်တွ င် ၊ ကော်နက်ရှင်ကို ၊ ထင်မြင်ယောင်ယမ်း ၊ တွင်တွ င်လွ မ်းကာ ၊ ရင်မှာလွမ်းရင် ၊

မျှော်တိုင်းမြင်လို့ ၊ လက်ညှိုးညွှန်ရာ ၊ ကော်နက်ရှင် ဖြစ်ပါစေသား အရှင်ဘုရား လို့  ၊ ဒတ္တ ရဲ့

ကဗျာစာသားလို ၊ အိပ်မပျော် စားမ၀င် ၊ ကော်နက်ရှင် ကို သာလွမ်းနေပါသောကြောင့်

အင်တာနက် ရောက်လေရာသို့  ၊ ရင်နာလျက် တစ်ခေါက်တစ်လေလာဖို့  ၊ သစ္စာကမ္ဘာ တည်ရန်၊

မေတ္တာစာ ရည်လိုက်ရပါတယ် …

{ မေတ္တာရှင် ကို ရင်ညိန်း }


အမု န်းတရား

ကင်းမဲ့ စွာ

ပျော်ရွှင်နိုင် ကြပါစေ

“မရင့်ကျက်မီ ”
သူ့ ၏အမှား၊ ငါ့-အမှားနှင့်

စကားချင်း ပြိုင်၊ ဓားချင် ဆိုင်။

သူ ၏မာန၊ ငါ့-မာနနှင့်

ဒေါသ ပေါက်ကွဲ၊ မောဟ ကဲ။

သူ့ ဘက် သူ ယက်
ငါ့ဘက် ငါယက်

ကောင်းကွက်တွေဖယ် အားသွန်ဆွဲ

ချစ်ခြင်းကင်းမဲ့ ထိုလွန်ပွဲ။

အို …စေ့ စေ့ တွေးကာ၊ မြင်ကြည့်ပါမှ


ငါသည်လ ည်း ရူံး၊ သူ လည်း ရူံးနှင့်

အမု န်းလိုင်လိုင်၊ မဆုံးနိုင် ဟု ၊ သိပင်သိငြား

အသိနောက်ဝယ်၊ မာန်ကြိုးနွယ်ဆဲ

နု နယ်သေးသည် မဟု တ်လား

Вам также может понравиться