Вы находитесь на странице: 1из 47

ကလေးမြို့ က တက္ကသိုလ်ကျောင်းသားတွေ ယနေ့ မနက်က ဆန္ဒပြကြပြီ။ အာဏာရှင်လက်အောက်မှာ အခွင့်အရေးဆိုတာ ဒီလို တိုက်ယူမှ ရတာပါ။

စစ်ကိုင်းတိုင်း ကလေးမြို့ မှာ တက္ကသိုလ်ကျောင်းသား အယောက် (၅၀၀) ခန့် က ဘတ်(စ်) ကားခတွေ ကြီးမြှင့်လာတာနဲ့  ပတ်သက်ပြီး ဆန္ဒပြကြကြောင်း သိရှိရပါတယ်။

ဒီ ဘတ်(စ်) ကားခတွေဟာ နအဖလက်အောက်မှာ ယခုနှစ်စဆိုရင် ခရီးစဉ်လမ်းကြောင်းတစ်ခုထဲကို ကျပ် (၁၀၀) ကနေ (၂၀၀) ထိ တိုးသွားတာကြောင့် ကလေးမြို့ ရှိ တက္ကသိုလ်ကျောင်း
(၃) ခုဖြစ်တဲ့ ကလေးမြို့ တက္ကသိုလ်၊ ကလေးမြို့ ကွန်ပျူတာတက္ကသိုလ်နဲ့  နည်းပညာတက္ကသိုလ်တို့ က ကျောင်းသားတွေ ချီတက်ဆန္ဒပြကြတာ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီလို ချီတက်ဆန္ဒပြကြတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ယနေ့ မနက် (၇) နာရီခွဲအချိန်က ကလေးမြို့ ဘူတာရုံကနေ ကလေးမြို့ အတွင်း လှည့်လည်ချီတက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ကလေးမြို့ တက္ကသိုလ်ကျောင်းသားတွေနေနဲ့  ဘတ်(စ်) ကားခ တိုးမြှင့်လို့  ဆန္ဒပြရတဲ့အပြင် နေ့ စဉ်နေ့ တိုင်း ကျောင်းသွားကျောင်းပြန် ဘတ် (စ်) ကား လုံလောက်မှု မရှိတာကြောင့်
အချိန်ကြာမြှင့်စွား စောင့်ဆိုင်းရပြီး၊ ဒီလို အချိန်ကြာစောင့်ဆိုင်းရလို့  ကျောင်းတက်ချိန်နောက်ကြပြန်ရင်လည်း အဆင်မပြေမှုတွေ ဖြစ်နေကြရတာမို့  နအဖလက်အောက်
ပညာရေးစနစ်တွေနဲ့  စီမံခန့် ခွဲမှုတွေ ညံ့ဖြင်းလွန်းမှုတွေကြောင့် ယခုလို ကျောင်းသူကျောင်းသားတွေရဲ့  မကျေနပ်မှုတွေ ပိုမိုတိုးပွားလာတာ ဖြစ်ပါတယ်။

(Chinland Guardian သတင်းအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်။


http://www.niknayman-niknayman.co.cc/

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အနားယူတော့မလား


ရန်ပိုင် Wednesday, 12 January 2011 18:26

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နေပြည်တော်ရှိ အစိုးရပိုင် နေအိမ်မှ ပြောင်းရွှေ့ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟူသော သတင်းများကြောင့် လာမည့် အစိုးရ အဖွဲ့အသစ်တွင်
ပါဝင်တော့မည် မဟုတ်ဟု စစ်အစိုးရ အသိုင်းအ၀န်းက ထင်ကြေးပေး
ပြောဆိုနေကြသည်။
ယခုကဲ့သို့ အိမ်ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် အချိန်သည်
အစိုးရအဖွဲအသစ်၏ လွှတ်တော်သုံးရပ် ခေါ်ယူမည်ဟု ကြေညာချိန်နှင့်
တိုက်ဆိုင်နေကြောင်း၊ ယမန်နှစ် ဇွန်လအတွင်းကလည်း ဒု ဗိုလ်ချုပ်မှူးကြီး
မောင်အေးသည် လက်ရှိ ရာထူးမှ အနားယူတော့မည်ဟူသော
သတင်းများလည်း ထွက်ပေါ်ခဲ့သေးကြောင်း စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့်
နီးစပ်သူတဦးက ပြောသည်။

“ဦးအေးက မနှစ်ကတည်းက နားဖို့ပြောနေတာ ဗိုလ်ချုပ်မှူးကြီးက တားလို့


မနားတာလို့ ပြောတယ်။ ဗိုလ်ချုပ်မှူးကြီး နားမယ်လို့တော့
အသံမထွက်သေးဘူး” ဟု ၎င်းက ဆိုသည်။

ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ရာထူးမှ အနားယူမည်ဟု သတင်းများ

( - AP)
ထွက်ပေါ်ခဲ့ပြီးနောက် ယမန်နှစ် သြဂုတ်လအတွင်း၌ တပ်တွင်း ရာထူး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ဒု ဗိုလ်ချုပ်ကြီး
သူရမြင့်အောင်နှင့် ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့ဖြင့် အစားထိုးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေရာကို ဆက်ခံမည်ဟု အများက ယူဆနေသည့် ဗိုလ်ချုပ်ကြီး ရွှေမန်းမှာမူ တပ်မတော်မှ အငြိမ်းစား ယူသည့်စာရင်းတွင် ပါဝင်ခဲ့ပြီး ၎င်း၏ ကြည်း၊ ရေ၊ လေ
ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးလိုက်ရသည်။

၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော် အမတ်နေရာ အများစုတွင်
အနိုင်ရခဲ့ပြီး လာမည့် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့ကို ခေါ်ယူမည်ဖြစ်သည်။

နိုင်ငံတော် သမ္မတရာထူးအတွက် မည်သူတာဝန်ယူမည် ဆိုသည်ကို မသိရသေးသော်လည်း ဗိုလ်ချုပ်ကြီးဟောင်း ရွှေမန်းအား ရွေးချယ်ထားသည်ဟု လည်းကောင်း၊ ဗိုလ်ချုပ်မှူး
သန်းရွှေပင် ဆက်လက် လုပ်ကိုင်မည်ဟူ၍လည်းကောင်း သတင်းများ ထွက်ပေါ်နေသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စု လွှတ်တော်မှ သမ္မတနှင့် ဒုတိယ သမ္မတများကို ရွေးချယ်မည်ဖြစ်သည်။

ယမန်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက “ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း
အမြဲတွေးတောနေတာပါ။ ဒါကြောင့်လည်း ဒီလို တိုးတက်မှုတွေ ဆောင်ရွက်မယ့် အဖွဲ့အစည်းကို ထူထောင်တာပါ။ ဒါပေမယ့် သူမပါပါဘူး” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ကြံ့ဖွံ့ပါတီ အနိုင်ရခဲ့လျှင် တင်သွင်းမည့် သမ္မတလောင်း စာရင်းကို ထိုစဉ်ကတည်းက လျာထားပြီး ဖြစ်ကြောင်းလည်း ပြောသွားသည်။
အကျဉ်းသား ပေါ်တာများ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးခံနေရ
ဧရာဝတီ Wednesday, 12 January 2011 18:15

ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖတပ်က အကျဉ်းသား ပေါ်တာများကို
လူသား မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုနေကြောင်း သိရ သည်။
မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၆၀၀
ခန့်ကို ယင်းသို့ လူသား မိုင်းရှင်း ကိရိယာများ အဖြစ် အသုံးပြုနေခြင်း
ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ
ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး
ဦးဘိုကြည်က ပြောသည်။

“ဒီအကျဉ်းသား တွေဟာလည်း လူသားတွေပဲ ဖြစ်ပါတယ်၊ ဘယ်လို


အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဒီလိုမျိုး မလုပ်သင့်ပါဘူး၊ အခု စစ်အစိုးရ
ကျင့်သုံးနေတဲ့နည်းက အကျဉ်းသားတွေကို သတ်နေတာနဲ့ အတူတူ
ပါပဲ”ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သတင်း အချက်အလက် တိတိကျကျ ရရှိရန်နှင့်


လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ် မှု ဖြစ်သောကြောင့်
အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည်
ဖြစ်သည်ဟုလည်း ဦးဘိုကြည်က ပြောသည်။

ထို့သို့ မိုင်းရှင်းကိရိယာများ အဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ


လွတ်မြောက်လို သောကြောင့် မကြာသေးခင်က အကျဉ်းသားပေါ်တာ ၁၂
၃ (၃) () () ( ဦးခန့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင်လာကြကြောင်း
သိရသည်။
-၃ )
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းက ခေါ်ဆောင်လာသော မကွေးတိုင်း ပခုက္ကူထောင်မှ ၎င်းအပါအ၀င် အကျဉ်း သား ၃၀ ခန့်သည် ထိုသို့ မိုင်းရှင်းခိုင်းမှု ကြုံခဲ့ရသည်ဟု
အကျဉ်းသားပေါ်တာ တဦးဖြစ်သည့် ကိုသောင်းဌေးဦး အသက်၂၈ နှစ် ကလည်း ဧရာဝတီသို့ ပြောသည်။

ကိုသောင်းဌေးဦးက"ကျနော်တို့ က ပခုက္ကူထောင်ကနေ ငွေမပေးနိုင်လို့ရှေ့တန်းကို အပို့ခံရတဲ့လူတွေပါ၊ ပခုက္ကူထောင် က အယောက် ၃၀ ပါ တယ်၊ ရှေ့တန်းမှာ စစ်ပစ္စည်းတွေ၊


စားနပ်ရိက္ခာတွေ ထမ်းရတဲ့အပြင် ထမင်းချက်ရတယ်၊ ရေခတ် ရတယ်၊ တိုက်ပွဲဖြစ်ပြီးလို့ စစ်သားတွေ ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလိုက် ကောက်ပေးရတယ်၊ အဆိုးဆုံးကတော့
မိုင်းတွေရှိတဲ့နေရာတွေဆိုရင် အကျဉ်းသားပေါ်တာတွေကို ရှေ့ကနေသွားခိုင်းတာပဲ မိုင်းနင်းမိတဲ့လူလည်း မနည်းဘူး၊ ဒါကြောင့် ဒီဘက်ကို အရဲ စွန့်လာရတာ"ဟု ပြောပြသည်။

ယမန်နေ့က ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ ပလောတပို့ တပ်စခန်းမှ ကိုသောင်းဌေးဦးအပါအ၀င် ကိုတင်ဇော်မင်း ၂၁ နှစ်၊ ကိုမိုးရာဇာ ၁၇ နှစ် တို့ အကျဉ်းသား ပေါ်တာ ၃
ဦးသည် မဲဆောက်မြို့နယ် ကော်မနောင်း သို့ ရောက်ရှိလာရာ ဒုက္ခသည်အရေး ကူညီသူများက လက်ခံကူညီထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၎င်းတို့ ၃ ဦး သည် ရဲ အပါအ၀င် ဒေသခံ အာဏာပိုင်များ၏ ဖိနှိပ်အနိုင်ကျင့်မှုအား ပြန်လည်ခုံခံရာမှ ရာဇ၀တ်မှု ကျူးလွန် သည့် ပုဒ်မများဖြင့် ပခုက္ကူထောင်၌ ပြစ်ဒဏ်ကျခံနေရသူများ
ဖြစ်ကြောင်းလည်း သိရသည်။

အကျဉ်းသားပေါ်တာ ကိုမိုးရာဇာ ကလည်း"ကျနော်တို့အမေကို ရဲက အသားလွတ် ပါးရိုက်တဲ့အတွက် ဒေါသဖြစ်ပြီး ကျနော့် အစ်ကို တင်ဇော်မင်းနဲ့ ကျနော်ဝိုင်းရိုက်လိုက်တာ
လက်လွန်သွားပြီး ထောင် ၅ နှစ်စီ ကျသွားတာပါ၊ ဟိုမှာလည်း အနိုင်ကျင့် ခံရ ဒီရောက်လည်း ထပ်ခံရတာနဲ့ မထူးတော့တဲ့အတူတူ သေသေရှင်ရှင် ဒီဘက်ထွက်လာဖို့ ဆုံးဖြတ်လိုက်
တာပါ"ဟု ပြောသည်။

ပခုက္ကူထောင်တွင် ရှေ့တန်း စစ်မြေပြင်သို့ အပို့ခံရမည့် အကျဉ်းသားများ အနေနှင့် ထောင်ပိုင်ကို တဦးလျှင် ကျပ် ၁ သိန်း ခန့် ပေးနိုင်ပါက ရှေ့တန်းသွားရန်မလိုဘဲ ငွေမပေးနိုင်သည့်
အကျဉ်းသားများနှင့် အစားထိုးသည်ဟုလည်း ကိုမိုးရာဇာ က ဆက်ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ နအဖ တပ်များက အကျဉ်းသားပေါ်တာ ရာနှင့်ချီ အသုံးပြုမှု ရှိနေကြောင်း လည်း ကိုသောင်းဌေးဦး က ပြောပြသည်။

ယင်း အကျဉ်းသား ပေါ်တာများသည် ပခုက္ကူ ၊ မော်လမြိုင်၊ ဘားအံ စသည့် ထောင်များအပါအ၀င် နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း နအဖ တပ်များက အကျဉ်းသား ပေါ်တာများကို အရှေ့တွင်ထား၍ တိုက်ခိုက်မှုများကို ကြုံခဲ့ရသည်ဟု DKBA တပ်မဟာ ၅ ဖလူး ဒေသ စခန်းထိုင် စစ်ဦးစီး တတိယတန်း
ဗိုလ်ကြီး စောသရီးထူးလည်း ပြောဆိုသည်။

“အကျဉ်းသား ပေါ်တာတွေကို အရှေ့က တက်ခိုင်းတယ်၊ ကျနော်တို့က ငဲ့ညှာပါတယ်၊ သူတို့ ကို ကာဗာယူတယ်၊ ကျနော် တို့ကလည်း အပစ်မဖြစ် ပစ်ရတယ်၊ သူတို့ ကျနော်တို့ ရှေ့မှာပဲ
ကျတယ်၊ သိတယ်၊ ဒါ ကျနော်တို့ မကြည့်ရက်ဘူး၊ ဒါပေ မယ့် ကျနော်တို့ကလည်း မဆုတ်ပေးနိုင်ဘူး ဆိုတော့ ကျနော်လည်း ပစ်ရတာပဲ”ဟု ၎င်းက ဆိုသည်။

အကျဉ်းသား ပေါ်တာများထွက်ပြေးလာသည့် မြ၀တီခရိုင် ဖလူးဒေသ တွင် နအဖ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ တပ်ရင်း ၇ ရင်း စစ်ရေးလှုပ်ရှားလျက်
ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္ဂနွေ နှင့် တနင်္လာ နေ့ တိုက်ပွဲကာလအတွင်း နအဖ တပ်များက DKBA တပ်များ ရှိနိုင်သည့် နေရာများသို့ လက်နက်ကြီး ကျည် ရာနှင့်ချီ၍ ပစ်ခတ်ရာ ထိုင်းနိုင်ငံ
နယ်နိမိတ်အတွင်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲသည့် အတွက် ယမန်နေ့က မြန်မာမာစစ်အစိုးရကို ထိုင်းအာဏာပိုင်များက ကန့်ကွက်စာ ပေးပို့ထားသည်။

ပြီးခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဘက် တပ်များ ဒဏ်ရာရ ကျဆုံးမှု ရှိကြောင်း သိရသော်လည်း သီးခြား အတည်ပြုချက် ရယူ နိုင်ခြင်း မရှိသေးပေ။

ရွေးကောက်ပွဲ ကျင်းပနေစဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA
တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါးတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
ထိုင်းများ မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် ယာယီပိတ်
စိုင်းဇွမ်ဆိုင်း Wednesday, 12 January 2011 18:54

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ထိုင်းနိုင်ငံသား တဦးကို ယမန်နေ့က ပြန်ပေးသဘောမျိုး ဖမ်းဆီးထားပြီးနောက် ထိုင်းအာဏာပိုင်များက ၎င်းတို့၏
နိုင်ငံသားများကို တာ့ခ်ခရိုင်ရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်မှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် တားမြစ်လိုက်သည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ ဆမတ် လွိုင်ဖာ က မြန်မာနိုင်ငံဘက်ခြမ်းတွင် အစိုးရတပ်များနှင့် ကရင် တပ်များကြား တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ထိုင်းနိုင်ငံသားများ၏
လုံခြုံရေးအတွက် မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့် ယာယီ ပိတ်လိုက်ခြင်းသာ ဖြစ်ကြောင်း၊ အခြေအနေများ ပြန်လည် ကောင်းမွန်ပါက ပြန်ဖွင့်ပေးမည် ဖြစ်ကြောင်း
ထိုင်းသတင်းဌာန Thai News Agency (TNA) သို့ ပြောသည်။

ထိုင်းနိုင်ငံသား၊ နိုင်ငံရေးသမား မစ္စတာ ခရိုင်ယန် ဆတ် ကို DKBA က ဖမ်းဆီးထားပြီး ထိုင်းဘတ် ၃ သိန်းဖြင့် ၎င်းအား ပြန်ရွေးရန် တောင်းဆိုသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ်
သတင်းတွင် ပါရှိသည်။

မစ္စတာ ခရိုင်ယန် ဆတ် သည် ယမန်နေ့က DKBA တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ငွေကြေးကိစ္စ ဆွေးနွေးရန် နယ်ခြားကို ဖြတ်သန်း ဝင်ရောက်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က
အတည်ပြုပြောဆိုသည်။

မစ္စတာ ခရိုင်ယန် ဆတ်သည် တာ့ခ် ခရိုင်၊ အုန်းဖျံဒေသရှိ တေးပါပိုရွာသားတဦးဖြစ်ပြီး ထိုင်းနိုင်ငံရေး ပါတီတခုဖြစ်သည့် Ruamajai Pattana ပါတီဝင် တဦးလည်းဖြစ်သည်။

DKBA ကမူ မစ္စတာ ခရိုင်ယန်ဆတ်သည် ၎င်းတို့အပေါ်တွင် အကြွေးတင်နေမှုများ ရှိနေသောကြောင့် ထိုသို့ ငွေကြေးတောင်းဆိုခြင်း ဖြစ်သည်ဟု ပြောထားသည်။

ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် နအဖ တပ်များနှင့် DKBA တပ်များ၏ တိုက်ပွဲအတွင်း အစိုးရဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်သို့
ကျရောက် ပေါက်ကွဲခဲ့သဖြင့် ထိုင်းအာဏာပိုင်များက ထိုင်း-မြန်မာ နယ်ခြားကော်မတီမှတဆင့် မြန်မာအာဏာပိုင်များထံသို့ ကန့်ကွက်စာတစောင်ကိုလည်း ယမန်နေ့က ပို့ခဲ့ကြောင်း
သိရှိရသည်။
တရုတ် ဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေး IGE ကုမ္ပဏီ ကန်ထရိုက်ရ
ရန်ပိုင် Tuesday, 11 January 2011 13:11

ရခိုင်ကမ်းလွန်မှ တရုတ်ပြည်သို့ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွက် လိုအပ်သည့်ပိုက်များ သယ်ယူရေး လုပ်ငန်းကို အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်း၏သား
ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီလီမိတက်မှ လုပ်ပိုင်ခွင့် ရရှိသွားသည်။
အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းများ သယ်ယူရေးလုပ်ငန်းကို လုပ်ကိုင်နိုင်ရန်
စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများ ဖြစ်သော အေး ရှား ဝေါလ် ကုမ္ပဏီ၊
မက်စ်မြန်မာ ကုမ္ပဏီတို့လည်း အပြိုင်အဆိုင် ကြိုးစားခဲ့ကြောင်း၊ သို့သော်
IGE ကုမ္ပဏီမှ လုပ်ပိုင်ခွင့် ရရှိ သွားခြင်း ဖြစ်ကြောင်း စစ်အစိုးရ
အ mr သိုင်းအ၀န်းနှင့် နီးစပ်သည့် အမည်မဖော်လိုသူ
စီးပွားရေးသမားတဦးက ဧရာဝတီသို့ ပြော သည်။

“တင်ဒါကတော့ အိတ်ပိတ် တင်ဒါစနစ်ပဲ။ ဒါပေမယ့်


အထူးစီမံကိန်းဆိုတော့ အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး
ကပဲ အဓိကဆုံးဖြတ်တယ်”ဟု ၎င်းက ဆိုသည်။

ပိုက်လိုင်းများကို တရုတ်နိုင်ငံမှ တင်သွင်းမည်ဖြစ်ပြီး ယူနန်ပြည်နယ်မှ


နယ်စပ်ဖြတ်ကျော်၍ လည်းကောင်း၊ ရန်ကုန်ဆိပ်ကမ်းမှ
တဆင့်လည်းကောင်း သယ်ယူပြီး စီမံကိန်းနေရာများသို့ ပို့ဆောင်မည်
ဖြစ်သည်ဟု အဆိုပါ စီးပွားရေးသမားက ပြောသည်။

IGE ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်က သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့်


ရေအားလျှပ်စစ်စီမံကိန်းအတွက် တရုတ်နိုင်ငံပိုင် Sinohydro
- ၃၃၃၃ ကကကကကကကကကကကကကက က ကကကကကကကက ကကကက တ၃ ကော်ပိုရေးရှင်းနှင့် အမေရိကန်ဒေါ်လာ သန်း ၃၀ တန်
စာချုပ်ချုပ်ခဲ့သေးသည်။
( - Xinhua)
ထို့အပြင် MRT ကုမ္ပဏီအမည်ဖြင့် နေပြည်တော်တွင် ဆောက်လုပ်မည့် Safari ဥယျာဉ်ကိုလည်း တည်ဆောက်ခွင့် ရရှိထား သည်။

ဦးနေအောင်၏ ဖခင် ၀န်ကြီး ဦေးအာင်သောင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူရင်းတဦးဖြစ်သည်ဟု လူအများပြောဆိုနေပြီး အစ်ကိုဖြစ်သူ ဗိုလ်မှူး ပြည်အောင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး
မောင်အေး၏ သမီး ဒေါ်နန္ဒာအေး၏ ခင်ပွန်းဖြစ်သည်။

ဦးအောင်သောင်းကို ဖြစ်ပေါ်လာမည့် အစိုးရ အဖွဲ့အသစ်တွင် ဒု သမ္မတ သို့မဟုတ် လွှတ်တော် ဥက္ကဌ ဖြစ်လာမည်ဟု ခန့်မှန်း ပြောဆိုမှုများလည်း ရှိနေသည်။

ယခုအခါ ဦးနေအောင်သည် အောင်ရည်ဖြိုး၊ IGE, MRT, Amara Group စသည့် အမည်များဖြင့် ရွှေတူးဖော်ခြင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၊ သစ်ထုတ်လုပ်ခြင်းအပြင်
ယူနိုက်တက် အမရ အမည်ဖြင့် ဘဏ်လုပ်ငန်း လုပ်ကိုင်သည့်အပြင် အမှတ(် ၂) လျှပ် စစ်ဝန်ကြီးဌာနသို့ မဟာဓာတ်အားလိုင်းများတွင် အသုံးပြုသည့် အကြီးစား လျှပ်စစ် ကြိုးခွေများကို
တင်သွင်း နေကြောင်း သိရသည်။

“ကိုနေအောင်က ၀န်ကြီးဌာနတိုင်းနဲ့အဆင်ပြေအောင် ဆက်ဆံနိုင်တယ်။ အောက်ခြေ၀န်ထမ်းအထိ ပေါင်းသင်းထားတော့ ၀န်ကြီးဌာနက လိုတဲ့ပစ္စည်းကို ၀န်ကြီးထက်တောင်


သိသေးတယ်”ဟု အထက်ပါ စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်က ပြောပြသည်။

အောင်ရည်ဖြိုး ကုမ္ပဏီသည် အစိုးရ၀န်ကြီးဌာနများသို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများ တင်သွင်းရန် ၁၉၉၈ ခုနှစ် တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ နှင်းဆီကုန်း
ဘိုးဘွားရိပ်သာ အနီး၌ စတင်ဖွင့်လှစ်ခဲ့သည်။

ယခုအခါ နိုင်ငံအတွင်း အရေးပါသည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းကြီးများကို အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးက
အဓိကချုပ်ကိုင်ထားပြီး ၎င်းနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်များ ချထားပေးလျက်ရှိကြောင်း သိရသည်။

အတွင်းရေးမှူး(၁) သည် ၎င်းနှင့် နီးစပ်သော ဘိန်းဘုရင် လော်စစ်ဟန်၏သား စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီကို ကချင်ပြည်နယ်တွင်
တည်ဆောက်မည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် နိုင်ငံအတွင်းရှိ တခြား သော ရေအားလျှပ်စစ် စီမံကိန်းများနှင့် ရန်ကုန်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများ၊ နိုင်ငံတ၀န်းရှိ
လေဆိပ်တိုးချဲ့ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ၊ လမ်းတံတား လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း နီးစပ်သူ တဦး က ပြောဆိုသည်။
၎င်းနှင့်ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၏ မက်စ်မြန်မာ ကုမ္ပဏီကိုမူ ထားဝယ် ရေ နက် ဆိပ်ကမ်း တည်ဆောက်ရေး၊ ဘောလုံးကွင်းများ
တည်ဆောက်ရေး၊ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ယခင် သတ္တုတွင်း ၀န်ကြီးဌာန ရုံးချုပ်အား ကလေးဆေးရုံအဖြစ် ပြောင်းလဲတည်ဆောက်ရေး လုပ်ငန်းများကို
လုပ်ကိုင်ခွင့်ပေးခဲ့သည်ဟုလည်း ဆို သည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူ ဦးတေဇပိုင် ထူး ကုမ္ပဏီအား
လုပ်ကိုင်ခွင့်ပေးခဲ့သော်လည်း လုပ်ငန်းတချို့ကို ၎င်း၏ သားဖြစ်သူ ဗိုလ်ကြီးဟောင်း တေဇာစောဦးနှင့် အေးရှား ဝေါလ် ကုမ္ပဏီကို ခွဲဝေပေးရန် ထူးကုမ္ပဏီအား ခေါ်ယူပြောကြားခဲ့သည်ဟု
ထူးကုမ္ပဏီနှင့် နီးစပ်သူတဦးကလည်း ပြောသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦး အနေဖြင့် ထိုသို့ အကြီးစားစီမံကိန်းကြီးများကို ၎င်းနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးမျာကိုသာ ဦးစားပေးလုပ်ကိုင်ခွင့် ပေးနေခြင်းသည်
ရွေးကောက်ပွဲအပြီး မကြာမီပေါ်ပေါက်မည့် အစိုးရ အဖွဲ့အတွင်း ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ မရေရာ မသေချာမှုများ ရှိနေသည့်အတွက် ဖြစ်သည်ဟု နိုင်ငံရေး သုံးသပ်သူများက
ဝေဖန်ပြော ဆိုသည်။
http://bur.irrawaddy.org/

အကယ်ဒမီပေးပွဲ ၂၃ ရက်နေ့ ကျင်းပမည်


ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၂ဝဝ၉ ခုနှစ်အတွက် အကယ်ဒမီ ပေးပွဲခေါ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို နေပြည်တော်တွင် ယခုလ ၂၃ ရက်နေ့တွင် ကျင်းပရန် ပြန်ကြားရေး ဝန်ကြီးဌာနက
သတ်မှတ်လိုက်သည်။
ဆု ရွေးချယ်ရန်အတွက် စာရင်းဝင်သည့် ဇာတ်ကားပေါင်း ၁၆ ကားရှိသည်။ ယမန်နှစ်က ပြုလုပ်ခဲ့သည့် ၂ဝဝ၈ ခုနှစ်
ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင်မူ ဇာတ်ကား ၁၂ ကား သာရှိခဲ့ပြီး ယင်းအနက် ၈ ကားမှာ ဟာသဇာတ်လမ်းများ ဖြစ်သည်။

ဇာတ်ကား ၁၆ ကားမှာ “ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ မိုးညအိပ်မက်မြူ၊ အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း


မရှိစေရ၊ ဟော့ရှော့ ၂၊ ချစ်လို့ စတာ၊ ဇော်က ကနေသည်၊ ချစ်ကံပွင့်နှင့် မချောလေးဆယ်၊ သူငယ်ချင်း ယောက္ခမ၊
မာမီရှိန်း၊ ပင်လယ်ကို ဖြတ်၍၊ ရှော့ခ်ရှိတဲ့ အချစ်များ၊ ဝါဆိုဖယောင်းတိုင်၊ အတည်ပေါက် နောက်တဲ့လူ၊ ကျောက်စက်ရေ၊
အတိတ်၏ အရိပ်၊ ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကား တို့ဖြစ်သည်။

ယခုနှစ် အမျိုးသားသရုပ်ဆောင်ဆုအတွက် နေတိုးနှင့် မြင့်မြတ်တို့ ရေပန်းစားနေပြီး အမျိုးသမီးသရုပ်ဆောင်ဆု အတွက်


အိန္ဒြာကျော်ဇင်၊ စိုးမြတ်သူဇာ၊ မေသန်းနုနှင့် သင်ဇာဝင့်ကျော်တို့ တစ်ပြေးနေသည်။

နှစ်တနှစ်ချင်းစီအလိုက် ရုပ်ရှင်ထူးချွန်ဆုပေးသည့် စနစ်ကို ၁၉၅၂ ခုနှစ်တွင် စတင်ပေးအပ်လာခဲ့ခြင်း ဖြစ်ပြီး


ဆုရွေးချယ်ရေးအဖွဲ့က သတ်မှတ်ထားသည့် ဆုအမျိုးအစားများမှာ ဓာတ်ပုံဆု၊ အမျိုးသား သရုပ်ဆောင်ဆု၊ အမျိုးသမီး
သရုပ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ တေးဂီတဆု၊ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု၊ တည်းဖြတ်ဆု၊
ဇာတ်ကားဆု၊ အသံပိုင်းဆိုင်ရာဆု တို့ဖြစ်ပြီး စုစုပေါင်း ၁၁ ဆု ဖြစ်သည်။

သို့သော် အချို့နှစ်များတွင် ဆုအားလုံးပေးခဲ့ခြင်းမရှိသလို ဆုအမျိုးအစားတခုအတွက် တဦးထက်ပို၍ ပေးခဲ့သည်များလဲ


ရှိသည်။ ပြီးခဲ့သည့်နှစ် ဆုပေးပွဲတွင် ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသား သရုပ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊
အမျိုးသမီး သရုပ်ဆောင်ဆု၊ အမျိုးသမီး ဇာတ်ပို့ဆုနှင့် ဓာတ်ပုံဆု စသဖြင့် ၇ ဆု သာ ပေးခဲ့သည်။

ယခုနောက်ပိုင်းတွင် ထူးချွန်ဆုရွေးချယ်ရမည့် ကားများမှာ နည်းပါးသွားကြောင်း၊ ဇာတ်ကားများ၏ အရည်အသွေးပါ


ကျဆင်းသွားကြောင်း ဝါရင့်ဒါရိုက်တာ အကယ်ဒမီပန်းချီစိုးမိုးက ပြောသည်။
“”

“Best of the Year အနေနဲ့ပြောရင် ဘယ်လောက် မကောင်း၊ ကောင်းကောင်း မကောင်းတဲ့ထဲက အကောင်းဆုံး ရွေးပေးရမှာပဲ။ ဒါ Permanent Academic award မဟုတ်ဘူးလေ။
Permanent ဆိုတာက တကယ်ကောင်းခဲ့တဲ့ ကားမျိုးက Permanent ပေါ့။ အရင်က ဆရာဦးသုခတို့ ရတဲ့ကားမျိုးတွေ၊ ရွှေဒုံးဘီအောင် ရတဲ့ ကားမျိုးတွေ။ ဥပမာ ကိုယ်တို့ရတဲ့ “ငါ
သူတပါး ယောကျာ်း” တို့ပေါ့။ အဲဒီလိုကားမျိုးတွေကျ တကယ့်ကို ပြိုင်လို့မရတော့ဘူးလေ။ ဒီဘက်ကျတော့ ကားတွေက Quality လည်း လျော့ကုန်တယ်လေ။ ပြီးတော့ သူက
ကားထုတ်ကလည်း နည်းတယ်။ ကိုယ်တို့တုန်းက ကား ၁ဝဝ လောက် ပြိုင်ရတာကိုး” ဟု သူက မဇ္ဈိမကို ပြောသည်။

ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရာတွင် အဓိကအနေဖြင့် ယဉ်ကျေးမှုနှင့် ပြည်သူ့အကျိုးပြုသော အချက်ကို ကြည့်၍ ရွေးချယ်ကြောင်း ပန်းချီစိုးမိုးက ပြောသည်။

“ယဉ်ကျေးမှုရယ်၊ အကျိုးပြုတာရယ်ကိုတော့ အခြေခံပါတယ်။ ယဉ်ကျေးမှုဆိုတာက ဥပမာ မြန်မာ့တိုင်းရင်းသား ယဉ်ကျေးမှုရယ်၊ လူသားအကျိုးပြုတာ။ ဥပမာ မိခင်မေတ္တာလည်း
ပေးတာပဲ။ ဒရမ်မာလည်း ပေးတာပဲ။ အခုကတော့ နောက်ပိုင်းတော့ ကားထုတ်မရှိတော့ ရယ်စရာကားလည်း ပေးတာပဲ” ဟု သူက ပြောဆိုသည်။

ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့ လာရောက်သတင်းယူမည့် ဂျာနယ်တိုက်များကို လျှောက်လွှာတင်သွင်းရန် အကြောင်းကြားခဲ့ပြီးဖြစ်သည်ဟု သိရသည်။

နေပြည်တော်ရှိ လဟာပြင်ဇာတ်ရုံ၌ ကျင်းပမည့် အကယ်ဒမီ ဆုပေးပွဲကို သတင်းယူမည့် သူများအနေဖြင့် ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်ရေးရုံး၌ စာရင်းပေးသွင်းရမည်ဖြစ်ပြီး
သတင်းတိုက်တတိုက်ကို ၂ ဦး တက်ရောက်ခွင့် ရှိသည်။

“ဒီလူ တက်မယ်စာရင်းပေးရင် ဒီလူပဲ။ လူစားမထိုးရဘူး။ အမည်တို့၊ မိဘအမည်တို့၊ အသက်တို့၊ နိုင်ငံသား မှတ်ပုံတင်နံပါတ်တို့၊ ကိုယ် ကိုယ်စားပြုတဲ့ ဂျာနယ်တိုက်နာမည်တို့ ပေးရတယ်။
ကင်မရာပါမယ်ဆို ကင်မရာ အမျိုးအစား၊ နံပါတ် အကုန်အကုန် ပေးရတယ်။” ဟု အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

“ဒီကိုတင်တဲ့ လျှောက်လွှာတွေကို နေပြည်တော် စစ်ဒေသရုံးကို တင်ရမယ်။ အဲဒီကနေ ဝင်ရောက်မယ့် သူတွေကို ကဒ်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဝန်ကြီးရုံးက ဒါကို လုပ်ပိုင်ခွင့်
မရှိဘူး။ စစ်ဒေသရုံးက ကိုင်တာ” ဟု မြန်မာ့ရုပ်ရှင် မော်ကွန်းရုံး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ထူးချွန်ဆု ချီးမြှင့်သည့် သမိုင်းတွင် မင်းသား ရန်အောင်က ၆ ဆုနှင့် မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်က ၅ ဆု ဖြင့် အများဆုံး ရရှိထားကြသည်။
ချင်း ၄ မြို့နယ် NLD ကူမည်
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၆ မိနစ်

ချင်းမိုင(် မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြွက်ဒဏ်ခံခဲ့ရသော ချင်း ၄ မြို့နယ် ကျေးရွာများသို့ ဆန်နှင့် ရေပိုက်များ လှူရန် ပြင်ဆင်နေသည်။

ချင်းပြည်နယ် အဖွဲ့ချုပ် ဥက္က္ကဋ္ဌ ပူးဗာလီယန်နှင့် ယခုလ ၁ဝ ရက်က့ တွေ့ဆုံဆွေးနွေးပြီး ပလက်ဝနှင့် ကန်ပက်လက် မြို့နယ်များတွင် ဆန်လှူရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

သို့သော် ချင်းပြည်နယ် မင်းတပ်နှင့် ထန်တလန်မြို့နယ်များတွင်လည်း စားနပ်ရိက္ခာ အခက်အခဲရှိနေသည်ဟု ထပ်မံ တင်ပြလာသဖြင့် မည်ရွေ့မည်မျှ ကူညီမည်ကို ညှိနှိုင်းဆဲ ဖြစ်ကြောင်း
NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
“ရေပိုက်လှူမယ်ဆိုတာက ဖလမ်းမြို့နယ်မှာ သောက်သုံးရေ အခက်အခဲ ရှိနေတယ်လို့ ပြောတယ်။ ဖလမ်းနဲ့ ၅ မိုင်လောက်ဝေးတဲ့ တောင်ပေါ်က စမ်းချောင်းတခုရှိတယ်။ အဲဒီက ရေကို
မြို့ထိ ပိုက်နဲ့ သွယ်ရမယ်။ တအိမ်စီ သွယ်တန်းဖို့ ရေပိုက် လှူပေးပါလို့ မေတ္တ္တာရပ်ခံတယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။

၂ လက်မ ရေပိုက်ဝယ်ရန် သိန်း ၆ဝ လိုသည်ဟု ချင်းပြည်နယ် ဥက္ကဋ္ဌ ပူးဗာလီယန်က တင်ပြထားသည်ဟု သူက ဆိုသည်။

ချင်းပြည်နယ် မင်းတပ်၊ ကန်ပလက်၊ မတူပီ မြို့နယ်များတွင် ယခင်လကုန်ပိုင်းမှ စပြီး ကောက်ပဲသီးနှံများ၏ အပင်ရင်းမှ ကိုက်ဖြတ်စားသောက်သည့် ကြွက်ဘေးအန္တရာယ်နှင့်
ကြုံတွေ့နေရသည်ဟုလည်း ချင်းအမျိုးသားပါတီမှ ဥက္ကဋ္ဌ ပူးဇူဇမ်းက ပြောသည်။

“ကျနော် အရမ်းကျေနပ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဆန်လှူမယ်ဆိုတာ ကြားရလို့ သတင်းကောင်းပါ၊ ကျနော်တို့ကို နောက်လဲ အများကြီးလှူပါအုံးလို့၊ အဖွဲ့အစည်းတဖွဲ့မကပါဘူး။
ရေအခက်အခဲတွေလဲ နေရာတိုင်းမှာ ရှိတယ်။ ရေပိုက်လှူဖို့ကိစ္စကိုလဲ ကျနော်ထောက်ခံတယ်။ ရေမရှားတဲ့နေရာကို မရှိတော့ဘူး ”ဟု သူက မဇ္စျိမကို ပြောသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လတွင်းကလည်း ကျေးရွာ ၁၂ဝ ခန့်တွင် ဒေသခံ ၄ ထောင်ကျော် စိုက်ပျိုးထားသည့် ဆန်၊ ပြောင်းဖူး၊ နှမ်းနှင့် ပဲမျိုးစုံကို ကြွက်များ ဖျက်ဆီးခဲ့ပြီးနောက် အစာရေစာ
ရှားပါးမှုနှင့် ကြုံတွေ့ခဲ့ရသည်။

ယခင်လက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ စုပေါင်းပြီး ဂီရိ
မုန်တိုင်းသင့်ဒေသများသို့ ငွေကျပ် သိန်း ၂ဝဝ တန် အမိုးအကာနှင့် စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့သည်။

NLD က ဈေးရောင်းပွဲများ၊ တသီးပုဂ္ဂလ အလှူရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် နိုင်ငံခြား အဖွဲ့အစည်းများမှ အလှူရှင်များ၏ အလှူငွေဖြင့် နိုင်ငံရေး အကျဉ်းသားများ၊ နာဂစ်မုန်တိုင်း၊
ဂီရိမုန်တိုင်းဒဏ်ခံ ဒေသများနှင့် HIV/AIDS နှင့် နေထိုင်သူများကိုလည်း ကူညီထောက်ပံ့နေသည်။

“လူနာတွေလဲတိုးလာတော့ လက်ရှိအခြေအနေမှာ ရပ်တည်ဖို့ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်။ ရှေ့ဆက်ပြီးတော့လဲ တိုးချဲ့ဖို့တွေ ရှိတယ်။ ဒါပေမဲ့ အခက်အခဲက
ငွေကြေးဘဲလေ”ဟု မဖြူဖြူသင်း က မဇ္စျိမကို ပြောသည်။

မဖြူဖြူသင်းအဆိုအရ ရန်ကုန် တောင်ဒဂုံရှိ သုခရိပ်မြုံဂေဟာတွင် ဆေးကုသစောင့်ရှောက်ခံနေသူ ၁၃ဝ ခန့်ရှိသည်ဟု ပြောသည်။


ကားခလျှော့ချရေး ကျောင်းသားများ ဆန္ဒပြ
အောင်မြတ်စိုး | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၁ မိနစ်

ဘန်ကောက် (မဇ္ဈိမ) ။ ။ ကျောင်းကားခကို နှစ်ဆတိုးမြှင့်လိုက်သဖြင့် တက္ကသိုလ်ကျောင်းသား ၈၀၀ ခန့် ယနေ့မနက်တွင် လမ်းလျှောက်ဆန္ဒပြမှု ကလေးမြို့တွင် ဖြစ်ပွားခဲ့ပြီးနောက်
အာဏာပိုင်များက လိုက်လျောမှု ပြုလိုက်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပြူတာတက္ကသိုလ်များနှင့် ကလေးမြို့တွင်းသို့ ပြေးဆွဲနေသော ကျောင်းကားများတွင် ကားခကို ပုံမှန်
၁ဝဝ ကျပ် ကောက်ခံနေခဲ့ရာမှ ယခုလ ၁ ရက်နေ့မှစ၍ ကျပ် ၂ဝဝ အထိ တိုးမြှင့်ခဲ့ခြင်းကြောင့် ပြန်လည်လျှော့ချရန် ဆန္ဒပြကြခြင်းဖြစ်ကြောင်း မဇ္ဈိမသို့ ဆက်သွယ်လာသော
ဆန္ဒပြကျောင်းသားများက ပြောသည်။

သီးခြား ဒေသခံများကလည်း ဆန္ဒပြမှု ဖြစ်ပွားခြင်းကို တယ်လီဖုန်းမှတဆင့် အတည်ပြု


ပြောကြားသည်။

မနက် ၇ နာရီခွဲခန့်တွင် လူစည်ကားရာ လမ်းဆုံလမ်းခွဖြစ်သည့် တာဟန်းရပ်ကွက်


ဗိုလ်ချုပ်လမ်းမပေါ်ရှိ ဘူတာကွေ့၌ ကျောင်းသားများ စတင်စုရုံးပြီး တက္ကသိုလ်ကြိုပို့
ကျောင်းကားအားလုံးကို ရပ်တန့်တားဆီးကာ ဗိုလ်ချုပ်လမ်းမအတိုင်း ပင်လုံရပ်ကွက်ကိုဖြတ်၍
အောင်သစ္စာရပ်ကွက်ရှိ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) သို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

ဒကစ ရှေ့တွင် အဝါရောင်နှင့် အနီရောင် သတိပေးတားမြစ်သည့် မျဉ်းများ တားထားသဖြင့်


ကျောင်းသားများသည် အဝါရောင်မျဉ်း၌ ရပ်တန့်နေခဲ့ပြီး ကားခကို ယခင်နှုန်းထားအတိုင်း
ပြန်လည်သတ်မှတ်ရန်၊ ကားအစီးရေ တိုးမြှင့်ပြီး အချိန်မှန် ပြေးဆွဲပေးရန်နှင့် ကျောင်းကားတွင်
ကုန်စည်များတင်ဆောင်ခြင်း တားမြစ်ပေးရန် တောင်းဆိုခဲ့ကြသည်။
တပ်နယ်မှူး
ဒုဗိုလ်မှူးကြီး
အောင်ရင်ဦး
ဦးဆောင်သော ၃
အဖွဲ့က လက်ခံဆွေးနွေးပြီး နှစ်ဖက်သဘောတူခဲ့ကာ သက်ဆိုင်ရာ ကျောင်းများသို့ သွားရောက်၍
လူစုခွဲလိုက်ကြသည်။

ဆန္ဒပြရာတွင် ပါဝင်သော ကျောင်းသားများကို အရေးယူမှု မပြုရန် အာဏာပိုင်များနှင့်


တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့များက အများရှေ့မှောက်တွင် ကတိပြုကြသည်ဟု ကျောင်းသားတဦးက
မဇ္ဈိမကို ပြောသည်။

ကားခလျှော့ပေါ့ပေးရန် တောင်းဆိုမှုကို ကလေးတက္ကသိုလ် ကျောင်းသားများက ယခုလ ၁၀


ရက်နေ့ကတည်းက လက်မှတ်ကောက်ခံခဲ့ရာ ကျောင်းသား ၅ဝဝ ကျော် လက်မှတ်
ရေးထိုးခဲ့သေးသည်။

ကလေးမြို့နယ် သာယာဝတီရွာရှိ နည်းပညာတက္ကသိုလ်တွင် ကျောင်းသား ၁၀၀၀ ကျော်၊


၃၃၃၃ ကျီကုန်းရွာရှိ ကွန်ပြူတာ တက္ကသိုလ်တွင် ကျောင်းသား ၂၀၀ ကျော်၊ ချင်းပြည်နယ် ခိုင်ကမ်းရွာအနီးရှိ
ကလေးတက္ကသိုလ်တွင် ကျောင်းသား ၄၀၀၀ ကျော် တက်ရောက်လျက်ရှိသည်။

ရွှေနဂါးမင်းက မုံရွာဒေသခံ ၄ ဦးကို ကျူးကျော်မှုဖြင့် တရားစွဲ


ဖနိဒါ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၃ မိနစ်

ချင်းမိုင(် မဇ္ဈိမ) ။ ။ ရွှေနဂါးမင်း ကုမ္ပဏီ ဆောက်လုပ်ခွင့် ရထားသော မြေယာအတွင်း တရားမဝင် ဝင်ရောက်ကျူးကျော်သည်ဆိုကာ မုံရွာမြို့ မုံရွာတောင်ရပ်ကွက်မှ ဒေသခံ ၄ ဦးကို
ကုမ္ပဏီက တရားစွဲထားသည်ဟု တရားပြိုင်များက ပြောသည်။

မုံရွာတောင် အဆင့်မြင့် အိမ်ရာ စီမံကိန်းရထားသော ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ကြံ့ဖွံ့အမတ် ဦးဝင်းမြင့်ပိုင် ဆောက်လုပ်ရေးကုမ္ပဏီ၏ မန်နေဂျာ
ဦးဗိုလ်ဗိုလ်ငယ်က သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၈ ဖြင့် ယခုလ ၆ ရက်နေ့က မြို့နယ်တရားရုံးတွင် တရားစွဲသည်။
ကုမ္ပဏီက ဦးလှိုင်မြင့်၊ ဒေါ်စန်း၊ ဦးစိုးနိုင်နှင့် ဦးအောင်မိုးထွန်းတို့ ၄ ဦးအား သူတပါးတရားဝင် ပိုင်ဆိုင်သည့် နေရာကို ဝင်ရောက်ကျူးကျော်သည် စွပ်စွဲထားသည်ဟု တရားပြိုင် ဦးစိုးနိုင်က
ပြောသည်။

ကုမ္ပဏီက သင့်တော်သော လျော်ကြေးမပေးသည့်အတွက် မဖယ်ပေးခြင်းဟု


တရားပြိုင်များဘက်က ဆိုသည်။

“ကျနော်တို့ကို မယက ရုံးမှာ အခါတိုင်း ခေါ်ပြီးတော့ ခြိမ်းခြောက်တယ်လေ။ ၉ လပိုင်းကစပြီး ၅


ခေါက် ၆ ခေါက်လောက်သွားရတယ်။ အခုနောက်ပိုင်း ခေါ်တာ မပြေလည်လို့ ဆိုပြီး
တရားစွဲထားတယ်။ ကျနော်တို့ မရှိတဲ့လူတွေက ထိုက်ထိုက်တန်တန် မရဘူးဖြစ်နေတာ၊ အခုက
ဖယ်မပေးလို့ တရားစွဲတာလေ”ဟု ဦးစိုးနိုင်က ပြောသည်။

“ဘိုးဘွားတွေ နေလာခဲ့တဲ့ နေရာတွေလေ။ အခုအစိုးရလက်ထက်မှာ


ပလက်ဖောင်းတွေလုပ်ခိုင်းတော့ လုပ်ခဲ့ရတယ်။ ကားလမ်းဘေး မျက်နှာစာအိမ်ရှေ့တွေမှာ
ခတ်လာခဲ့ကြတာ။ မြို့ပြအဆင့်မီဆိုပြီးတော့။ တခြားအိမ်တွေက ချောင်ထဲမှာဆိုတော့
ကျေကျေနပ်နပ်နဲ့ ပေးလိုက်ကြတယ်လေ။ ကျနော်တို့က လမ်းဘေးမှာလေ၊ ဒါကြောင့်
မပေးနိုင်တာ”ဟု သူက မဇ္စျိမကို ပြောသည်။

အိမ်ပြောင်းရွှေ့မှုကို ရွှေနဂါးမင်း ကုမ္ပဏီက မနှစ် ၉ လပိုင်းက စတင်ခဲ့ပြီး နောက်ဆုံးထား ပြောင်းရွှေ့ရန် ရက်သတ်မှတ်မထားပေ။

စစ်ကိုင်းတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မြို့နေရာချထားရေးကော်မတီမှ ဘောလုံးပရိသတ်များ တည်းခိုရန် အပါအဝင် အဆင့်မြင့်ဟိုတယ်များ


ဆောက်လုပ်ခွင့် မြေ ၁၃.၄၄ ဧကကို ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက် စာအမှတ်များဖြင့် မြေကွက်ချထားစေခဲ့သည်ဟု တရားစွဲထားသည့် အမှုတွဲတွင် ပါရှိသည်။

မုံရွာမြို့ တောင်ဘက်အစွန်းပိုင်း မုံရွာတောင်ရပ်ကွက် အပါအဝင် နယ်မြေများကို စစ်အစိုးရက ဘောလုံးကွင်း ဆောက်မည်ဆိုကာ အသိမ်းပြခဲ့ပြီးနောက်ပိုင်း ရွှေနဂါးမင်း ကုမ္ပဏီကို
လုပ်ခွင့်ပေးထားသည်ဟု မုံရွာမှ ရှေ့နေကြီး ဦးစောထွန်းက ပြောသည်။စစ်ကိုင်းတိုင်း ကိုယ်စားပြု ဇေယျာရွှေမြေအသင်းက မုံရွာ ဘောလုံးကွင်းကို မနှစ် အောက်တိုဘာလက
ဖွင့်လှစ်ခဲ့သည်။

လယ်ယာမြေတခုကို အိမ်ဆောက်ရန်ဖြစ်စေ၊ အခြားနည်းအသုံးပြုရန်ဖြစ်စေ ၁၉၅၃ ခုနှစ် နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ ပုဒ်မ ၃(ခ) ကင်းလွတ်ခွင့်အရ လယ်ယာမြေကို အခြားအမည်အဖြစ်
အသုံးပြုခွင့် မရှိသဖြင့် မြေသိမ်းဥပဒေ မထွက်သေးသဖြင့် ကုမ္ပဏီက တရားစွဲခြင်းသည် တရား မဝင်ကြောင်း ရှေ့နေကြီး ဦးစောထွန်းက ပြောသည်။

“ဥပဒေအရ စွဲခွင့်ကို မရှိတာ၊ ကုမ္ပဏီက စွဲခွင့်ကို မရှိဘူး။ နိုင်ငံတော်ကဘဲ တရားလိုလုပ်ရမှာ၊ သူ့ကို ရောင်းတယ်၊ လွှဲတယ်ဆိုရင်လဲ တရားဝင်ထွက်တာ ဘာမှ မရှိဘူးလေ။ မြေတခု
လွှဲမယ်ဆိုရင် မြေသိမ်းဥပဒေနဲ့ သိမ်းပြီးတော့မှ တရားစွဲလို့ရမယ်လေ။ အခု မြေသိမ်းဥပဒေ မထွက်သေးဘဲနဲ့ ဒီလိုလုပ်လိုက်တာလေ။ တကယ်တရားစွဲမယ်ဆိုရင် အစိုးရဘဲစွဲရမှာ၊
ကုမ္ပဏီက စွဲခွင့်မရှိဘူး” ဟု ဦးစောထွန်းက မဇ္စျိမကို ပြောသည်။

စစ်အစိုးရက ကုမ္ပဏီကို တရားဝင် လွှဲစာပေးလျှင်လည်း အစိုးရက တရားဝင် မြေသိမ်း ဥပဒေထုတ်မထား၍ ကုမ္ပဏီက အခြားအမည်ပေါက်လုပ် ခွင့်မရှိကြောင်း ဥပဒေအတိုင်ပင်ခံ
ဦးအောင်သိန်းက ဆိုသည်။

အဆိုပါ မြေနေရာတွင် ၅၂ နှစ်ကျော်ကြာနေထိုင်ခဲ့သော ပေ ၆ဝ၊ ၈ဝ ပတ်လည် ပိုင်ဆိုင်သူ ဦးစိုးနိုင်က လက်ရှိ နေအိမ်နှင့် ခြံမြေပေါက်ဈေး အနည်းဆုံး သိန်း ၃ဝဝ တန်သည်ဟု သူက
မဇ္စျိမကို ပြောသည်။

ရပ်ကွက်တွင် အိမ်ခြေ ၅၅ အိမ်ရှိရာ ပေ ၃ဝ၊ ၄ဝ ရှိသူများ အပါအဝင် ၁၆ ဦးကို တဦးလျှင် သိန်း ၆ဝ နစ်နာကြေး ပေးဝယ်ခဲ့သော်လည်း ချမ်းသာသူအချို့ကိုမူ ကျပ်သိန်း ၂ဝဝ မှ ၃ဝဝ
အထိ ပေးလျော်ခဲ့သည်ဟု သူက ပြောသည်။ ကျန် ၃ဝ ကျော်ကို တရားမစွဲသေးဘဲ ၄ ဦးသာ စတရားစွဲခံရသည်။

အိမ်ခြံမြေ ပေ ၁၅ဝ၊ ပေ ၄ဝ ဝန်းကျင် ပိုင်ဆိုင်သူ ဒေါ်စန်းကလည်း ကုမ္ပဏီပေးသည့် သိန်း ၁၂ဝ ဖြင့် တခြားနေရာသစ် ဝယ်ရန် မလောက်သည့်အတွက် ကုမ္ပဏီကို ရောင်းရန်
ငြင်းဆန်နေခြင်းဟု မဇ္စျိမကို ပြောသည်။ ယာမြေ ၂ ဧက ဖျက်ဆီးခံခဲ့ရမှုအတွက်လည်း လျော်ကြေး မရကြောင်း သူက ဆိုသည်။

“ကျမတို့ကို စစချင်း သိန်း အစိတ်ကနေ စပေးတာ ၁၂ဝ ပေးထားတယ်။ ကျမတို့က နိုင်ငံတော်က ခတ်ခိုင်းလို့ အုတ်တံတိုင်းခတ်ခိုင်းထားတာတွေရှိတယ်လေ။ အဲဒါဖျက်တာနဲ့
အိမ်ဖျက်တာနဲ့ အဲဒီငွေကုန်သွားမှာ ၊ နေစရာလဲ ဝင်းဝယ်ဖို့နဲ့ အိမ်ပြန်ဆောက်ဖို့ ဆိုတာ မရလို့ လက်မခံနိုင်တာပါ”ဟု သူက ပြောသည်။

လက်ရှိ မုံရွာမြို့တွင်း အိမ်ယာစီမံကိန်း ပေ ၆ဝ၊ ၈ဝ ပတ်လည် တလုံးလျှင် သိန်း ၅ဝဝ မှ ၆ဝဝ ထိ ပေါက်ဈေးရှိသည် ဆိုသည်။

ဒေသခံများက ရှေ့နေငှားရန် စီစဉ်နေပြီး လာမည့် ၂ဝ ရက်နေ့တွင် စွဲဆိုချက်များကို ချေပရန် မုံရွာမြို့နယ် တရားရုံးက သမ္မန်စာဖြင့် ဆင့်ခေါ်ထားသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ရွှေနဂါးကုမ္ပဏီကို ဆက်သွယ်၍ မရခဲ့ပေ။


၈၈ နောက်ပိုင်း မွန်တွင် ရာဘာဧက ငါးဆကျော်တိုး
ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မွန်ပြည်နယ်တခုလုံး ၂၂ နှစ်အတွင်း ရာဘာစိုက်ဧက ၅ ဆကျော် တိုးချဲ့စိုက်ပျိုးခဲ့ရာ ယခုအခါ ဧကပေါင်း ၄ သိန်း ၂ သောင်းကျော်ထိရှိလာခဲ့ပြီဟု ယနေ့ထုတ်
မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်တွင် တနိုင်ငံလုံး ရာဘာ စိုက်ဧက၏ ၃၇ ဒသမ ဝ၆ ရာခိုင်နှုန်းရှိပြီး ၁၉၈၈ မတိုင်မီ စိုက်ဧက ၇၆,၆ဝ၇ ဧကမှ ၂ဝဝ၉-၂ဝ၁ဝ တွင် ၄၂၃,၆၉၂ ဧကထိ ရောက်လာခဲ့သည်ဟု
နိုင်ငံပိုင်သတင်းစာ အယ်ဒီတာ့ အာဘော်တွင် ပါရှိသည်။

ထို့ပြင် တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တွင်လည်း တိုးချဲ့စိုက်ပျိုးလျက်ရှိသည် ဆိုသည်။ ရာဘာကို တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီ နှင့် ရန်ကုန်တိုင်း အပါအဝင် မွန်၊ ကရင်၊ ရှမ်း၊ ချင်းနှင့်
ရခိုင်ပြည်နယ်တို့တွင် စိုက်ပျိုးသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ယခင်လထုတ် ကောမတ်စ်ဂျာနယ်အဆိုအရ မနှစ် နိုဝင်ဘာလကုန်က မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်းမှတဆင့် တရုတ်သို့ ၁၈၄၈ တန်
တင်ပို့ခဲ့ပြီး ဒီဇင်ဘာလဆန်းပိုင်းကမူ ၅၆၂ တန်ကျော်သာ တင်ပို့နိုင်ခဲ့ရာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၆၃ သန်းဖိုးရှိကြောင်း ဖော်ပြသည်။ ယခုနှစ် ဒီဇင်ဘာလကုန်ပိုင်း တရုတ်နယ်စပ်
ရာဘာပေါက်ဈေးမှာ တတန်လျှင် အမေရိကန် ဒေါ်လာ ၄,ဝဝဝ ကျော်ထိ မြင့်တက်နေပြီး မြန်မာဘက်ခြမ်း ပေါက်ဈေးမှာ Rss (3) တတန်လျှင် ကျပ် ၃၉ဝ,ဝဝဝ ဝန်းကျင်နှင့် Rss (5)
တတန်လျှင် ကျပ် ၃၇ဝ,ဝဝဝ ဝန်းကျင်အထိ ရှိခဲ့သည်။

ရေကြောင်းမှလည်း မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်သို့ တင်ပို့သည်။ ယခင်နှစ် ဧပြီ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဇွန်း မြန်မာပြည်ခရီးစဉ်အတွင်း ဗီယက်နမ်က မြန်မာနိုင်ငံတွင်
ရာဘာစိုက်ပျိုးရန် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြန်မာနိုင်ငံရှိ ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများအသင်း ဥက္ကဋ္ဌ မစ္စတာTran Bac Ha တို့
လက်မှတ်ရေးထိုးခဲ့ကြသည်။

မွန်ပြည်နယ်တွင်း အစိုးရစိုက်ခြံများနှင့် ပုဂ္ဂလိကပိုင် ဧက ၄ဝ-၅ဝ တနိုင်စိုက်သူများရှိသကဲ့သို့ ဧက ၃,ဝဝဝ ခန့် စိုက်သည့် မက်မြန်မာကုမ္ပဏီလည်း ရှိသည်။

မွန်ပြည်နယ်အနှံ့ ရာဘာစိုက်ကြပြီး မုဒုံ၊ သံဖြူဇရပ်၊ ရေး သုံးမြို့နယ်တွင် အများဆုံး ဖြစ်သည်ဟု သံဖြူဇရပ်မြို့နယ်မှ ရာဘာလုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။
မွန်ပြည်နယ်အတွင်း ရာဘာစိုက်ပျိုးခြင်းကို တိုးချဲ့နေသော်လည်း မွန်ဒေသခံများမှာမူ ဝင်ငွေပိုရသည့် ထိုင်းနိုင်ငံရှိ ရာဘာခြံများတွင်သာ သွားလုပ်လေ့ရှိကြသည်ဟု ထိုင်းရောက် ရာဘာခြံ
လုပ်သားများနှင့် ရာဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။

မွန်ပြည်နယ် ရာဘာခြံများတွင် ရာဘာအစေးခြစ်သူကို လစာငွေ ကျပ် ၅ သောင်းဝန်းကျင်သာ ပေးလေ့ ရှိသည်။

ထိုင်းနိုင်ငံတွင်မူ ခြံပိုင်ရှင်နှင့် အလုပ်သမား ညီတူခွဲဝေသောစနစ်ကြောင့် ငွေပိုရကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၌ ရာဘာလုပ်ငန်းလုပ်နေသူ ဦးမြင့်လွင်က မဇ္ဈိမကို ပြောသည်။

“ဒီမှာကျတော့ ပုတ်ပြတ်သဘောပေါ့။ ဒီသူဌေးဆီမှာ အပင် ၁၅ဝဝ ရှိတယ်ဆိုပါတော့။ ကျနော်တို့ လင်မယား ၂ ယောက် ဘယ်လောက်ယူမလဲ။ အစေးခြစ်တာပေါ့နော်။
ဘတ်တထောင်ရရင် သူဌေး ၅ဝဝ ကိုယ် ၅ဝဝ ပေါ့” ဟု သူက ပြောသည်။

ဦးမြင့်လွင်တို့လင်မယား ရာဘာအစေးခြစ်ခြင်းဖြင့် ထိုင်းနိုင်ငံတွင် ရက် ၁ဝဝ တွင် ဘတ် ၅ သောင်း (ကျပ် ၁၅ သိန်းကျော်) ရသည်ဟု ပြောသည်။

မွန်ဒေသခံများ ထိုင်းရာဘာခြံများသို့ ပြောင်းရွှေ့လုပ်ကိုင်ကြသဖြင့် လုပ်အားလိုနေသည့် မွန်ပြည်နယ် ရာဘာစိုက်ခင်းများတွင် ယခုအခါ အထက်မြန်မာနိုင်ငံအပါအဝင် အခြားနယ်စုံမှ


လူများ လာလုပ်နေကြကြောင်း သံဖြူဇရပ်မြို့ခံ ရာဘာလုပ်ငန်းရှင်က ပြောသည်။

ရာဘာ ခြံပိုင်ရှင်က နယ်မှလာသည့် အလုပ်သမားများကို တာဝန်ယူပေးရပြီး ဧည့်စာရင်း တိုင်ပြီး ခြံထဲတွင်ပင် နေထိုင်ခွင့်ပြုကြကြောင်း သိရသည်။
ရွှေဝါရောင်အလွန်မှာ အပိုင်း - ၈
မေရနံ့ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၂ မိနစ်

အောက်တိုဘာလ ၁၅ ရက်၊ ၁၆ ရက် ဝန်းကျင်မှာတော့ ထနောင်းကန်ရွာမှာရှိတဲ့ ကျမတို့အဖေနဲ့ ဆွေမျိုးတော်စပ် သူတွေကို စစ်ဆေးမေးမြန်းတာတွေ၊ စီးနင်းရှာဖွေတာတွေ
လုပ်ခဲ့တယ်လို့ ကြားရပါတယ်။ ဦးဇင်းနဲ့ အဖေတို့က ဒီရွာဝန်းကျင်မှာပဲ ခိုအောင်းနေလိမ့်မယ်လို့ သူတို့ ယူဆထားကြပုံပါပဲ။ ဒါကြောင့် ရွာနီးဝန်းကျင်တဝိုက်မှာ ဦးဇင်းရဲ့
သတင်းပေးနိုင်သူကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဆုငွေချီးမြှင့်မယ်ဆိုပြီး ကြော်ငြာစာတွေ ကပ်တယ်။ သတင်းတွေလည်း ပြန့်နေတယ်လို့ ရွာဆော်ကြီးတဦးရဲ့ သတင်းစကားအရ
ကျမတို့ သိရပါတယ်။

‘‘ဆုငွေချီးမြှင့်မယ်သာ ပြောတာပါဟာ..။ လိုချင်တဲ့ တို့ရွာသားက ခပ်ရှားရှားရယ်။ ဒါပေမဲ့ လိုချင်သူတွေလည်း ရှိတာပေါ့။ သစ္စာဖောက်ဆိုတာ ခေတ်တိုင်းမှာ ရှိတတ်တာ
သဘာဝမဟုတ်လား’’ လို့ ရွာဆော်ကြီးက ထပ်ပြောပါသေးတယ်။

ရွာဆော်ကြီးရဲ့ ပြောပြချက်အရ ရွာသူရွာသား အတော်များများက အာဏာပိုင်တွေနဲ့ အဆင်ပြေအောင်သာ ပြောဆိုဆက်ဆံပြီး ဦးဇင်းနဲ့ အဖေတို့ကို ကာကွယ်ပေးတဲ့ သဘောရှိပေမယ့်
တချို့ကျတော့လည်း မျက်နှာလိုမျက်နှာရ ပြောပြချင်ကြတာ ရှိပါတယ်။ ဦးဇင်းရဲ့ပုံစံ အသေးစိတ်ကို အတိအကျ ပြောပြပြီး ပူးပေါင်းဆောင်ရွက်ပေးတဲ့ လူတောင် ရှိခဲ့တယ်လို့ ကျမတို့
သိရပါတယ်။ တကယ်ဆို အဲဒီလူကို အဖေ့ဘက်ကနေ ဆွေမျိုးစပ်ကြည့်ရင် ကျမတို့နဲ့ မောင်နှမသားချင်းတောင် တော်စပ်နေပါသေးတယ်။ ဒါပေမဲ့ တဘို့တည်းသာ ကြည့်တတ်သူ
ဖြစ်နေတာမို့ ဆွေမျိုးတွေရဲ့ ဖယ်ကြဉ်တာကို ခံထားရသူပါ။

ဒီသတင်းကိုကြားတော့ ကျမတို့မောင်နှမတွေက အရမ်း ဒေါသဖြစ်ကြရတယ်။ ကိုယ်နဲ့ ဆွေမျိုးမကင်းသူကို ကာကွယ်မပေးချင်ရင်တောင်မှ မသိချင်ယောင်တော့ ဆောင်ပေးနေဖို့


သင့်တယ်။ အခုတော့ ဦးဇင်းရဲ့ အချက်အလက် အတိအကျကို မျက်နှာလိုမျက်နှာရ သွားပြောနေတယ်၊ လူ့ငနွားဟဲ့၊ ဘာဟဲ့ ဆိုပြီး ကျမတို့မောင်နှမတွေက ခပ်ကြမ်းကြမ်းလေး
တုံ့ပြန်ပေးလိုက်တယ်။

ဒါပေမဲ့ အမေကတော့ ဖျောင်းဖျတယ်။ ‘‘သူ့အကျိုးစီးပွားပဲ သူကြည့်မှာပေါ့အေ။ လူတိုင်းကို ကိုယ့်လိုတူအောင်မှ လိုက်ညှိလို့ မရနိုင်ဘဲ၊ မတူတာတွေ စုနေလို့လည်း
လောကဖြစ်နေတာပေါ့’’ လို့ အမေက ပြောပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ တူတာတွေ စုနေရင်တော့ လောကမဟုတ်တော့ဘူးလေ၊ လောကုတ္တရာပဲ ဖြစ်နေမှာပေါ့။ လောကမှာ
မတူတာတွေ စုနေကြတာကိုက သဘာဝလို ဖြစ်နေပေမယ့် အဲလိုမတူညီတာတွေနဲ့ စုပေါင်းထားတဲ့ အင်အားထုကြီးအနေနဲ့ ဓမ္မဘက်ကို ဦးတည်နိုင်ရင်တော့ လောကကြီး
ငြိမ်းချမ်းသာယာလာမှာပါပဲ။

တကယ်တမ်း သီလတူ၊ သမာဓိတူ ပညာတူဆိုတာတွေက အရိယာတွေမှာသာ ရှိကြတာ၊ လောကလူသားတိုင်းမှာ ရှိနိုင်ကြတာမှ မဟုတ်ဘဲ။ ဒါကြောင့် အရိယာတို့ရဲ့ လမ်းစဉ်ကို
တိတိကျကျ လိုက်နာကျင့်သုံးတော်မူနေကြတဲ့ ထေရဝါဒ သံဃာ့အဖွဲ့အစည်းဟာ နှစ်ပေါင်း ၂၅ဝဝ ကျော်လာတာတောင်မှ မပျက်စီးနိုင်ဘဲ ခိုင်မြဲနေတာလို့ ဆရာတော်ကြီးတွေက
ပြောကြတာ ဖြစ်မှာပါ။

မိတ်ကောင်းဆွေကောင်းကို သိချင်ရင် ဒုက္ခဖြစ်ကြည့်လို့ တချို့ ပြောသံကြားဖူးတယ်။ အခု တကယ်ပဲ ဘယ်သူက မိတ်ဆွေကောင်း၊ ဘယ်သူက မိတ်ဆွေဆိုးဆိုတာ ဒီအချိန်မှာ
ပေါ်တော့တာပဲ။ ကိုယ့်နဲ့ ဆွေမျိုးရင်းခြာထဲကတောင် မိတ်ဆွေဆိုးတွေ ထွက်ပေါ်လာတာ သိရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။

တကယ်တမ်းပြောရရင် ကျမတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဒုက္ခဖြစ်နေတယ်လို့တော့ မခံစားမိပါဘူး။ သုခရယ်လို့လည်း မဟုတ်ဘူးပေါ့။ အမှန်တရားကို


ချစ်မြတ်နိုးသူတွေ တနည်းပြောရရင် ဓမ္မဝါဒီတွေ အားနည်းနေချိန်မှာ ဓမ္မကို ချစ်ခင်မြတ်နိုးသူတွေ နှိပ်ကွပ်ခံရလေ့ရှိတာ သဘောသဘာဝပဲလို့ ကျမတို့ မှတ်ယူထားတယ်။
ဒီလိုနှိပ်ကွပ်မခံချင်ရင် အမှန်တရားကို ရဲရဲဝံ့ဝံ့ ချစ်မြတ်နိုးတတ်သူတွေ ပေါများလာအောင်၊ ဓမ္မဝါဒီတွေ အားကောင်းလာအောင် လုပ်ဖို့ပဲ ရှိတယ်လေ။ ဒါကြောင့် လုပ်သင့်လုပ်ထိုက်တာကို
လုပ်လိုက်လို့ ရင်ဆိုင်လာရမယ့် အခက်အခဲတွေ၊ ပြဿနာတွေကို ကြံ့ကြံ့ခံပြီး ဖြေရှင်းဖို့၊ လုပ်သင့်လုပ်ထိုက်တာတွေကို ရဲရဲဝံ့ဝံ့ ဆက်လုပ်နိုင်ဖို့ကိုပဲ အားမွေးနေမိတော့တယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ နေ့လည်ဘက်မှာပဲ ဦးဂမ္ဘီရကိစ္စနဲ့ ပတ်သက်ပြီး မေးစရာ နည်းနည်းရှိလို့ပါဆိုပြီး မန္တလေးကနေ ဆင်းလာတဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က
တာဝန်ရှိသူတွေပါလို့ (နာမည်ကို ကျမ မေ့နေလို့) မိတ်ဆက်တဲ့ လူနှစ်ဦး ရောက်လာပြန်တယ်။ ကျမတို့ကတော့ မေးလည်းမေးနိုင်တဲ့ သူတွေပဲလို့သာ ငြီးနေမိတော့တယ်။
သူတို့ကိုကြည့်ရတာ စရဖ အဖွဲ့မှာ သိပ်တော့ ရင့်ကျက်သေးပုံ မရဘူး။ ရှင်းရှင်းပြောရရင် စစ်ပါးဝပုံ သိပ်မပေါ်သေးဘူးလို့ ကျမက သုံးသပ်မိတယ်။ သူတို့လက်ထဲမှာတော့
ရေးဖို့မှတ်ဖို့အတွက် စာအုပ်လေးတွေ ကိုင်ထားတာကလွဲရင် ထွေထွေထူးထူးတော့ မတွေ့မိဘူး။ ဟိတ်ကြီးဟန်ကြီးလည်း သိပ်မရှိကြပါဘူး။ သူတို့က ဦးဇင်းရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး
ဒီစက်မှုဇုန်ထဲကို ရောက်နေတာ ကြာပါပြီလို့ စပြောပြီး ကျမတို့ကို မိတ်ဆက်တယ်။

ကျမတို့ကတော့ သြော် … ဟုတ်ကဲ့ ဆိုတဲ့ စကားနဲ့ပဲ ဧည့်ခံပြောဖြစ်ကြတယ်။

အသက်အရွယ်အားဖြင့် သိပ်ရှိကြပုံ မပေါ်ဘူး။ ၂ဝ ကျော်၊ ၃ဝ ဝန်းကျင်ပဲ ဖြစ်မယ်ထင်တယ်။ ပြေပြေပြစ်ပြစ်နဲ့ ဆက်ဆံရေး ကောင်းတော့ ကျမတို့လည်း အဆင်ပြေအောင်
ပြောဆိုဆက်ဆံကြရပါတယ်။ ပြီးတော့မှ အဖေနဲ့အမေနဲ့ အိမ်ထောင်ကျခဲ့ကြတဲ့ သက်တမ်း၊ အိမ်ထောင်ကျခဲ့တဲ့ နှစ်၊ အိမ်ထောင်ကျပြီးနောက် အလုပ်အကိုင်၊ ပေါင်းသင်းလာတဲ့
အိမ်ထောင်သက်တမ်း တလျှောက်လုံးမှာ အမေမြင်တဲ့ အဖေ့ရဲ့ စရိုက်လက္ခဏာ၊ ဦးဇင်းကို မွေးခဲ့တဲ့ သက္ကရာဇ် (အင်္ဂလိပ-် မြန်မာ)၊ ဦးဇင်းနဲ့ ဆက်စပ်ပတ်သက်ခဲ့သူတွေ၊ ဦးဇင်းရဲ့
သူငယ်ချင်းတွေ၊ ဦးဇင်းရဲ့ စရိုက်လက္ခဏာ၊ လေ့လာလိုက်စားဖူးတဲ့ ပညာရပ်တွေအပြင် ဦးဇင်းဆီက ထူးခြားချက် တခုခုဆိုပြီး အသေးစိတ် မေးပါတယ်။

အမေကပဲ ချင့်ချင့်ချိန်ချိန်နဲ့ အဆင်ပြေအောင် ဖြေပေးနေတယ်။

နောက်တော့ အဖေ့အကြောင်းကို ပြန်ရောက်သွားပြီး အဖေနဲ့ အမေ အိမ်ထောင်မကျခင်က အဖေက ဘာအလုပ် လုပ်နေခဲ့လဲ၊ ဘယ်လိုလူစားမျိုးလဲ၊ ဘယ်တွေကို သွားတတ်လဲ စတဲ့
အချက်တွေ ထပ်မေးလာပြန်တော့ အမေလည်း နည်းနည်းတော့ စိတ်တိုလာဟန်ရှိတယ်။

‘‘အေး… မင်းတို့ အဲဒါကို သိချင်ရင်တော့ ဦးမင်းလွင်နဲ့တွေ့မှ မေးတော့ကွာ’’ လို့ အမေက အငေါ်တူးလိုက်တယ်။

ဒီတော့ ကျမတို့ဘက်ကို လှည့်လာတယ်။ ဦးမင်းလွင် လမ်းလျှောက်ရင် ဘယ်လိုပုံစံရှိလဲ၊ ခါးကိုင်းလား ဒါမှမဟုတ် ခပ်ဖြောင့်ဖြောင့် ခပ်တောင်တောင့်လား၊ ဘာတွေ ဝါသနာပါလဲ စတဲ့
အသေးစိတ်တွေကို ထပ်မေးပြန်တယ်။ ကျမတို့လည်း တလွဲတွေပဲ ဖြေပေးလိုက်တယ်။ အဲလောက်ကြီး အသေးစိတ်လာတော့ စိတ်က ဘယ်ရှည်ချင်တော့မလဲနော်။ သူတို့ကတော့
ရသလောက် အချက်အလက်တွေကို တတ်နိုင်သမျှတော့ နှိုက်ယူရမယ်ဆိုပြီးများ တွက်ထားသလား မသိဘူး။ ကျမတို့က စိတ်တိုလာပြီး ကောင်းကောင်းမဖြေကြတော့ သူတို့လည်း
နှုတ်ဆက်ပြီး ပြန်သွားကြတာပါပဲ။

သူတို့ပြန်သွားတော့မှ ‘‘ဘယ်လိုလူတွေမှန်းမသိဘူး။ အူကြောင်ကြောင်နဲ့’’ လို့ပဲ ကျမတို့ မောင်နှမတတွေ ပြောမိကြတယ်။ လူစုံတက်စုံနဲ့ အဖွဲ့စုံက လာလာမေးနေကြလို့ ဖြေရပေါင်းလည်း
များနေတော့ ကျမတို့မှာ ငြီးငွေ့နေတာလည်း ပါတာပေါ့။ ပြီးတော့ သူတို့အာဏာပိုင်အဖွဲ့တွေကို မြင်ရတိုင်း ဦးဇင်းနဲ့ အဖေ့ကို ဖမ်းမယ့် သူတွေပဲလို့ အတွေးထဲ တန်းဝင်လာတော့
သူတို့တွေရဲ့ မျက်နှာကို မမြင်ချင်လောက်အောင် ဖြစ်နေတယ်။ ဒါကြောင့် သူတို့သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်က လူတွေလာရင် ကျမတို့မှာ လူရောစိတ်ပါ
ပင်ပန်းရတယ်။ သူတို့ပြန်မှသာ အနားရတော့တာကိုး။ ဒါပေမဲ့ ဘယ်အချိန်မှာ ဘယ်သူတွေ လာပြီး ဘယ်လိုမေးကြဦးမှာလဲ၊ ဦးဇင်းနဲ့ အဖေတို့ ဖမ်းခံရပြီဆိုတဲ့ သတင်းများ
ကြားရတော့မှာလားဆိုတဲ့ အတွေးတွေနဲ့ စိတ်ထဲတော့ အမြဲစိုးရိမ်သောက ရောက်နေရတာပေါ့။

ကျမတို့ထင်တဲ့အတိုင်းပဲ နောက်တနေ့ (၁၇ ရက်နေ့) ည ၈ နာရီလောက်မှာ ရဲကားတစီး ရောက်လာပြီး အမေကို လာခေါ်တယ်။ ကျမတို့မောင်နှမတွေကို ခေါ်တဲ့အထဲမှာ မပါတော့
အမေ့ကိုတော့ ဓားစာခံအဖြစ် ဖမ်းပြီထင်တယ်လို့ ကျမတို့ တွေးမိကြတယ်။ ဒါကြောင့် ‘‘အမေတယောက်တည်း စိတ်မချဘူး။ ကျမတို့ မောင်နှမတွေပါ လိုက်မယ်’’ လို့ ပြောလိုက်တယ်။
‘‘မလိုက်နဲ့ စိတ်အေးအေးသာထား’’ လို့ အမေကပဲ ဦးအောင် ကြားဖြတ်ပြီး တားလိုက်တယ်။ ဒီ့နောက် ကျမတို့တွေချည်း အိမ်မှာကျန်နေခဲ့တော့တယ်။ သူတို့ကတော့ နည်းနည်း
မေးစရာရှိသေးလို့ပါဆိုပြီး ခေါ်သွားတာပဲ။ ဘယ်ကိုခေါ်သွားမှန်း မသိတော့ ကျမတို့လည်း စိတ်ပူတာကလွဲရင် ဘာမှ မတတ်နိုင်ဖြစ်နေတယ်။ ကျမတို့အနားမှာ အမေမရှိတော့ စိတ်ထဲမှာ
ပိုပြီး အားငယ်နေသလိုလည်း ခံစားလာရတယ်လေ။ ဒါကြောင့် ဘုရားပဲ တိုင်တည်နေရတော့တယ်။

ကျမတို့ ဗုဒ္ဓဘာသာဝင်အများစုမှာက သာယာမှုတွေနဲ့ ယစ်မူးနေတဲ့ အချိန်ဆိုရင် ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ သရဏဂုဏ်ကို နှလုံးသွင်းဖို့၊ ဂုဏ်တော်တွေ ရွတ်ဖတ်ပွားများဖို့၊
သင်္ခါရတရားကို စဉ်းစားဆင်ခြင်မိကြဖို့ဆိုတာ အင်မတန် နည်းတယ်လို့ ကျမ ခံစားမိတယ်။ တကယ်လည်း ဒုက္ခတွေ၊ သောကတွေနဲ့ ကြုံလာရရော တလိုက်တဲ့ ‘‘ဘုရား ဘုရား’’ ဆိုတာ
ပါးစပ်ကကို မချတော့ဘူး။ အခု ကျမလည်း အဲလိုဖြစ်နေတယ်လေ။ တခြားအားကိုးရာ မရှိတော့မှ ဘုရားဘုရားဆိုတာ ပါးစပ်ထဲမှာ တရစပ် ရွတ်ဖတ်မိနေတော့တယ်။ တကယ်က
အာစိဏ္ဏကံဖြစ်အောင် ဗုဒ္ဓရဲ့ အဆုံးအမတွေ၊ ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို အမြဲ နှလုံးသွင်းဆင်ခြင်နေရမှာ။ ဒါမှလည်း အကျိုးကျေးဇူး အထူးရတာလို့ ဆရာတော်ကြီးတွေက ဆုံးမခဲ့ဖူးတယ်။

ည ၁၂ နာရီကျော်မှ အမေပြန်ရောက်လာတော့ ကျမတို့လည်း မအိပ်နိုင်ဖြစ်နေတာနဲ့ အတော်ဖြစ်သွားတယ်။ အမေကတော့ အေးအေးဆေးဆေးနဲ့ သိပ်တုန်လှုပ်ပုံမရဘူး။ ဒါပေမဲ့


ကျမတို့ကတော့ မအေးဆေးနိုင်ဘူးလေ။ အမေ့ကို ဘာတွေမေးလဲ၊ အမေကကော ဘာတွေဖြေလိုက်လဲ စသဖြင့် ခရီးရောက်မဆိုက်မှာ အမောဖြေဖို့ အချိန်မရနိုင်အောင်ကို
ဝိုင်းမေးလိုက်တော့တာ။

‘‘အမေ့ကို မိတ္ထီလာရဲစခန်းကို ခေါ်သွားပြီး အရာရှိတယောက်နဲ့ တွေ့ပေးတယ်။ မန္တလေး စရဖ က ဗိုလ်ကြီးအောင်ကို ဆိုလားပါပဲ။ အသက်ကတော့ ငယ်သေးတယ်အေ့။ ၃ဝ
ကျော်လောက်ပဲ။ ဆက်ဆံရေးကတော့ ပြေပြစ်ပါတယ်။ သူက အသစ်ထပ်ရောက်လာတာတဲ့။ အဲဒါ မနက်ဖြန် အိမ်ကိုလာလည်ချင်တယ်ဆိုပြီး ခွင့်တောင်းလို့ အမေလည်း နေ့လည်ထမင်း
စားအမီ ကြွခဲ့ပါ၊ ဖိတ်ပါတယ်လို့ ပြောခဲ့တယ်’’။

ဒီတော့ ကျမတို့မောင်နှမတွေက ‘‘ဟာ … ထမင်းမကျွေးချင်ပါဘူး’’ လို့ ဝိုင်းပြောကြတယ်။

“သြော် .. အဲလိုလဲ ဘယ်ဟုတ်ပါ့မလဲအေ။ သူမကောင်းတာက သူ့အကြောင်း။ အဓိကအရေးကြီးတာက ကိုယ်ကောင်းနေဖို့ပဲအေ့’’ လို့ အမေက ဖျောင့်ဖျတော့ ကျမတို့တွေလည်း
လက်လျှော့လိုက်ရတော့တယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကျမတို့မောင်နှမတွေက ထမင်းကျွေးဖို့ မပြောနဲ့၊ ဒီလိုလူတွေနဲ့ စကားတောင် ကောင်းကောင်း မပြောချင်ကြဘူး။ ကျမတို့က အဓိက
ချက်ပြုတ်ကျွေးမွေးရမှာကိုး။ ဒီလိုကျွေးမွေးဧည့်ခံတာက အဆိပ်ပင်ကို ရေလောင်းပေးနေသလိုပဲလို့ ကျမတို့က မြင်ထားကြတယ်လေ။ ဒါပေမဲ့ အမေကတော့ ကိုယ့်ယောက်ျားနဲ့
ကိုယ့်သားကို လိုက်ဖမ်းနေသူကိုတောင် စေတနာထားပြီး ဆက်ဆံနေတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အမေစိတ်ချမ်းသာဖို့က အဓိကဆိုပြီးသာ မနက်ဖြန် ထမင်းကျွေးဖို့ကိစ္စ
လက်ခံခဲ့ရတော့တာပေါ့။

မန္တလေး စရဖ က ဗိုလ်ကြီးအောင်ကိုက အတော်တော့ လုပ်ပိုင်ခွင့်အာဏာ ပိုကြီးတယ် ထင်တယ်။ မန္တလေးတိုင်း စရဖ အဖွဲ့မှာ ရာထူးအကြီးဆုံးပဲလို့ ပြောကြတယ်။ အမေ့ကို
ပြောဆိုဆက်ဆံပုံကတော့ အတော့်ကို ပြေပြေပြစ်ပြစ် ရှိလှတယ်လို့ အမေက ပြောပြလို့ ကျမတို့ သိရပေမယ့် မယုံရဲဘူး။ မာယာများတယ်လို့ပဲ ကျမတို့ တွက်ထားလိုက်တယ်။

၁၈ ရက်နေ့ နေ့လည် ၁၂ နာရီ ထိုးခါနီးတော့ ကျမတို့ အိမ်ရှေ့ကနေ လူတယောက် ဖြတ်သွားတာကို သတိထားမိလိုက်တယ်။ ‘‘ဒီလူကို တခါမှလည်း မမြင်ဘူးပါဘူး။ ဘယ်ကပါလိ့မ်’’ လို့
စိတ်ထဲတွေးနေမိတယ်။ သူက နှီးဦးထုပ်အစုတ်လေးကို ဆောင်းပြီး အင်္ကျီက အပြာရောင် အကွက်စိပ်စိပ်ကလေးနဲ့ ပုဆိုးကိုလည်း ကျကျနန ဝတ်တတ်ပုံ မပေါ်တဲ့အပြင်
လမ်းသွားပုံကလည်း ကုပ်ချောင်းချောင်းဖြစ်အောင် တနည်းပြောရရင် သာမန်ရွာသား ပုံစံမျိုးကျအောင် တမင်လုပ်သွားနေရပုံပဲ။ ဝတ်ထားတာက ခပ်နွမ်းနွမ်းနဲ့ အရပ်သားဆန်ပေမယ့်
သူ့ရုပ်အင်္ဂါနဲ့ မလိုက်ဖက် ဖြစ်နေတယ်။ ပြီးတော့ သူ့ပုံစံက နယ်သူနယ်သားပုံ မပေါ်ဘူးလေ။ သူက လမ်းဆုံးအောင် ပတ်ပြီး စက်မှုဇုန် ၅ လမ်းထိပ်ကို ပြန်လျှောက်တော့ ကျမ
နည်းနည်းတော့ သံသယဝင်မိသွားတယ်။

‘‘ဗိုလ်ကြီးအောင်ကိုဆိုတဲ့ လူရဲ့ ပုံစံက ဘယ်လိုလဲ အမေ’’ လို့ မေးလိုက်တော့ အမေက ‘‘အသားဖြူဖြူ အဲ.. ခန္ဓာကိုယ် အချိုးကျကျ လှလှပဲအေ့။ သူက မြို့ကြီးသားဆိုဒ်ပေါ့အေ’’။

အင်း… သေချာပြီ ဒီငနဲပဲ ဆိုပြီး ကျမမောင်လေး လွင်မောင်မောင်ကို လိုက်ခိုင်းလိုက်တယ်။ ‘‘ကိုအောင်ကိုလို့ နှုတ်ဆက်ပြီး။ အမေက လိုက်ခေါ်ခိုင်းလို့ပါလို့ပြော။ ပြီးရင် ဆိုင်ကယ်ပေါ်
တင်လာခဲ့ဟာ’’ လို့ ကျမ မှာလိုက်တယ်။ လွင်မောင်မောင်ကလည်း ကျမ မှာလိုက်တဲ့အတိုင်းပဲ ဆိုင်ကယ်နဲ့ အဲဒီလူနောက်ကို လိုက်တယ်။

‘‘ကိုအောင်ကို ကျနော့်အိမ်က အဲဒီဘက်မှာ မဟုတ်ဘူးအကို။ ဒီဘက်မှာဗျ’’ လို့ လွင်မောင်မောင်က ပြောလိုက်တော့ ဗိုလ်ကြီးအောင်ကို နည်းနည်းတော့ အံ့သြသွားတယ် ထင်တယ်။

စပ်ဖြီးဖြီးလုပ်ပြီး ‘‘ကျနော်မှန်း ဘယ်လိုသိလဲဗျ’’ တဲ့။

‘‘အကို အိမ်လိုက်ရှာနေပုံပေါက်လို့ ခေါ်ကြည့်တာပါ’’ လို့ လွင်မောင်မောင်က ပြောပြီး ဆိုင်ကယ်ပေါ် တင်ခေါ်လာခဲ့တယ်။ အိမ်ရောက်တော့ ဗိုလ်ကြီးအောင်ကိုက ရှက်ပြုံးပဲ ပြောရမလား၊
ရှက်ရီရီတယ်ပဲ ပြောရမလား မသိဘူး။ မလုံမလဲနဲ့ ရီနေတော့တယ်။ ပြီးမှ ‘‘ကျနော်က ရုပ်ဖျက်လာတာ အတော်ပီပြင်ပြီ ထင်နေတာဗျ၊ ဟားဟား လိုသေးတာပဲ’’ ဆိုပြီး ပြောတယ်။
အမေကတော့ ဘာမှမပြောဘဲ ရယ်နေတယ်။ ကျမတို့ မောင်နှမတွေကတော့ ခပ်တည်တည်နဲ့ ‘‘လူတွေကို အချဉ်များ မှတ်နေလား မသိဘူး။ ဒါမျိုးတွေ ရိုးနေပြီ’’ လို့ စိတ်ထဲကနေ
ပြောနေမိတယ်။

ဒါက ကျမတို့နဲ့ တမင်ရင်းနှီးမှုရအောင် ကြံဆောင်ချက်လား ဒါမှမဟုတ် တကယ်ပဲ ရုပ်ဖျက်ပြီး အိမ်အခြေအနေတွေကို အကဲခတ်ချင်တာလားဆိုတာတော့ သူကိုယ်တိုင်ပဲ သိမယ်။
ဘာပဲဖြစ်ဖြစ် ကျမတို့မောင်နှမတွေကတော့ အောင်ပွဲတခုလိုပဲ ထင်နေကြတယ်။

အဖေတို့နဲ့ အကိုကြီးတို့ ပါဝင်လှုပ်ရှားခဲ့တဲ့ ၈၈ လူထုအရေးတော်ပုံ နောက်ပိုင်းကာလ တလျှောက်လုံးမှာ အဲလိုမျက်နှာစိမ်း လူတယောက် ကိုယ့်အိမ်နားရောက်လာရင်


‘‘ထောက်လှမ်းရေးများ ဖြစ်နေမလားဟဲ့’’၊ ‘‘အဖေတို့ အကိုကြီးတို့ကိုများ ဖမ်းဖို့ရှိနေလား မသိဘူး’’ စတဲ့ စိုးရိမ်စိတ်တွေနဲ့ ယှဉ်ခဲ့ရတဲ့ နေ့တွေက များပြီကိုး။ ဒါကြောင့် အချဉ်မဟုတ်ဘူးဟေ့၊
ဒါမျိုးတွေ ရိုးနေပြီလို့ ကျမတို့က ဗိုလ်ကြီးအောင်ကိုကို ပြောချင်နေကြတာ။ ဒါပေမဲ့ မပြောလိုက်ပါဘူး။ တော်ကြာ သူက လေကြောရှည်နေရင် စကားလက်ခံပြောနေရမှာစိုးလို့
ခပ်တည်တည်ပဲ နေလိုက်တယ်။

ခဏကြာတော့ ကျမတို့ကို ကျောင်းပြီးပြီလား၊ ဘာအလုပ်လုပ်လဲ စသဖြင့် မေးတယ်။ အမေ့ကျန်းမာရေး အခြေအနေတွေကော မေးတယ်။ အမေ .. အမေ ဆိုပြီး တရင်းတနှီးပုံစံနဲ့
မေးနေတော့တာပဲ။ အဖေနဲ့ ဦးဇင်းအကြောင်းတော့ တခွန်းမှ မဟသေးဘူး။

ကျမတို့ မောင်နှမတွေကတော့ သူဘယ်လောက်ပဲ အဆင်ပြေပြေအောင် ဆက်ဆံနေပါစေ၊ သူ့ရဲ့ အဓိက ပစ်မှတ်က အဖေနဲ့ ဦးဇင်းကို ဖမ်းနိုင်ဖို့ပဲဆိုတော့ စကားကို လက်ခံပြောချင်စိတ်
မရှိဘူး။ အမေကတော့ လူကြီးဖြစ်နေတော့ ဗိုလ်ကြီးအောင်ကို မေးတာတွေကို ဒိုင်ခံဖြေပေးတယ်။ တခြားလူတွေနဲ့ မတူတဲ့ အချက်က ဗိုလ်ကြီးအောင်ကိုက ကျမတို့နဲ့ တရင်းတနှီး
ဖြစ်အောင်ကို တမင်ဆက်ဆံနေရပုံပါပဲ။
http://www.mizzimaburmese.com/home.html

ဥပဒေပါ လွှတ်တော်အခွင့်အရေး စောင့်ကြည့်ရဦးမည်


By ဦးဇော်ဝင်းလှိုင် ဗုဒ္ဓဟူး, 12 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
စစ်အစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေသစ်တွေထဲမှာ လွှတ်တော်ရေးရာ ကော်မတီတွေ ဖွဲ့စည်းရေး ကိစ္စကို ဖော်ပြထားပြီး
လွှတ်တော်ကိုယ်စားလှယ် တယောက်ချင်းစီ အနေနဲ့ ကော်မတီရဲ့ လုပ်ငန်းရပ်တွေကို မေးခွန်းပြန်ထုတ်ခွင့် ရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ အခုချမှတ်ထားတဲ့
နည်းဥပဒေတွေအတိုင်း တကယ့်လက်တွေ့မှာ အကော်အထည်ဖော်နိုင်၊ မဖော်နိုင် ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ
ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေကို ခေါ်ယူတော့မှာ ဖြစ်တာကြောင့်
လွှတ်တော်ခေါ်ယူရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စာအုပ် ၁၇ မျိုးကို စစ်အစိုးရက မနေ့က ပုံနှိပ်ထုတ်ဝေ ဖြန့်ချိလိုက်တာပါ။
အခု အသစ်ထုတ်ပြန်တဲ့ ဥပဒေ၊ နည်းဥပဒေတွေထဲမှာ အရေးပါတဲ့ လွှတ်တော်ကော်မတီရေးရာ ၄ ခု ဖွဲ့စည်းမယ့်အကြောင်း ဖော်ပြထားတာကို တွေ့ရတယ်လို့ NDF ပါတီခေါင်းဆောင်
ဦးခင်မောင်ဆွေက ပြောပါတယ်။
“လွှတ်တော်ရေးရာ ကော်မတီ ၄ ခုတော့ ကျနော်တို့ တွေ့တယ်ဗျ။ ပြီးတော့ တခြား စီးပွားရေးတို့၊ ဥပဒေပြုရေးတို့၊ လူမျိုးရေးဆိုင်ရာ ကော်မတီတွေလည်း ဖွဲ့မယ်ဆိုရင် ဖွဲ့လို့ရတယ်ဗျ။
အဲလိုပါတယ်ဗျ။ အဓိကတော့ ဥပဒေပြုရေးတို့၊ ငွေစာရင်းကိစ္စတို့၊ လွှတ်တော် အခွင့်အရေး ကိစ္စတို့၊ ၀န်ကြီးဌာနတွေကို စိစစ်ပြီး ပြန်လည် မေးခွန်းထုတ်နိုင်ဖို့ ဆိုတဲ့ ကော်မတီတွေလည်း
ပါတယ်။ အဲဒီ ၄ ခုပဲ အဓိက တွေ့ရတယ်ဗျ။
“ကျန်တဲ့ဟာတွေကတော့ သက်ဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ နောက် လူမျိုးရေးဆိုင်ရာ ကိစ္စတွေ၊ အဲဒါတွေကိုလည်း ကော်မတီတွေ ဖွဲ့နိုင်တဲ့ဟာ တွေ့ရတယ်ဗျ။ လိုအပ်ရင် ထပ်မံပြီး
အခြား ကော်မတီတွေလည်း ဖွဲ့သွားနိုင်တယ်လို့ ပါတယ်ဗျ။ အဲဒါတွေကတော့ ကာလ ကန့်သတ်ချက်နဲ့ပေါ့ဗျာ။ အမြဲတမ်း ကော်မတီ မဟုတ်ဘဲ ကာလ ကန့်သတ်ချက်နဲ့ပေါ့။”
ဒီကော်မတီတွေ ဖွဲ့စည်းပေးလိုက်ပေမဲ့ လွှတ်တော်အတွင်း တကယ်လက်တွေ့ အကောင်အထည် ဖော်နိုင်မှု ရှိမရှိ ဆိုတာကတော့ မသေချာသေးပါဘူး။
“အဲဒါတွေက မေးခွန်းထုတ်ခွင့် ရှိသလို ဖြေကြားမယ်ဆိုရင်လည်း တာဝန်တွေ ပေးထားတယ်ဗျ။ မေးခွန်းမေးတာ ဖြေကြားတာတွေကို လွှတ်တော်မှာ ကြီးကြပ်တဲ့ ပုဂ္ဂိုလ်တွေက
သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ညီညွတ်တယ်ဆိုရင် မေးတာရော၊ ဖြေတာရော လုပ်လို့ရတယ် ဆိုတာလည်း ပါတော့ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို
ပြောမယ်ဆိုရင် ပြောလို့ရတာပေါ့ဗျာ။ ဒါပေမဲ့ အထဲမှာ အဲဒီ ပြောတဲ့ဆိုတဲ့ ကိစ္စတွေက ဘယ်လောက်အထိ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မလဲ၊ မပေးနိုင်ဘူးလဲ ဆိုတာတော့
ကျနော်တို့ မသိသေးပါဘူးဗျာ။ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
“လွှတ်တော်ထဲ ရောက်တဲ့အခါ တင်ပြတဲ့သူက တင်ပြမယ်၊ ဖြေကြားတဲ့သူက ဖြေကြားမယ်၊ ဒါတွေကို မှတ်တမ်းမှတ်ရာပြုပြီး ပြန်တမ်းမှာ စစ်ဆေးမယ် ဆိုတာလည်း ပါတယ်ဗျ။ အဲတော့
ဒါတွေက တကယ်ပဲ အလုပ်ဖြစ်မလား၊ မဖြစ်လား ဆိုတာတော့ လက်တွေ့ အထဲကို ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေ ရင်ဆိုင်တွေ့တော့မှပဲ သိရမှာပဲဗျ။”
လောလောဆယ်မှာတော့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်မတက်ခင် လိုအပ်တဲ့ လုပ်ငန်းတွေကို လိုက်လံ လုပ်ဆောင်နေကြပါတယ်။
“ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်တွေက ဓာတ်ပုံနဲ့ လျှောက်လွှာတွေ တောင်းလို့ သွားပေးနေရတယ်ဗျ။ အဲဒါကတော့ လွှတ်တော်ကို တက်ဖို့အတွက်
ကြိုတင်ပြင်ဆင်တယ်လို့ ယူဆနိုင်တာပေါ့ဗျာ။ သူတို့ကို သွားလာစရိတ်တွေ၊ နေထိုင်စရိတ်တွေ အစရှိသဖြင့် စီစဉ်ပေးမယ့် သဘောတွေ တွေ့ရတယ်ဗျ။ အဲဒီ ဥပဒေထဲမှာ ပါတယ်ဗျ။
ပြည်ထောင်စုလွှတ်တော် ခေါ်ယူရေးဆိုင်ရာ ဥပဒေမှာ နေရာထိုင်ခင်းတွေနဲ့ ခရီးစရိတ်တွေ ဘာတွေ ဆောင်ရွက်ပေးမယ်ဆိုတာ ပါတယ်ဗျ။ အပိုဒ်တပိုဒ်ပါတာ တွေ့ရတယ်ဗျ။ အဲတော့
သူတို့ဆီ တဦးချင်း အကြောင်းကြားမယ့် သဘော ရှိပါတယ်ဗျ၊ ကြည့်ရတာ။”
NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်တွေအနေနဲ့ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ခေါ်ယူမယ့် လွှတ်တော်အသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြရသလို ပါတီအလိုက်လည်း
လွှတ်တော်အသစ်မှာ တင်သွင်းနိုင်ဖို့အတွက် ဥပဒေမူကြမ်းတွေကို ကြိုတင် ပြင်ဆင်တာတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

လွှတ်တော်ဥပဒေ စာအုပ်များ မှောင်ခိုက ၀ယ်မှရ


By မသင်းသီရိ ဗုဒ္ဓဟူး, 12 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
လွှတ်တော် ၃ ရပ်စလုံးနဲ့ဆိုင်တဲ့ ဥပဒေနဲ့ နည်းဥပဒေ ၁၇ မျိုး စာအုပ်တွေကို မနေ့ကစလို့ အစိုးရ စာအုပ်အရောင်းဆိုင်တွေမှာ ရောင်းချနေတယ် ဆိုပေမဲ့ ဖတ်ရှုလေ့လာချင်သူတွေ
လိုသလောက် ၀ယ်မရတဲ့ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။ ဒါပေမဲ့ အပြင် လမ်းဘေး အရောင်းဆိုင်တွေမှာတော့ အစိုးရ ရောင်းဈေးထက် ၃ ဆမကလောက် ပိုပေးပြီး
ဝယ်လို့ရနေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
လွှတ်တော်နဲ့ဆိုင်တဲ့ ဥပဒေနဲ့ နည်းဥပဒေ ၁၇ မျိုးရဲ့ စာအုပ်အတွဲလိုက်ကို ရန်ကုန်က စာပေဗိမာန် စာအုပ်အရောင်းဆိုင်မှာ မနေ့ကစလို့ ၂,၃၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့
ကြေညာထားတာမို့ ဒီကနေ့ နေ့လယ်က စာအုပ်တွေ သွားဝယ်ပေမဲ့ မရခဲ့ကြဘဲ မနက်ဖြန် မနက်ပိုင်း လာဝယ်ဖို့ ပြောခဲ့ကြတယ်လို့ ဒီကနေ့ စာအုပ်သွားဝယ်ပြီး မရခဲ့သူတွေက
ပြောပါတယ်။
မနေ့က စတင်ရောင်းချတယ် ဆိုပေမဲ့လည်း စာအုပ်တွေကို မနက်ပိုင်းမှာသာ ရောင်းပေးနေပြီး နေ့လယ်နဲ့ ညနေတွေမှာ သွားဝယ်တော့ မရခဲ့တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့
ဒီစာအုပ်အတွဲလိုက်ကို စာပေဗိမာန်အထွက် လမ်းဘေးက စာအုပ်ဆိုင်မှာတော့ ကျပ် ၈,၀၀၀ ကျော်နဲ့ ရောင်းနေတယ်လို့ ဒီနေ့ စာပေဗိမာန် စာအုပ်အရောင်းဆိုင်မှာ စာအုပ်သွားဝယ်သူက
ပြောပါတယ်။
“စာပေဗိမာန်မှာ ရောင်းတာ အစိုးရ ထုတ်ဈေးကတော့ ၂,၃၀၀ ပေါ့၊ ဒါပေမဲ့ လိုသလောက် ၀ယ်လို့မရဘူး။ မနက်ပိုင်း သွားတန်းစီတော့လည်း မရခဲ့ဘူး။ မေးကြည့်တဲ့အခါကြတော့လည်း
ညနေမှ ရောင်းပေးမယ်ဆိုလို့ ညနေ သွားကြည့်တော့လည်း မရှိဘူး။ ဒါပေမဲ့ စာပေဗိမာန်နဲ့ ကပ်လျက် လမ်းဘေး စာအုပ်ဆိုင်တွေမှာတော့ ၈,၅၀၀ နဲ့ ၀ယ်လို့ရတယ်ခင်ဗျ။ ကျနော့်အသိ
မိတ်ဆွေတယောက် မနေ့က သွားဝယ်လိုက်တယ်၊ တန်းစီပြီးတော့။
“အစိုးရ ထုတ်တာတော့ စာအုပ် ၁၇ မျိုးလို့ ပြောတယ်။ ၁၇ မျိုးလုံး မပြည့်ဘူးခင်ဗျ။ သူက ၁၆ မျိုးပဲ ပေးနိုင်တယ်။ ဒီနေ့မှ တအုပ်လာယူပါ ဘာညာဆိုပြီးတော့ ပြန်ချိန်းတယ်။ သူတို့
သတင်းစာမှာ ကြော်ငြာတာတော့ စာပေဗိမာန်မှာ ဒီစာအုပ်တွေကို လိုသလောက် ၀ယ်လို့ရပြီ ဘာညာပေါ့၊ ၁၇ အုပ်လုံး လူထုကို တိုက်ရိုက် ရောင်းပေးနေပြီပေါ့။ အဲဒီလို သူတို့
သတင်းစာမှာ ကြော်ငြာထားတယ်။ ဒါပေမဲ့ ကြော်ငြာထားသလို ဖြစ်မလာဘူး။”
စာပေဗိမာန် စာအုပ်ဆိုင်က စာအုပ်အရေအတွက်ကို တနေ့ ဘယ်လောက်ပဲ ရောင်းမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိတာကြောင့် ဖြစ်တယ်လို့လည်း ပြောကြပါတယ်။ အရင် ဖွဲ့စည်းပုံ
အခြေခံဥပဒေ စာအုပ်တုန်းကလည်း အဲဒီလိုပဲ သွားဝယ်ရင် ကုန်နေတာ၊ နောက်နေ့မှ ပြန်လာယူပါ ဆိုတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။
တကယ်တော့ နိုင်ငံတခုအတွက် အရေးကြီးတဲ့ ဒီလို အချက်အလက်ဆိုင်ရာ စာအုပ်တွေကို အစိုးရ အရောင်းဆိုင်တွေက ပြည်သူလူထု ဖတ်ရှုလေ့လာနိုင်အောင် အများအပြား ဖြန့်ဝေ
ရောင်းချပေးရမှာ ဖြစ်ပေမဲ့ မြန်မာပြည်မှာက မရောင်းဘူး၊ အသိမပေးဘူးဆိုတာ မဖြစ်ရလေအောင် လုပ်တဲ့ အခြေအနေမျိုးလောက်သာ ဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
“စာအုပ်တွေ ထုတ်ရောင်းတယ်ပေါ့ဗျာ။ လွှတ်တော်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ လူထုကို ရောင်းတယ်ဆိုတဲ့ အမြင်လေးကိုပဲ ဖြစ်စေချင်တယ်။ ဒါပေမဲ့ သူတို့က ဖြစ်စေချင်ပေမဲ့
လူထုတွေကို မသိစေချင်ဘူးဗျ။ သူတို့လုပ်တာတွေ လူထုတွေကို ကျယ်ကျယ်ပြန့်ပြန့် မသိစေချင်ဘူး။ လူထုတွေ ကျယ်ကျယ်ပြန့်ပြန့် သိလာရင် လူထုတွေက ကန့်ကွက်လာမယ်၊
ရှုတ်ချလာမယ်၊ ဒါမျိုးတွေကို သူတို့က အဖြစ်မခံချင်ဘူးပေါ့။
“ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းကလည်း စာအုပ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ ထွက်တယ်။ ဒီရွေးကောက်ပွဲနဲ့ဆိုင်တဲ့ စာအုပ်စာတမ်းတွေလည်း ထွက်တယ်။ ထွက်ပေမဲ့
လိုသလောက် မရိုက်ဘူးဗျ။ ဘာလို့လဲဆိုတော့ ၀ယ်ဖတ်မှာကြောက်တယ်၊ လူတွေကို သိမှာကြောက်တယ်။ ဒီရွေးကောက်ပွဲနဲ့ ဆိုင်တာတို့၊ လွှတ်တော်နဲ့ ဆိုင်တာတို့၊ လူအများစုကို
မသိစေချင်ဘူးဗျ။ သူတို့ပဲ ကမ္ဘာ့အမြင်မှာရော၊ မြန်မာ့အမြင်မှာရော စာအုပ်တွေ ထုတ်ရောင်းတယ်ဆိုတာ၊ ဒါကို ပြချင်တာပေါ့။”
ရန်ကုန်မြို့ခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
အခုရောင်းချနေတဲ့ ဥပဒေနဲ့ နည်းဥပဒေ ၁၇ မျိုး စာအုပ်ဟာ စစ်အစိုးရ ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲက အချက်အလက်တွေ ဖြစ်ပေမဲ့ အခု လွှတ်တော်သစ် ခေါ်ကာနီး
လွှတ်တော်နဲ့ဆိုင်တဲ့ အချက်အလက်တွေကို သီးသန့် ထုတ်ဝေလိုက်တာမို့ အများပြည်သူက ဖတ်ရှုဖို့ စိတ်ဝင်စားကြတာလည်း ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို ဇန်န၀ါရီလ ၃၁ ရက်နေ့ကျရင် နေပြည်တော်မှာ ကျင်းပတော့မယ်လို့
အစိုးရက တရားဝင် ကြေညာပြီးတဲ့နောက် လွှတ်တော်နဲ့ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေ စာအုပ် ၁၇ မျိုးကို လေ့လာဖတ်ရှုနိုင်ဖို့ စတင် ရောင်းချပေးနေပြီလို့ အစိုးရ သတင်းစာတွေမှာလည်း
ဖော်ပြထားပါတယ်။
တရုတ်၊ အမေရိကန် စစ်တပ်ချင်း ဆက်ဆံရေး ထူထောင်မည်
By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 12 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
အမေရိကန်နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးမှာ နောက်တဆင့် တက်နိုင်ဖို့ ၂ နိုင်ငံစလုံးက အရပ်ဘက်နဲ့ စစ်ဘက် ခေါင်းဆောင်တွေ အသင့်ရှိနေကြပြီ ဖြစ်တဲ့အကြောင်း ၄ ရက်ကြာ
တရုတ်နိုင်ငံ ခရီးစဉ် အဆုံးသတ်ခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောဆိုလိုက်ပါတယ်။
ခရီးစဉ်အဆုံးမသတ်မီ ဒီကနေ့မှာတော့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဟာ တရုတ်နိုင်ငံက နျူကလီးယား ထိန်းသိမ်းရေး စခန်းကို သွားရောက်ကြည့်ရှုခဲ့ပြီး ဂျပန်နိုင်ငံကို ခရီးမဆက်မီ
ဘေဂျင်းမြို့တော် မြောက်ဘက်က မဟာတံတိုင်းကြီးကိုလည်း လည်ပတ်ခဲ့တာပါ။ သောကြာနေ့မှာတော့ ၀န်ကြီး ဂိတ်စ်ဟာ တောင်ကိုရီးယားကို သွားရောက်ဦးမှာ ဖြစ်ပါတယ်။
နျူကလီးယား စစ်ဘက်ဆိုင်ရာ ဌာနချုပ်မှာ တရုတ်တပ်မှူးတွေနဲ့ တရုတ်နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ မဟာဗျူဟာမြောက် ကိစ္စရပ်တွေ အပါအ၀င် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ
ရှိခဲ့တဲ့အတွက် ကျေနပ်မှု ရရှိတဲ့ အကြောင်းလည်း ပြောဆိုခဲ့တာပါ။
ဘေဂျင်းမြို့ပြင်က Qinghe ဌာနချုပ်ရဲ့ တပ်မှူးကလည်း အမေရိကန် ပြည်ထောင်စု Nebraska မှာရှိတဲ့ မဟာဗျူဟာမြောက် တပ်ဖွဲ့တွေရဲ့ ဌာနချုပ်စခန်းကို အပြန်အလှန်
လာရောက်လည်ပတ်ဖို့ ဖိတ်ကြားချက်ကို လက်ခံခဲ့တယ်လို့ ဆိုပါတယ်။
၂ နိုင်ငံကြား နားလည်မှုတွေ၊ မှားယွင်း သုံးသပ်မှုတွေကို ရှောင်ရှားစေနိုင်မယ့် တိုက်ရိုက် စကားပြောဆိုနိုင်ရေး ရည်ရွယ်ထားတဲ့ ဒီခရီးစဉ်က ထွက်ပေါ်လာတဲ့ ရလဒ်တွေအတွက် အားရ
ကျေနပ်မိတယ်လို့လည်း ၀န်ကြီး ဂိတ်စ်က ပြောဆိုခဲ့တာပါ။
တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေကနေ စစ်ဘက်ဆိုင်ရာ အချင်းချင်း ဆက်ဆံရေးတွေ နောက်တဆင့် တက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ် ကွန်မြူနစ်ပါတီ အားနည်းချက် သုံးသပ်
By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 12 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးပွဲ အတွင်း ပါတီရဲ့ အားနည်းချက်တွေကို ပြောင်ပြောင်တင်းတင်း ပြောဆိုတာတွေ၊ ဝေဖန်သူတွေအပေါ်
ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေနဲ့ ဖွင့်လှစ်လိုက်ပါတယ်။
ဒီကနေ့ လွှတ်တော် အခမ်းအနားအတွင်း ကွန်မြူနစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး Nong Duc Mang ကတော့ ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေအပေါ် ချီးကျူးစကား
ပြောဆိုခဲ့တာပါ။
အခု လွှတ်တော် အစည်းအဝေးပွဲအတွင်း တိုင်းပြည် ထိပ်တန်းခေါင်းဆောင် နေရာတွေကို ရွေးချယ်သွားမှာဖြစ်ပြီး ရှေ့လာမယ့် ၅ နှစ်အတွက် စီးပွားရေး အစီအမံတွေကိုလည်း
ရေးဆွဲသွားကြမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လက်ရှိ ဖွံ့ဖြိုးမှုနှုန်းဟာ ရေရှည်ခံချင်မှခံမယ်၊ စီးပွားရေးလုပ်ငန်း လုပ်နေတဲ့ ကုမ္ပဏီတွေဟာလည်း အရည်အသွေး၊ ထိရောက်မှုနဲ့ ယှဉ်ပြိုင်မှုတွေမှာ အားနည်းနေတယ်လို့
ပါတီ အထွေထွေ အတွင်းရေးမှူးက သတိပေးခဲ့တာပါ။
တိုင်းပြည်ထဲက အကျင့်ပျက် ခြစားမှုတွေ၊ ဖြုန်းတီးမှုတွေကို မလျှော့နိုင်သေးသလို စိတ်ဓာတ်ရေးရာနဲ့ လူမှုဘ၀ပုံစံတွေ ပျက်စီးလာတာကိုလည်း အမြစ်မဖြတ်နိုင်သေးဘူးလို့ သူက
ပြောခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်အစည်းအဝေးပွဲ မတိုင်မီ တရက်အလိုမှာတုန်းက အတိုက်အခံ အင်အားစုတွေအပေါ် အာဏာပိုင်တွေရဲ့ နှိပ်ကွပ်မှုတွေ ရှိနေတယ်ဆိုတဲ့ ထင်ရှားတဲ့ လူ့အခွင့်အရေး အဖွဲ့ကြီးရဲ့
ပြစ်တင် ဝေဖန်မှုကိုတော့ သူက ပယ်ချခဲ့တာပါ။
အာဏာရပါတီကို ရာထူးက ဖယ်ရှားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ရန်လိုတဲ့ အင်အားစုတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အသုံးချနေတယ်လို့ သူက တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်စည်းမျဉ်း အချိန်ကပ် ထုတ်ပြန်မှု နည်းလမ်းမကျ
By ဦးကျော်အောင်လွင် အင်္ဂါ, 11 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာစစ်အစိုးရက ဒီလကုန်မှာ လွှတ်တော်စခေါ်မယ်လို့ ကြေညာပြီး လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကိုလည်း အချိန်ကပ်ပြီး ကြေညာလိုက်တဲ့အတွက် ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်တွေ အပါအ၀င် လွှတ်တော်ကို တက်ရောက်ကြမယ့် ကိုယ်စားလှယ်တွေ အဆင်သင့် မဖြစ်သေးတဲ့ အခြေအနေတွေနဲ့ ထပ်ပြီး ကြုံနေရပါတယ်။ ရွေးကောက်ပွဲ
ကျင်းပခဲ့တုန်းကလည်း ဒီလိုပဲ ကမန်းကတန်း အဖြစ်မျိုး နိုင်ငံရေးပါတီတွေ ကြုံခဲ့ရပြီးပါပြီ။ အဆင်သင့်မဖြစ်ဘဲ လွှတ်တော်ကို သွားကြမယ့်သူတွေအတွက် သတိထားစရာတွေ အများကြီး
ရှိနေတဲ့အကြောင်း မြန်မာ့အရေးကို အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ အမေရိကန် ပြည်ထောင်စုရောက် ချင်းအမျိုးသား ဒေါက်တာ အန်ဒရူး ငွန်ကျုံးလျန်က ပြောပါတယ်။
အပြည့်အစုံကို ဒေါက်တာ အန်ဒရူးနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
အခု ဇန်န၀ါရီလ ၃၁ ရက်နေ့ကျရင် လွှတ်တော်ခေါ်မယ်လို့ ကြေညာလိုက်တဲ့ အခါမှာ ပြည်နယ်လွှတ်တော် အစည်းအဝေးတွေ ကျင်းပတဲ့အခါ တက်ရောက်ကြမယ့် တိုင်းရင်းသား
လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အဆင်သင့် မဖြစ်ကြသေးဘူးလို့ ကြားပါတယ်။ ဆရာအန်ဒရူးကလည်း ဒီကိစ္စတွေကို စောင့်ကြည့်နေတဲ့သူဆိုတော့ နောက်ဆုံး
ဘယ်လိုသိထားပါလဲခင်ဗျ။
“ကျနော် သိထားသလောက်ကတော့ ပြည်နယ်လွှတ်တော် ခေါ်နိုင်ဖို့အတွက် ပြည်နယ်လွှတ်တော် အဆောက်အဦးတို့၊ ပြီးတော့ အဲဒီပြည်နယ် အသီးသီးကနေ ရွေးကောက်ခံတဲ့
ကိုယ်စားလှယ်တွေအတွက် နအဖဘက်က ပြင်ဆင်မှုတွေ အခုချိန်ထိ ကောင်းကောင်းမွန်မွန်လုပ်တာ မသိရသေးပါဘူး။ ကျနော်သိထားတာတော့ ချင်းပြည်နယ်မှာဆိုရင်
ပြည်နယ်လွှတ်တော် အဆောက်အဦးအတွက် အရင်တုန်းက ပ၀တရုံးရဲ့ အဆောက်အဦးကို သူတို့ ပြန်သုံးမယ်လို့ ပြောတယ်။
“အခုချိန်ထိ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ ပြည်နယ်လွှတ်တော် အမတ်အသီးသီးအတွက် အိမ်ရာ နေရာထိုင်ခင်းတို့၊ လစာတို့၊ အကျိုးခံစားခွင့်တို့၊ အဲဒါမျိုးတွေ အားလုံးကို
နအဖဘက်က လုပ်ထားတာ ဘာမှ မရှိသေးဘူး ဆိုတာတော့ ကျနော် လွန်ခဲ့တဲ့ ၇ ရက်အတွင်းက ရထားတဲ့ သတင်းအရ သိရပါတယ်။
“ပြီးတော့ ပြည်နယ်တွေ အားလုံး အသီးသီးက သူတို့အတွက် အခုချိန်ထိ မှတ်သားလောက်တဲ့ ပြင်ဆင်မှု သူတို့လုပ်ထားတာ ကျနော် မကြားရပါဘူး။ သူတို့ ပြင်ဆင်မှု လုပ်နေတာ
နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် အဲဒါအတွက်ပဲ ပြင်ဆင်မှု သူတို့က အားသွန်ခွန်စိုက် လုပ်နေတယ်။ ကျန်တဲ့ဟာတွေ ပြည်နယ်နဲ့
တိုင်းဒေသကြီးတွေအတွက် လက်ရှိ အာဏာရနေတဲ့ နအဖအနေနဲ့ လုပ်ထားတာ မရှိပါဘူး။”
ရက် ၂၀ လောက်ကျမှ လွှတ်တော်စမယ့်ရက်ကို ကြေညာတာ၊ ဆွေးနွေးကြရမယ့် ဥပဒေ၊ နည်းဥပဒေတွေကို ထုတ်ပြန်တာဟာ အချိန်ကပ်ပြီး ကြေညာတယ်လို့ ပြောရမလား၊
လုံလောက်တဲ့ အချိန်လို့ ပြောရမလားခင်ဗျ။
“စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ မကျတကျ၊ လွှတ်တော်စနစ်ကို ရွေးကောက်ပွဲအပြီး ရက် ၉၀ အတွင်း အသွင်ပြောင်းရမှာဆိုတော့ ရက် ၂၀ အတွင်းမှာ ဒါတွေကို ပြည်သူလက်ထဲ
အရောက် ထုတ်ပြန်တယ်ဆိုတာ ကျနော့်အမြင်မှာတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အခြေခံဥပဒေကို အတည်ပြုပြီးကတည်းက အသွင်ကူးပြောင်းရေး
တာဝန်ကို ယူထားတဲ့ နအဖက အချိန်ယူပြီးတော့ ရေးဆွဲ ထုတ်ပြန်ထားသင့်တဲ့ အရာလို့ ကျနော်ကတော့ မြင်ပါတယ်။
“နောက်ပြီးတော့ ဒီလို အချိန်ကပ်ပြီး ထုတ်ပြန်လိုက်တော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွက်
ဥပဒေပြုခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ အနှောင့်အနှေး ဖြစ်စေမှာ ဖြစ်တယ်။ မရှိမဖြစ် ဥပဒေပြုရမယ့် ကိစ္စရပ်တွေမှာ နှောင့်နှေး ကြန့်ကြာခြင်းဟာ တိုင်းပြည်တခုလုံးရဲ့
ဆိုးကျိုးဖြစ်တယ်။”
လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို အချိန်ကပ်ပြီးမှ အသိပေးရတဲ့ အတွက်ကြောင့်မို့ လွှတ်တော် ကိုယ်စားလှယ်တွေအတွက် ဘယ်လိုအခက်အခဲတွေ ဖြစ်လာလိမ့်မယ်လို့
ထင်ပါလဲခင်ဗျ။ ဘာတွေ သတိထားစရာတွေ ရှိပါမလဲခင်ဗျ။
“အရေးကြီးတဲ့အရာတွေ များလွန်းတော့ ဘယ်ဟာကို ရှေ့တန်းတင်မလဲဆိုတာ ပြောရ တော်တော်ခက်နေပါတယ်၊ မြန်မာပြည်မှာ။ ဒါပေမဲ့ ကျနော့်အမြင်မှာတော့ ၂၀၁၀ အတွင်း
ပြည်ထောင်စု ဘတ်ဂျက်လက်ကျန် ဘယ်လောက်ရှိတယ်၊ ၂၀၁၁ အတွင်းမှာ ရရှိနိုင်ခြေရှိတဲ့ အခွန်ဘဏ္ဍာငွေတွေကို ထည့်တွက်ပြီးတော့ ၂၀၁၁ အတွက် ပြည်ထောင်စုဘတ်ဂျက်၊
ပြည်နယ်ဘတ်ဂျက်၊ တိုင်းဒေသကြီးများဘတ်ဂျက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဘတ်ဂျက်၊ စတာတွေကို လွှတ်တော် စဖွင့်ကတည်းက လွှတ်တော်အမတ်တွေ အသီးသီးက
ရေးဆွဲရမှာ ဖြစ်တယ်။
“ဒီလိုလုပ်ခြင်းအားဖြင့် နှစ်ပေါင်း ၄၈ နှစ်အတွင်း တိုင်းသူပြည်သားတွေ မသိနိုင်တဲ့ ပြည်ထောင်စု ဘဏ္ဍာငွေတွေကို ဘယ်နေရာမှာ ဘယ်လောက်သုံးစွဲတယ် ဆိုတာ ကျနော်တို့က
သိလာမှာဖြစ်တယ်။ ဒီဟာတွေ လုပ်ဖို့ဆိုတာ ရက် ၂၀ အတွင်းမှာ လုပ်ဖို့ရနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ အဲဒါက ပြဿနာ။
“ဒုတိယအချက်က ၀န်ကြီးဌာနတွေ အသီးသီး ပေါ်လာမယ်။ အဲဒီဝန်ကြီးဌာန အသီးသီးအတွက် ဘတ်ဂျက်တွေ ဆွဲရမယ်၊ ပြည်နယ်တွေ၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ
အတွက်လည်း ပြည်ထောင်စုက သတ်မှတ် ပေးအပ်လိုက်တဲ့ ဘတ်ဂျက်တွေ၊ ပြီးတော့ သူတို့ရဲ့ ၂၀၁၀ လက်ကျန် ဘဏ္ဍာငွေ အသီးသီးတွေ အပေါ်မှာ မူတည်ပြီးတော့
တိုင်းပြည်တခုလုံးအတွက် လိုအပ်တဲ့ ဥပဒေပြုခြင်း လုပ်ငန်းတွေကို ပြုနိုင်ဖို့အတွက် အဲဒီ ဥပဒေပြုတဲ့ နည်းဥပဒေတွေ မနေ့တနေ့ကမှ ထုတ်ပြန်ပြီးတော့ ရက် ၂၀ ပဲ အချိန်ပေးတယ်
ဆိုတာကတော့ တော်တော်ကို မဖြစ်သင့်တဲ့ကိစ္စလို့ ကျနော်ကတော့ မြင်ပါတယ်။”
အဆင်သင့်မဖြစ်ဘဲ လွှတ်တော်တက်ရမယ့် အခြေအနေဟာ နိုင်ငံရေးအရ ဘယ်လိုသတိထားစရာတွေ ရှိပါမလဲ။
“ဥပဒေပြုမယ့် သူတွေက သူတို့ ဘယ်လိုနည်း၊ ဘယ်လိုဟန်နဲ့ ဥပဒေပြုရမယ် ဆိုတဲ့ဟာကို အချိန် လိုအပ်သလို မရတဲ့အတွက် သူတို့မှာ ၂၀၁၁ ဖြစ်ဖြစ်၊ ၅ နှစ်အတွင်းမှာ သူတို့
ဥပဒေပြုစရာတွေကို အချိန်မီ မလုပ်နိုင်တဲ့ အခါကြတော့ တတိုင်းပြည်လုံးက နစ်နာစရာ ရှိပါတယ်။
“ဒုတိယအချက်က လွှတ်တော်အသီးသီးကို တက်မယ့်သူတွေ အနေနဲ့ သတိထားစရာ အများကြီး ရှိပါတယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်း ၄၈ လုံးလုံး မရှိခဲ့တဲ့နေရာကို ကျနော်တို့
ဝင်သွားတော့မယ်ဆိုတော့ ၂၀၁၀ မှာ ရွေးကောက်ခံတဲ့ အမတ်တွေ အားလုံးဖြစ်ဖြစ်၊ စစ်တပ်က ခန့်အပ်လိုက်တဲ့ စစ်ဗိုလ်အမတ်တွေ အားလုံးဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်
တိုင်းပြည်မျက်နှာကို ကြည့်ပြီးတော့ ပူးတွဲလုပ်ဆောင်နိုင်ဖို့ ဆိုတဲ့ ဆန္ဒ ရှိဖို့လိုတယ်။
“စစ်ဗိုလ်အမတ်တွေ အားလုံးလည်း မကောင်းတဲ့သူတွေ မဟုတ်သလို ပြည်သူက ရွေးလိုက်တဲ့သူတွေ အားလုံးလည်း အကုန်ကောင်းတယ် မဟုတ်ပါဘူး။ ပြည်သူတွေ ဘာကို
လိုလားတောင့်တနေတယ် ဆိုတာကို နားလည်ပြီးတော့ ပြည်သူ့ကိုယ်စားပြု အမတ်ကောင်းတယောက်ပီပီ တာဝန်ကျေပြွန်စွာ လုပ်ဆောင်နိုင်ဖို့ အခြေခံဆန္ဒ ထားဖို့၊ အခြေခံဆန္ဒ ရှိဖို့က
အရေးကြီးတယ်။ အဲဒီအပေါ်မှာပဲ တဖြည်းဖြည်းနဲ့ တတ်ကျွမ်းတဲ့သူတွေ၊ သိတဲ့သူတွေ ဗမာပြည်မှာ အများကြီး ရှိပါတယ်၊ ဥပဒေနဲ့ ပတ်သက်တဲ့သူတွေ၊ အဲဒါတွေရဲ့ အကူအညီ
ယူပြီးတော့ တဖြည်းဖြည်းနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို အသွင်ကူးပြောင်းဖို့၊ သွားဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”
မြန်မာ့အရေး လေ့လာသုံးသပ်သူ အန်ဒရူး ငွန်ကျုံးလျန် ပြောပြသွားတာ ဖြစ်ပါတယ်။
မြန်မာပြည်သူများ စစ်မှုမထမ်းမနေရ လိုအပ်သလား?
By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 12 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာစစ်အစိုးရက ပြည်သူ့များ စစ်မှုမထမ်းမနေရ ဥပဒေဆိုပြီး မြန်မာပြည်ပြန်တမ်းမှာ ထည့်သွင်းထုတ်ပြန်လိုက်ပါတယ်။ တိုင်းပြည်မှာ ပြည်ပအန္တရာယ်နဲ့ ကြုံတွေ့နေရချိန်
အချုပ်အခြာအာဏာကို ကာကွယ်ကြရမယ့်အချိန်မှာ ပြည်သူတရပ်လုံးက ဝင်ပြီး ကာကွယ်ကြရမှာ ဖြစ်ပေမယ့် အခုလို အချိန်မျိုးမှာ စစ်မှုမထမ်းမနေရ ပြဌာန်းလိုက်တာ မဆီလျော်သလို၊
ပြဌာန်းပုံ၊ ပြဌာန်းနည်းကလည်း အတင်းအကြပ်ပြဌာန်းလိုက်သလို ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦး က ပြောဆိုလိုက်ပါတယ်။ ဦးတင်ဦး ဟာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး၊ ကာကွယ်ရေးဝန်ကြီး စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေဆိုင်ရာ ပြဌာန်းချက်အပေါ် ပိုမိုသိရှိနိုင်ဖို့
ဦးကျော်ဇံသာ က ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံအစိုးရ ပြန်တမ်းထဲမှာပါလာတဲ့ စစ်မှုထမ်းဥပဒေဆိုတာ ပြည်သူလူထုတော်တော်များများကို အတော်စိတ်ဝင်တစား ဖြစ်စေပါတယ်။ တချို့ ကလည်း
တပ်ထဲဝင်ရမလား၊ သူတို့ စစ်မှုထမ်းရမလားဆိုပြီး စိုးရိမ်ကြောင့်ကြသူတွေ ရှိကြပါတယ်။ တကယ်တော့ နိုင်ငံသားတိုင်းဟာ တိုင်းပြည်ကို ကာကွယ်ဖို့အတွက် လိုအပ်လာရင်
စစ်မှုထမ်းရမယ်ဆိုတဲ့စကားဟာ အရင်တုန်းကတည်းက ကြားဘူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှာတောင် ပါတယ်ထင်ပါတယ်။ ဆိုတော့ ဒီအချိန်မှာ ဒီဥပဒေဟာ ဘာကြောင့်
လူတွေအပူတပြင်း စိတ်ဝင်တစား ဖြစ်ရတဲ့ဥပဒေလို့ ထင်ပါသလဲ။
ဦးတင်ဦး ။ ။ ဒီလိုပါ ဒီဥစ္စာမျိုးက ဗိုလ်ချုပ်အောင်ဆန်း ရှိတုန်းကတည်းက ဒီနိုင်ငံ ကျနော်တို့မြန်မာနိုင်ငံဟာ နိုင်ငံကြီးတွေကြားမှာ ရှိတယ်။ တဖက်ကဆိုလည်း အရှေ့ မြောက်ဆိုရင်
နိုင်ငံကြီး၊ အနောက်မြောက်ဆိုလည်း နိုင်ငံကြီး စသဖြင့် ရှိတော့ကာ ဒီနိုင်ငံကြီးတွေကြားမှာနေတဲ့ နိုင်ငံငယ်တနိုင်ငံအနေနဲ့ လွတ်လပ်ရေးရလာတဲ့အခါ လွတ်လပ်ရေးကို
မဆုံးရှုံးရလေအောင် တိုင်းသူပြည်သား၊ တိုင်းရင်းသားများအပါအဝင် နိုင်ငံရဲ့  အချုပ်အခြာအာဏာကို ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတာကတော့ လွတ်လပ်တဲ့နိုင်ငံမှာရှိတဲ့
ပြည်သူပြည်သားတိုင်းရဲ့  တာဝန်ဆိုတာ နားလည်ပါတယ်။ ဒီလိုလည်း လုပ်ရမှာပေါ့။ သို့သော်လည်း ဒီနိုင်ငံမှာက လွတ်လပ်ရေးနဲ့အတူ ဖွားဖက်တော်က ပြည်တွင်းသောင်းကျန်းမှု
စပြီးပေါ်လာတာ ဖြစ်တော့။ ဒါကို ချက်ချင်း အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ မဆလခေတ်ကျတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကြတော့ ဒါဟာ တိုင်းပြည်ရဲ့ 
လုံခြုံရေးတာဝန်ဝတ္ထရာများကို နိုင်ငံသားတိုင်းက တာဝန်ထမ်းဖို့ တာဝန်ရှိတယ်ဆိုပြီး ထင်ထင်ရှားရှား ရေးလိုက်တယ်။ သို့သော်လည်း အကောင်အထည်မဖော်ခဲ့နိုင်ခဲ့ဘူး။
ဘာဖြစ်လို့လည်းဆိုတော့ အကောင်အထည်ဖော်ဖို့ဟာက တတိုင်းပြည်လုံးရဲ့  ညီညွှတ်မှုအားက မရှိဘူးဖြစ်နေတယ်။ အဲဒီတော့ ဖွဲ့လိုက်ပြန်ရင်လည်း ဖွဲ့လိုက်တဲ့ထဲမှာ
အုတ်ရောရောကျောက်ရောရော ပါလာပြီး ပြဿနာတွေ ဘာတွေဖြစ်ကုန်မလား၊ ဘာလားဆိုတာတွေ ဖြစ်ခဲ့တော့ ထိထိရောက်ရောက် အကောင်ထည် မဖော်နိုင်ခဲ့ဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုအခါမှာ ဘယ်လိုရန်သူတွေ ရှိနေလို့ သူတို့တွက်ပြီးတော့ ဒီလို စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည်ဖော်လာတယ်လို့ ထင်ပါသလဲ။
ဦးတင်ဦး ။ ။ အခုအခါမှာလည်း ဒါနဲ့ပတ်သက်ပြီး တိုင်းပြည်မှာ ဘယ်ရန်သူမှ အန္တရာယ်မှလည်း မရှိဘူး။ “There is no imminent danger at all now.” နိုင်ငံတော်အနေနဲ့လည်း
ကျနော်တို့က ဘယ်သူကိုမှလည်း ကျူးကျော်မှာ မဟုတ်။ ဒီကြားထဲမှာ ဗြုန်းကနေ ထုတ်ဖော်လိုက်တယ်။ ထုတ်ဖော်လိုက်တဲ့ အချိန်အခါကလည်း အမှန်ကတော့ သူတ(၃၁)
ို့
ရက်နေ့ဆိုရင် ပါလီမန် လွှတ်တော်ခေါ်မယ်ဆိုတယ်။ ဒါမျိုး တက်သုတ်ရိုက်ပြီး လုပ်တဲ့ကိစ္စက ဘာကြောင့်လည်းဆိုတာကတော့ အများကြီး စဉ်းစားစရာ ဖြစ်လာတာပေါ့။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ စစ်တပ်အင်အား လေးသိန်း ရှိတယ်လို့ ဆိုပေမယ့် ဒါဟာ စာရင်းထဲမှာ ဖြစ်ပြီး လက်တွေ့မှာ မရှိဘူးလို့ သုံးသပ်သူတွေက တွက်ပြတာလည်း
ရှိပါတယ်။ အဲဒီအတွက် အင်အားဖြည့်ချင်လို့ ဒီလို တိုးချဲ့ တာ မဖြစ်နိုင်ဘူးလား။
ဦးတင်ဦး ။ ။ တပ်ကတော့ သိတဲ့အတိုင်း ဖွဲ့စည်းပုံထဲမှာ အင်အားကြီးတွေ အများကြီးဖွဲ့ထားပါတယ်။ အဲဒီတော့ ဥပမာဆိုရင် တပ်ရင်းတရင်းမှာ လူ (၇၇၇) ယောက်ရှိတယ်။ ကျနော်
ရှိတုန်းကတော့ ဒါ စီရင်ရမယ့် တိုက်ပွဲပုံသဏ္ဍာန်ဖော်မယ့် တပ်ရင်းပုံသဏ္ဍာန်ပေါ့။ အဲဒီမှာလည်း တပ်ရင်းတွေက အင်အားမပြည့်ဘူး။ မပြည့်ဘူးဆိုတာ (၇၀၀) ကျော် ရှိရမယ့်နေရာမှာ
(၃၀၀) တို့ (၄၀၀) တို့ရှိတယ်။ စစ်ထွက်တဲ့အခါလည်း တကယ် အကုန်မထွက်နိုင်ဘူး။ အဲဒီလိုဟာတွေ ဖြစ်တဲ့အခါကြတော့ ဒီ အင်အားတွေ လိုနေတယ်၊ ပြုနေတယ်ဆိုတာတွေက
မဖြည့်ဆည်းနိုင်ဘူး။ ဖြည့်ဆည်းဖို့လုပ်ပြန်တော့လည်း သူတို့နည်း သူတို့ဟန်နဲ့ အခုန ပြောသလို ခလေးစစ်သားတွေလုပ်တယ်၊ ခေါ်တယ်ပြုတယ်။ တချို့ ကို အဓမ္မ စစ်ထဲသွင်းတယ်။
နောက် မယောင်မလည်နဲ့ စစ်ထဲရောက်သွားတယ်။ ပြန်ပြီး ထွက်ပြေးကြတယ်ဆိုတော့။ အဲဒီလို ပြဿနာတွေနဲ့ အင်အားမပြည့်တော့က ဒါကို အခုလို လွှတ်တော်တို့
ဘာတို့တင်ပြုပြီးလုပ်ရင် ဆွေးနွေးမှာတွေ၊ ဆွေးနွေးရမယ့်ဟာတွေ၊ အပြန်အလှန် ဆွေးနွေးတာတွေ ဖြစ်လာမယ်။ နော်ပြီးတော့ ဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေး အများစု အင်အားက
သူတို့ ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးဆိုတော့ အမျိုးသားလွှတ်တော်တို့၊ ပြည်သူ့လွှတ်တော်တို့မှာက အဓိကရှိတယ်။ တိုင်းနဲ့ပြည်နယ်မှာတော့ အရိုးခံတိုင်းရင်းသားတွေဆိုတာက နည်းနည်းလေးပဲ။
ဘယ်လိုနည်းမှ လွမ်းမိုးနိုင်မှာ မရှိတော့။ အဲဒီတော့ သူတို့လုပ်မယ်ဆိုရင်လည်း အဲဒီအခါ လုပ်လို့ရတယ်။ ဒါပေမဲ့လည်း အခုအချိန်အခါမှာတော့ ဒို့ဒါကို လုပ်လို့ရတယ်ဆိုပြီး
ဇွတ်အတင်းလုပ်တာမျိုးပဲ။ အမှန်ကတော့ ဒီလို အမျိုးသားစစ်မှုထမ်းဆိုတာက နိုင်ငံတကာက ကိုယ့်ကိုလာရောက်ပြီး အန္တရာယ်ပြုနေတဲ့ဟာဖြစ်ပြီဆိုတာကို ထင်ထင်ရှားရှား ဖြစ်လာရင်
လွှတ်တော်ကနေ ဒီဟာက အန္တရာယ်တွေ့ပြီးလို့ ပြောရင် ဟုတ်တယ်။ အခုဟာက ဘာအန္တရာယ်မှ မရှိသေးခင်စပ်ကြားမှာ ဖုတ်ပူမီးတိုက် လုပ်တဲ့ကိစ္စကတော့ လုပ်ပုံလုပ်နည်းက
သွေးရိုးသားရိုး လုပ်တဲ့သဘော မဟုတ်သေးဘူးလို့ သဘောပေါက်မိတယ်။ အခု ထုတ်တဲ့ဟာကတော့ national service ဆိုတာထက် national conscription act လို့ ဖြစ်နေတယ်။
လာကြလုပ်ကြ အတင်းအဓမ္မလုပ် သဘောမျိုး သက်ရောက်သွားရင်တော့ မသင့်တော်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ကျနော် တခုမေးချင်တာက အဲဒီတော့ စောစောက ပြောတဲ့အထဲမှာလည်းပါတယ်။ အဲဒီလိုလုပ်မယ်ဆိုတော့လည်း အုတ်ရောရောကျောက်ရောရောဆိုတော့ အခုအခါမှာ
မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရ ပြဌာန်းတဲ့ အစိုးရက ပြည်သူလူထုကို ယုံသလား။
ဦးတင်ဦး ။ ။ သူတို့ ခေါင်းထဲမှာရှိတာတော့ မပြောတတ်ဘူး။ သို့သော် သူတို့လုပ်ပုံလုပ်နည်း လုပ်မယ့်ဟာက ဘာလုပ်မလဲဆိုတော့ ပြဌာန်းလိုက်မယ်။ ပြီးရင် သူတို့နဲ့ ပတ်သက်တဲ့
စိတ်ကြိုက်လူတွေကို ခေါ်မယ်။ စိတ်ကြိုက်မတွေ့တဲ့လူတွေကိုတော့ ခေါ်တော့ခေါ်မယ်။ ဒါပေမဲ့ ဘယ်လိုဟာတွေကို စိတ်ကြိုက်ထားမယ်။ ဘယ်လိုဟာတွေကို
ဘယ်လိုပုံနေရာမှာထားမယ်။ ဒီလိုဟာတွေလည်း သူတို့ စဉ်းစားချင်စဉ်းစားမလား မပြောတတ်ဘူး။ အမှန်ကတော့ national service ကိုတော့ လုပ်မယ်ဆိုရင်တော့ အသက်ပြည့်တဲ့
ပုဂ္ဂိုလ်တွေ ဝင်ချင်ဝင်ငြားသော်လည်း အဲဒီ ဝင်တဲ့ပုဂ္ဂိုလ်တွေ အားလုံးဟာ တကယ်ကိုပဲ တိုင်းပြည်ကာကွယ်ဖို့အတွက် စိတ်ချယုံကြည်ဖို့တော့ လိုတာပေါ့။
ဦးကျော်ဇံသာ ။ ။ စောစောကပြောတဲ့အထဲမှာ နိုင်ငံကြီးနှစ်ခုအကြားမှာနေတယ်။ လောလောဆယ်တော့ ရုတ်တရက် အန္တရာယ်မတွေ့ရဘူးဆိုတော့ အခု မြန်မာနိုင်ငံရဲ့  အဓိက
အမျိုးသားရန်သူ national enemy အဖြစ် ဘယ်သူကိုများ သူတို့ရည်ရွယ်တယ်လို့ ထင်ပါသလဲ။ ကျနော် မှတ်တမ်းတခု ဖတ်ရတာတော့။
ဦးတင်ဦး ။ ။ အခုဟာက ဟိုအရင်တုန်းကလည်း ဒါနဲ့ ပတ်သက်လို့ military doctrine ဆိုတာ ဖြစ်တည်းလုပ်ဘူးတယ်။ စစ်အခြေခံသဘောတရား။ ဒါကလည်း နိုင်ငံတော်ဝါဒကနေ
ဖြစ်လာတာ။ တချိန်မှာကတော့ ကျနော်တို့ ပါလီမန်ဒီမိုကရေစီခေတ်တုန်းက အခြေအနေတွေ သုံးသပ်လိုက်ပြီးတော့ တဖတ်က dominion theory အရ ဟိုဘက်က
ကွန်မြူနစ်နိုင်ငံကြီးက ကြီးထွားလာပြီးတော့ အရှိန်အဟုန်နဲ့ တက်လာတာဆိုရင် ကျနော်တို့နိုင်ငံတွေက အစွန်းအဖြားမှာလည်း ဟိုဖြောက်ဖြောက် ဒီဖြောက်ဖြောက်
ကွန်မြူနစ်တွေကလည်း ဖြစ်လာတယ်။ အဲဒီတုန်းက အရှေ့ တောင်အာရှတခု ဖြစ်မလားဆိုပြီး။ ဟိုတုန်းကတော့ စစ်အေးတိုက်ပွဲနဲ့ ဖြစ်လာကြတဲ့အပေါ်မှာ မူတည်ပြီးတော့ စီတိုး တို့ နေတိုး
တို့ ဖြစ်လာကြတယ်။ အဲဒီ ခေတ်ကာလတုန်းကတော့ ကျနော်တို့ရဲ့  အဓိကအန္တရာယ်၊ ကျနော်တို့က ပါလီမန်ဒီမိုကရေစီ။ ဟိုဘက်ကတော့ one party communist နိုင်ငံ။ ပြီးတော့
international communism ကလည်း ရှိနေတယ်။ အဲဒီတုန်းက အန္တရာယ်ရှိတယ်ဆိုတာ - ဘယ်လိုနိုင်ငံ အန္တရာယ်ရှိတယ်ဆိုတာ တွက်တာတော့ (ခင်များလည်း) အဲဒီလောက်ပြောရင်
စဉ်းစားမိမှာပေါ့။ သို့သော် အခုလိုအခါမှာတော့ ကျနော်တို့ နိုင်ငံက နိုင်ငံခြားရေးဝါဒအရလည်း သိတဲ့အတိုင်း လွတ်လပ်တဲ့နိုင်ငံခြားရေးဝါဒ ဖြစ်တဲ့အတွက် ဒီဟာကို ကျနော်တို့
နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် သင့်မြတ်အောင်၊ ကျနော်တို့ အိမ်နီးချင်းကောင်း ပီသစွာနေသွားမှာပါ။ အဲဒီတော့ အိမ်နီးချင်းနိုင်ငံတွေက ချစ်ချစ်ခင်ခင် လေးလေးစားစား
နေသွားမယ်ဆိုတာကတော့ ကျနော်တို့ရဲ့  နိုင်ငံတွေဆက်ဆံရာမှာ ဖြစ်ရမယ့်သဘောတရား။ ဒီလိုပဲ ဖြစ်ရမှ အေးချမ်းမယ်။ အခုတော့ ရန်သူအနေနဲ့ ဘယ်လိုတွက်မလဲဆိုရင်တော့
ကျနော်တို့ အရင်တုန်းက တွက်သလိုမျိုး ပြောင်းပြန်ဖြစ်နိုင်တာပေါ့။ မပြောနိုင်ဘူးလေ။
ဦးကျော်ဇံသာ ။ ။ နောက်တခုက လူတွေက စစ်ပွဲဆိုလို တိုင်းရင်းသားတွေကို ပစ်တာခတ်တာပဲ မြင်နေရတော့ အရပ်သားတွေကို စစ်ထဲဝင်ဆိုပြီး အဲဒီလို ပစ်ခိုင်းလို့ ဖြစ်ပါ့မလား။
ဦးတင်ဦး ။ ။ မကောင်းဘူး။ အဲဒါ မကောင်းဘူး။ အဲဒါအတွက် ရည်စူးပြီး လုပ်တဲ့ဟာမျိုးကတော့ မကောင်းဘူးဗျ။ အမှန်ကတော့ ကိုယ့်တိုင်းပြည်ရဲ့  sovereignty အချုပ်အခြာအာဏာကို
ကာကွယ်မယ်၊ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးကို ကာကွယ်မယ် စသဖြင့် အဲဒီလိုဆိုရင်တော့ အဖိုးတန်တာပေါ့။ ကိုယ့်အချင်းချင်းတိုက်ဖို့ လူအားနည်းလို့ ပြည့်အောင်မြန်မြန်လုပ်တာ။
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်လိုက်တယ်။ အဲဒီတော့ gazette ကိုထုတ်ပြီး ဥပဒေတည်တယ်။ နောက် လွှတ်တော်ခေါ်တဲ့အခါ ဒီဥပဒေကြီးကို
ပြန်လည်ပြီးအတည်ပြုမယ်။ ဒါကတော့ ရတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ သူကအများစုကို။ ဆွေးနွေးမယ်ဆိုလည်း တယောက်တပေါက် ဆွေးနွေးတာပဲ။ ဘယ်လောက်ပဲ
ဆွေးနွေးဆွေးနွေး ဒီလွှတ်တော်က rubber stamp ကြီး။ ဒါက ဘယ်လိုမှ ရုန်းကန်လို့ ရတာမဟုတ်ဘဲ။ သို့သော် လုပ်တဲ့ဟာနဲ့ ပတ်သက်ပြီး အကျိုးရှိဖို့လိုတယ်။ မျိုးချစ်စိတ်ဓါတ်
မျိုးချစ်စိတ်ဓါတ် ပြောတယ်ဆိုတာက အမှန်က ကျနော်တို့လည်း ဗမာတွေနဲ့ ဗမာမျိုးချစ်စိတ်ရှိသလို၊ ရှမ်းကလည်း သူတို့ရှမ်းကလည်း သူတို့ sovereignty ရှိတာပဲ။ သူတို့လည်း
အချုပ်အခြာအာဏာပိုင် နိုင်ငံကြီး ဖြစ်ခဲ့တာပဲ။ ဥပမာ မွန် - သူလည်း မွန်နိုင်ငံကြီး ရှိခဲ့တာပဲ။ ရခိုင်ဆိုလည်း သူ့နိုင်ငံရှိခဲ့တယ်။ ကရင်ဆိုလည်း သူ့ခေါင်းဆောင်တွေ၊ နယ်တွေနဲ့ ရှိတယ်။
အလားတူ ချင်းလည်း သူတို့ sovereignty ရှိတော့ သူတို့လည်း မျိုးချစ်စိတ်ရှိတာပေါ့။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု ကျန်ပါသေးတယ်။ အဲဒါကဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ လက်ရှိစစ်တပ်ကို ဒီမိုကရေစီ စစ်တပ်တခုဖြစ်အောင် အသွင်ပြောင်းဖို့ဆိုရင် ဘာများလုပ်ဖို့
ထင်ပါသလဲ။ ဒီမိုကရေစီစံနစ်အောက်က တပ်မတော်တခုဖြစ်အောင်။
ဦးတင်ဦး ။ ။ ပြည်သူလူထုက ဒီမိုကရေစီစံနစ်ဖြစ်ပြီး၊ စံနစ်ကိုယ်က ဒီမိုကရေစီစံနစ်ဖြစ်ဖို့လိုပြီး ဒီမိုကရေစီစံနစ်အောက်မှာရှိနေတဲ့ အစိုးရအဖွဲ့အစည်းအောက်မှာတော့ တပ်က
အလိုအလျောက် တာဝန်ပေးတဲ့နည်းကျ ဖြစ်မှာပဲ။ တပ်ထဲမှာတော့ ဒီမိုကရေစီ မူတွေနဲ့ ပတ်သက်ပြီး တောင်ကုန်တခုကို တိုက်ဖို့လိုတယ်။ အဲဒီ တောင်ကုန်တိုက်ဖို့နဲ့ ပတ်သက်လို့
တိုက်သင့်တယ်၊ မတိုက်သင့်ဘူး၊ ဘာညာ အများစုက ဆုံးဖြတ်ချက်၊ အနည်းစုဆုံးဖြတ်ချက်ဆိုပြီး သွားလုပ်လို့တော့ မရဘူး။ ဒါမျိုး သွားလုပ်လို့ရှိရင် တပ်ကအလုပ်ဖြစ်မှာ မဟုတ်ဘူး။
တပ်က တပ်အတိုင်းပဲ command အနေနဲ့ ရှိဖို့ လိုတယ်။ ဒါပေမဲ့ အပေါ်က တာဝန်ပေးပြီးလုပ်တာက ပြည်သူလူထု ဖြစ်ရမယ်။ အဲဒါက ပါလီမန် ဖြစ်တယ်။ ပါလီမန်က ဆုံးဖြတ်တဲ့အရာ
ဒီလူသည် ငါတို့ နိုင်ငံရဲ့  အန္တရာယ်ဖြစ်သည်။ ဒီ အန္တရာယ်နဲ့ ပတ်သက်တာကို တိုက်ဖျက်ရမည်လို့ ပါလီမန်က ဆုံးဖြတ်ရင် အဲဒီ ဆုံးဖြတ်တဲ့အတွက်ကို အစိုးရအဖွဲ့အစည်းမှာပါတဲ့ defense
minister က အဲဒါကို carry out လုပ်ရင် စစ်တပ်က အဲဒီဟာအတိုင်းသွားရမယ့် သဘောဖြစ်တယ်။ ဘာပဲပြောပြော indirect democracy တော့ ရှိလာလိမ့်မယ်။
http://www.voanews.com/burmese/news

လူဆိုးမ အဖြစ်သူမ ကို စွပ်ဆွဲမှု ကို ဆာရာပေလင်း ငြင်းဆို


January 13, 2011 freedom news group Leave a comment Go to comments

1
0

i
မဲပေးပါ

Breaking silence, Sarah Palin accuses critics of ‘blood libel’

၂၀၀၈ ခုနှစ် က သမ္မတ ရွေးကောက်ပွဲတွင်


ရီပတ်ဘလီကန် ပါတီ ကို ကိုယ်စားပြု၍ ဒုသမ္မတ
နေရာ မှ ယှဉ်ပြိုင် အရွေးခဲ့သူ ဆာရာပေလင်း
အရီဇိုးနား ပြည်နယ် တခ်ဆန် တွင် ဖြစ်ပွား ခဲ့သည့်
သေနတ် ပစ်ခတ်မှု အတွင်း လွှတ်တော် အမတ်
တစ်ဦး ဒဏ်ရာပြင်းထန် စွာရရှိပြီး လူခြောက်ဦး
သေဆုံးမှု သည် သူမ၏ စနက် ကြောင့် ဖြစ်ပွား ရ
သည် ဟု နိုင်ငံရေးသမားများ၊ အနဂ္ဂတိ ဆရာများ၊
မီဒီယာများ က စွပ်ဆွဲမှု ကို သူမ က ယနေ့ ဗီဒီယို မှာ
တစ်ဆင့် တုံ့ ပြန် လိုက်သည်။
အိုဘားမား အစိုးရ ကို အလွန် အကျွံ ပြစ်တင် ဝေဖန်မှုများ ပြုလုပ် ခဲ့သည့် တီးပါတီ လှုပ်ရှားမှု၏
ခေါင်းဆောင် ဆာရာပေလင်း သည် သူမ ၏ အင်တာနက်စာမျက် နှာ တွင် ဆီးနိတ် နေရာ အတွက်
ဒီမိုကရတ် ပါတီဝင်များ အား ကောင်းသည့် နေရာများ ကို သေနတ် ပစ်မှတ် ပစ်ကွင်း အဖြစ် ပုံဖော်ထားမှု
အတွက် ယခု ကဲ့သို့ အရီးဇိုးနား လူသတ် မှု ဖြစ်ပွားရခြင်း ဖြစ်သည် ဟု အမေရိကန် တတိယ အင်
အားစု က ထောက်ပြကြသည်။
သူမ ၏ ပစ်မှတ်တွင် အရီဇိုးနား လွှတ်တော် အမတ် ဂေဘရီယလ် ဂစ်ဖို့ ဒ် လည်းပါဝင်သည်။

ဒီမိုကရတ် လွှတ်တော် အမတ် ဂေဘရီယလ် ဂစ်ဖို့ ဒ်


အပါအ၀င် လူ၁၄ ဦးဒဏ်ရာပြီး တရားသူကြီး တစ်ဦး
အပါအ၀င် လူခြောက်ဦး သေဆုံးခဲ့သည့် အရီဇိုးနား
ပစ်ခတ်မှု အတွက် သူမ ၀မ်းနည်းသော် လည်း ထိုပစ်
ခတ်မှု များ အတွက် သူမ တာဝန်ရှိသည် ဆိုခြင်း ကို
ငြင်းဆို လိုက်ပြီး သူမ ကိုလုပ်ကြံစွပ်ဆွဲမှု များ နှင့် နိုင်
ငံရေး အရ အသရေဖျက်မှု ဟု ပြန်လည်ချေပထားသည်။
ဆာရာပေလင်းသည် ၀ီကီလိခ် နှင့် ပတ်သက်ပြီး ဂျူလီယန်
အဆန်း ကို ဝေဖန်ရာ တွင် လည်း
အိုစမာဘင်လာဒင် ကဲ့သို့ သဘောထား သင့်သည် ဟု ဆိုခဲ့သည်။
တခ်ဆန် ပစ်ခတ်မှုသည် ဂေဘရီယ် ဂစ်ဖိုဒ် တစ်ဦး တည်း ကိုသာ လုပ်ကြံခြင်း မဟုတ်ပဲ
ဒီမိုကရတ် ပါတီ ပါတိုက်ခိုက် ခံရ်ြခင်း ဖြစ်သည် ဟု အမေရိကန် တတ်သိပညာရှင် များ ကို
ဆိုကြသည်။ မီဒီယာများ ကလည်း ထို ပစ်မှတ် ကို ဆာရာပေလင်း သို့ ချိန်ရွယ်ထားလျှင် မည်
သို့ ရှိမည် နည်း ဟုမေးခွန်းထုတ်ကြသည်။
Going Rouge နှင့် America By Heart စာအုပ်များ ရေးသားခဲ့သူ ဆာရာပေလင်းသည် အရီဇိုးနား
ပစ်ခတ်မှု တွင် ကာယကံရှင်များ ထက်နာမည်ကြီးနေသည်။

စစ်မှုမထမ်း မနေ ရ အမိန့် ကို ပြည်သူတို့ အံတုရန် ပြင်ဆင်


January 12, 2011 freedom news group Leave a comment Go to comments

13
2

i
မဲပေးပါ

FNG၊ ၊၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အရ စစ်အစိုးရက နေ အတည်ပြုလိုက်တဲ့ စစ်မှုမထမ်း


မနေ ရ အမိန့် ကို ပြည်သူ တစ်ရပ် လုံးက အုံကြွှ တွန်းလှန်သွား မည် ဟု Freedom News မှာ
မြန်မာ နိုင်ငံတစ်ဝှမ်းမှ ပြည်သူများ ၏ သဘောထားများ ကို မေးမြန်းသွားရာ ယခုကဲ့သို့ မှတ်ချက်
ပေးကြသည်။
ထင်ရှားသည့် ရန်ကုန် အခြေစိုက် ရက်(ပ) အဆိုတော် တစ်ဦးကလည်း ” ဒီကိစ္စကိုတော့ ပြတ်ပြတ်
သားသား ဆန့် ကျင်ရမယ် စစ်တပ် ထဲမှာ ဘာဥပဒေမှ ရှိတာ မဟုတ်ဘူး ၊မိုင်းရှင်း ဖို့ ပေါ်တာ ထမ်း
ဖို့ ခေါ်မှာ” ဟု ဆိုသည်။
မန္တလေး မြို့ လမ်း ၈၀ တရုတ်တန်း မှ လက်ဖက်ရည်ဆိုင် ပိုင်ရှင် တစ်ဦးက မူ ” ဒီပြဿနာ က ၂၀၀၇
မှာ စက်သုံးဆီ ဈေး တွေ တက်လိုက် သလို ပြည်သူတွေ ရဲ့ ဒေါသတွေ ကို ဆွပေးတာ လူထုအုံကြွမှု
ဖြစ်ပြီး ပြဿနာ ဖြစ် နိုင်တယ်” သုံးသပ်ပြောကြားသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ မှ ရဲအရာ ရှိ တစ်ဦး ၏ သားဖြစ်သူက မူ ” စစ်ထဲတော့ မ၀င် တော့ ကြီးနိုင်
ငယ်ညှင်း များတယ် နိုင်ငံခြား ဘဲ ထွက်တော့ မယ်” ဟု ဆိုသည်။
စစ်မှု မထမ်းမနေ ရ အမိန့် ထုန် ပြန် ပါက စစ်တပ် တွင်း သို့ မ၀င် လိုသူများ က နည်းမျိုးစုံဖြင့်
ဆန့် ကျင် နိုင်မည် ဖြစ်ပြီး စစ်တပ်တွင်း သို့ မ၀င်လို သူများ ငွေကြေးဖြင့် ဖျက်ဆီးမှုကြောင့်
တပ်တွင်း စာရိတ္တပျက်ပြား နိုင်သည် ဟု ပျဉ်းမနား မြို့ နေ တပ်မတော် အရာရှိ ဟောင်း
တစ်ဦးက Freedom News Group သို့ ပြောသည်။
မင်းဘူး မြို့ မှ နိုင်ငံရေး လှုပ်ရှား တက်ကြွှသည့် ကျောင်းသား တစ်ဦးက “နအဖ ကိုယ့်
သေတွင်း ကိုယ် တူးတာပဲ ပြည်သူတွေ စစ်တပ် ထဲ ရောက်ပြီ ဆိုရင် ဘာပဲ ပြောပြော
စစ်ပညာတွေ နဲ့ ရင်းနှီးသွားတော့ ဆန္ဒပြရင် တောင် အရင်လို မဟုတ်တော့ ဘူး ၊ စစ်ပညာ
နဲ့ ရင်းနှီး တဲ့ နိုင်ငံတွေ မှာ နေတဲ့ ပြည်သူ တွေ ဆန္ဒပြရင် အောင်မြင် တာချဉ်းပဲ ဟု သူ၏
အမြင် ကို ပြောသည်။
Freedom News မှ စုံစမ်းမေးမြန်း ထား သည့် ပြည်သူတို့ ၏ သဘောထားများ ကို ဆက်လက်ဖော်
ပြပါမည်။ သဘောထားမှတ်ချက် ပေးလို သူများ လည်း Comment နေရာတွင် မိမိတို့ ၏ သဘောထား
များ ကို မှတ်ချက် ပြုသွား နိုင်သည်။
နေပြည်တော် အထိ ပျံသန်းပြခဲ့တဲ့ တရုတ် ကိုယ်ပျောက် တိုက်လေယာဉ် ကို မြန်မာ အားကျ
January 12, 2011 freedom news group Leave a comment Go to comments

12
7

i
မဲပေးပါ

Myanmar Wants to Buy China Stealth

j20 တရုတ်တိုက်လေယာဉ် Photo-China Leak @ YOLA


အမေရိကန် ကာကွယ်ရေး ၀န်ကြီး ရောဘတ်ဂိတ် တရုတ်နိုင်ငံကို ရောက်ရှိ နေစဉ် တရုတ်က
ပွဲထုတ်ခဲ့တဲ့ ခောတ်မှီတိုက်လေယာဉ်တွေ ကို မြန်မာ စစ်ခေါင်းဆောင် တွေ က အားကျနေတယ်
လို့ သိရပါတယ်။ အမေရိကန် လုပ် F 16 လေယာဉ် တွေ ကို ဘယ်လို မှ ၀ယ်ဖို့ မဖြစ် နိုင်တဲ့
မြန်မာ စစ်အစိုးရ အနေနဲ့  ကမ္ဘာတစ်ပတ် ဆီထပ်မံဖြည့် စရာမလို ပဲ မောင်း လို့ ရတဲ့ တရုတ်
လုပ် J-20 ဗုံးကြဲ လေယာဉ်တွေ ကို ၀ယ်ယူဖို့ အာသီသာ ရှိနေတယ်လို့ ဆိုပါတယ်။
လက်နက် အပြည့်အစုံ တပ် ဆင်ထားတဲ့ အမေရိကန် လုပ် F16 လေယာဉ် တစ်စီးဟာ ဒေါ်လာ
သန်း ၂၀ လောက် တန်ကြေးရှိပြီး မြန်မာ နဲ့ အိမ်နီးချင်း ထိုင်း နိုင်ငံ မှာ ဒီလေယာဉ် အစီ ၂၀
ကျော်လောက် ရှိနေတာ ကြောင့် မြန်မာ စစ်တပ် အနေနဲ့ တရုတ် ရဲ့ J20 လေယာဉ် တွေ ကို
ဝယ်ယူဖို့ စိတ်ကူးတာ ဖြစ်နိုင်တယ် လို့ စစ်တပ် အရာရှိ တစ်ဦး ကပြောပါတယ်။

ချန်ဒူး လေဆိပ် တွင် တွေ့ ရသည့် J20


တရုတ်ရဲ့ နည်းပညာသစ် တွေ နဲ့ တီထွင် ထားတဲ့ J20 လေယာဉ် ဟာ အမေရိကန် လုပ် F22
Stealth ကိုယ်ပျောက် တိုက်လေယာဉ် ထက် ပိုမြန်တယ် ဒါဟာ အမေရိကန် ထောက်လှမ်းရေး
အစီရင်ခံစာတွေ ကနေ ရရှိထားတဲ့ သတင်း တွေ ထက် ပိုမိုတဲ့ တရုတ် စစ်ရေး နည်းပညာ လို့ 
ကာကွယ်ရေး ၀န်ကြီး ဂိတ်က နယူးယောက် တိုင်း ကို ပြောပါတယ်။
တရုတ် က အခုလို အသံထက်မြန်တဲ့လေယာဉ် ကို ပွဲထုတ်လိုက် တဲ့ အတွက် အာရှ နဲ့ တောင်
အာရှ မှ စစ်ရေး ပြိုင်ဆိုင်မှု တွေ ပိုမိုပြင်းထန် လာနိုင်တယ်လို ဥရုဂွေး အခြေ
စိုက် မြန်မာ နိုင်ငံ စစ်ရေး သုတေသီ ဦး ထက်အောင်မော်ဝင်း က Freedom News Group
သို့ ပြောပါတယ်။
တရုတ် နိုင်ငံဟာ ၂၀၁၀ ခုနှစ် မှာစစ်ရေး အသုံးစရိတ် ကို အခြား နှစ်တွေ ထက် ခုနှစ်ဆ ကျော်
သုံးစွဲ ခဲ့ပြီး ဒေါ်လာ ၄၄ ဘီလျှံ ထိ သုံးစွဲခဲ့ပါတယ်။
ရုရှား ကလည်း ၂၀၁၅ ခုနှစ် မှာ အသံထက် မြန်တဲ့ ဆူခွိုင်း T5o ကို ပွဲထုတ်မှာ ဖြစ်ပါတယ်။
J20 တိုက်လေယာဉ် ဟာ သူ့ ရဲ့ စွမ်းရည် ကို ပြသနိုင် ဖို့ အတွက် အိမ်နီးချင်း မြန်မာ နိုင်ငံနေပြည်
တော်ထိ ပျံသန်း ခဲ့ပြီး ဝေဟင် ဓာတ်ပုံ တွေ ရိုက် ယူ ခဲ့တာ ကို မြန်မာ စစ်အစိုးရ က မသိလိုက်ဘူး
လို့ ဆိုပါတယ်။
http://freedomnewsgroup.com/

မောင်စူးစမ်း စတိုင် စားစရာ နဲ့ စာနာစရာ


အဝေးကြည့်မှန်ပြောင်း (ရန်ကုန)်

ဇန်န၀ါရီ ၁၂၊ ၂၀၁၀


မြန်မာပို့စ် ဂျာနယ် (ဇန်န၀ါရီ ၁၂)
မောင်စူးစမ်း စတိုင်
ဆရာ မောင်စူးစမ်းရဲ့ လက်ရာပါ။ ခပ်တိုတိုလည်း ကောင်းတာပဲ။ ဖတ်စရာ များလွန်းတဲ့ ဒီခေတ်မှာ စာဖတ် လောဘကြီးသူတွေအတွက် အဆင်ပြေစေမယ့် အရေးအသား ဖြစ်တယ်လို့ 
ထပ်ပြီး ကောက်ချက်ချ၊ ညွှန်းပါရစေ။

ဒီတပတ် ဘာစာအုပ်တွေ ထွက်သလဲ


မြန်မာပို့စ် ဂျာနယ် မှာတော့ စိတ်ဝင်စားစရာတွေ အများကြီးပါပဲ။ စာအုပ်စာရင်းလည်း ပါတယ်။ လိုတာရှိရင် သွားဝယ်ပေတော့။ မသွားနိုင်လည်း လှမ်း မှာပေတော့ပေါ့။

ဒီ မိတ်ဆက် ၃ အုပ်က အပေါ်က စာရင်းမှာ မပါဘူး။ လတ်တလော ထွက်လာတာတွေ ဖြစ်နိုင်ပါတယ်။

News Watch ဂျာနယ် (ဇန်န၀ါရီ ၅)


P…fingo နဲ့ အင်တာနက်ဆိုက်
အင်တာနက်ဆိုင်တွေ ၀င်ငွေ ကောင်းတာ P…fingo ကျေးဇူးလဲ ပါတယ် ပြောရမယ်…။ အင်တာနက်ကနေ တယ်လီဖုန်း ၀န်ဆောင်မှု ပေးနိုင်တဲ့ နည်းပညာ တမျိုးပေါ့နော်…။
သိတော်မူကြတဲ့ အတိုင်း အပြင်ကခေါ်ခေါ် အတွင်းကဘဲ ဆက်ဆက်… တယ်လီဖုန်းခေါ်ဆိုခတွေက မြန်မာပြည်မှာတော့ မကြားဝံ့ မနာသာပါ။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးလို့
ဆိုနိုင်လောက်တယ်။

p…fingo က တကယ်တော့ အခကြေးငွေ နည်းနည်းနဲ့ သုံးနိုင်တဲ့ အင်တာနက် ၀န်ဆောင်မှု တစ်မျိုးပေါ့။ အင်တာနက်ကဖေး တွေရဲ့ ဘော်ချက်တဲ့… စီးပွါးရေးတမျိုးပေါ့…။
စားသုံးသူတွေဘက်က ကြည့်တော့လဲ… သက်သက်သာသာနဲ့ ပြည်ပရောက် မိသားစုဝင်တွေဆီ ဆက်သွယ် နိုင်တယ်လေ။

ခုတော့… အဟက် ခံရပါတယ် ဆိုတဲ့ ပုံပျက်ပန်းပျက် အင်တာနက်ကြောင့် ကဖေးတွေလဲ ခါနာနိမ်း တော့မယ်ဆိုပါလား…။

ပြည်ပရောက် ကိုကို မောင်မောင် မမ တို့… ရွှေထင်တော်လွဲပါနဲ့… အချစ်က သစ္စာမြဲ သော်လည်း… ဆဲချင်စရာ အပြောရခက်လွန်းတာကြောင့်… မဆက်ဖြစ်တာ လနဲ့ချီပါပေါ့… လို့
ရှင်းပြသလို… ရေးထားတာလေးများ … ဖတ်ကြည့်ပါဦးလား… သနားစရာ…။
စားစရာ နဲ့ စာနာစရာ
ကမ္ဘာပေါ်မှာ လူသားချင်း စာနာမှုမရှိ နှိပ်စက်ပါ၏… လို့ မြန်မာအပါအ၀င် နိုင်ငံအတော်များများ… မှာ တကြော်ကြော်အော် နေသံတွေကိုကြားနေကြရမှာပါ…။ အဲသလို… လူတွေအတွက်
အော်နေပေမဲ့ တခြားသတ္တ၀ါတွေအတွက်တော့… မေ့လျော့… ကျကျန်နေခဲ့ သလိုပါဘဲ…။

ဒီသတင်းမှာပါတဲ့ မြင်ကွင်းမျိုးကို ရန်ကုန်မြို့က သိမ်ကြီးဈေး အေ-ရုံတ၀ိုက်မှာ မမြင်ချင်မှ အဆုံးပေါ့…။ ဈေးပို့ဖို့ ကြက်အရှင်တွေ သယ်ပုံသယ်နည်းလေးကို ဆိုလိုတာပါ။

ပြောကြပါလိမ့်မယ် … ခင်ဗျားတို့ဘဲ စားကြတာလေလို့…။ ဒီလိုတော့ရှိပါတယ်…၊ လူတွေကို အပြစ်ရှိလို့… မပေးမဖြစ်လို့ သေဒဏ်ပေးကြတဲ့အခါ… အမြန်ဆုံး အသက်ထွက်ဖို့…
အသက်သာဆုံးနည်းနဲ့… သေနိုင်ဖို့ အမျိုးမျိုး… ကြံဆထားကြမြဲမို့လား…။ ကြက်၊ ၀က် အစရှိတဲ့ သတ္တ၀ါတွေ ကိုရော နေရသမျှ အချိန်လေးအတွင်းမှာ သက်သက်သာသာလေး
ထားရင် … သယ်ဆောင်ရင် အဆင်ပြေ နိုင်ပါရက်ကနဲ့… သတ္တ၀ါတွေကို မသနားတဲ့ အလကားလူတွေ ဒီမှာ အတော်များလာပုံပေါ်ရဲ့…။

အခုတော့ … မမြင်ဝံ့… မနေသာတဲ့ သူတွေက ဂျာနယ်စာမျက်နှာပေါ် တင်လာ ကြပါပြီ…။ ဖတ်ကြည့်ဆင်ခြင်ကြပါစို့ရယ်…။

အိမ်ရှင်ကို မောင်းထုတ်ခြင်းလို့ ဆိုနိုင်မလား


ခေတ်တွေက ပြောင်းလာတာနဲ့အမျှ… လူ့လောဘတွေနှိပ်စက်ခံရတဲ့… ကမ္ဘာမှာ… စကားပုံတွေတောင် အပြောင်းအလဲ လုပ်ရတော့မယ် ထင်ပါရဲ့… ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့
အစား လူနဲ့ဆင် ယာပြင်မှာ တွေ့ပြီခင်ဗျ…လို့လေ…။ သူတို့နေတဲ့နေရာကို သွား နယ်ချဲ့တာက လူတွေပါ…။ ေ

နစရာမရှိ စားစရာပြတ်လို့ ၀င်လာတော့ … သူတို့ကိုပြန်ပြီး သူခိုးလို့ ဟစ်ပြန်တာကလဲ လူတွေပါဘဲ…။ဘေးမဲ့နယ်မြေထဲထိ နယ်ချဲ့တာတော့ မကောင်းပါဘူးဗျာ… ဆင်ခြင်ကြပါလို့…
ရေးထားတဲ့…သပိတ်ကျင်းနားက ရွှေဥဒေါင်းတောင် ဘေးမဲ့တောမှာ ဖြစ်နေတဲ့ လူနဲ့ဆင် ပဋိပက္ခ အကြောင်းလေးပါ… ဖတ်ကြည့်ပါဦး…။

ပြည်ပရောက်တွေကို စာနာတဲ့ လူထုစိန်ဝင်း


ခုအခါမှာ… နိုင်ငံကြီးငယ် အသွယ်သွယ်ကို အမယ်မယ်သော အကြောင်းများနဲ့ ရောက်သွားတဲ့ မြန်မာနိုင်ငံသား အတန်ပင်များလို့နေပါပြီ…။ ဒီအထဲ… မလွှဲသာလို့ ခွဲခွါခဲ့ရသူများလည်း
အရေအတွက်အားဖြင့် နည်းမယ် မဟုတ်ပါဘူး။ ပြန်လာချင်သူ မလာချင်သူရယ် လို့လဲ ခေါင်းစဉ်ခွဲ လို့ရနိုင်မှာပါ…။

လူထုဦးစိန်ဝင်း ကတော့ မည်သူမဆို အခြေအနေ တခုခုမှာဖြင့် အိမ်ပြန်ချင်စိတ်လေးတွေ အလုံးအရင်းနဲ့ ပေါ်လာတတ်ကြမယ် လို့ ယုံကြည်နေပုံပါဘဲ…။ အိမ်ပြန်ခဲ့ပါတဲ့… ချစ်သူတွေ
ပြန်လာပါစေတဲ့… ဆုမွန်တွေ ခြွေနေရှာပါတယ်… ။ ကိုယ်ပါ… ငိုချင်ရဲ့…။

နာဂ နဲ့ သတင်းထောက်


မရောက်တာ ကြာပြီလား မိတ်ဆွေ…။ ဖတ်ကြည့်ပါဦးလေ… တို့တိုင်းပြည် က နာဂတိုင်းရင်းသားတွေရဲ့ နှစ်သစ်ကူးတဲ့ပွဲ တဲ့။ ရေးသူက ကွန်ပျူတာရှေ့က သတင်းထောက် ဖြစ်မယ်
ထင်တယ်။ အင်းလေ - နာဂတောင်တန်းအထိ ကွင်းဆင်းပြီးရေးဖို့ စရိတ်ကလည်း ဘယ်လို တတ်နိုင်မှာလဲ၊ ရန်ကုန်မှာ အင်တာဗျူးစရာ နာဂလူမျိုးလည်း ရှာလို့ မရနိုင်ဘူး ဆိုတော့
ဒီလိုပဲ ရေးရတော့မှာပေါ့။
ပေါ့ပ် စာမျက်နှာ
နှစ်သစ်ဆုတောင်း ဆိုတာကို အနုပညာသည်တွေနဲ့ တင်ပြထားပါတယ်…။ ဒီထဲက အားလုံး စိတ်ဝင်စားမယ် ထင်တာကတော့… တေဇ အချစ်တော် နောက်ဆုံးပေါ် “ရွှေစင်” ပေါ့…။

ပရိသတ်ကို ဘယ်လိုချစ်မလဲတော့ မသိ တေဇ မော်တော်ကားကို အချစ်အစမ်းကောင်းတာ… ဘေးက ကားနှစ်စင်းကိုပါ လျော်လိုက်ရဆိုဘဲ…။ အချစ်ကတော့ ခပ် ကြမ်းကြမ်းဘဲ…ဟဲဟဲ။
ပူပူနွေးနွေး သတင်းလေးခင်ဗျ… မိုးမခမှာ ဖတ်လိုက်ရတာလေ… … ဘယ်ကြာသေးလို့တုန်း။

http://www.moemaka.com/

ကျိုက်မရောနယ်တွင် လောင်းကစားဝိုင်းများကြီးထွားလာ
စိုးစိုး၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆန်း ၈ရက်။ဇန်နဝါရီ ၁၂၊၂၀၁၁။
စိုးစိုး(ဇန်နဝါရီ-၁၂)။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်းကျေးရွာတွင် လက်နက်ချမွန်ငြိမ်းချမ်းရေးကောင်စီများက ဇာတ်ပွဲများသွင်းပြီး လောင်းကစားဝိုင်းများ
ဗြောင်ဗြောင်တင်းတင်းထောင်ထားသည်ဟု ဒေသခံများမှပြော ပါသည်။

ဤကဲ့သို့ပွဲတော်ကိုဘန်းပြပြီး အလောင်းကစားဝိုင်းများမှ အကောက်အခွန်များကိုကောက်ယူပြီး ပွဲရက်ရှည်ရှည် ပြသခြင်းကို ဒေသခံများက


မကြိုက်နှစ်သက်ကြောင်းဒေသခံတစ်ဦးမှယခုလိုပြောပါသည်။

“ဇာတ်ပွဲတွေကို တစ်ပွဲပြီးတစ်ပွဲသွင်းနေတယ်။ ရွာကလူတွေကတော့ ပွဲပြတာကို အကြောင်းမဟုတ်ပေမယ့် ပွဲကြောင့်အလုပ်ကောင်းကောင်းမလုပ်ရဘူး၊


အဲဒီအတွက်ကြောင့်စိတ်ညစ်နေရတယ်။ အခုပွဲကကော့ဒွန်းရွာရဲ့ ဘုရားပွဲမဟုတ်ဘူး။ ဘုရားပွဲကပြာသိုလဆုတ(၁)ရက်
် နေ့မှစမှာ။ အခုပွဲကမွန်ငြိမ်းချမ်းရေးအဖွဲ့တွေက သူတို့ဟာ
သူတို့သွင်းထားတဲ့ပွဲပါ။ ကျေးရွာဥက္ကဌဆီမှာလဲ အခွင့်မတောင်းထားဘူး။ ဘယ်သူကိုမှလဲ သူတို့ကမကြောက်ဘူး”

ထိုလောင်းကစားဝိုင်းတွင် ဖဲဝိုင်း အနီထောင်ဝိုင်း အံဂလုံဝိုင်းအစုံရှိနေသည်ဟု ဒေသခံရွာသူတစ်ဦးမှ ပြောပါသည်။


ဤလောင်းကစားဝိုင်းကိုမွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ရံပုံငွေအတွက် ဖွင့်ထား သည်ဟု အဖွဲ့နှင့်နီးစပ်သူတစ်ဦးမှအခုလိုပြောပါသည်။

“ဟုတ်ကဲ့။ ဒီမွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ရံပုံငွေအတွက်ပေါ့နော်။ အဲဒီမှာသက်ဆိုင်ရာ စစ်အာဏာပိုင်တွေနဲ့ ညှိပြီးတော့ အခုလိုလောင်းကစားဝိုင်းတွေ


ဖွင့်ထားတာရှိတယ်ခင်ဗျာ့။ အဲသူတို့အတွက် ကျတော့ တစ်နေ့ကိ(ု ၃)သိန်းလောက် တော့ရတယ်လေ။ အဲဒီတော့ဖွင့်ထားတာကတော့ အခုဟာလနဲ့ချီ တော့မယ်။
ဒေသခံအာဏာပိုင်တွေနဲ့ သူတို့နဲ့ညှိပြီးမှလုပ်တဲ့ကိစ္စဆိုတော့ ပြသနာတော့မရှိဘူးလေ။”

အလားတူ မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့တွေအခြေချရာ ကော့ကရိတ်မြို့နယ် ကော့ပေါက် ကျေးရွာတွင်လည်း လောင်းကစားဝိုင်းတွေဖွင့်လှစ်ထားပြီး


ယခုလိုလောင်းကစားဝိုင်းများ တရားဝင်ပုံစံလိုဖွင့် ထားခဲ့သည့်အတွက်ကြောင့် မိသားစုလူနေမှုဘ၀ထိခိုက်မှုရှိနေသည်ဟု ဒေသခံကျောင်းဆရာတစ်ဦးမှ ပြောပါ သည်။

“ထိခိုက်တယ်ဆိုတာကတော့ သိသလောက်ပေါ့နော်။လူကြီးတွေမကဘူး ကျောင်းသားတွေလဲ ဒီလောင်း ကစားဝိုင်းမှာ ရောက်ရောက်နေတယ်။ အဲပြီးတော့


လောင်းကစားအကျိုးအတွက်ကြောင့်ပေါ့နော်။ အိမ်ထောင်ရေး ဘက်မှာ ပြသနာဖြစ်ခဲ့သူတွေလဲအများကြီးရှိတယလေ။ တချို့ဆိုရင်ဆိုင်ကယ်တွေပေါင် ခြံတွေပေါင်ရတဲ့
အဆင့်အထိတောင်။ အဲဒီအခြေအနေလေးတွေ ရောက်နေတယ်။ တချို့ကျတော့ ကစားသမား တို့ရဲ့သဘာဝပေါ့နော်။ နိုင်ရင်လဲသောက်လိုက် စားလိုက်ကုန်သွားတာဘဲ။ ရှုံးရင်တော့
အကြွေးတင် တာပေါ့ဗျာ။ အခုအကြွေးတင် နေတာအများကြီးရှိတယ်။ ကျွန်တော်တို့သူငယ်ချင်းအပေါင်းအသင်းထဲမှာ အများကြီး။ အဲဒီလို အဖြစ်မျိုးနဲ့ တွေ့နေရတယ်။
ပြီးတော့မိသားစုဘ၀အတွက်ပေါ့နော် ထိခိုက်နိုင်တယ်။”

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့သည် (၂၀၁၀)ခုနှစ်အောက်တိုဘာလ(၂၆)ရက်နေ့တွင် စစ်အစိုးရ ထံ၌ လက်နက်အပ်နှံခဲ့ပြီး ဒီဇင်ဘာလ(၁)ရက်နေ့တွင်


ဒုတိယအကြိမ်လက်နက်ထပ်မံအပ်နှံခဲ့ပါသည်။ ဒီဇင်ဘာလ လောက်တွင် ယခုလိုလောင်းကစားဝိုင်းတွေဖွင့်ပြီး ရံပုံငွေရှာနေခဲ့သည်ဟု အဖွဲ့နှင့်နီးစပ်သူတွေက ပြောပါသည်။
မွန်ပြည်နယ်အတွင်း မိုးရွာခြင်းကြောင့်ဆားလုပ်ငန်းရှင်များအရှူံးပေါ်
စိုးစိုး၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆန်း ၈ရက်။ဇန်နဝါရီ ၁၂၊၂၀၁၁။
စိုးစိုး(ဇန်နဝါရီ-၁၂)။ ။မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ပငကျေးရွာတွင် ဆားလုပ်ကိုင်နေသူများမှာ မိုးရွာခြင်းကြောင့် ဆားကွင်းများ ပျက်စီးသွားကာ
ဆားလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသူများ အရှုံးပေါ်နေသည် ဟုဒေသခံများမှ ပြောပါသည်။

ပငကျေးရွာတခုထဲတွင် စုစုပေါင်း ဆားကွင်းဧက တစ်ထောင်(၁၀၀၀)ကျော်ရှိနေပြီး မိုးရွာချခြင်းကြောင့် ဆားကွင်းများ ပျက်စီးသွားကာ လယ်ဧက(၃၀)ကျော်ရှိသည့် နိုင်အောင်လူရည်မွန်


ဆားကွင်းသည် တစ်လ အတွင်းတွင် ၂၈ သိန်းဝန်းကျင်လောက် အရှုံးပေါ်ခဲ့သည်ဟုဆိုပါသည်။

“ဆုံးရှုံးတာကတော့တော်တော်ကို ဆုံးရှုံးနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်က ဆားတွေကို စုတဲ့အချိန်လေ။ မိုးကဆက်တိုက်ရွာနေတော့ အရင်လကအရှုံးပေါ်ခဲ့တာကို


ဒီလမှာပြန်ဆယ်လို့ရမယ်လို့ ထင်ထားတာ။ ဒီလအထိမိုးကရွာနေတယ်လေ ဘယ်လိုမှမတတ်နိုင်ဘူး ဖြစ်နေတယ်” ဟု ပငကျေးရွာရှိ နဲာအောင်လူရည်မွန် ကပြောပါသည်။

မိုးရွာသွန်းပြီး ဆားကွင်းများပျက်စီးသွားသော်လည်း ဆားဈေးနှုန်းသိသိသာသာပြောင်းလဲမှုမရှိပဲ ပုံမှန်အနေ အထားမှာရှိနေသည့်အတွက် ဆားလုပ်ငန်းရှင်များအဖို့ လုပ်သမားခနှင့်


ဆားကွင်းထဲဆားငံရည်များထည့်သွင်းဖို့ ဓါတ်ဆီဖိုးများကြောင့် အရှုံးပေါ်ခဲ့ရကြောင်းသိရှိရပါသည်။

“ဆားရဲ့ဈေးနှုန်းက ပုံမှန်အတိုင်းပဲ။ မိုးကရွာနေပေမယ့် မနှစ်ကနွေရာသီကရှည်တယ်လေ။ အဲဒီမှာ သိုလှောင်ထားတဲ့ ဆားတွေကြောင့် ဆားရဲ့ဈေးနှုန်း ထိုးတက်သွားတာမရှိပါဘူး။


သုံးစွဲတဲ့သူတွေ အတွက်တော့ အဆင်ပြေပါတယ်။ ဆားလုပ်တဲ့သူတွေအတွက်ပဲခက်တယ် အစ်ကိုတို့ဆီမှာ ဆားကွင်း (၃၀) ဧကနဲ့အလုပ်သမားက အယောက်(၃၀)ရှိတယ်။
နောက်ပြီးဆားငံရည်သွင်းဖို့ ဓါတ်ဆီဖိုးတွေ အဲဒါတွေရှုံးတာပေါ့” ဟု ဆားလုပ်ငန်း ပိုင်ရှင်တစ်ဦးက ဆိုပါသည်။

အလားတူ မွန်ပြည်နယ်ပေါင်မြို့နယ်ဆားကွင်းမှာလည်း ပျက်စီးမှုများပြားခဲ့သည်ဟုဒေသခံများမှပြော ပါသည်။


ဆားကွင်းထဲတွင် ဆားငံရည်များကို နေလှန်းအခြောက်ခံစဉ် မိုးရွာသွန်းခဲ့သောကြောင့် ပျက်စီးခဲ့သည် ဟုဆားလုပ်ငန်းရှင်များမှပြောပါသည်။ မြန်မာနိုင်ငံတွင် ဆားလုပ်ငန်းကို
ဧရာဝတီတိုင်း မွန်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အဓိကထုတ်လုပ်နေပါသည်။ ယခင်နှစ်ကစာရင်းအရ မွန်ပြည်နယ် ရန်ကုန် ရခိုင်ပြည်နယ်တွင်ရှိသည့်
အစိုးရဆားလုပ်ငန်းများမှ ဆားတန်ချိန(် ၃၈၀၀၀)ကျော်ထွက်ရှိပြီး ပုဂ္ဂလိက ဆားလုပ်ငန်း များမှ တန်ချိန်(၃၀၀၀)ကျော်ထွက်ကြောင်းထုတ်ပြန်ထားမှုရှိနေပါသည်။
http://www.kaowao.org/

သျှမ်းပြည်မြောက်ပိုင်း အဖွဲ့အစည်းများ ကားလိုင်စင် အသီးသီးရ


Wednesday, 12 January 2011 17:44 သျှမ်းသံတော်ဆင့်

ပြီးခဲ့တဲ့လနှောင်းပိုင်းက (ယခင် အပစ်ရပ်သျှမ်းတပ်ဖွဲ့) ဆိုင်ကျော့ပြည်သူ့စစ်၊ လွယ်ဖာကာလိပြည်သူ့စစ်နှင့် မိုင်းခေး ပြည်သူ့စစ်တို့အား နအဖက ကားလိုင်စင် အစီးရေ ၃၀
ထက်မနည်း ချပေးသည့်အပြင် ကေဒီအေ အပါအ၀င် ကြံ့ဖွံ့လွတ်တော် အမတ်လောင်းများလည်း ကားလိုင်စင်များ ရရှိကြောင်း စုံစမ်းသိရှိရပါသည်။

တိုက်ကား တိုယိုတာကား
“ ဦးလွယ်မောဝ်း တို့ အဖွဲ့ဘဲ မဟုတ်ဘူး။ တခြားပြည်သူ့စစ်တပ်ဖွဲ့လဲရတယ်။ စာရင်း အဓိအကျ မသိရတာ ဗိုလ်မွန်း ဦးဆောင် တဲ့ ၀မ့်ပန်ဌာနေပြည်သူ့စစ် အဖွဲ့ဘဲ” ဟု လားရှိုး ရမခ
စစ်တိုင်းရုံးနှင့် နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါသည်။

မူဆယ်မြို့နယ် မိုင်းပေါ်ပြည်သူ့စစ်ခေါင်းဆောင် ဦးဂမ်မိုင် ၂ စီး၊ ကွတ်ခိုင်မြို့နယ် ဖောင်းဆိုင်ပြည်သူ့စစ် ဦးတီခွန်မြတ် ၂ စီး၊ တာမိုးညဲပြည်သူ့စစ်ခေါင်းဆောင် ၀မ်ကွေ့တာ ခေါ်
ဦးမြင့်လွင်က ၂ စီး နှင့် နမ့်ခမ်းမြို့နယ် ပန်းဆေးကျေးရွာအုပ်စု အခြေစိုက် ပန်းဆေးကျော်မြင့် အတွက် ၂ စီး၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းသည့် ကေဒီအေ က ၁၅ စီး အသီးသီး
ရရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောပြပါသည်။

တိုက်ကား ဟိုင်းလက်ကား
“တိုင်းပြည်ကို မိမိကိုယ်ကျိုးစီးပွား နဲ့ လှဲလှယ်တဲ့သူတွေ၊ နအဖ ကလဲ အဲဒီအားနည်းချက်ကို သိတယ်လေ။ ခေတ်အဆက်ဆက် သုံးလာတဲ့နည်းဘဲ။ သူတို့အလိုအတိုင်းမလိုက်တဲ့
ဗိုလ်ချုပ်ပန်ဖှခေါင်းဆောင်တဲ့ ၀မ့်ဟိုင်း (တပ်မဟာ ၁ ) ကိုတော့ ထိုးစစ်ဆင် တိုက်ခိုက်တယ်။ အဲဒါဘဲကြည့်တော့”- ဟု လားရှိုးသား တဦးကပြောပါသည်။

ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းသွားသည့် ဦးလွယ်မောဝ်း နှင့် ဦးကိုင်ဖ အဖွဲ့ခေါင်းဆောင် သည့် အဖွဲ့အား ပြီးခဲ့သည့်လ နှောင်း ပိုင်းက မော်ဒယ်သစ် ကားအစီး (ပရာဒို၊ ပါဂျဲရိုး၊ မတ်တူး၊
ဗီဂို၊ တိုက်ကား) ၃၀ အခမဲ့ချပေးခဲ့၏။ လိုင်စင်ကြေး များပေးရမည်ဆို ပါက ကျပ်သန်း ၉၀၀ ထက်မနည်းကုန်ကျဖွယ်ရှိကြောင်း၊ အဆိုပါကားတစ်စီးစီ၏ ကာလတန်ဖိုးမှာ ကျပ်သိန်း ၁၀၀၀
အထက်ရှိနေကြောင်း ဆိုင်ကျော့ပြည်သူ့စစ်ခေါင်းဆောင်နှင့်ရင်းနှီးသူတဦးက ပြောပြသည်။
ဘိန်းထွက်ချိန် ရက်ပိုင်းအတွင်း ဘိန်းဈေး ၂ ဆ နီးပါးတက်
Wednesday, 12 January 2011 17:05 သျှမ်းသံတော်ဆင့်

၂၀၁၀ - ၂၀၁၁ ခုနှစ် ဘိန်းထွက်ရာသီ ဖြစ်သည့် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းမှ ယခုနှစ် ဂျန္န၀ါရလဆန်းပိုင်း အထိ ရက်ပိုင်းအတွင်း ဘိန်းစိမ်းဈေးများ ၂ ဆခန့် တက်လာကြောင်း
အကြားအမြင်များသည့် သျှမ်းပြည်(မြောက်ပိုင်း) ဒေသခံများ အဆိုအရ သိရသည်။
ဘိန်းမည်း (ဓါတ်ပုံ - သျှမ်းသံတော်ဆင်)့
မူရင်းဘိန်းထွက်နေရာများ၌ ဒီဇင်ဘာလကုန်ပိုင်းက ဘိန်းစိမ်းတစ်ပိဿာ ကျပ် ၃ သိန်းခွဲ ၀န်းကျင်ဈေးပေါက်ပြီး ဂျန္န၀ါရလဆန်းပိုင်းတွင် တစ်ပိဿာကျပ် ၅ သိန်းအထိ
ထိုးတက်လာကြောင်း သိရသည်။

ထိုသို့ ဈေးတက်လာရခြင်းမှာ ဘိန်းဝယ်ယူ သိုလှောင်သူ များပြားလာပြီး ၀ယ်လိုအားများလာ၍ ဖြစ်ကြောင်း လားရှိုး ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီရက်ပိုင်းအတွင်းမှာပဲ ဘိန်းဈေးက ၂ ဆနီးပါးထိုးတက်သွားတယ် ဘိန်းစထွက်တဲ့အချိန် ဒီဇင်ဘာလကုန်ပိုင်းက တစ်ပိ ဿာ ၃ သိန်းဝန်း ကျင်ပေါက်တယ် အခုဇန်န၀ါရီလ


၁၀ရက်လောက်အတွင်း ၅ သိန်းဝန်းကျင် ဖြစ်လာတယ် ဒါက ဘိန်းထွက်တဲ့ဒေသပေါက်ဈေး ပေါ့နော် သိုလှောင်မှုများပြားလာလို့ဖြစ်တယ် သိုလှောင်နိုင်ရင် အမြတ်များများရတော့
ဘိန်းဝယ် လိုအား များလာတာပေါ့ ” ဟု သူက ဆိုသည်။

သိုလှောင်ထားသည့် ဘိန်းအဟောင်းသည် ဘိန်းအသစ်ထက် အရည်အသွေး ပိုမိုကောင်းမွန်ပြီး ဘိန်းရှားပါးချိန်တွင် ဈေး ကောင်းရကြောင်း သိရသည်။

“ဘိန်းအဟောင်းက ဘိန်းအသစ်ထက် အရသာပိုကောင်းတယ် အဆီထွက်နှုန်းကောင်းတယ် သုံးစွဲတဲ့သူတွေအနေနဲ့ ဘိန်း အသစ်ထက် အဟောင်းကို ပိုကြိုက်ကြတယ်” ဟု


နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ဘိန်းစိမ်းကို အခြားမူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုသည့် အပြင် အဆီချက်၍လည်း သုံးစွဲကြကြောင်း သိရသည်။

ယခုနှစ် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း ဘိန်းစိုက်ပျိုးမှုသည် ယခင်နှစ်ထက်ပိုမိုများပြားကာ နေရာအနှံ့မိုးရွာသွန်းခဲ့သဖြင့် ဘိန်းခင်းများ အထွက် ကောင်းကြောင်း သိရသည်။

မူးယစ်ဆေးဝါးများအနက် သုံးစွဲမှုအများဆုံးမှာ ယာဘ (ခေါ်) စိတ်ကြွရူးသွပ်ဆေးပြားဖြစ်ပြီး ဒုတိယအနေဖြင့် ဘိန်းဖြူနှင့် ဘိန်းမည်းတို့ကို သုံးစွဲကြကြောင်း သိရသည်။
http://www.mongloi.org/burmese/

ရခိုင်အခြေစိုက် နအဖတပ်ရင်း အများအပြား ကရင်ပြည်နယ်သို့ စစ်ကူ ပို့

1/12/2011
Adjust font size:

-------------
မောင်အေး
-------------
ရခိုင်ပြည်နယ်တွင် အခြေစိုက်သော တပ်ရင်း အများအပြားကို လက်ရှိ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းတွင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များနှင့် ဖြစ်ပွားနေသော စစ်ပွဲများတွင် ပါဝင်
တိုက်ခိုက်ရန် အတွက် စစ်ကူ ပို့ဆောင် နေကြောင်း ဒေသခံ မျက်မြင် ပြည်သူများနှင့် စစ်တပ်မိသားစုများက ပြောသည်။

လက်ရှိ ကရင်ပြည်နယ်ဘက်သို့ ထွက်ခွာနေသော စစ်တပ် တပ်ရင်းများမှာ ကျောက်တော်၊ မြောက်ဦးနှင့် စစ်တွေမြို့နယ်များတွင် အခြေစိုက်ထားသော တပ်ရင်းများ ဖြစ်ကြပြီး တပ်ရင်း
တခုစီတွင် အင်အား ၁၀၀ နှင့် ၂၀၀ အကြားရှိကြောင်း မျက်မြင်များက ပြောသည်။

“ ကျောက်တော်မြို့နယ် ဒေါင်းဒေါင်ယိုး အခြေစိုက်တဲ့ တပ်ရင်းတွေနဲ့ တခြားတပ်ရင်းတွေက စစ်သားတွေ ကို အလုံးအရင်နဲ့ စစ်ကားတွေနဲ့ ပို့နေတာ ခုဆိုရင် တပ်ရင်းတွေမှာ
စစ်သားတွေ မရှိသလောက် ဖြစ်သွားပါပြီ။ တပ်ရင်း လုံခြုံရေး အတွက် ကျန်းမာရေးအရ ရှေ့တန်းကို လုံးဝ မလိုက်နိုင်တဲ့ စစ်သားတွေနဲ့ မိသားစုတွေဘဲ ကျန်နေတာကို တွေ့ရပါတယ်။
တပ်ရင်းတွေမှာ အခု မြင်နေရတာကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေဘဲ ဖြစ်ပါတယ်” ဟု စစ်တပ်မိသားစုနှင့် ရင်းနှီးသူ တစ်ဦးက ပြောသည်။

ယခုလက်ရှိ ကရင်ပြည်နယ်ဘက်သို့ တပ်ကူ လိုက်သွားသော တပ်ရင်းများမှာ ကျောက်တော်အခြေစိုက် ၃၇၇၊ ၃၇၈၊ ၅၄၀၊ မြောက်ဦး အခြေစိုက် ၅၃၉၊ ၅၃၅ ပုဏ္ဍားကျွန်း အခြေစိုက်
၅၄၅နှင့် စစ်တွေ အခြေစိုက် ၂၅၂ တို့ဖြစ်ကြသည်။

စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက “ သူတို့ကို ဒီလ ၇ ရက် နေ့က တည်းက တပ်ရင်း အလိုက်ပို့နေတာ ဖြစ်ပါတယ်။ လစာတွေ ထုတ်ပီးတာနဲ့ ခြောက်သွေ့ရာသီ ထိုးစစ်ဆိုပြီး
အသုတ်လိုက် ကားတန်းတွေနဲ့ ပို့နေပါတယ်။ ရခိုင်ပြည်နယ်က တခြား သံတွဲ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်က တပ်ရင်းတွေနဲ့ ဆိုရင် တပ်ရင်း ၂၀ ကျော်ထိ ကရင်ပြည်နယ်ဘက်ကို
ပို့ဆောင်မယ် ထင်ပါတယ်” ဟု ပြောသည်။
မြောက်ဦး ဒေသခံ တစ်ဦးကလည်း “ဘယ်တပ်ရင်းတော့ မသိဘူး။ လွန်ခဲ့တဲ့ စနေနေ့က စစ်သား ၃၀၀ ခန့်ဟာ မြောက်ဦး နန်းရာကုန်းပေါ်မှာ တန်းစီပြီး အောင်မြေနင်းနေတာတွေ့
ရတယ်။ စစ်မထွက်ခင် မြောက်ဦး နန်းရာကုန်းရှင်မကို ဆီမီး နံ့သာတွေနဲက ပသ ပူဇော်တယ်လို့လည်း သိရပါတယ်။ နန်းရာကုန်း အောက်မှာလည်း စစ်ကားတွေအများကြီး ရပ်ထားတာ
တွေ့ရတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကရင် ရှေ့တန်းကို ပို့ဆောင်မည်ကို သိသော စစ်သား အများအပြားမှာလည်း ရခိုင်ဘက်မှ ကရင်ပြည်နယ်သို့ စစ်မထွက်မှီ တပ်မှ ထွက်ပြေးသွားကြကြောင်း အဆိုပါ
မြောက်ဦးမြို့ခံမှ ပြောသည်။

ယခင်ကလည်း မြန်မာနိုင်ငံအရှေ့ဘက်တွင် တိုင်းရင်းသား လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် အသုံးပြုရန် အတွက် ရခိုင်
အခြေစိုက် တပ်ရင်းများကို စစ်ကူလိုက်ရန် ပြောင်း ရွေ့မှုများရှိခဲ့သော်လည်း ယခုလောက် တပ်အင်အား မများပြားကြောင်း သိရသည်။

ယခု စစ်တပ်တပ်ရင်း အများအပြားကို ပို့ဆောင်နေခြင်းမှာ DKBA မှ နယ်ခြောင်းစောင့်အဖြစ် လက်မခံသည့် ဗိုလ် နှုတ်ခမ်းမွေးတပ်အပါ အ၀င် တခြား ငြိမ်းချမ်းရေး ယူထားသည့်
လက်နက်ကိုင် တိုင်းရင်းသားတပ်များနှင့် စစ်ရေးတင်မာနေသည့် အတွက် ပို့ဆောင်းခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင် နာမည်ကြီး သရုပ်ဆောင်များ ပါဝင်သော ဂီရိ နောက်ခံ ရုပ်ရှင်ကား ကျောက်ဖြူတွင် ရိုက်ကူးပြီ

1/12/2011
Adjust font size:

----------
စောစော
----------
ရခိုင်မှ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသော နေတိုးနှင့် ခန့်စည်သူတို့ ပါဝင်သည့် ဂီရိ နောက်ခံ ရုပ်ရှင်ကားကို ကျောက်ဖြူမြို့တွင် စတင် ရိုက်ကူးနေပြီ ဖြစ်သည်။

မျက်မြင် ဒေသခံ တစ်ဦးက “ ဒီလ ၁၀ ရက်နေ့မှာ ကျောက်ဖြူ အမှတ် (၁) ဖေါင်တော်မှာ ရိုက်ကူးပြီး ၁၂ ရက်နေ့မှာတော့ မြို့မကျောင်းမှာ ရိုက်ကူးပါတယ်။ လူတွေက စိတ်ဝင်တစားနဲ့
ကြိတ်ကြိတ် တိုးတိုး သွားကြည့်ကြပါတယ်” ဟု ပြောသည်။

ရုပ်ရှင် ရိုက်ကူးရာ ပါဝင်သူ သရုပ်ဆောင်များမှာ နေတိုး၊ ခန့်စည်သူ၊ ရဲတိုက်၊ ထွန်းထွန်းနှင့် မိုးဝေယံတို့ ဖြစ်ပြီး အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ညိုမင်းလွှင်က ရိုက်ကူးနေကြောင်း
သိရသည်။

ရုပ်ရှင်ကား၏ အမည်အား မသိရသေးသော်လည်း နေတိုးက ရေတပ်မှ အရာရှိ တစ်ဦး အဖြစ် သရုပ်ဆောင်ပြီး ထွန်းထွန်းမှာ ကြည်းတပ် အရာရှိ တစ်ဦး အဖြစ် သရုပ်ဆောင်ကြောင်း
ရုပ်ရှင် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဇာတ်ကားကို နောက်ရက် အတန်ကြာငယ် ကြာအောင် ရိုက်ကူးနိုင်ပြီး ကျောက်ဖြူမြို့ရှိ ရိုက်ကွင်းအလှအပ နေရာများတွင် ဆက်လက် ရိုက်ကူးရန် စီစဉ်နေကြောင်း သိရသည်။

ကျောက်ဖြူမြို့ခံ လူကြီး တစ်ဦးက “ ဇာတ်ကားကို ဂီရိလေဘေးသင့် ပြည်သူတွေကို အဓိက ကျောရိုးထားပြီး ရိုက်ကူးရင်တော့ စိတ်ဝင်စားစရာ ကောင်းပြီး လူတွေက
သဘောကျကြပါလိမ့်မယ်။ စစ်တပ်က အရာရှိတွေကို ဇာတ်ကောင်ထားပြီး တခါလာလည်း စစ်ဗိုလ် ဇာတ်လိုက် နှစ်ခါလာလည်း ရေတပ်ဗိုလ်က ဇာတ်လိုက် မဲပြာပုဆိုး ဇာတ်ကား
ဆိုရင်တော့ လူတွေက သဘောကျကြမှာ မဟုတ်သလို လူထု အတွက်လည်း ဘာမှ အကျိုးဖြစ်နိုင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ကျောက်ဖြူမြို့ သစ်ပုတ်တောင်တွင် အခြေစိုက်သော ရေတပ်ဌာနချုပ်မှာ ပြည်သူလူထုထံမှ ဆက်ကြေးများ ကောက်ပြီး လူထုကို အနိုင်ကျင့်နေသော ရေတပ် ဖြစ်သဖြင့် ရေတပ်ဗိုလ်ကို
အဓိက ဇာတ်ကောင်ထားပြီး ဂီရိ မုန်တိုင်းဒေသ နောက်ခံနှင့် ရိုက်ကူးသော်လည်း လူကြိုက် မများနိုင်ကြောင်း လေ့လာသူများက ပြောသည်။
ရခိုင်တွင် ရင်းနှီးမြုပ်နှံမူ ဗီယက်နမ်လည်း ပါဝင်လာ

1/12/2011
Adjust font size:
ရခိုင်ပြည်နယ် စီးပွားရေး လုပ်ငန်းများတွင် နိုင်ငံခြား ကုမ္ပဏီများ အများအပြား ရင်းနှီးမြုပ်နှံမူ ပြုလုပ်နေကြရာ ယခုအခါ ဗီယက်နမ်နိုင်ငံမှလည်း ရင်းနှီးမြုပ်နှံမူ ပြုလုပ်ရာတွင်
ပါဝင်လာသည်ဟု သတင်း ရရှိသည်။

ယခု ဗီယက်နမ်မှ ရင်းနှီးမြုပ်နှံမည့် စီးပွားရေး လုပ်ငန်းမှာ ရာဘာ စိုက်ပျိုးရေး လုပ်ငန်းတွင် ဖြစ်ပြီး ရာဘာ စိုက်ဧက ၁၂၉၀၀၀ တွင် ရင်းနှီးမြုပ်နှံမည် ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေး
သတင်း ရပ်ကွက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ရာဘာစိုက်ပျိုးရေး လုပ်ငန်းများကို ယခုအခါ တိုးချဲ့ စိုက်ပျိုး လုပ်ကိုင်လျှက်ရှိရာ အဓိက အားဖြင့် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မြောက်ဦး၊
ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် စိုက်ပျိုး လျှက်ရှိသည်။

ဘူးသီးတောင်မှ ဒေသခံ ရာဘာ စိုက်ပျိုးသူ တစ်ဦးက “ အခုလို ရင်းနှီးမြုပ်နှံမူတွေ ဗီယက်နမ် ကုမ္ပဏီတွေက ပြုလုပ်မယ်ဆိုတာ ကြားရတဲ့ အတွက် ၀မ်းသာပါတယ်။ ရော်ဘာ
စိုက်ပျိုးသူတွေ အတွက် အကျိုး ဖြစ်ထွန်းမူတွေ ပိုမို ရှိလာနိုင်သလို ဒေသ စီးပွားရေးကိုလည်း တိုးတက် လာစေနိုင်ပါတယ်” ဟု ပြောသည်။

သို့သော်လည်း ရခိုင်ပြည်နယ်တွင် ရာဘာ စိုက်ပျိုးမူကို မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ အဓိက လုပ်ကိုင်နေပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များမှ အနည်းငယ်သာ စိုက်ပျိုးလုပ်ကိုင် နေကြကြောင်း
သိရသည်။

ရခိုင်ပြည်နယ်တွင် ရာဘာ စိုက်ပျိုးနိုင်မှု ဧကမှာ သုံးသောင်းကျော်ခန့်သာ ရှိသဖြင့် ပြည်နယ်တွင်းရှိ စိုက်ပျိုးနိုင်သော မြေဧကနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းနေသေးသည်ဟု သိရသည်။
တချို့ မြို့နယ် များတွင် ရာဘာခြံများမှ ရာဘာစေးများ ထုတ်ယူရရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်ရှိ သဘာဝ သယံဇာ ရှာဖွေ တူးဖေါ်ရေး လုပ်ငန်းများတွင် တရုတ်၊ အိန္ဒိယနှင့် တောင်ကိုးရီယား ကုမ္ပဏီများမှ ရင်းနှီးမြုပ်နှံမူများရှိနေပြီး စိုက်ပျိုးရေး ကဏ္ဍတွင် ဗီယက်နမ်
နိုင်ငံ ရင်းနှီးမြုပ်နှံမူ ပြု လုပ်ရန် စီစဉ် လာခြင်းမှာ ပထမ ဆုံးဖြစ်ကြောင်း သိရသည်။
http://www.narinjara.com/burmese.asp

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး မပြတ်စောင့်ကြည့်ရန် အမေရိကန် ဆွေးနွေးမည်


2011-01-12
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဘယ်လို စောင့်ကြည့်သင့်သလဲဆိုတာကို နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီ ကလင်တန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန် အောက်လွှတ်တော်အမတ် Joseph Crowley က ဆိုပါတယ်။

(Photo: AFP)
နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် ဝိုင်းဝန်းဆီးကြိုသော လူထု
ပရိသတ်နှင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
နယူးယောက်မြို့က မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ဇန်နဝါရီ ၁၁ ရက် မနေ့က တနာရီကြာတွေ့ဆုံပွဲမှာ Joseph Crowley က ပြောလိုက်တာပါ။
မြန်မာပြည်မှာ နောက်ဆုံးဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ အပါအဝင် နယ်စပ်မှာ ကရင်လက်နက်ကိုင် အဖွဲ့နဲ့ စစ်ရေးအရ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတဲ့ ကိစ္စတွေပါ
ဆွေးနွေးပြောဆိုခဲ့တယ်လို့ အစည်းအဝေးမှာ ပါဝင်သူတဦးဖြစ်တဲ့ Burma Point က ကိုမိုးချမ်းက ပြောပါတယ်။
“လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကျွန်တော်တို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် အန္တရာယ်ကို စိုးရိမ်မှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အဓိက တွေ့ရခြင်း
ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီ လွှတ်တော်အမတ် ဂျိုးဆက် ခရော်လီ ကိုယ်နှိုက်ကလည်း မကြာသေးခင်ကမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြုံတွေ့နေရတဲ့ အန္တရာယ်နဲ့ ပတ်သက်လို့
သူက ပြောသွားတာ ရှိတယ်လေ။”
ဆွေးနွေးပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး ဦးမြင့်စိုးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ ပတ်သက်လို့ ၂၀၀၃
ဒီပဲယင်း လုပ်ကြံမှုဖြစ်တုန်းက အခြေအနေတွေကို ရှင်းပြခဲ့တယ် လို့ သိရပါတယ်။
ဒီမိုကရက် အောက်လွှတ်တော်အမတ် Joseph Crowley ဟာ မြန်မာ့အရေးကို ကာလကြာရှည် ထောက်ခံလာခဲ့သူ တဦးပါ။ သူရဲ့မွေးရပ် နယူးယောက်မြို့မှာလည်း
မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံလေ့ ရှိပြီး စစ်အုပ်ချုပ်ရေးအောက်က မြန်မာပြည်သူတွေ လွတ်မြောက်ရေးလှုပ်ရှားမှုကို ထောက်ခံအားပေးကြောင်း ပြသနေတဲ့
အမေရိကန်အမတ်တဦး ဖြစ်ပါတယ်။
အမေရိကန် အောက်လွှတ်တော်အမတ် Joseph Crowley နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ Burma Point က ကိုမိုးချမ်းကို RFA မှ မအင်ကြင်းနိုင် က
ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

က




်ေ

ြး

န်



က



ံဖို
င်

ူရ
န်
ABSDF အပေါ် ကန့်သတ်ချက် အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဖယ်ရှား
2011-01-12
အမေရိကန် ပြည်ထောင်စုမှာ ရွှေ့ပြောင်းနေထိုင်ခွင့် ရထားတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေထဲက ကျောင်းသားတပ်မတော်လို့ လူသိများတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ် တပ်ဦး ABSDF ကို ငွေကြေးပစ္စည်း ကူညီထောက်ပံ့ ပေးဖူးသူတွေအပေါ် ထိန်းချုပ်ထားတဲ့ အခွင့်အရေးတချို့ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက ပြန်လည်
ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

Photo: RFA
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် ကျင်းပသော မကဒတ အနှစ် ၂၀ မြောက် အထိမ်းအမှတ် အခမ်းအနားပွဲအပြီး ကျောင်းသားတပ်မတော်
ရဲဘော်ဟောင်းများကို တွေ့မြင်ရပုံဖြစ်ပါသည်။ (Photo: RFA)
RFA က မိတ္တူ လက်ခံရရှိထားတဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် အခြေစိုက် အမေရိကန်အစိုးရ နိုင်ငံသားစိစစ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန USCIS ကို ကိုးကားပြီး
အမေရိကန် အောက် လွှတ်တော်အမတ်တဦးရုံးက မြန်မာ့အရေး လုပ်ဆောင်နေသူတွေဆီ ပေးပို့တဲ့ အကြောင်းကြား စာမှာ အခုလို အတည်ပြု ရေးသားထားတာ ဖြစ်ပါတယ်။
ABSDF အဖွဲ့နဲ့ ပတ်သက်ပြီး ဆိုင်းငံ့ထားတဲ့ လူဝင်မှုကြီးကြပ်ရေး အမှုတွေကိုလည်း မကြာခင် ပြန်လည် ဆောင်ရွက်ပေးတော့မယ်လို့လည်း ဒီပေးစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရဟာ 9/11 အကြမ်းဖက် တိုက်ခိုက်ခံရမှုနောက်ပိုင်း ကမ္ဘာတဝန်း လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများကို အကြမ်းဖက်အဖွဲ့ စာရင်းထဲ သွင်းပြီး
စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့တချို့လည်း ပါဝင်ခဲ့ပါတယ်။
ဒီအတွက် ကုလသမဂ္ဂနဲ့ အမေရိကန်အစိုးရရဲ့ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်တဲ့ ဒုက္ခသည် ဘဝသစ် ပြန်လည် ထူထောင်ရေး အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့်
ရခဲ့သူတွေထဲက ABSDF ၊ KNU ၊ CNF စတဲ့ အဖွဲ့တွေကို ပံ့ပိုးကူညီခဲ့ဖူးသူတွေကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန က Green Card လို့ခေါ်တဲ့ အမြဲတမ်း နေထိုင်ခွင့်လက်မှတ်
ထုတ်မပေးပဲ ဆိုင်းငံ့ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အမေရိကန်အစိုးရဟာ ABSDF ကို အကြမ်းဖက် အဖွဲ့အစည်း စာရင်းထဲကနေ ပယ်ဖျက်ပေးလိုက်ပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး၊ အခု လူဝင်မှု
ကြီးကြပ်ရေးဌာနရဲ့ ဆိုင်းငံ့မှုတွေ ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
ကရင်ပြည်နယ် တိုက်ပွဲများမှာ ကလေးစစ်သားတွေ မြန်မာစစ်တပ် အသုံးပြု
2011-01-12
ကရင်ပြည်နယ် ဝေါလေ၊ ဖလူး ဒေသ တိုက်ပွဲတွေမှာ အခြေစိုက်တဲ့ စစ်အစိုးရတပ်တွေမှာ ကလေးစစ်သားတွေ များကြောင်း ကရင်အမျိုးသား အစည်းအရုံး ၊ KNLA တပ်ရင်း ၁၀၁ ကို
လက်နက်ချလာတဲ့ ကလေးစစ်သား တဦးက RFA ကို ပြောပါတယ်။

(Photo: AFP)
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲရှိ ရှေ့တန်း စစ်စခန်းတခုတွင် နအဖ တပ်ဖွဲ့မှ စစ်သားများကို တွေ့ရပုံ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရတပ်များနှင့် တိုင်းရင်းသား
လက်နက်ကိုင် တပ်ဖွဲ့များတွင် ကလေးစစ်သား ၇၀,ဝ၀ဝခန့် ရှိနိုင်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ခန့်မှန်းထားသည်။ (Photo: AFP)
လက်နက်ချခဲ့တဲ့ တပ်သား အောင်ကိုလင်းက သူနေခဲ့တဲ့ ၊ စစ်အစိုးရ စကခ (၈) အခြေစိုက်တဲ့ ဝေါလေ ဗျူဟာကုန်းမှာ သူတို့ စရောက်စ လွန်ခဲ့တဲ့ ၉ လလောက်က သူ့အရွယ်
ကလေးစစ်သား ၆၀ ကျော်လောက် ရှိခဲ့ပြီး ၊ နောက်ပိုင်း တိုက်ပွဲ ပြင်းထန်တာကြောင့် ကျဆုံးမှုတွေ များနေကြောင်း RFA ကို ပြောပါတယ်။
“စဆင်းလာတုန်းကတော့ အယောက် ၆၀ လောက် ရှိတယ်။ တိုက်ပွဲကျတာ၊ မိုင်းနင်းမိတာနဲ့ အကုန်လုံး ကျွန်တော်နဲ့အတူတူ ၉ ယောက်ပဲ ရှိတော့တယ်။ အခု ကျွန်တော်က
ပြန်ထွက်လာပြီ ဆိုတော့ ဟိုမှာ ၈ ယောက်ပဲ ရှိနေတယ် အခု။”
ဝေါလေဗျူဟာကုန်းမှာအခြေစိုက်တဲ့ စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် - စကခ (၈) လက်အောက်ခံ တပ်ရင်း ၄၀၉ က အသက် ၁၇ နှစ်အရွယ် တပ်သား အောင်ကိုလင်း ဟာ
ကရင်အမျိုးသား အစည်းအရုံး ၊ ကေအင်အယ်လ်အေ တပ်ရင်း ၁၀၁ ဗိုလ်မှူးကြီး စောဖောဒို တပ်ရင်း အခြေစိုက်တဲ့ နေရာကို ပြီးခဲ့တဲ့ ၇ ရက်နေ့က လက်နက်ချခဲ့တာပါ။
လက်ရှိ စကခ (၈) အခြေစိုက်တဲ့ ဝေါလေ ဗျူဟာကုန်းမှာ ရိက္ခာလည်း ပြတ်လပ်နေပြီး ဝိုင်းဝန်း ပိတ်ဆို့ ခံထားရတဲ့အတွက်လည်း ကျဆုံးမှုတွေ များနေတယ်လို့ တပ်သား
အောင်ကိုလင်းက ပြောပါတယ်။
တပ်သား အောင်ကိုလင်းနဲ့ ဆက်သွယ် မေးမြန်းပြီး RFA က ဦးဝင်းနိုင် စုစည်း တင်ပြထားပါတယ်။


်း

င်




က



ံဖို
င်

ူရ
န်
ဘတ်စ်ကားခ လျှော့ချရေး ကလေးမြို့မှာ ကျောင်းသားများ လမ်းလျှောက် အရေးဆို
2011-01-12
ကလေးမြို့မှာ ကျောင်းကားခတွေ ရုတ်တရက် မြှင့်တင်လိုက်တဲ့အတွက် တက္ကသိုလ် ကျောင်းသား ၃၀၀ ခန့်က အာဏာပိုင်တွေဆီမှာ ဇန်နဝါရီ ၁၂ ရက် ဒီကနေ့ မနက် အရေးဆို
တင်ပြကြတယ်လို့ သတင်းရရှိပါတယ်။
ဇန်နဝါရီ ၁၀ ရက် ပြီးခဲ့တဲ့ တနင်္လာနေ့က ကလေးမြို့ BOC ဓာတ်ဆီဆိုင် မီးလောင်ပြီးတဲ့နောက် လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်သွားခဲ့ပြီး၊ ကျောင်း ဘတ်စ်ကားခတွေကိုလည်း
အရင်က အသွားအပြန် ၁၀၀ ကျပ်ကနေ အခု အသွားအပြန် ၄၀၀ ကျပ်ထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။
ဒါကြောင့် ကလေးမြို့ရဲ့ မြို့ပြင်တွေမှာ တည်ဆောက်ထားတဲ့ GTC တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နဲ့ ကလေးတက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေက ဒကစ (ဒေသဆိုင်ရာ
ကွပ်ကဲမှု စစ်ဌာနချုပ်) ရုံးထိ ခရီးရှည် လမ်းလျှောက်ပြီး ဘတ်စ်ကားခတွေ လျှော့ပေးဖို့ အရေးဆိုခဲ့ကြတယ်လို့ ဒေသခံတဦးက RFA ကို ပြောပါတယ်။
“ကလေးတွေက ကားခ မတတ်နိုင်တဲ့ အခြေအနေ ဖြစ်သွားတဲ့အခါကျတော့ အဲဒီ တက္ကသိုလ်ကြီး သုံးခုကနေပြီး ကျောင်းသား ကျောင်းသူတွေက နှစ်ယောက်တတွဲ၊ သုံးယောက်တတွဲ
လမ်းလျှောက် ချီတက်လာကြပြီးတော့ ဒကစ ရုံးရှေ့ကို သွားပြီးတော့ အရေးဆို တောင်းဆိုကြတာဗျ။ မနက် ၅ နာရီလောက်ကတည်းက ခြေလျင် လျှောက်ခဲ့ကြတာဗျ။ သူတို့
မိုင်ရှည်ကြီးပဲဗျ၊ လမ်းလျှောက်ကြတာ။”
အဲဒီလို ကျောင်းသားတွေ ညီညီညွတ်ညွတ်နဲ့ အရေးဆိုလိုက်တဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ကျောင်းကားကို အသွား ၁၀၀ ကျပ်-အပြန် ၁၀၀ ကျပ်နှုန်း ဖြစ်အောင် ညှိနှိုင်း
ဆောင်ရွက်ပေးလိုက်တဲ့အတွက် ကျောင်းသူ ကျောင်းသားတွေလည်း လက်ခံလိုက်ကြတယ်လို့ ပြောပါတယ်။
မနက် ၅ နာရီခန့်က စတင်ပြီး လမ်းပေါ်ထွက် အရေးဆို ဆန္ဒပြတာတာ တက္ကသိုလ် ကျောင်း ၃ ကျောင်း ပေါင်းရင် ၈၀၀ ခန့် ရှိတယ်လို့လည်း အိန္ဒိယအခြေစိုက် မဇ္ဈိမသတင်းဌာနက
ရေးသားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်ကလည်း စစ်အစိုးရက လောင်စာဆီဈေးနှုန်းတွေ အဆမတန် တိုးမြှင့် သတ်မှတ် လိုက်တဲ့အတွက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ လမ်းလျှောက်
ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ စစ်အစိုးရက လောင်စာဆီ ရောင်းချခွင့်ကို ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးခဲ့ပါတယ်။
ဒါပေမဲ့ တင်သွင်းမှုနဲ့ သုံးစွဲမှု လုံလောက်အောင် မဆောင်ရွက်နိုင်သေးတဲ့အတွက် ဓာတ်ဆီကို လိုအပ်သလောက် မရောင်းပေးနိုင်သလို ပြင်ပမှာလည်း မှောင်ခိုဈေးနှုန်းနဲ့
ရောင်းဝယ်တဲ့စနစ် ဆက်လက် တည်ရှိနေပါသေးတယ်။
NDF ပါတီ အနိုင်ရ ကိုယ်စားလှယ်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တရားစွဲ
2011-01-12
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ကနေ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့တဲ့ ဒေါက်တာ မြတ်ဉာဏစိုးကို ရှုံးနိမ့်သွားခဲ့တဲ့
ပြိုင်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် စာရေးဆရာ တက္ကသိုလ် မြတ်သူက ရွေးကောက်ပွဲ မသမာမှုနဲ့ တရားစွဲဆိုလိုက်တယ်လို့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက RFA ကို
ဇန်နဝါရီ ၁၂ ရက် ဒီကနေ့ ပြောပါတယ်။

(Photo: RFA)
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အဖွဲ့ဝင်များ ဒဂုံမြို့သစ်ရှိ နေအိမ်တခု၏ ခြံဝတွင် ဤအိမ်သည် ပြည်ခိုင်ဖြိုး ပါတီဝင်ပြီး ဖြစ်ကြောင်း ဆိုင်းဘုတ်ကို အိမ်ရှင်၏ ခွင့်ပြုချက်မယူပဲ
သံရိုက်တပ်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
“ကျွန်တော်တို့ မြင်သလောက်ကတော့ တခြား ဒီမိုကရက်တစ်တို့ ဘာတို့ တရားစွဲတာ ကြားနေတာပဲဗျာ။ အခုကျတော့ ကျွန်တော်တို့ ပါတီပါ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဝင်စွဲပြီလို့
တွေ့ရတာပေါ့ဗျာ။ အဲဒီတော့ ဘယ်လိုကြောင့် စွဲတယ်ဆိုတာတော့ သူတို့မှ သိမှာပေါ့ဗျာ။ စွဲတယ် စွဲပုံစွဲနည်းကတော့ သိပ်ကြည့်တော့ မကောင်းဘူးပေါ့ဗျာ။ ဟို ကြိုတင်မဲတွေကို
ဒေါက်တာ မြတ်ဉာဏစိုးက မရအောင် လုပ်တယ် ဆိုတာကြီးကတော့ ကျွန်တော်လည်း နားမလည်ဘူးဗျာ၊ ဘယ်လို သွားလုပ်နိုင်မှာတုန်းဗျာ ကျွန်တော်တို့က။”
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးမြတ်သူရဲ့ တရားစွဲဆို တိုင်တန်းချက် မိတ္တူကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ခေါ်ယူပေးအပ်ခဲ့တာလို့ တရားစွဲခံရတဲ့ NDF
ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။
“ကျွန်တော့ကို ရန်ကုန်တိုင်း ကော်မရှင်ကနေပြီးတော့ သူတိုင်တဲ့ တိုင်ချက်တွေကို ကျွန်တော့ကို ပေးပါတယ်ခင်ဗျ။ သူတိုင်ထားတာကတော့ ၇ ချက် ၈ ချက်လောက် ရှိပါတယ်။ အဲဒီတော့
ကျွန်တော်က ၂၆ ရက်နေ့ကျရင် နေပြည်တော်မှာ သွားပြီးတော့ ဒီဟာကို ခုခံချေပရမှာ ဖြစ်ပါတယ်။ ကျွန်တော် ထုချေလွှာကိုတော့ လေးရက် ကြိုတင်ရမယ်ဆိုတော့ ဒီလ ၂၀ ရက်နေ့
ဝန်းကျင်လောက်တော့ တင်ပါမယ်ခင်ဗျ။”
ဒေါက်တာ မြတ်ဉာဏစိုးဟာ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နဲ့ ဒေါပုံ ၅ မြို့နယ်ကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄) က ဝင်ရောက်
ယှဉ်ပြိုင်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာ မြတ်ဉာဏစိုးအပေါ် အခုလိုတရားစွဲဆိုမှုဟာ NDF ပါတီကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပထမဆုံး တရားစွဲဆိုမှုလည်း ဖြစ်ပါတယ်။
စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ မနှစ်က နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ၇၄ ရာနှုန်း အနိုင်ရရှိတယ်လို့ ကြေညာထားပြီး
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ-မြန်မာနဲ့ NDF အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု စတဲ့
ပြိုင်ဖက်ပါတီအသီးသီးက အနိုင်ရလွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးခန့်ကို ရွေးကောက်ပွဲ မသမာမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။
တရားစွဲဆိုခံရတဲ့ NDF ပါတီရဲ့ အထက်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။



်ေ

ြး

န်



က



ံဖို
င်

ူရ
န်
ဂီရိမုန်တိုင်းဒုက္ခသည်များအား ဒေါ်လာ တသန်းခွဲ အမေရိကန် ထပ်မံကူညီမည်
2011-01-12
ရခိုင်ပြည်နယ်က မုန်တိုင်းဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့နိုင်ဖို့ အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ တသန်းခွဲ လှူဒါန်းမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက
ဇန်နဝါရီ ၁၁ ရက် မနေ့က ပြောပါတယ်။

(Photo: RFA Listener)


ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်က ဆိုင်ကလုံး ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် လေဘေးဒုက္ခသည်များ ကျောက်ဖြူမြို့ရှိ ဘုန်းကြီးကျောင်းတခုသို့ စုရုံး ရောက်ရှိလာပုံ
ဖြစ်ပါသည်။ (Photo: RFA Listener)
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Nicole Thompson က RFA ကိုပြောဆိုခဲ့ရာမှာ အခု လှူဒါန်းတဲ့ငွေဟာ နောက်ဆက်တွဲ ထောက်ပံ့ကူညီတာပါ။ ရခိုင်ပြည်နယ်က
ဂီရိမုန်တိုင်းဒုက္ခသည်တွေရဲ့ အမိုးအကာ၊ သောက်ရေ၊ အသုံးအဆောင်ပစ္စည်းတွေအတွက် အမေရိကန်အစိုးရနဲ့ ပြည်သူတွေက ဒေါ်လာ သုံးသိန်းကျော်ဖိုး လှူဒါန်းထားပြီးသားပါ။
အခုတခေါက်ကတော့ စားနပ်ရိက္ခာ အထောက်အပံ့တွေအတွက် ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။
မုန်တိုင်းဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာဝယ်ယူဖို့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဌာန (USAID) က တဆင့် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) ကို ဒေါ်လာ
တသန်းခွဲ ပေးအပ်မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ မနေ့က သတင်း ထုတ်ပြန်ချက်မှာလည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဒဏ်သင့်သူတွေအတွက် လူသားချင်း စာနာကူညီတဲ့ အထောက်အပံ့တွေနဲ့
ဂီရိမုန်တိုင်းဒုက္ခသည်တွေ အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ လှူဒါန်းငွေ စုစုပေါင်း ဒေါ်လာ ၈၃ သန်းကျော် ရှိသွားပြီလို့ ဖော်ပြထား ပါတယ်။
၂၀၁၀ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ ဂီရိမုန်တိုင်း မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့တာကြောင့် လူဒါဇင်ချီ သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့
ဖြစ်ခဲ့ရပါတယ်။ အခြေခံ အဆောက်အအုံတွေလည်း ပျက်စီးခဲ့တဲ့အပြင် လယ်ယာမြေတွေလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။
အခုချိန်ထိ မုန်တိုင်းဒုက္ခသည် နှစ်သိန်းကျော်အတွက် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေဆဲပဲလို့ သိရပါတယ်။
အမျိုးသားလူငယ်ကွန်ရက် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
2011-01-12
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျဉ်းသား ကိုမျိုးရန်နောင်သိန်း ဦးဆောင်တဲ့ အမျိုးသားလူငယ် ကွန်ရက် အဖွဲ့က NLD ရုံးချုပ်မှာ လာရောက်
တွေ့ဆုံ ဆွေးနွေးကြောင်း သိရပါတယ်။

(Photo: AFP)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်နှစ်ဦး NLD လက်ပတ်နီများ စည်းနှောင် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
အဲဒီလိုတွေ့ဆုံရာမှာ လူငယ်တွေ ကွန်ရက်ဖွဲ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ဆွေးနွေးခဲ့တယ် ဆိုတာကို အဲဒီ ဆွေးနွေးပွဲမှာ ကိုယ်တိုင် တက်ရောက်သူNLD
ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က အခုလို ပြောပြ ပါတယ်။
“ကိုမျိုးရန်နောင်သိန်းက သူ့လူငယ်တွေ network လုပ်ထားတယ် ဆိုတဲ့ကိစ္စကို ဒေါ်စုကို လာပြီး တိုင်ပင်တာပါ။ တိုင်ပင်တော့ ဒေါ်စုကတော့ လူငယ်တွေ အများကြီးနဲ့
ကွန်ရက်ဖွဲ့ချင်တယ်ဆိုတဲ့ အခါကျတော့ သူပြောတဲ့ဥစ္စာတွေကို ဆောင်ရန် ရှောင်ရန်လေးတွေ ပြောလိုက်တာပေါ့ဗျာ။ ဆောင်ရန် ရှောင်ရန် ဆိုတာကတော့ လူငယ်တွေ နိုင်ငံရေး
စိတ်ဝင်စားတယ် ဆိုရင်တော့ သူလည်း သဘောကျတယ်။ သဘောကျပေမဲ့ တခါတလေကျ လမ်းလွဲသွားမဲ့ ကိစ္စလေးတွေ ရှောင်ဖို့အတွက် အဲဒါ ပြောတာပါ။ ကွန်ရက်ကတော့
ကိုမျိုးရန်နောင်သိန်းတို့ရဲ့ ကွန်ရက်လို့တော့ မဆိုလိုဘူးလေ။ လူငယ်အားလုံး ကွန်ရက်ကို တတ်နိုင်သမျှ ကျယ်နိုင်သမျှ ကျယ်အောင် ချဲ့ဖို့ပဲ။ ကိုမျိုးရန်နောင်သိန်းတို့ရဲ့ ကွန်ရက်နဲ့
ပတ်သက်ပြီးတော့ ဒေါ်စုက အဓိကထား မပြောပါဘူး။ အားလုံးနဲ့ ခြုံငုံတဲ့ ကွန်ရက်မျိုးပဲ လိုလားတယ်ဆိုတဲ့ အကြောင်းကို ပြောတာပေါ့။ တခြား network တွေလည်း ရှိတာကိုး။”
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာချိန်တုန်းက လူငယ်တွေ ကွန်ရက်ဖွဲ့ပြီး အချင်းချင်း ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တာ ရှိကြောင်းသိရပါတယ် ။
အဲဒီတိုက်တွန်းချက်အရ အမျိုးသား လူငယ်ကွန်ရက် ဆိုတာကို တည်ထောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။ ဒါ့အပြင်
ကိုမျိုးရန်နောင်သိန်းတို့ရဲ့ အမျိုးသားလူငယ် ကွန်ရက်ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ရက် ဖြစ်တယ်လို့ သူတို့ရဲ့ ကြေညာချက်တွေမှာ ဖော်ပြခဲ့တာကြောင့် အငြင်းပွားမှုတွေ
ဖြစ်နေကြောင်းလည်း သိရပါတယ်။
NLD ပါတီတွင်းမှာတော့ လူငယ်ကွန်ရက် သီးသန့် ဖွဲ့စည်းဖို့ စတင် လုပ်ဆောင်နေပြီး မကြာခင် NLD လူငယ်ကွန်ရက် တခု ပေါ်လာတော့မှာ ဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်
ဦးဝင်းထိန်က ပြောပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး အမျိုးသားလူငယ် ကွန်ရက်အဖွဲ့က ကိုမျိုးရန်နောင်သိန်းနဲ့ NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်တို့ကို ဆက်သွယ်မေးမြန်းပြီး RFA ဝိုင်းတော်သား
ကိုဉာဏ်ဝင်းအောင် စုစည်း တင်ပြထားပါတယ်။

က




်ေ

ြး

န်



က



ံဖို
င်

ူရ
န်
http://www.rfa.org/burmese

တပ်မတော်နှင့် မျိုးဆက်သစ်
Posted by admin on January 12, 2011 1 Comment

တလောကမိတ်ဆွေတဦးနဲ့ စကားပြောဖြစ်ကြရင်းတပ်မတော်သားတွေအကြောင်း ဆွေးနွေးဖြစ်ကြတယ်။ သူက ခု နောက်ပိုင်း စစ်တပ်ထဲရောက်လာတဲ့ ရဲဘော်တွေကြည့်ရတာစစ်သားနဲ့


သိပ်မတူကြောင်း ပြောတာဆိုတာ သွားတာ လာတာ ဆံပင်ညှပ်ထားပုံကအစ အရပ်သားပုံစံမျိုးပေါက်နေတယ်လို့ ပြောတယ်။
မှန်ပါတယ်။ စစ်တပ်ထဲမှာလည်း ရှေးလူနဲ့နောက်လူ မျိုးဆက်ကွာဟမှုတွေရှိပါတယ်။ မျိုးဆက်မတူတော့ ဖြတ်သန်းခဲ့ရ တဲ့ သမိုင်းကာလတွေ၊ အတွေ့အကြုံတွေကွာခြားကြသလို
တွေးခေါ်ရှုမြင်ပုံတွေလည်းကွဲ ပြားကြတာပေါ့။ နောက်ပြီး ရှေ့မျိုးဆက်ကနောက်မျိုးဆက်အပေါ်အားမလိုအားမရ ဖြစ်လေ့ရှိတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုအရိပ် လွှမ်းမိုးမှု
တွေလည်းရှိနိင်ပါတယ်။
သဘာဝအားဖြင့်တော့ မျိုးဆက်သစ်ဆိုတာ မျိုးဆက်ဟောင်းအပေါ်မှာတည်မှီပြီး ဖြစ်ပေါ်တိုးတက်ရတာပါ။ သားသမီး ကောင်းဖို့ မိဘရဲ့မြော်မြင်ဆင်ခြင်နိုင်မှုကအရေးပါသလို
တပည့်ထက်မြက်ဖို့ဆိုတာကလည်း ဆရာသမားရဲ့ သွန်သင် ဆုံးမလမ်းညွှန်နိုင်မှုက အခရာကျပါတယ်။ လူ့အဖွဲ့အစည်းတရပ်မှာလည်း နောက်မျိုး ဆက်တွေတိုးတက်ဖို့ဆိုတာ ရှေ့
မျိုးဆက်က အစဉ်အလာကောင်းတွေ၊ အခွင့်အလမ်းကောင်းတွေနဲ့ ပုခုံးပြောင်း တာဝန်လွှဲအပ်ပေးနိုင်ဖို့အရေးကြီးပါ တယ်။ အစဉ်အလာထိန်းသိမ်းလာတဲ့ စံတွေကိုအသေဆုပ်ကိုင်ထားပြီး
နောက်လူတွေအပေါ်မှာ အားမလိုအားမရ ဖြစ် နေရုံနဲ့ ပြဿနာတွေပြေလည်သွားမှာ မဟုတ်ပါဘူး။
မြန်မာ့တပ်မတော်မှာဖြစ်နေတာက ခေတ်မီဖွံ့ဖြိုးတိုးတက်သော တပ်မတော်ကြီးတရပ် ထူထောင်ရေးဆိုတဲ့ ဧရာမရည် မှန်းချက်ကြီးအောက်မှာ ပထမဆုံး
လက်တွေ့အကောင်အထည်ပေါ်ဆောင်ရွက်လိုက်တာက တပ်ဖွဲ့စည်းပုံတိုးချဲ့လိုက် တာပါပဲ။ နဝတ အစိုးရတက်လာပြီးတဲ့နောက် တပ်မတော် (ကြည်း) မှာ စစ်တိုင်းဌာနချုပ်တွေ
မှိုလိုပေါက်အောင်တိုး တက်များပြားလာသလို ကျနော်တို့ ရေတပ်မှာလည်း ဌာနချုပ်သစ်တွေ၊ တပ်သစ်တွေ၊ စစ်ရေယာဉ်သစ်တွေ အများအ ပြားတိုးပွားလာပါတယ်။ အိမ်နီးချင်း
တရုတ်နိုင်ငံမှဝယ်ယူ သောစစ်ရေယာဉ် (၁၆) စီးအပါအဝင် ရေတပ်သင်္ဘောကျင်း ဌာနချုပ်မှာ တည်ဆောက်သောစစ်ရေယာဉ်များ စုစုပေါင်းအစီး (၃ဝ)
လောက်တိုးတက်များပြားလာပါတယ်။
တိုးတက်လာတဲ့စစ်ရေယာဉ်တွေဟာ ဗိုလ်မှူးအုပ်ချုပ်သော စစ်ရေယာဉ် (B class) များနဲ့ ဒုဗိုလ်မှူးကြီးအုပ်ချုပ်သော စစ်ရေယာဉ် (A class) တွေသာဖြစ်တာကြောင့်
စစ်ရေယာဉ်တစီးချင်းအလိုက် ဖွဲ့စည်းပုံအရ အရာရှ/ိ စစ်သည် အင် အား (၅ဝ) မှ (၁ဝဝ) ကြားခန့်အပ်ရမှာ ဖြစ်ပါတယ်။နောက်ပိုင်းတည်ဆောက်တဲ့ ဖရီးဂိတ်စစ်ရေယာဉ်တွေမှာ ဖွဲ့စည်းပုံ
ပိုများပါတယ်။ ဌာနချုပ်တခု အတွက်ဆိုရင် အရာရှိ (၂ဝဝ) နဲ့ အခြားအဆင့်အင်အား (၂ဝဝဝ) လောက်လိုအပ်ပါ တယ်။
သို့သော်လည်း လက်တွေ့အခြေအနေမှာ ၁၉၉ဝ ခုနှစ်လောက်အထိ တပ်မတော် (ရေ) တရပ်လုံးမှာ မှအရာရှိ/စစ် သည်အင်အား တသောင်းကျော်ရုံလောက်ပဲ ရှိပါတယ်။ အဲဒီအချိန်မှာ
ဌာနချုပ် (၄) ခု၊ ပင်မတပ် (၆) တပ်၊ ဗျူဟာစစ် ရေယာဉ်စု (၁) ခုနဲ့သီးခြားတပ် (၄) ခု ရှိပါတယ်။ ဒါကြောင့်မို့ တိုးတက်ဖွဲ့စည်းလာတဲ့ ဌာနချုပ်၊ တပ်စခန်း၊ ရေယာဉ် တွေအတွက်
အရာရှိ/စစ်သည် အင်အားပြည့်မီရေးကို လုံ့လထုတ်ဆောင်ရွက် ရပါတော့တယ်။
ကံမကောင်းချင်တော့ စစ်ခေါင်းဆောင်ကြီးတွေကအရာရှ/ိ စစ်သည်အင်အားအကြီးအကျယ် တိုးချဲ့စု ဆောင်းနေချိန် မှာ တပ်မတော်ရဲ့ပုံရိပ်က ပြည်သူလူထုအကြားမှာ
မှေးမှိန်နေချိန်ဖြစ်နေတယ်။ အရင်တုန်းကဆိုရင် လျှောက်လွှာတွေ ကို အင်တာဗျူးအဆင့်ဆင့်နဲ့ စိစစ်လက်ခံနေရတဲ့ တပ်မတော် (ရေ) တပ်သားသစ် စုဆောင်းရေးဌာနမှာ လျှောက်လွှာ
တင်မယ့်သူမရှိ ဖြစ်နေတယ်။ သတင်းစာကနေ ခေါ်ယူပေမယ့်လည်း လိုသလောက်အင်အားပြည့်မီအောင် မရပါ။ ရဲဘော်သစ်တွေရဖို့ ငွေနဲ့ပေးဝယ်ရင်း ပြည်တွင်းလူကုန်ကူးမှုသဘော
ဖြစ်လာတယ်။ အဆိုးဆုံးကတော့ ကြည်းတပ်စု ဆောင်းရေးကနေ တပ်သားသစ်တွေဝယ်ယူတာပဲ ဖြစ်ပါတယ်။
အရာရှိအင်အားစုဆောင်းရေးမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ အရင်က စစ်တက္ကသိုလ်ဝင်ခွင့်ကို တနှစ်မှာ ဗိုလ် လောင်း (၄ဝဝ) လောက်ပဲရွေးချယ်ခဲ့ရာက ခုနောက်ပိုင်း
နှစ်စဉ်အင်အား (၂ဝဝဝ) ကျော်လက်ခံနေတာကိုပဲ ကြည့်ပါ။ အဲဒီတော့ နောက်ဆက်တွဲပြဿနာတွေအများကြီး ရှိလာရတယ်။ တိုးတက်များပြားလာတဲ့ အရာရှ/စစ်
ိ သည်တွေကို
စွမ်းရည်ထက်မြက်လာအောင် တပ်တည်ဆောက်ရေးလုပ်ငန်းတာဝန်ကြီး (၄) ရပ်နဲ့ ကျားကန်ပေးဖို့အခက်အခဲ ဖြစ် လာတယ်။
ကျစ်လစ်ခိုင်မာတောင့်တင်းသော ခေတ်မီတပ်မတော်တရပ် ဖြစ်ပေါ်လာရေးအတွက် စိတ်ဓာတ်နဲ့ တည်ဆောက်ရ မယ်။ စည်းကမ်းနဲ့တည်ဆောက်ရမယ်။
လေ့ကျင့်ရေးနဲ့တည်ဆောက်ရမယ်။ သက်သာချောင်ချိ ရေးနဲ့တည်ဆောက်ရ မယ်လို့ စစ်ခေါင်းဆောင်ကြီးတွေ ပြောဆိုလေ့ရှိပါတယ်။ လေ့ကျင့်ရေးပိုင်းကစပြီး ကြည့်ကြရအောင်။
သင်တန်းကာလတွေ လျှော့ချပစ်တယ်။ DSA ကို လေးနှစ်ကနေ သုံးနှစ်ထိ လျှော့ချလိုက်တယ်။ တပ်သားသစ်အခြေ ခံသင်တန်းကို ခြောက်လကနေ လေးလထိ လျှော့လိုက်တယ်။
ခုဆိုရင် တပ်သားသစ် အခြေခံသင်တန်းကို ကြည်းတပ် သင်တန်းကျောင်းမှာ တက်နေကြရတာ (၁ဝ) နှစ်လောက်ရှိသွားပြီ။ တပ်မတော်ခေါင်းဆောင်ကြီးတွေက တပ်မတော် တရပ်လုံးကို
Armynization (ကျနော်ထွင်သောအသုံးအနှုံး) ပြုလိုက်တယ်လို့ ဆိုရပါလိမ့်မယ်။
ကြည်းတပ်သင်တန်းကျောင်းတွေမှာ စစ်ပညာအခြေခံသင်တန်းသင်ကြားခဲ့ရတဲ့ စစ်သည်တွေကို ရေတပ်မှာ အံဝင်ခွင် ကျဖြစ်အောင် မနည်းပုံသွင်းယူရပါတယ်။ စည်းကမ်းကအစပါ။
ကျနော်တို့ရေတပ်က အခြေခံစစ်ပညာသင်တန်းမှာ ဆေးလိပ်သောက်ခွင့် လုံးဝမပြုပါဘူး။ သူတို့ဆီမှာတော့ ဆေးလိပ်ကို အစည်းလိုက်လပေးနဲ့ ရောင်းတယ်။ နောက်ပြီး
အိမ်သာသွားတဲ့အခါ ဝတ်လစ်စလစ် သွားရတယ်လို့ သိရပါတယ်။
ကြည်းတပ်အတွက်ရည်ရွယ်ပြီးဖွင့်တဲ့ အကြပ်လောင်း၊ အကြပ်ငယ်၊ အကြပ်ကြီး၊ အရာခံဗိုလ်သင်တန်းတွေဟာ ရေ တပ်အတွက် အသုံးမဝင်လှပါဘူး။ ယခင်ကရေတပ်ပင်မရေငုပ်နဲ့
ဆယ်ယူရေးတပ်မှာ ဖွင့်လှစ်တဲ့ ရေတပ်အကြပ်ငယ် သင်တန်းဟာ ရေတပ်ဆိုင်ရာ စစ်နည်းဗျူဟာနဲ့အညီ စစ်ပညာရပ်တွေကို သင်ကြားပေးတာပါ။
အဲဒီလိုသင်တန်းမျိုးတွေကို ပိတ်ပစ်လိုက်ရပါတယ်။ ရေတပ်အရာရှိတွေဟာ ကြည်းတပ်တိုက်ခိုက်ရေးကျောင်းတွေမှာ ဖွင့်လှစ်တဲ့ တပ်စုမှူး၊ တပ်ခွဲမှူးသင်တန်းတွေကို
မဖြစ်မနေတက်နေရတယ်။ အရာရှ/ိ စစ်သည် အားလုံးသတ်မှတ်ထား တဲ့သင်တန်းကိုတက် ပြီးမှအဆင့်တိုးမြှင့်ရေးကို စဉ်းစားပေးတယ်။ ရေတပ်မှာ စစ်မှုထမ်းပြီး ကြည်းတပ်သင်တန်းကို
တက်မှ ရာထူးတိုးခွင့်ရတယ်ဆိုတာ သဘာဝမကျဘူး ထင်ပါတယ်။
တကယ့်လက်တွေ့မှာ ကြည်းတပ်နဲ့ ရေတပ် စုဖွဲ့ပုံချင်း တာဝန်ခွဲဝေပုံချင်း မတူညီပါ။ ရေတပ်ရဲ့အဓိက တိုက်ခိုက်ရေး အင်အားစုဟာ စစ်ရေယာဉ်တွေဖြစ်ပါတယ်။
စစ်ရေယာဉ်တစီးရဲ့ဖွဲ့စည်းပုံအရ စစ်ရေယာဉ်မှူး၊ ဒုစစ်ရေယာဉ်မှူး၊ ရေ ကြောင်းလမ်းညွှန်အရာရှိ၊ ဆက်သွယ်ရေးအရာရှိ၊ ထောက်ပံ့ရေးအရာရှိ၊ စက်မှုလက်မှုအရာရှိ စသဖြင့် တာဝန်ခွဲဝေ
ထားပါတယ်။ စစ်သည်တွေအပိုင်းမှာဆိုရင်လည်း ရေယာဉ်အပိုင်းအလိုက် (ဦး၊ လယ်၊ ပဲ့)၊ ကျွမ်းကျင်မှုပညာရပ်အ လိုက် (ကုန်းပတ်တပ်ဖွဲ့၊ ဆက်သွယ်ရေးတပ်ဖွဲ့၊ စက်တပ်ဖွဲ့၊
အထွေထွေတပ်ဖွဲ့)၊ တာဝန်ကျနေ့အလိုက် (ဖြူ၊ နီ၊ ပြာ) စ သဖြင့် ပိုင်းခြားတာဝန်သတ်မှတ်ထားပါတယ်။
ကြည်းတပ်သင်တန်းကျောင်းတွေမှာ သင်ပေးလိုက်တဲ့ စစ်ပညာတွေဟာ ရေတပ်အတွက် သိပ်ပြီးအသုံးမဝင်လှပါဘူး။ ဒါကြောင့်မို့ တပ်မတော်မှာ လက်ရှိကျင့်သုံးနေတဲ့
လေ့ကျင့်ရေးပုံစံဟာ စွမ်းရည်ပြည့်ခေတ်မီ တပ်မတော်ဖြစ်ပေါ်လာ ရေးဆိုတာထက် တပ်မတော်တရပ်လုံးအပေါ် ကြည်းတပ်က သြဇာလွှမ်းမိုးရေးကိုသာ ဇောင်းပေးနေတာ သိသာပါ
တယ်။ အမှန်တကယ် ခေတ်မီတပ်မတော်ဖြစ်စေချင်တယ် ဆိုရင် (ကြည်း၊ရေ၊လေ)တပ်အင်အားစုအလိုက် စွမ်းရည် မြှင့်တင်နိုင်ရေးကို အလေးထားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ရေးအထောက်အကူပစ္စည်းတွေ အထိုက်အ လျောက် ကောင်းမွန်တိုးတက်လာတာမှန်ပေမယ့် တဦးချင်း စွမ်းရည်ကျွမ်းကျင်မှုအပိုင်းမှာတော့ မျိုးဆက်အလိုက် နှိုင်း ယှဉ်လိုက်ရင်
တဖြည်းဖြည်းကျဆင်းလာတာ တွေ့မြင်နိုင်ပါတယ်။ ဥပမာ- ရေတပ်သားတဦးဖြစ်ပါလျက် ရေမကူးတတ် သူတွေ များစွာရှိနေတာမျိုးပေါ့။ နည်းပညာတွေ
လက်နက်ကိရိယာတန်ဆာပလာတွေ ဘယ်လောက်ကောင်းကောင်း ကျွမ်းကျင်မှုမရှိရင် အလကားပဲ။ နောက်တချက်က ကိုယ်စွမ်းကိုယ်စနည်းသူဟာ အခွင့်အရေးကို ဖြတ်လမ်းကလိုက်
တတ်တယ်။ ဒီလိုနဲ့ပဲ တပ်ထဲမှာ သူများငယ်ထိပ်နင်းပြီး အခွင့်အရေးယူတာတွေ အကျင့်ပျက်မှုတွေ ပေါ်ပေါက်လာတာ ပဲ။ ကိုယ်စွမ်းကိုယ်စရှိတယ်ဆိုတာကလည်း
မွေးရာပါပင်ကိုယ်အရည်အချင်းထက် လေ့ကျင့်ပျိုးထောင်မှုနဲ့ ပိုင်ဆိုင်ရရှိ တာမျိုးဖြစ်ပါတယ်။
သက်သာချောင်ချိရေးအပိုင်းမှာလည်း သက်ဆိုင်ရာတပ်မှူးကိုသာ တာဝန်ယူဖြေရှင်းစေတာတွေက များပါတယ်။ ဒါ ကြောင့် စစ်သည်မိသားစုသက်သာချောင်ချိရေး အကြောင်းပြချက်နဲ့
တပ်ပိုင်စီးပွားရေးလုပ်တဲ့အခါ မသမာမှုတွေ၊ ဥပ ဒေဘောင်ကျော် လုပ်ဆောင်မှုတွေရှိလာပါတယ်။ လစာတွေတိုးလာတော့ တပ်ပိုင်စီးပွား လုပ်ဆောင်ခွင့်ကိုရပ်ဆိုင်း လိုက်ပြန်တယ်။
လစာနှုန်းထားတွေ ခဏခဏပြောင်းလဲသတ်မှတ်ပေးနေပေမယ့် လည်းငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေး နှုန်းမတည်ငြိမ်မှုတွေကြောင့် စစ်သည်မိသားစုတွေ ဖူလုံလောက်ငှမှု မရှိပါ။
လက်ရှိလစာနှုန်းထားအရ တပ်ကြပ်ကြီး တဦးရတဲ့လစာဟာ ကျပ်သုံးသောင်းကျော်ပေမယ့် အမေရိကန် ဒေါ်လာငွေနဲ့တွက်ကြည့်မယ်ဆိုရင် (၃ဝ) ကျော် လောက်ပဲရှိတာပါ။
တကယ်တန်းမှာလည်း စစ်သည်တွေအပါအဝင် ဝန်ထမ်းအားလုံးအလိုရှိနေတာက လစာတွေဘုန်း ပေါလအော ထုတ်ယူဖို့မဟုတ်ဘဲ ကိုယ်ရတဲ့လစာ၊ ရိက္ခာနဲ့ မိသားစု ဣနြေ္ဒသိက္ခာရှိရှိ
နေနိုင်စားနိုင်ဖို့ပါပဲ။
ခုတော့ စစ်သည်အများစုကစစ်မှုထမ်းရတာဟာ နှစ်အကန့်အသတ်မရှိ ထောင်ကျတာလို့မြင်နေကြပြီ။ လေ့ကျင့်ရေး ပိုင်းနဲ့ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှုအပိုင်းမှာ
အားနည်းလာတဲ့အခါ စည်းကမ်းလိုက် နာမှုလျော့ရဲလာ တယ်။ စိတ်ဓာတ်ခွန်အားတွေ ကျဆင်းလာတယ်။ အကျင့်စာရိတ္တတွေ ခြစားလာတယ်။ အပြန်အလှန်လေးစားမှု ကင်း မဲ့လာတယ်။
တပ်တွင်းအမှုအခင်းတွေ တပ်ကထွက်ပြေးတာတွေပိုပို များပြားလာတယ်။ အရာရှိ တပ်ပြေးမှုတွေ များ လာတယ်။
သင်တန်းဆင်းပြီးကာစ အရာရှိငယ်တွေ တပ်၊ စခန်း၊ ရေယာဉ် ရောက်လာတဲ့အခါ ဆရာကြီးတွေကို ဦးလေးခေါ်လို့ ခေါ်၊ အကိုခေါ်လို့ခေါ်။ တချို့ရိုင်းပြသူတွေကြတော့လည်း
ကိုယ့်ထက်အသက်အရွယ်များစွာ ကြီးရင့်တဲ့သူတွေကို “မင်း” “ငါ” နဲ့ ခေါ်ဝေါ်သုံးနှုန်းကြတယ်။ အရာရှိငယ်အချို့ အရာရှိတဦးနဲ့ မလျော်ညီတဲ့လုပ်ရပ် တွေ၊ ဝတ်စား နေထိုင် မှုတွေကြောင့်
တပ်မှူးတွေ လိုက်ပြီးဖြေရှင်းရတာလည်း ခဏခဏ ကြုံဖူးပါတယ်။ ကျနော်နဲ့ အတူနေခဲ့ဖူးတဲ့ တပ်မှူး တဦီးက “နောက်ပေါက် အရာရှိတွေရော စစ်သည်တွေပါ selfish ဖြစ်တာများတယ်”
လို့မှတ်ချက်ပြုပါတယ်။
ကျနော့အမြင်ကတော့ အတ္တကြီးတယ် တကိုယ်ကောင်းဆန်တယ်ဆိုတာ တဦးချင်းနဲ့ ဆိုင်တဲ့ကိစ္စလို့ထင် မိပါတယ်။
စစ်သည်တွေအပိုင်းမှာလည်း အားနည်းချက်တွေရှိပါတယ်။ ခုနောက်ပိုင်း တပ်ထဲကိုရောက်လာတဲ့ ရဲဘော်တွေဟာ အ မိန့်နာခံမှုအားနည်းတယ်။ အလုပ်ဆိုရင်လည်း
ပြီးစလွယ်လုပ်တတ်တာများတယ်။ ပြီးတော့ တပ်ကိုမလာဘဲ လနဲ့ချီပြီး ပျောက်နေလို့ အိမ်တိုင်ရာရောက်သွားပြီး ချော့မော့ခေါ်ရသူတွေအများကြီးရှိတယ်။
အဓိကအကြောင်းအရင်းက စစ်သည်တွေ တပ်နေမပျော်ကြတာပဲ။ ဒီလိုအဖြစ်အပျက်တွေ ဖြစ်လာတဲ့အတွက် ဘယ် သူ့မှာ တာဝန်ရှိသလဲလို့ မေးရင် ကျနော်ကတော့ တပ်မတော်
ထိပ်သီးကြီးတွေကိုပဲ လက်ညှိုးထိုးပြချင်တယ်။ အာဏာ ကုလားထိုင်ပျောက်မှာစိုးလို့ သူတို့ဆန္ဒအလျောက် တပ်မတော်အင်အားကို မဆင်မခြင်တိုးချဲ့လိုက်တဲ့အတွက် မလွှဲမ ရှောင်သာ
ရင်ဆိုင်ကြုံတွေ့လာရတဲ့ ပြဿနာတွေဖြစ်နေလို့ပဲ။
အရာရှိစစ်သည်တွေအနေနဲ့ တပ်မတော်ရဲ့ပင်မတာဝန်တွေဖြစ်တဲ့ စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိက လေ့ကျင့်ရေး လုပ်ဆောင်ရန်၊ လေ့ကျင့်ရန်မရှိက ပြည်သူအကျိုးပြုလုပ်ငန်း
လုပ်ဆောင်ရန်ဆိုတဲ့တာဝန်တွေ ကိုထမ်းဆောင်ရာမှာ လက်ရှိအနေအထားအရ စစ်တိုက်ရန်သိပ်မရှိပါ။ လေ့ကျင့်ရေးကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းမရှိပါ။
လူထုအကျိုးပြုလုပ်ငန်းဆိုရာမှာလည်း ပြည်သူလိုအပ်ချက်ဆိုတာထက် ခေါင်းဆောင်ကြီးတွေရဲ့လိုအပ်ချက်ကို ဖြည့် ဆည်းပေးနေရတာ များပါတယ်။
ယနေ့ မြန်မာ့တပ်မတော်အင်အားဟာ ခန့်မှန်းခြေအားဖြင့်မြန်မာပြည်လူဦးရေရဲ့ တရာခိုင်နှုန်းမျှ ရှိနိုင်ပါတယ်။ အစိုး ရက တိုင်းပြည် GDP (၄ဝ) ရာခိုင်နှုန်းကို
ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲနေကြောင်းဆိုကြလေတော့ တပ်မ တော်ကြီး တကယ်ပဲခေတ်မီသွားပြီလား။ ဖြစ်နိုင်ခြေရှိတာက မြန်မာပြည်ဖွား အမျိုးသားထုရဲ့ ငါးရာခိုင်နှုန်း
လောက် ဟာ တပ်မတော်က ကျွေးသောရိက္ခာကိုစားဖူးပြီး တပ်မတော်သား သင်္ကေတဖြစ်တဲ့ ကိုယ်ပိုင်နံပါတ်ပြား အနည်းဆုံး တခုကို ကိုင်ဆောင်ဖူးကြပါတယ်
(စစ်မှုထမ်းဖူးတာကိုဆိုလိုတာပါ)။ အများစုဟာ လက်ရှိတပ်မတော်ထဲမှာ မရှိပါဘူး။ အဲဒီအထဲမှာ စစ်သားလုပ်တမ်းကစားသူတွေလည်း ရှိပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အချိန်မတန်မီ တပ်မတော်ပြင်ပကို လွင့်စင်ရောက်ရှိသွားတဲ့ အရာရှ/ိ စစ်သည်တွေကိုသာ စနစ်တကျ ပြန်လည်စုစည်းနိုင်မယ်ဆိုရင်
လက်ရှိတပ်မတော်အင်အားထက် မလျော့သော တပ်မတော်သစ်တရပ် ထပ် မံပေါ်ပေါက်လာနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ကတော့ ရဲဘော်ဟောင်းတွေကို ဗိုလ်ချုပ်ကိုယ်တိုင်
ပြန် လည်စုဖွဲ့ပြီး ကာကွယ်ရေးအရန် အင်အားအဖြစ်စုစည်းနိုင်ခဲ့တယ်။
ခုချိန်မှာတော့ သိပ်မလွယ်ဘူးထင်တယ်။ တိုင်းပြည်ရဲ့ အနေအထားကွာခြားသွားသလို ခေါင်းဆောင်အပေါ် ယုံကြည် ချစ်မြတ်နိုးစိတ်ကလည်း မတူညီနိုင်ကြတော့လို့ပါ။ ဒါကြောင့်မို့
လက်ရှိတပ်မတော်ထဲက အဖြစ်အပျက်တွေနဲ့ ကျနော် တို့တိုင်းပြည် ကြုံတွေဖြတ်သန်းနေရသော အကျပ်အတည်းတွေဟာ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိ မည်” လို့
အဆက်မပြတ် ကြွေးကြော်နေသော စစ်ခေါင်းဆောင်ကြီးများအတွက် ထာဝရ စိန်ခေါ်ချက်များသဖွယ် ဖြစ် နေပါတော့တယ်။
တပ်ကြပ်ကြီး-နေမင်းသူ
၇ ဇန်နဝါရီ ၂ဝ၁၁
http://www.naytthit.net/

Wednesday, 12 January 2011


ဘန်ကောက်ပို့စ်က ပြန်ပေးသတင်းကို ဒီကေဘီအေ ဘက်က တုံ့ပြန်
ဒီကေဘီအေတပ်ဖွဲ့မှ ထိုင်းရွာသားတဦးကို ပြန်ပေးဆွဲပြီး ဘတ်သုံးသိန်းတောင်းတယ်ဆိုတဲ့ သတင်းတပုဒ်ကို ဘန် ကောက်ပို့စ် အွန်လိုင်းမှာ ဇန်နဝါရီလ ၁၂ ရက်နေ့ ဒီကနေ့မှာ
ဖေါ်ပြထားတာတွေရှိရပြီး အဲဒီသတင်းကိုပဲ လွတ်လပ်တဲ့ အာရှအသံ အာအက်ဖ်အေ မြန်မာပိုင်းကလည်း ဒီမနက်မှာ ထပ်မံကိုးကားပြီး ရေဒီမှာ တင်ဆက်သွားခဲ့ပါတယ်။

ဒီကေဘီအေ ကို ပြန်ပေးဆွဲငွေတောင်တယ်ဆိုတဲ့ သတင်းဖေါ်ပြချက်နဲ့ ပတ်သက်ပြီး ဒီအေဘီအေ တပ်မဟာ ၅ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က အခုလို တုံ့ပြန်ပြောဆိုပါတယ်
….

“ဒီလိုမျိုးသတင်းထွက်လာတာဟာ ကျနော်တို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ တခုခုဖြစ်စေချင်တဲ့ သဘောထားတွေ တွေ့ရတယ်၊ နောက်ပြီးတော့ ဒီငွေသုံးသိန်းလောက်နဲ့ ကျနော်တို့ လုပ်နေတဲ့
နိုင်ငံရေးသိက္ခာ ပွန်းပဲအောင်ဘယ်တော့မှ မလုပ်ဘူး။ အခု ပြန်ပေးဆွဲမှုဖြစ်တဲ့ နေရာမှာလဲ ကျနော်တို့တပ်တွေ အဖွဲ့ဝင်တွေ မရှိကြပါဘူး။ ကျနော်တို့ စုံးစမ်းကြား သိရသဘောက်ကတော့
သူတို့ ထိုင်းလူမျိုးချင်း ဖြစ်တဲ့ပြဿနာကို ကျနော်တို့ အဖွဲ့နာမည် ယူသုံးလိုက်တာလို့ ကြားရ တယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘက်က လုံးဝမဟုတ်ဘူး ပြောချင်ပါတယ်။
ဒီသတင်းကို ဖေါ်ပြတဲ့ သ တင်းဌာန နဲ့ သတင်းရေးတဲ့ သူကိုပါ ဖုန်းနဲ့ကော အီးမေးနဲ့ပါ ဆက်သွယ်ပြီး ပြောပြထားပါတယ်”

၁၅ နှစ်ကျော်ကြာ နအဖနဲ့ အပစ်အခတ်ရပ်ထားရာက မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲလုပ်တဲ့နေမှာပဲ နအဖ နဲ့ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေဟာ
တိုက်ပွဲတွေ ပြည်လည်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်က စလို့ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးကို ဆုငွေထုတ်ဖမ်းခိုင်းတာတွေ၊ ထိုင်းဘက်က သူ့ကို မဖမ်းပေးရင် မဲဆောက် မြ ဝတီ
ကုန်သွယ်ရေးဂိတ် ပြန်မဖွင့်ပေးဘူးဆိုတာတွေ စတဲ့ အတည်ပြုလို့မရတဲ့ သတင်းတွေလည်း မကြာခဏ ထွက် ပေါ်လျက်ရှိပါတယ်။

နေ့သစ် မီဒီယာ

(မူရင်း သတင်း အင်္ဂလိပ်လိုနဲ့ မြန်မာဘာသာပြန်ကို တဆက်တည်းဖေါ်ပြပေးထားပါတယ်)

(ဘန်ကောက်ပို့စ်က မူရင်းသတင်း)

News > Asia

BURMA
Karen rebels hold Thai man hostage

* Published: 12/01/2011 at 12:00 AM


* Newspaper section: News

TAK : The Democratic Karen Buddhist Army (DKBA) has taken a Thai man hostage in Burma territory and is demanding a 300,000 baht ransom, police say.

The man, identified as only Kriangsak, was being held opposite Tak’s Umphang district, they said. Mr Kriangsak is a resident of Taperpoo village in tambon Mokro
of Umphang district.

The police said yesterday Mr Kriangsak crossed the border into Burma to negotiate a financial matter with a group from the DKBA. However, he failed to reach
an agreement and the DKBA took him hostage and demanded 300,000 baht in cash in exchange for his freedom.

The DKBA claimed Mr Kriangsak owed them this amount.

Tak governor Samat Loifa has assigned Umphang district chief Chawengsak Jaikham to contact the DKBA about Mr Kriangsak’s welfare. It has yet to respond.

Yesterday, a special task force of the 4th Infantry Division in Mae Sot district watched an armed confrontation between the DKBA and the Burmese military near
Manao island opposite Mae Konken village in tambon Mahawan.

A number of K-81 grenades exploded in Thai territory, a special task force source said.

The source said Thai members of the Thai-Burmese Border Committee (TBC) sent a memo to their Burmese counterparts in Myawaddy asking them to seek
assurances from the Burmese military that explosive projectiles were not fired into Thailand.

A group of Burmese soldiers has been surrounded by DKBA militants. The source said a lot of Burmese troops had been killed or injured.

(ဘန်ကောက်ပို့စ်က မူရင်းသတင်းကို မြန်မာဘာသာပြန်)

ဒီကေဘီအေက ထိုင်းတယောက်ကို ဓားစာခံဖမ်းထား

ဇန်န၀ါရီ ၁၂၊ ၂၀၁၁ (ဘန်ကောက်ပို့စ)်

တာ့ခ်။ ။ ဒီကေဘီအေက မြန်မာနယ်ထဲမှာ ထိုင်းအမျိုးသားတဦးကို ဓားစာခံဖမ်းထားပြီး ဘတ်ငွေ ၃ သိန်းတောင်း တယ်လို့ ရဲက ပြောပါတယ်။ ခရိုင်ယန်ဆတ်လို့ သာသိတဲ့ လူတဦးကို
တာ့ခ်ပြည်နယ်၊ အုန်းဖန်ခရိုင်ရဲ့တဖက်ကမ်းမှာ ပြန်ပေးဆွဲထားတယ်လို့ သူတို့က ပြောပါတယ်။ ခရိုင်ယန်ဆတ်ဟာ အုန်းဖန်ခရိုင်၊ မိုခရို တိုက်နယ်က ထာ့ပါပူး ရွာသား တဦးဖြစ်ပါတယ်။
မစ္စတာ ခရိုင်ယန်ဆတ်ဟာ တနေ့က ဒီကေဘီအေ အဖွဲ့တဖွဲ့နဲ့ ဘဏ္ဍာရေးကိစ္စတွေ ညှိနှိုင်းဖို့ နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာပြည်ထဲကို ၀င်သွားပါတယ်။ ဒါပေမဲ့ ဒီကေဘီအေနဲ့
သဘောတူညီချက်မရတာကြောင့် ဒီကေဘီအေက သူ့ကို ဓားစာခံအဖြစ်ဖမ်းထားပြီး ဘတ်ငွေ ၃ သိန်းနဲ့ပြန်ရွေးဖို့ တောင်းတာဖြစ်တယ်လို့ ရဲက ပြောပါ တယ်။ ခရိုင်ယန်ဆတ်က ဒီငွေကို
ပေးခဲ့တယ်လို့ ဒီကေဘီအေက ထုတ်ဖော်ပြောဆိုပါတယ်။

တာ့ခ်အုပ်ချုပ်ရေးမှူး ဆမတ်လွိုင်ဖက ခရိုင်ယန်ဆတ်ကိစ္စအတွက် ဒီကေဘီအေနဲ့ဆက်သွယ်ဖို့ အုန်းဖန်ခရိုင်မှူးချာ ၀င်ဆတ်ကို လွှတ်ထားပါတယ်။ မဲဆောက်ခရိုင် အထူးတပ်ဖွဲ့၊ တပ်ရင်း
(၄) က မဟ၀မ်တိုက်နယ်၊ မယ့်ခွန်ကင်ရွာ တဖက်မှာရှိတဲ့ မနောက်ကျွန်းအနီး ဒီကေဘီအေနဲ့ မြန်မာစစ်တပ်အကြား လက်နက်ကိုင် ထိပ်တိုက်တွေ့နေတာကို တနေ့က
စောင့်ကြည့်နေပါတယ်။ ထိုင်းမြေပေါ်မှာ K-81 လက်ပစ်ဗုံးသီးတွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ အထူး တပ်ဖွဲ့သတင်းရပ်ကွက်က ဆိုပါတယ်။ ပေါက်ကွဲတဲ့ကျည်ဖူးတွေဟာ
ထိုင်းနိုင်ငံထဲကို ပစ်ခဲ့တာ မဟုတ်ဘူး။ ဆိုတဲ့ မြန် မာစစ်တပ်ဆီက အာမခံချက်ကို တောင်းဆိုထားတဲ့မှတ်တမ်းကို ထိုင်းမြန်မာနယ်စပ်ကော်မတီရဲ့ ထိုင်းအဖွဲ့ဝင်တွေက မြ၀တီမှာရှိတဲ့
မြန်မာဖက်က ကော်မတီဝင်တွေကို ပေးပို့ခဲ့ပါတယ်။ ဒီကေဘီအေ စစ်သွေကြွတွေက မြန်မာစစ်သား တ ဖွဲ့ကို ၀ိုင်းထားတယ်။ မြန်မာစစ်သားတွေ အများအပြားသေကြေ၊ ဒဏ်ရာရတယ်လို့
သတင်းရပ်ကွက်က ဆိုပါတယ်။

http://www.bangkokpost.com/news/asia/215604/karen-rebels-hold-thai-man-hostage
http://komoethee.blogspot.com/

ယနေ့သတင်း (၁၁ ရက် ဇန်န၀ါရီလ ၂၀၁၁)


ဆုံဆည်းရာ၊ ၁၁ ရက် ဇန်န၀ါရီလ ၂၀၁၁

သတင်း
နေ့လည် (၁၁ နာရီ ၂၀ မိနစ်) ဇန်န၀ါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အကျဉ်းအသား ၄ ဦးထက်မနည်းသေဆုံးပြီး ၆ ဦး
ဒဏ်ရာရှိကြောင်းသိရှိသည်။ ကရင်ပြည်နယ် ဝေါလေဒေသ နအဖ ထိုးစစ်တွင် နအဖ ဘက်မှ စစ်အင်အား ၃၀၀ ကျော်အသုံးပြုပြီး အကျဉ်းသား အင်အား ၅၀၀ ကျော် အသုံးပြုကြောင်း
သိရပါတယ်။ အကျဉ်းသားများကို ခြေထောက်တွင် သံခြေကျင်းခတ် ၅ ယောက်တတွဲကြိုးချည် ရင်ဘောင်တန်းခိုင်းပြီး မိုင်းတွင်းများကို ဖြတ်သန်းခိုင်းနေကြောင်း သိရှိရသည်။
အချို့အကျဉ်းသားများကို လက်နက်နှင့် ရိက္ခာသယ်ယူရာတွင် အသုံးပြုကြောင်း သိရသည်။

နေ့လည် (၁၁ နာရီ ၁၅မိနစ်) ဇန်န၀ါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နအဖ စစ်သားအယောက် ၂၀ ကျော်ဒဏ်ရာရှိပြီး ဒဏ်ရာရသူများကို
ထိုင်းနိုင်ငံဘက်မှတဆင့် မြ၀တီမြို့သို့ ပို့ဆောင်နေကြောင်း သိရပါတယ်။

နေ့လည် (၁၁ နာရီ ၁၀ မိနစ်) ကရင်ပြည်နယ် ဝေါလေဒေသတွင် ဒီကေဘီအေ စခန်းကို နအဖ ဘက်မှ တပ်ရင်း ၈ ရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ မြ၀တီမြို့တွင် နအဖ
တပ်မမှူး ကိုယ်တိုင် ဦးစီးအမိန့်ပေးမှုများ ပြုလုပ်နေပြီး စကခ (၁၂) ဗျူဟာ (၁)၊ (၂) လက်အောက်ခံတပ်ရင်းများဖြစ်သည့် တပ်ရင်း ခလရ (၂၃၁)၊ ခမရ(၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉)၊
ခမရ(၃၅၆)၊ ခမရ(၃၅၇)၊ ခမရ (၃၅၉)နှင့် ခမရ(၅၄၅) တပ်တို့မှ အင်အား အင်းအား ၃၀၀ ကျော်နှင့် ထိုးစစ်ဆင်တိုက်နေတာပါ။
အပြည့်အစုံသ...
ို့
ပြန်ခေါက်ထားပါ...
Posted by ဆုံဆည်းရာ
http://soneseayar.blogspot.com/
ကော်မရှင် ဥက္ကဋ္ဌ အကြောင်း တစွန်းတစ
ရွေးကောက်ပွဲ စတော့မယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှငမ
ှ်ာ ပါတဲ့
သူတွေအကြောင်း လေ့လာရ၊ အချက်အလက် စုရပါတယ်။ ကော်မရှင် ဥက္ကဋ္ဌကတော့
ဦးသိန်းစိုးပါ။ ရွေးကောက်ပွဲမှာ မသမာမှုတွေ၊ မဲလိမ်မှုတွေ၊ ကြိုတင်ကြံစည်ထားတဲ့
ကြိုတင်မဲကိစ္စတွေနဲ့ မကောင်းသတင်း ကျော်စောခဲ့တာကတော့ အများအသိဖြစ်ပါတယ်။
ဦးသိန်းစိုးကို တပ်ချုပ်ကြီးက ကြိုးကိုင်ထားတယ် ဆိုပေမယ့်လည်း သူဟာ ရွေးကောက်ပွဲ
သမိုင်းတရားခံအဖြစ်ကတော့ ရှောင်လွှဲလို့ ရနိုင်မှာ မဟုတ်ပါဘူး။

မကြာသေးခင်က ထွက်ရှိလာတဲ့ မင်းဒင်ရဲ့ “မင်းဒင်ရဲ့ သက်ခိုင်” စာအုပ်မှာ


ဦးသိန်းစိုးအကြောင့် တစွန်းတစ ဖတ်မိပါတယ်။ ဒုတိယ တရားသူကြီးချုပ်
တာဝန်ယူထားစဉ်မှာ သူ့ရဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာကို ထင်ဟပ်ထားတာမို့ ဒီနေရာမှာ
ပြန်လည်ကူးယူ ဖော်ပြလိုက်ပါတယ်။

ကျနော် နောက်ဆုံး အကူအညီတောင်းခဲ့တဲ့ သူကတော့ ဒုတိယ တရားသူကြီးချုပ်


ဗိုလ်ချုပ် သိန်းစိုး (နောင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ) ပါပဲ။

ဗိုလ်ချုပ် သိန်းစိုးအိမ်ကို ဆယ်သိန်းလောက်တန်တဲ့ ဂေါက်သီးအိတ်တစုံနဲ့ ကျနော်


ရောက်သွားချိန်ဟာ ညခုနှစ်နာရီသာသာမို့ ဗိုလ်ချုပ် သိန်းစိုးဟာ ကိုရီးယားကားကို
စိတ်ဝင်တစားကြည့်နေတာကြောင့် ကျနော့်အမှုကို စိတ်ဝင်စားဟန် မပြခဲ့ပါဘူး။
အောက်ရုံးက လွှတ်ပြီးသားအမှုကို ကိုယ်တို့ဘာမှ ထပ်ပြီး ပြင်ဆင်စရာမရှိဘူး၊ စိတ်အေးအေးသာနေပါလေဆိုတဲ့ စကားတခွန်းနဲ့ ကျနော်ပြန်လာပေမယ့် အဲဒီနေ့က သူ့အပြုအမှုကြောင့်
ကျနော်စိတ်မအေးခဲ့ရပါဘူး။

ကျနော် စိတ်မအေးတဲ့အတိုင်းပါပဲ၊ မကြာခင်မှာ ကျနော့်ကို ထောင်ဒဏ်ငါးနှစ် ကျခံစေရန်ဆိုပြီး ကျနော့်မျက်ကွယ်မှာ ဗဟိုတရားရုံးက အမိန့်ချလိုက်ပါတော့တယ်။

(မင်းဒင်ရဲ့ သက်ခိုင်၊ စာမျက်နှာ ၇၁၈)

Tuesday, January 11, 2011


ပုံတူမျိုးပွား ပလ္လင်ကြီး ဘယ်သူရွှေ့

လွှတ်တော်ကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ ခေါ်မယ်၊ နေပြည်တော်က အဆောက်အအုံတွေကို ဒီနှစ်ထဲ အပြီးသတ် ရမယ်ဆိုတဲ့


သတင်းတွေနဲ့ အတူ အမျိုးသားပြတိုက်က သီဟာသန ပလ္လင်ကြီးနဲ့ တပုံစံတည်း တူတဲ့ ပလ္လင်ကြီး တခုကို
နေပြည်တော်ရွှေ့တယ်ဆိုတဲ့ သတင်း ထူးထူးခြားခြား ကြားလိုက်ရတော့ ကိုတာတေတို့ ကိုယ့်နားကိုယ်
မယုံချင်ဘူးဖြစ်သွားတယ်။

ကိုတာတေတို့ ချိုကုပ်ဒူးကြီးဟာ မင်းလို စိုးလို ဝတ်ရတာ၊ နေရထိုင်ရတာ၊ ပြောရဆိုရတာ အလွန်မက်မောတယ် ဆိုတဲ့


သတင်းတွေတော့ နားနဲ့ မဆံ့အောင်ကြားဖူးပါတယ်။ အိမ်မှာလည်း အောက်လက်ငယ်သားတွေ သားတော် သမီးတော်တွေ
မြေးတော်တွေကို (ဒီလိုပဲသုံးတယ်ထင်ပါ့) က သူ့ကို မော်ဖူးရတယ်ဆိုလား၊ ဘုရားထူးရတယ်ဆိုလား ကြားဖူး နေတာလည်း
ကြာပါပြီ။

နိုင်ငံခြားသွားတဲ့ ဝန်ကြီးချုပ်တို့၊ ဝန်ကြီးတို့ကို (သံဃာတွေ၊ သက်ကြီးရွယ်အို လေးစားလောက်သူတွေ လည်း မဟုတ်ပါဘဲ)


သံရုံး အမှုထမ်းတွေက အောက်မှာထိုင်ပြီး လက်အုပ်ချီ ကန်တော့တဲ့ ပုံတွေလည်း ထူးဆန်းစွာ တွေ့ခဲ့ပြီးပါပြီ။

ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားမှာလည်း ဝန်ကြီးတွေ၊ ဗိုလ်ပြုတ်တွေဟာ ပြောင်ပြောင် လက်လက်တွေ


ဝတ်လားဝတ်ရဲ့၊ မိန်းမ ထဘီဆင်တွေ ဝတ်လားဝတ်ရဲ့ တွေ့လိုက်ရတော့တောင် ကိုတာတေ စဉ်းစားမိပါသေးတယ်။ “သြော်
... နောက်ဆို ... တကယ့် နန်းတော်ထဲက မူးမတ်ဗိုလ်ပါတွေလို ဝတ်စားခိုင်းပြီးများ လွှတ်တော် ဝင်ခိုင်းမလား” လို့ပါ။

ကိုတာတေ့အတွေးမှ မဆုံးသေးဘူး ဒီနေ့ပဲ ခိုင်လုံတဲ့ သတင်းရပ်ကွက်က (အဲဒီလိုမှ မရေးရင် ပြောတဲ့သူကို ဘာပုဒ်မ၊


ညာပုဒ်မတွေ တပ်မှာစိုးလို့ သည်းခံကြပါ) ကြားလိုက်ရတာကတော့ အမျိုးသား ပြတိုက်က သီဟာသန ပလ္လင်နဲ့ တပုံစံတည်း
တူတဲ့ ပလ္လင် ပုံတူမျိုးပွားကြီးကို လွှတ်တော်အတွက် နေပြည်တော်ကို ပို့လိုက်ပါပြီတဲ့။

အဲဒီ ပလ္လင်တော်ကြီးပေါ်မှာ ဘယ်သူထိုင်မယ်၊ ဘယ်လိုပုံနဲ့ ထိုင်မယ် ဆိုတာတော့ သေချာမသိဘူးပေါ့လေ။ ကိုတာတေ သိတာတော့ လူထိုင်တဲ့ ပလ္လင်ဆိုတာ ကိုတာတေတို့
မြန်မာပြည်မှာ သီပေါမင်း ပါတော်မူပြီးနောက် ဇာတ်ထဲမှာရယ်၊ ရုပ်ရှင်ထဲမှာရယ်၊ သီချင်းထဲမှာရယ်ပဲ ကြားဖူးတော့တာပါ။ ဟိုသီချင်း သိကြတယ်မဟုတ်လား .. ပလ္လင်ပေါ်က
မျောက်ကလေး ဆင်းတယ်လို့ပြေး ဂျာအေး ... ဆိုတာလေ (ပလ္လင်ပေါ်က မျောက်လား ဘာလားတော့မသိဘူး။ ဆင်းမယ့်ပုံတော့ မမြင်ပါဘူး)

ဒါပေမယ့် နောက်ထပ် သတင်းတပုဒ်ကတော့ နည်းနည်း ထူးခြားတယ်။ ကိုတာတေတို့ ချိုကုပ်ဒူးကြီး က ဒီအလုပ် မလုပ်ချင်တော့ဘူးတဲ့။ ဘုရားအလုပ် တရားအလုပ်ပဲ လုပ်တော့မလိုလို
တောပဲ ထွက်တော့မလိုလို ... ဟိုတခါ ဗုဒ္ဓဂယာ သွားတုန်းကတည်းက ကြားတာပါ။ ဒါပေမယ့် သူ့ မဟေသီကတော့ ဒီရာထူးက (လုပ်ချင်ရာ လုပ်ပြီး မင်းမူလို့ရတဲ့ ပလ္လင်ပေါ်က)
မဆင်းဖို့အရေး သူတို့ ကိုးကွယ်တဲ့ ဆရာတော်ကတဆင့် တိုက်တွန်းခိုင်း သတဲ့။

ဒီတော့ ပြန်ဆက်ရရင် ... အမျိုးသားပြတိုက်က ပုံတူမျိုးပွားထားတဲ့ ပလ္လင်တော်ကြီးကို ဘယ်သူရွှေ့တာလဲ ...။ ချိုကုပ်ဒူးကြီးလား၊ သူ့ မဟေသီကြီးလား ...။ ဒီပလ္လင်တော်ပေါ်မှာ
ဘယ်သူက ဘယ်လို ပုံစံနဲ့ ထိုင်မှာလဲ ဆိုတာကတော့ ... အင်တာနေရှင်နယ် သတင်းစတိုင်နဲ့ ပြောရရင် ... မေးခွန်းထုတ်စရာပ ...။

ရန်ကုန်သားတာတေ

Wednesday, January 12, 2011


အာဏာရှင် သန်းရွှေ၏ အကြိတ်အနယ်ပွဲတပွဲ
မွန်ဇော်နိုင်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၁

အာဏာရှင်ဆိုတာ နိုင်ငံရဲ့အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားသူပါ။အာဏာအရပ်ရပ်ကို လက်ထဲ ချုပ်ကိုင်ထားနိုင်အောင် အာဏာရှင်ရဲ့ ဖန်တီးထားချက်က အာဏာရှင်စနစ်တဲ့ခင်ဗျ။


စစ်အာဏာရှင်ဆိုတာက အာဏာရှင်တက်လုပ်တဲ့ စစ်ဗိုလ်ပေါ့ခင်ဗျာ။

အာဏာရှင်နဲ့အာဏာက တထပ်တည်း၊ တတွဲတည်းမို့ ခွဲလို့မရဘူး။ အာဏာရှင်ဟာ အာဏာမရှိဘဲ ရပ်တည်လို့မရဘူး။ သွေးစုတ်ဖုတ်ကောင်ဟာ သွေးမစုတ်ရရင်သေရသလို


အာဏာရှင်ဟာ အာဏာမရှိရင် သေရတာပါပဲဗျာ။
ဒီနေ့မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစစ်အမှန်ပါ။ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချ အပြတ်ရှင်းပြီး အာဏာရှင်မင်းဆက်ကို ဆက်ခံခဲ့သူပေါ့ခင်ဗျာ။

အာဏာရှင်ဆိုတာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ရက်စက်ကြမ်းကြုတ်ရတယ်။ ကောက်ကျစ်စဉ်းလဲရတယ်။

ရက်စက်ကြမ်းကြုတ်ရတာက ဒီလိုပါခင်ဗျာ။ အာဏာကိုတဦးတည်း မောင်ပိုင်စီးထားရတာကြောင့် ယှဉ်ပြိုင်သူကိုထားလို့မဖြစ်။ အမိန့်မနာခံသူဟူသမျှ ရန်သူချည့်မို့ ဖမ်းဆီးခြင်း၊


နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို အရက်စက်ဆုံး၊ အကြမ်းကြုတ်ဆုံး၊ မဆိုင်းမတွ ကျင့်သုံးရတာခင်ဗျ။

ကောက်ကျစ်စဉ်းလဲရတာကလည်း ဒီလိုပါခင်ဗျာ။လက်ထဲမှာ အာဏာအရပ်ရပ်ကို ချုပ်ကိုင် ထိန်းသိမ်းထားနိုင်ဖို့က အဓိကမဟုတ်ပါလား။ ဒါကြောင့် ရန်သူများကိုသာမက အတွင်းလူ


တပည့်ရင်းလိုလို မွေးစားသားလိုလို ဟာမျိုးတွေကိုပါ လိုလျှင်လိုသလို ကောက်ကောက်ကျစ်ကျစ် အကွက်ချ လုပ်ကြံရတော့တာပေါ့ခင်ဗျာ။ ပြည်သူများကိုလည်း စဉ်းစဉ်းလဲလဲ အကွက်ချ
လိမ်ညာရတော့တာပေါ့ခင်ဗျာ။

ရက်စက်ကြမ်းကြုတ် ကောက်ကျစ်စဉ်းလဲမှုအပေါင်း သရဖူဆောင်းတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဖြုတ် ထုတ် သတ် လုပ်ကြံမှုများကိုကြည့်။

ဘုရင်ကိုသတ်နိုင်မှ ဘုရင်ဖြစ်နိုင်တာလိုပဲ အာဏာရှင်ကို ဖြုတ်နိုင်မှ အာဏာရှင်ဖြစ်နိုင်တာမို့ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ် ထုတ် ပစ်လိုက်တာ ဆန်းပါသလားဗျာ။

အာဏာပါဝါ သိပ်မကွာလှတဲ့ ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်ကြတဲ့ ထွန်းကြည်၊ ကျော်ဘ၊ မြင့်အောင် အစရှိတဲ့ တသီတတန်းကြီးသော ဒုတိယ ဗိုလ်ချုပ်ကြီးများကို ဖြုတ် ထုတ်ပစ်လိုက်တာကို
မှတ်မိနေကြမှာပါ။

အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးနဲ့ ဗိုလ်စစ်မောင်တို့ကို လက်စ ဖျောက်ပစ်လိုက်တာကိုလည်း မှတ်မိနေကြမှာပါ။

တပ်တွင်း အကိုင်းအခက်များကို အတော်အတန် “သင်းသတ်” ပြီးတာနဲ့ ပင်စည်ကြီး King Maker တန်ခိုးအရှိန်အ၀ါရှိနေသေးတဲ့ အာဏာရှင်ဟောင်း ဗိုလ်နေ၀င်းကို လွှတ်မထားတော့ဘဲ
လက်ဦးမှုယူဖမ်းဆီး အကျယ်ချုပ်ချခဲ့တာကိုလည်း မေ့မရနိုင်ကြသေးပါခင်ဗျာ။

ဆရာကိုရှင်းအပြီး ဆရာ့တပည့်လက်ရင်း ဗိုလ်ခင်ညွန့်ကိုလည်း မယုံကြည်နိုင် စိတ်မချနိုင်တော့လို့ ဗိုလ်ခင်ညွန့်နဲ့ သူ့ရဲ့နံမည်ကျော် စစ်ထောက်လှမ်းရေးတဖွဲ့လုံးကို ဗိုလ်ချုပ်ကအစ


အကြပ်တပ်သားအဆုံး တပြုံးလိုကို မြေလှန် ဖျက်သိမ်း၊ ဖမ်းဆီး၊ ထောင်ချပစ်လိုက်တာကိုလည်း မျက်ဝါးထင်နေတုန်းပဲလေ။

ယခုနောက်ဆုံး ငှက်ပျောပင်အလား တဖတ်ပြီးတဖတ် အခွာခံနေရသူတို့ကား လက်ရင်း တပည့်ကျော်တွေချည်း ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီးသုံးဦး။ ရွှေမန်း၊ သိန်းစိန်၊ တင်အောင်မြင့်ဦးနဲ့
ဒုတိယဗိုလ်ချုပ်ကြီး အားလုံးလိုလိုပါကလား။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် ရန်းဆူးရန်ငြှောင့်အားလုံးကို သစ္စာရှိစွာအမိန့်နာခံပြီး မသက်မညှာ ရက်စက်စွာ ရှင်းပစ်ပေးခဲ့ငြားလည်း သူတို့ခမျာတွေကိုယ်တိုင်


အာဏာရှင်စက်ကွင်းက မလွတ်ကင်းနိုင်ဘဲ အစတေးခံသွားကြရတာပါနော်။ သူတို့အဖြစ်က ငါးကြင်းဆီနဲ့ငကြင်း အကြော်ခံရတာမျိုးလို့ ဆိုရမှာပါ့။

အာဏာရှင်ကြီးရဲ့ အပြင်စည်းဝိုင်းက ရန်သူများကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်၊ ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချထားတာတွေကိုပါ စာဖွဲ့တင်ပြရရင် ဆုံးနိုင်ဘွယ်ပင်မရှိ။ တစိတ်တပိုင်းကိုပဲ
ပမာပြရသော် ဒီပဲယင်းလူသတ်ပွဲ။ ၂၀၀၇-ခုနှစ်ရဟန်းသံဃာများကို မောင်းပြန်သေနတ်နဲ့ သတ်တဲ့ပွဲ။နောက်ပြီး နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်ကို ယနေ့တိုင်
ထောင်သွင်းအကျဉ်းချထားတာတွေဗျ။

အဲဒီ ရက်စက်ကြမ်းကြုတ်တာတွေအပြင် ကောက်ကျစ်စဉ်းလဲ လိမ်ညာတာတွေကလည်း မနည်းပါခင်ဗျာ။ အနှစ် ၂၀ ကျော် စစ်ယူနီဖေါင်းဝတ် စစ်အာဏာရှင်စနစ်နေရာမှာ ခေါင်းပေါင်း၊
တိုက်ပုံ၊ပုဆိုးအရေခြုံ စစ်အာဏာရှင်စနစ်ကို အစားထိုးဖို့ မျက်လှည့်ပြနေတာ။ ပါတီစုံဒီမိုကရေစီကို ကျင့်သုံးတော့မယောင်ယောင် တကမ္ဘာလုံးကို သူငယ်နှပ်စားလုပ်နေတာ။
တကယ်တော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာနဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဆိုတာတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် လုပ်ကြံပွဲဖြစ်တယ်ဆိုတာ
ရှင်းနေပါတယ်ဗျာ။

ယခုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဘ၀မှ သမ္မတကြီး ဦးသန်းရွှေဘ၀သို့ အရှင်လတ်လတ်ကြီး ဘ၀ကူးပြောင်းဖို့ရန်သာ ရှိပါတော့တယ်။ သို့ပေမယ့် ဘ၀ကူးကောင်းရေးအတွက်
ကြိုတင်မဲဖြင့် ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာသော ဗိုလ်ချုပ်ကြီးဟောင်း ၃ ဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းများရဲ့ ကြံ့ဖွံ့ပါတီ ထောက်ခံမှုကို ရရှိဖို့လိုလာပြန်တယ်။

ဒီလိုအခြေအနေမှာ အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တစ်ပါးသူတို့ရဲ့ ထောက်ခံမှုကို မှီခိုရတဲ့ဘ၀ကို ရောက်သွားရပါပြီ။ စစ်အာဏာရှင်သန်းရွှေကို တဖန်ပြန်ပြီး
ဖြုတ်ချနိုင်သည့် အခွင့်အရေးကို စစ်ဘောင်းဘီချွတ် ပုဆိုးဝတ်ဗိုလ်ချုပ်ပြုတ်များက ပထမဦးဆုံးရရှိသွားပါပြီ။

ဒီတော့ စစ်အာဏာရှင်သန်းရွှေက သူ့အာဏာကို ယှဉ်ပြိုင်ခြိမ်းခြောက်လာမယ့်သူတွေကို လက်ပိုက်ကြည့်နေနိုင်ပါ့မလား။ အပြတ်ရှင်းရတော့မယ့် အခြေဆိုက်လာပြီလေ။

ယူနီဖေါင်းအချွတ်ခံလိုက်ရတဲ့ စစ်ဗိုလ်ပြုတ်တို့ကလည်း ဖြေမဆယ်နိုင်တဲ့ မကျေမနပ်စိတ်ကြောင့် သန်းရွှေကြီးကို သမ္မတဖြစ်လာဖို့ရာ မဲပေးရွေးချယ်ပါတော့မလား။ဒီအချက်ကို


သန်းရွှေကြီး စိတ်ချနိုင်မယ်မထင်။ ဒီအခြေအနေမှာ အာဏာရှင်သန်းရွှေကြီး အလေးအနက်သိထားဖို့က ဗိုလ်ချုပ်မုးကြီးက သူ့လက်အောက်အရာရှိ ဗိုလ်ချုပ်များကို ဖြုတ် ထုတ် ရှင်း
လုပ်ပစ်သကဲ့သို့ ဗိုလ်သန်းရွှေ “ထွင်” လိုက်တဲ့ ကြိုတင်မဲဖြင့် ပြည်သူ့ကိုယ်စားလှယ် စာရင်းဝင်လာသူ ဗိုလ်ပြုတ်များကိုမူ ဖြုတ် ထုတ် ရှင်း လုပ်ပစ်ဖို့ရာ မလွယ်ကူတော့ပါ။

ကြံလိုက်စမ်း စစ်အာဏာရှင်ကြီး။ရက်ရက်စက်စက် ဖြုတ် ထုတ် သတ် နေပြည်တော် နန်းတွင်းလုပ်ကြံမှုကြီး။

ဗိုလ်ချုပ်ပြုတ်များကရော စစ်တပ်အာဏာရော သမ္မတအာဏာပါ သိမ်းပိုက်ရရှိသွားမယ့် အာဏာရှင်သန်းရွှေရဲ့ လက်အောက်မှာ မိမိတို့ရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံမှုရှိပါ့မလားလို့
မတွေးတော မစဉ်းစား မကြံဆဘဲ နေပါ့မလား။

နောင်တော့် နောင်တော်တို့ အစဉ်အဆက်ခံခဲ့ရတဲ့ ဘ၀ကံကြမ္မာကိုလည်း မျက်စေ့အောက်မှာပင် တွေ့ဖူး မြင်ဖူးခဲ့ပြီးပြီ။ မိမိတို့ကိုယ်တိုင်လည်း“နောက်ကျော ဓားထိုး” တဲ့ သန်းရွှေကြီးရဲ့
ကြမ်းကြုတ် ရက်စက် ကောက်ကျစ် စဉ်းလဲမှုကို ကိုယ်တိုင်ခံခဲ့ရပြီးပြီ။ ဒီတော့ ကြိတ်မှိတ်ပြီး ငြိမ်ခံသွားကြဦးမလား။

ဘာတွေ ဖြစ်လာကြမှာလဲ။ ကြပ်ပြေးနေပြည်တော် နန်းတွင်းမှာ ဓါးကို အပြိုင်သွေးနေကြပြီလား။

အခုတော့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ လွှတ်တော်ခေါ်ယူဖို့ ၃၁ ရက်နေ့မှာတော့ ကြေညာထားပါပြီ။

အာဏာနှင့် “ခွာ” မရဖြစ်နေတဲ့ စစ်အာဏာရှင် သန်းရွှေကတော့ ဘ၀ပေးအရအာဏာကို မရ ရတဲ့နည်းနဲ့ အတင်းအဓမ္မရယူမှာ အသေအချာဖြစ်တာမို့ သတိလက်လွတ် မနေမိကြဖို့ရာ
မွန်ဇော်နိုင်က“ဗျို့” ဟစ်လိုက်ရပါတယ်။

“အားလုံးသတိဗျို့ ..သတိ ..သတိ ..သတိ” ။ ။

Wednesday, January 12, 2011


များတို့ကလွဲလို့ စစ်မှုမထမ်းမနေရ
ဦးရုက္ခစိုး၊ ဖိုးရှုပ်၊ ကြွက်စုတ်တို့ နေပြည်တော် ရောက်သွားချိန်တွင် ထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရသည်။ ချိုကုပ်ဒူးကြီးက
ဝတ်ဖြူစင်ကြယ်နှင့် စိတ်ပုတီးတကုံးကို လက်တွင် ပတ်ထားသည်။ ချိုကုပ်ဒူးကြီးကတော် ဒေါ်ကွိုင်ကွိုင်က ငိုနေသည်။ ဒု ချိုကုပ်ဒူးကြီး မောင်ကွေးကတော့ ခါးကြားတွင်
အရက်ပုလင်းတပုလင်းထိုးကာ အိမ်ထဲမှ အထုပ်များကို သယ်ချ နေသည်။ မောင်ကွေး ကတော်ကလည်း အိုး၊ ခွက်၊ ပန်းကန်များကို အသင့်စောင့်နေသည့် ကားပေါ် ဝိုင်းတင်
ပေးနေသည်။

ရုက္ခစိုး။ ။ ဘာတွေ ဖြစ်နေတာလဲဟ။ ငါ့ မျက်စိများ မှားရော့သလား။ ချိုကုပ်ဒူးကြီးကလည်း ဝတ်ဖြူစင်ကြယ် ကြီးနဲ့။

ဖိုးရှုပ်။ ။ ဟုတ်ပါ့ ဦးရုက္ခစိုးရေ။ ဘာတွေ ဖြစ်ကုန်ပြီလဲ မသိဘူး။ ဒေါ်ကွိုင်ကွိုင်ကလည်း ငိုလို့။

ကြွက်စုတ်။ ။ ဒါ အကွက်သစ် ထွင်တာဖြစ်မယ်။ နည်းနည်းလောက် စောင့်ကြည့်ပါဦး။

သူတို့ စကားပြောနေစဉ် ဦးရုက္ခစိုးတို့ကို ချိုကုပ်ဒူးကြီး မြင်သွားသည်။

ချိုကုပ်။ ။ ဦးရုက္ခစိုးပြန်ရင် လိုက်မယ်ဗျာ။ ချင်းမိုင်က ဒွိုင်ဆူထေ့ တောင်ပေါ်မှာ တရားလိုက်ကျင့်မယ်။

ဖိုးရှုပ်။ ။ ဘုရား ဘုရား … တခုခုတော့ လွဲနေတာ အမှန်ပဲ။ အားလားလား။

ဖိုးရှုပ်က အိပ်မက် မက်နေသည်ဟု ထင်သဖြင့် သူ့လက်သူ ဆွဲဆိတ်ကာ နာသွားခြင်းဖြစ်သည်။

ကွိုင်ကွိုင်။ ။ မသွားရဘူး၊ မသွားရဘူး … မောင်တော် သွားရင် နှမတော်လည်း မနေဘူး လိုက်မှာပဲ။

ကြွက်စုတ်။ ။ သူတို့ကိုယ် သူတို့ ဝေဿန္တရာမင်းကြီးနဲ့ မဒီဒေဝီများ မှတ်နေလားမသိဘူး။

အံ့သြစရာ မြင်ကွင်းကို ငေးမောနေမိကြသော သူတို့နားသို့ ချိုကုပ်မောင်ကွေး ရောက်လာသည်။

မောင်ကွေး။ ။ (ခါးကြားထဲမှ ပုလင်းကို ထုတ်ကာ တကျိုက် ကျိုက်ရင်း) အင်း … အခုမှပဲ ရေငတ်ပြေသွားတော့တယ်။ မောလိုက်တာ။

ရုက္ခစိုး။ ။ ဘာတွေဖြစ်နေကြတာလဲဗျ။ ဟိုကလည်း ဝတ်ဖြူစင်ကြယ်နဲ့ တောထွက်တော့မယ်တဲ့။ ခင်ဗျားကလည်း အိမ်ပြောင်းတော့မယ့် ပုံနဲ့။ ဘယ်သူက မောင်းချလို့လဲ။

မောင်ကွေး။ ။ ၃ မိနစ်ပဲ စောင့် … ပြောပြမယ်။

ချိုကုပ်ဒူးကြီး။ ။ လောကီရေးရာ ကိစ္စတွေကို စိတ်ကုန်ပါပြီကွယ်။ ချိုကုပ်ဒူးကြီးဆိုတဲ့ ရာထူး ဂုဏ် ဓနတွေ စည်းစိမ်တွေ ကိုလည်း မမက်မောတော့ဘူး။ အင်း သံယောဇဉ် …
သံယောဇဉ်။

ကြွက်စုတ်။ ။ ကြားလား ဖိုးရှုပ်။ ချိုကုပ်ဒူးကြီးက လေးဖြူသီချင်း ဆိုနေပြီ။

မောင်ကွေး။ ။ လေးဖြူသီချင်း ဆိုတာမဟုတ်ပါဘူး။ ဇနီး၊ သား၊ သမီး၊ မြေး သံယောဇဉ်တွေကို ဖြတ်ပြီး လောကုတ္တရာ ကိစ္စ ကောင်းရာကောင်းကျိုးတွေပဲ လုပ်တော့မယ်လို့
ပြောနေတာ။

ကွိုင်ကွိုင်။ ။ (မျက်ရည်နှင့် နှပ်ချေးများကို တစ်ရှူးဖြင့်သုတ်ရင်း) မောင်တော်ရယ် … အဲဒီလို မလုပ်ပါနဲ့ မောင်တော်ရဲ့။ အောင်မလေး … သူတော်ကောင်းကြီးရဲ့။ နှမတော်
ပါရမီဖြည့်ပါရစေလား … အဟား … အဟား … အဟား။

မောင်ကွေး။ ။ ကဲ … ကဲ … မိန်းမရေ … အားလုံး အဆင်သင့်ဖြစ်ရင် ငါတို့လည်း သွားရအောင်။ ဒီစည်းစိမ်တွေ၊ ရာထူးတွေ ဆိုတာ အလကားပါကွာ။ လောကကောင်းရာ
ကောင်းကျိုးတွေပဲ သယ်ပိုးကြတာပေါ့။ လူတွေအတွက် ပေးဆပ်ရမယ့် အချိန် ရောက်ပြီကွဲ့ …။ ချိုကုပ်ဒူးကြီးတောင် ရာထူး စည်းစိမ်တွေ၊ သံယောဇဉ်တွေ စွန့်နိုင်ရင် တို့က ဘာလို့
မစွန့်နိုင်ရမှာလဲကွာ ...။

မောင်ကွေး ကားစုတ်ကလေးပေါ်တက်၍ စက်နှိုးပြီး ၁၀ စက္ကန့်ခန့်အကြာတွင် ….

ကွိုင်ကွိုင်။ ။ ရပြီ … ရပြီ။ အားလုံး …....... ကတ် ...။ အဲ ယောင်လို့ … အားလုံး နားလို့ရပြီလို့ ပြောတာ။

ချိုကုပ်။ ။ (ခြေပစ်လက်ပစ် ထိုင်ချကာ လက်ထဲမှ စိတ်ပုတီးကိုလွှင့်ပစ်ရင်း) မောလိုက်တာကွာ … ။ ရွှေဖလားတော်နဲ့ ရေခဲရည်ကြည်တော် ဆက်တော်မူကြစမ်း။

တယောက်က ချိုကုပ်ဒူးကြီးကို ရေတခွက်လာပေးသည်။ ဝတ်ထားသည့် ဝတ်ဖြူစင်ကြယ်များကို ဆွဲချွတ်လိုက်ရာ ပြောင်ပြောင် လက်လက်များ ချိတ်ဆွဲထားသည့် စစ်ဝတ်စုံဖြင့်
ဖြစ်သွားသည်။

ဖိုးရှုပ်။ ။ ဘာတွေလဲဗျာ ...။ နားကို မလည်တော့ဘူး။

ကွိုင်ကွိုင်။ ။ ယတြာခြေတာလေ … ယတြာခြေတာ။ ရာထူးက ပြုတ်ဖို့ ရှိတယ်ကြားလို့ ဒီရာထူး၊ ဒီစည်းစိမ်တွေ မမက်ဘဲ တောထွက်ပါတော့မယ်လို့ ဒီအချိန် ဒီနာရီမှာ ပြော၊ ကျုပ်က
ငိုပြီးတားရမယ်လို့ ဗေဒင်က ဟောတယ်လေ။
ကြွက်စုတ်။ ။ ဒါဆို ဟို ချိုကုပ် မောင်ကွေးကကော။ အရူးထပြီး အိမ်ပြောင်းချင်ယောင် ဆောင်တာလား။

မောင်ကွေး။ ။ ဒါလည်း မကွိုင်ရဲ့ ယတြာပဲလေ။ ချိုကုပ်ဒူးကြီး ဂန့်ရင် ကျုပ်ပါ ဂန့်မယ်ဆိုလို့ ရာထူးက ဆင်းပေးပြီး လောကကောင်းကျိုး သယ်ပိုးမယ်ဆိုတဲ့ စတိုင်လုပ်ရမယ်တဲ့။
ကျုပ်ဒီဇိုင်းက မိုက်တယ်မဟုတ်လား။

ပြောပြောဆိုဆို ချိုကုပ်မောင်ကွေးက အရက်ပုလင်းကို မော့လိုက်ပြန်သည်။

ရုက္ခစိုး။ ။ ထင်တော့ ထင်သား။ ဒါက အိပ်မက်မဟုတ်ဘူးဆိုရင် တကယ်တော့ မဖြစ်နိုင်ပါဘူးလို့။

ကွိုင်ကွိုင်။ ။ ကဲ မောင်တော် … သိပ်ဇိမ်ယူမနေနဲ့။ အမိန့်ကြေညာစာ တရပ် ထုတ်ဦး။

ချိုကုပ်။ ။ ဘာထပ်ထုတ်ရဦးမှာလဲကွာ။ မင်းပြောလို့ လွှတ်တော်ကို ၁ လပိုင်း ၃၁ ရက် ၈ နာရီ ၅၅ မိနစ်မှာ ခေါ်မယ်လို့ ကြေညာပြီးပြီလေ။

ကွိုင်ကွိုင်။ ။ ဒါက သပ်သပ်။ ဂဏန်းအားလုံးပေါင်းရင် ၉ ရအောင် မနည်းရှာကြံလုပ်ထားရတာ။ ကိုးနဝင်း ကျေအောင်ပေါ့။ နောက်တခု ကြေညာရမှာက … အရာရှိတွေအားလုံး
အိမ်ရှေ့မှာ တပွင့်ကြာပင် စိုက်ရမယ်လို့ စာထုတ်။

ချိုကုပ်။ ။ အဲဒါကကော ဘာအတွက်လဲ။

ကွိုင်ကွိုင်။ ။ အဲဒါက … တပွင့်တည်းကြာမယ်။ တယောက်တည်း ရာထူးမှာ ကြာမယ် မြဲမယ် ဆိုတဲ့ သဘောပေါ့။ ကဲ ချိုကုပ်မောင်ကွေးလည်း အိမ်ပြန်ပြီး ကြာပင်စိုက်။ ကျမလည်း
အိမ်ရှေ့မှာ စိုက်ထားပြီးပြီ။

ချိုကုပ်မောင်ကွေးတို့ လင်မယား အထုပ်များပြန်သိမ်းပြီး အိမ်ပြန်သွားကြသည်။

ချိုကုပ်။ ။ ဟုတ်ပါပြီကွာ ...။ ထုတ်လိုက်ပါမယ်။ ဒါပဲလား။ လွှတ်တော်အတွက် ငါ ပြင်စရာလေးတွေ ရှိသေးတယ်။

ဖိုးရှုပ်။ ။ လွှတ်တော်မှာ တင်သွင်းမယ့် ကိစ္စတွေ၊ သမ္မတ ရွေးဖို့ ကိစ္စတွေ ပြင်ဆင်မှာပေါ့ ဟုတ်လား ချိုကုပ်ဒူးကြီး။

ကြွက်စုတ်။ ။ ဒီလိုတော့လည်း ချိုကုပ်ဒူးကြီးက တကယ်လုပ်တော့မယ် ဆိုတဲ့သဘောပေါ့နော်။ အရပ်သား အစိုးရကို တကယ် လွှဲပေးပြီး ဒီမိုကရေစီစနစ်ကို တကယ်သွားတော့မှာပေါ့
ဟုတ်လား။

ချိုကုပ်။ ။ ဘာတွေ လာပြောနေတာလဲ။ လွှတ်တော်အတွက် ပြင်မယ်ဆိုတာက ရန်ကုန် အမျိုးသားပြတိုက်က သီဟာသန ပလ္လင်ကြီးကို ရွှေ့ခိုင်းမလို့။

ရုက္ခစိုး။ ။ ဟာ … အဲဒီလိုလုပ်ရင် ရှေးဟောင်းသုတေသနတွေ၊ သမိုင်းသမားတွေနဲ့ ကွိုင်မယ်ထင်တယ်နော်။

ချိုကုပ်။ ။ ဒါဆိုလည်း လွယ်ပါတယ်။ အဲဒီပလ္လင်နဲ့ တပုံစံတည်းတူတဲ့ ပလ္လင်တခုကို ပုံတူမျိုးပွားလိုက်၊ ပြီးရင် အဲဒီပလ္လင်တော်က ဓာတ်ကူးသလို ဖြစ်အောင် ၉ ရက်တိတိ အတူတူထား
ပြီးမှ သယ်ခိုင်းလိုက်မှာပေါ့။

ဖိုးရှုပ်။ ။ အဲဒီပလ္လင်ကြီးက ဘာလုပ်ဖို့လဲ ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်ဒူးကြီးက ဇာတ်ထဲမှ ဘုရင်လေသံဖြင့် “ငါကိုယ်တော်မြတ် လွှတ်တော်ဝင်တဲ့အခါ ထိုင်တော်မူဖို့ပေါ့ကွဲ့” ဟု ပြန်ဖြေလိုက်သည်။

ကြွက်စုတ်။ ။ (ဦးရုက္ခစိုးနှင့် ဖိုးရှုပ်ဘက်လှည့်၍) ပြန်ကြရင်ကောင်းမယ်နဲ့ တူတယ်နော်။ တော်ကြာ ကျနော်တို့ကိုပါ ဝန်ကြီးတွေ၊ မူးမတ်တွေလို ဝတ်ခိုင်းပြီး ခစားခိုင်းနေမှဖြင့်။

ချိုကုပ်။ ။ ဘယ်ရမလဲ … ဒီတိုင်းတော့ မောင်မင်းတို့ ပြန်လို့မဖြစ်သေးဘူးကွဲ့။ တိုင်းပြည်အတွက် စစ်မှုထမ်းပြီးမှ ပြန်ကြရမယ်။

ရုက္ခစိုး။ ။ ကျုပ်နဲ့မဆိုင်ဘူးနော်။ ကျုပ်က နတ်။ ဖိုးရှုပ်နဲ့ ကြွက်စုတ်ကိုပြော။

ဖိုးရှုပ်။ ။ ဟာ … မလုပ်နဲ့လေ ဦးရုက္ခစိုး … ကျနော် စစ်ထဲ မဝင်ချင်ဘူးဗျ။

ကြွက်စုတ်။ ။ ကျနော်က ကြွက်စုတ်ဆိုတော့ … ဥပဒေထဲမှာ ကြွက်တွေအတွက် မပါဘူး မဟုတ်လား။ ကျနော် မှတ်ပုံ မတင်တော့ဘူးနော်။

ဖိုးရှုပ်။ ။ ကျနော်ကလည်း … ကျနော်ကလည်း … သက်ကြီးရွယ်အိုကို စောင့်ရှောက်နေရလို့ ပို့စ်ပွန်း လုပ်ပါရစေ။

ချိုကုပ်။ ။ မောင်မင်းက ဘယ် သက်ကြီးရွယ်အိုကို စောင့်ရှောက်နေရလို့လဲ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးလေ … ။ ဦးရုက္ခစိုးက နတ်ဆိုတော့ အသက်က အနည်းဆုံး ထောင်ချီနေပြီ … ဟုတ်တယ်နော် ဦးရုက္ခစိုး။

ချိုကုပ်။ ။ ဒါဆို မောင်မင်းတို့ ၂ ယောက်က စစ်မှုမထမ်းရအောင် ကြံဖန် ရှောင်လွှဲတဲ့အတွက် ထောင်ဒဏ် ၅ နှစ်။

ကြွက်စုတ်။ ။ ဟာ အဲဒီလိုကြီးလား။ ရတယ်လေ (ဖိုးရှုပ်ကို လက်တို့ကာ) ဒါဆို … များတို့ အခုပဲ ခြောက်သွားပြီ။ များတို့အတွက် ဥပဒေ မပါဘူး မဟုတ်လား။

ချိုကုပ်ဒူးကြီးက ကြွက်စုတ်ကိုကြည့်လိုက် … သူ့ဥပဒေ မူကြမ်းကို ကြည့်လိုက်ဖြင့် ကြောင်တက်တက် ဖြစ်နေစဉ် ဖိုးရှုပ်ကလည်း မျက်စကိုချီ၍ “ဟုတ်တယ် … လူကြီးနော် …
ကလိန်ကကျစ်မလုပ်နဲ့ … သွပ်ပြားတို့အတွက် ဥပဒေ ထုတ်ပြီးမှပြော” ဟု ပြောလိုက်သည်။

ချိုကုပ်။ ။ ဟုတ်တော့ ဟုတ်တယ် … အဲဒါတွေအတွက်တော့ ဥပဒေထဲမှာ မပါသေးဘူး။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ပုဆိုးများကို ထဘီကဲ့သို့ ပြင်ဝတ်၍ ချိုကုပ်ဒူးကြီးရှေ့တွင် ခေါက်တုန့် ခေါက်ပြန် မော်ဒယ်ဂဲလ် များစတိုင် ၂ ခေါက်ခန့် လျှောက်ပြလိုက်ကြသည်။

ထို့စဉ် ဦးရုက္ခစိုးက “ပြေးနိုင်မှ လွတ်မယ်ဟေ့” ဟု အချက်ပေးလိုက်သည်နှင့် တပြိုင်နက်တည်း ၎င်းတို့ ထုံးစံအတိုင်း ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ထိုနေရာမှ
ထွက်ပြေးကြရလေတော့သတည်း။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
http://www.irrawaddyblog.com

စစ်မှုမထမ်းမနေရ ဥပဒေ
Posted by SLIP in အထွေထွေ ဗဟုသုတ
စစ်မှုမထမ်းမနေရ စနစ်ဆိုသည်မှာ တပ်မတော်အတွင်းရှိ တပ်ဖွဲ့အသီးသီးတို့အတွက် အမိန့်အရ မဖြစ်မနေ ဝင်ရောက်အမှုထမ်းစေသည့် စနစ်ဖြစ်သည်။ ရှေးဟောင်း
အထောက်အထားများအရ ဤသို့သော စနစ်ကို ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပေသည်။ ရှေးအခါက ဘာသာရေးဆိုင်ရာ အဆောက်အုံများ တည်ဆောက်မှုအတွက်
မဖြစ်မနေ လာရောက် လုပ်အားပေးရန်အတွက် အရွယ်ရောက်သူတိုင်း မဖြစ်မနေ လာရောက်တာဝန်ထမ်းဆောင်စေခြင်း စနစ်ကို ကျင့်သုံးခဲ့ကြပြီး နောက်ပိုင်းတွင်
အစိုးရအဖွဲ့အစည်းများမှ ၎င်းတို့၏ စည်းမျဉ်းများအရ တိုင်းပြည်အတွက် လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ တပ်မတော်များသို့ နိုင်ငံသားများအား မဖြစ်မနေ အမှုထမ်းစေခြင်း စနစ်အဖြစ်
အသွင်ပြောင်း အသုံးပြုခဲ့ကြသည်။

စစ်မှုမထမ်းမနေရ စနစ်သည် ဥပဒေ (သိ)ု့ စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းချက်အရ မဖြစ်မနေလုပ်ရသော အလုပ်ဖြစ်သည်။ စစ်မှုမထမ်းမနေရ စနစ်ကို အသုံးမပြုသော
နိုင်ငံပေါင်းများစွာလည်ရှိသည်။ အခြား ဆင်တူရိုးမှား စနစ်များ ဖြစ်သည့် အပျော်တမ်းတပ်ဖွဲ့များ၊ အမြဲတမ်းမဟုတ်သည့် တပ်ဖွဲ့များ (စစ်ပွဲရှိချိန်မှသာ တာဝန်ထမ်းဆောင်ရသော
တပ်ဖွဲ့များ) ဟူ၍လည်း ဖွဲ့စည်း ကျင့်သုံးကြသည်။

ဗြိတိန် နှင့် သြစတေးလျ နိုင်ငံများတွင် စစ်မှုမထမ်းမနေရ စနစ်ကို စစ်ပွဲဖြစ်စဉ် ကာလများတွင် ကျင့်သုံးသည်။ ဒုတိယ ကမ္ဘာစစ်ကာလတွင် ဂျပန်နိုင်ငံ၌ အမျိုးသမီးများနှင့် ကလေးများ
အားလုံးကို စက်ရုံများသို့ အမှုမထမ်းမနေရ ထမ်းဆောင်စေသည့် စနစ်ကို ကျင့်သုံးခဲ့သည်။

တပ်မတော်တွင် စစ်မှုမထမ်းမနေရစနစ်ကို ပထမဆုံး ကျင့်သုံးခဲ့သူဟု ယူဆရသူမှာ ပြင်သစ်ဘုရင် နပိုလီယန် ဖြစ်သည်။ နပိုလီယန်သည် ပထမ ပြင်သစ်အင်ပါယာ၏ ဧကရာဇ်ဖြစ်ပြီး
၁၇၆၉ တွင် မွေးဖွားကာ ၁၈၂၁ တွင် ကွယ်လွန်ခဲ့သည်။ နပိုလီယန်လက်ထပ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးခဲ့ခြင်းကြောင့် ပြင်သစ်တပ်မတော်ကြီးသည် ဥရောပတွင်
အင်အားအကြီးဆုံး ဖြစ်လာခဲ့သည်။

စစ်မှုမထမ်းမနေရ စနစ်သည် တိုင်းတပါးနှင့် စစ်ဖြစ်ပါက အကောင်းဆုံး ရလဒ်တွေကို ရရှိစေနိုင်ပြီး ဒီမိုကရေစီ သို့ အမြင့်ဆုံးနည်းနှင့် ချဉ်းကပ်ခြင်းဖြစ်သည်။ ဥပမာ ပထမ
ကမ္ဘာစစ်အတွင်းက ကနေဒါ၊ အောစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကို ကြည့်နိုင်သည်။ ဗီယက်နမ်စစ်ပွဲသည် အကောင်းဆုံး သာဓက ဖြစ်ပြီး ရုရှားနှင့် တရုတ်တို့လည်း ဤစနစ်ကို
ကျင့်သုံးလာကြသည်။

နိုင်ငံအများစုတွင် စစ်မှုမထမ်း ဥပဒေ ကို အမျိုးသားများအတွက်သာ ပြဌာန်းခဲ့ကြသည်။ အစ္စရေးကဲ့သလို့သော အချို့နိုင်ငံများတွင်တော့ အမျိုးသမီးများကိုပါ


တာဝန်ထမ်းဆောင်စေခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဗြိတိန်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုတို့တွင် စစ်မှုမထမ်းမနေရစနစ်ကြောင့် တာဝန်ထမ်းဆောင်လျှက်ရှိသော အမျိုးသမီး
အများအပြားကို တွေ့နိုင်သည်။ အမေရိကန် တို့အနေနဲ့လည်း စစ်မှုမထမ်းမနေရကြောင့် ဝင်ရောက်တာဝန်ထမ်းဆောင်နေရသော အမျိုးသမီး စစ်သူနာပြု အများအပြားကို ဂျပန်နိုင်ငံသို့
စေလွှတ်ခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် တပ်မတော် စတင်ဖွဲ့စည်းစဉ်ကာလ ကတည်းက စစ်မှုမထမ်းမနေရစနစ်ကို မကျင့်သုံးခဲ့သော်လည်း ထိုအချိန်ကတည်းက မြန်မာ့တပ်မတော်ကို


တည်ထောက်သူတစ်ဦးဖြစ်သည် ဗိုလ်ချုပ်အောင်ဆန်းမှ အခြေအနေအရ လိုအပ်လျှင်နိုင်ငံသားအားလုံး စစ်မှုထမ်းသင့်ပါက ထမ်းရမည်ဖြစ်ကြောင့် ပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ထိုစနစ်လည်း အကောင်အထည် မပေါ်နိုင်ခဲ့ပေ။ သို့သော် SSA ခေါ် ရှမ်းပြည် တပ်မတော် တွင် ရှမ်းပြည်သားတိုင်း အသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ ၅
နှစ်ထိ စစ်မှုမထမ်းမနေရစနစ်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ကျင့်သုံးလျှက် ရှိသည်။ ၂၀၀၉ ခုနှစ်တွင် DKBA ခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်မှ
သထုံမြို့နယ်အတွင်းရှိ ဝင်းဒရယ်၊ ဝါးဘိုး အစရှိသည့် ရွာပေါင်း (၇၂) ရွာတွင် နေထိုင်သော ကရင်ရွာသားများကို အမိန့်ထုတ်ပြန်၍ ကျင့်သုံးခဲ့သည်။
ယေဘုယျ အားဖြင့် စစ်မှုမထမ်းမနေရ ဥပဒေမှ ကင်းလွတ်ခွင့် ရသူများမှာ
1. အချိန်ပြည့်ကျောင်းတက်နေရသူများ (ထိုသူများအနေဖြင့် ကျောင်းတက်နေစဉ် ကာလ တစ်လျှောက်တွင် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး။
ကျောင်းပြီးသွားလျှင်သော်လည်းကောင်း၊ ကျောင်းမှ ထွတ်လိုက်ရလျှင်သော်လည်းကောင်း ပြည်လည် စစ်မှုထမ်းရမည် ဖြစ်သည်။)
2. သိပ္ပံဆိုင်ရာ အဆင့်မြင့် သုတေသန လုပ်ဆောင်နေသူများ၊ ပရဂူဘွဲ့ ရရှိထားသူများနှင့် ထိုထက် မြင့်သော ဘွဲများ ရရှိသူများ။
3. ဆေးထောက်ခံချက် မရသူများ (သိ)ု့ ကျန်းမာရေးအရ ကင်းလွတ်ခွင့်ရသူများ။
4. သားသမီး နှစ်ဦးထက် ပိုသည့် မိခင်များ
5. သာသနာ့ဝန်ထမ်းများ
ဖြစ်သည်။

ကမ္ဘာပေါ်တွင် အမြဲတမ်း တပ်မတော် မရှိသော နိုင်ငံများ

• အန်ဒိုရာ

• ကော့စတာရီစာ

• မီခရိုနီးရှား

• ဂရိနေဒါ

• အိုက်စလန်

• ကီရီဘာတီ

• လိုက်ခ်ျတန်စတင်း

• မာရှယ်ကျွန်း

• မာရီယာကျုစ်

• မိုနာကို

• နာရူး

• ပလာဦး

• ပနားမား

• ဆာမိုရာ

• ဆန် မာရီနို

• ဆိုလိုမွန် ကျွန်း

• ကျူဗာလု

• ဗာတီကန်စီးတီး

စစ်မှုမထမ်းမနေရစနစ် မကျင့်သုံးသောနိုင်ငံများ

• • •
အာဖစ်ဂ ဟန်ဂေ ပီရှူး
န်နစ်စတ ရီ

န်
• ဖိလစ်ပိုင်
• အိန္ဒိယ

အယ်ဗာ
• ပိုလန်
နီးယား အီရက်

• • ပေါ်တူဂီ
အန်တီဂူ အိုင်ယ
ရာ

ာလန် ကွာတာ
• •
အာဂျင်

အီတ ရိုမေးနီး
တီးနား လီ ယား
• •
သြောစေ

ဂျမေ အာဝမ်ဒါ
တးလ် ကာ
• •
• စိမ့်ကတ်
ဘဟာမ
ာစ် ဂျပန် စ်

• • •
ဘာရိမ်း ဂျော်ဒ ဆော်ဒီ
န် အာရေဗျ

ဘင်္ဂလား • •
ဒေ့ရှ် ကင်ည ဆားဗီး
ာ ယား

ဘာဘာ • •
ဒေါ့စ် လက်ဗီ စေချီလီ
းယား
• •
ဘယ်လ် • စီယာ
ဂျီယန် လက် လီယွန်
• ဘနွန်

ဘီလီဇီ • ဆလိုဗ
• လီဆို က်ကီးယ
ဘူတန် သိုား

• • •
ဘော့စနီ လစ်သူ ဆလိုဗေ
းယား ရေးနီးးနီးယား
ယား
• •
ဘော့စွန • တောင်
ား လစ်ဗျာ အာဖရိ
း က

ဘရုနိုင်း • •
လူစင် စပိန်

ဘက်
ဘူလဂေ •
းရီးယား • သိရိလ
မက်ဆီ င်္ကာ

တိုးနီး
မြန်မာ •
ယား ဆူရီနိမ်း

ကင်မရွန်
• •
မာလဝီ ဆွီဒင်

• • •
မယ်လ် ဆွတ်ဇာ
ကနေဒါ
ဒစ်စ် လန်

ကွန်ဂို
• •
မယ်လ် တန်ဇေး
• တာ နီးယား
ခရိုအေး
ရှား
• •
မလေး တီမော
• ရှား
ချက်စ် •
• တိုငါ
• မော်ရို
ဒီဂျီဗျူတီ
ကို

ထရီနီဒ
• • က်
ဒိုမီနီကန်
မွန်တီနီ
• ဂရိုး

ဒူဘိုင်း
ဖူဂျီ

• နာမီးဗီး

ဗြိတိန်
ပြင်သစ် ယား

• •
• အမေရိ
ဂန်ဗီးယ နီပေါ
ကန်
ား
• •
• နယ်သ
ဥရုဂွေး
ဂါနာာလန်
• •
• ဇမ္ဘီယ
ဂ်ာမနီ နယူးဇီ

• လန်
ဟေတီ

• နီကာရ
ဟွန်ဒရွာဂူရာ
က်စ်

နီဂရီယ
ား


အိုမန်


ပါကစ်
စတန်


ပါပူးရာ

အရေးပေါ် အခြေအနေများတွင်သာ စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးသော နိုင်ငံများ

• ဘီလီဇီး

• ဘိုလီးဗီးယား

• ချီလီ

• အင်ဒိုနီးရှား

• ဂျမေကာ

• အမေရိကန်ပြည်ထောင်စု

• ဥရုဂွေး

စစ်မှုမထမ်းမနေရစနစ်နှင့် ဆန္ဒအလျှောက် စစ်မှုထမ်းစေသော စနစ်နှစ်ခုလုံး ကျင့်သုံးသော နိုင်ငံများမှာ


ဘာမြူ
ဒါ


ဘူရမ်ဒို
င်း


ဂဘွန်း


ကူဝိတ်


မာလီ


မာရီတ
င်းနီးယ
ား


ယူဂန်ဒါ


ဗင်နီဇွဲ
လား

စိစစ်ရွေးချယ်၍သာ စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးသော နိုင်ငံများ

• •
ဘီနင် အဲလ်
စေးလ်ဗား
• ဒေါ
ကာပီ
ဗာဒီ •
အင်ဒိုနီးရှ
•ား
အလယ်
ပိုင်း •
မက္ကစီကို
အာဖရိ
က • နီဂါ
• ချ •
• စီနီဂေါ
တရုတ် •
• တိုဂို
ဂူနီယာ
ဗာစရု


အီကွေေ
ဒါ

အရပ်သား၊ လက်နက်မဲ့နှင့် စစ်မတိုက်ရသည့် စစ်မှုတမ်း စနစ် ကျင့်သုံးသော နိုင်ငံများ

• အန်ဂိုလာ

• အယ်ဂျီးရီးယား

• သြောစတီးယား (အရပ်သား စစ်မှုထမ်း ၉ လနှင့် တပ်မတော်တွင်း ၆ လ )

• ဘီလာရုစ်

• ဘူရ်ကီနာ
• ဆိုက်ပရက်စ်

• ဒိန်းမက်

• အိစတိုးနီးယား

• ဖင်လန် (အရပ်သား စစ်မှုထမ်း ၁ နှစ် နှင့် တပ်မတော်တွင်း တစ်နှစ် )

• ဂရိ

• နော်ဝေ

• ဆွတ်ဇာလန် (အရပ်သား စစ်မှုထမ်း ၁ နှစ်နှင့် ၁ လ၊ တပ်မတော်တွင်း ၉ လ )

စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးသော နိုင်ငံများ

တစ်နှစ် အောက် စစ်မှုထမ်းရသော

• သြစတီးယား ( ၆ လ ) • မွန်ဂိုလီးယား ( ၁ နှစ် )

• ဘိုလီးဗီးယား (၁ နှစ် ) • နော်ဝေ ( ၆ လ မှ ၁ နှစ် )

• ဘရာဇီး ( ၉ လ မှ ၁ နှစ် ) • ပါရာဂွေး (


ကြည်းတပ်တွင် ၁ နှစ်၊
• ဒိန်းမက် ( ၄ လ မှ ၁ နှစ် )
ရေတပ်တွင် ၂ နှစ် )
• အိစတိုနီးယား ( ၈ လ မှ
၁၁ လ )
• ရုရှား ( ၁ နှစ် )

• ဖင်လန် ( ၆ လ မှ ၁ နှစ် )
• ထိုင်ဝမ် ( ၁ နှစ် )

• ဂရိ ( ၉ လ )
• တူနီးရှား ( ၁ နှစ် )

• ဂွာတီမာလာ ( ၁ နှစ်မှ ၂
• တူရကီ ( ၆ လ မှ ၁၅ လ
)
နှစ် )

• မော်ဒိုဗာ ( ၁ နှစ် )
• ယူကရိန်း ( ၁ နှစ် )

• ဥဇဘက်ဂစ်စတန် ( ၁ နှစ်
)

တစ်နှစ်ခွဲ ထမ်းဆောင်စေသော နိုင်ငံများ


အာဇာဘို
င်ဂျန်


ကမ်ဘေ
ာဒီးယား


ကိုလမ်
ဘီယာ


ကုတ်
ဒီယွန်း


အီရိတီး
ယား


ဂျော်ဂျီယ


အီရန်


လာအို


မာဒါဂတ်
စ်ကာ

လက်နက်မဲ့မပါပဲ စစ်မှုထမ်းသီးသန့် တစ်နှစ်ခွဲ နှင့် အထက် ကျင့်သုံးသော နိုင်ငံများ

• အာမေးနီးယား ( ၂ နှစ် ) •
မြောက်
• ကျူဘား
ကိုရီးယာ
• ကွန်ဂိုး
• အီကွေတိုးရီးယား •
• အီဂျစ် ဆာရိုတို
မီ
• ဂျီးနီးယား

• အစ္စရေး ( အမျိုးသမီးများ ၂၁ စင်္ကာပူ
လ နှင့် အမျိုးသားများ ၃ နှစ် )

ဆိုမာလီး
• ကာဇစ်စတန်
ယား
• ကာဂျစ်စတန်

• လစ်ဗျား တောင်
• မိုဇမ္ဘီက်ဴး ကိုရီးယာ


စီးရီးယာ


ဆူဒန်


တာဂျစ်
ကစ်စတ
န်


ထိုင်း


တူမီနီစ
တန်

အနာဂါတ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ဖျတ်သိမ်းဖို့ အစီအစဉ်ရှိနေသာ နိုင်ငံများ

• ထိုင်ဝမ် (၂၀၁၄)

• ယူကရိန်း

Webliography

http://en.wikipedia.org/wiki/Conscription

http://en.wikipedia.org/wiki/Military_service

http://www.google.com/
http://www.meepyatite.info/2011/01/blog-post.html

တူးနစ်(စ) ရဲ့ လမ်းမတွေပေါ်မှာ ----( ရေးသားသူ-အောင်မိုးဝင်း )


by Maung Maung Wann on Wednesday, January 12, 2011 at 2:28am
တူးနစ်(စ) ရဲ့ လမ်းမတွေပေါ်မှာ --------
<span> </span>
ဝီကီလိ သတင်းပေါက်ကြားမှုတွေဟာ အမေရိကန်ပြည်ထောင်စုသာမက၊ အာဖရိက အာဏာရှင် ရောဘတ်မူဂါဘီအပါအဝင်၊
အာရပ်ကမ္ဘာ ကို လည်းစိတ်ဆိုးဒေါသထွက်စေတယ်။ “ ရောဘတ်မူဂါဘီ ရဲ့ အမျိုးသမီး၊ “ဂရေ့စ် မူဂါဘီ” ဟာ ဇင်ဘာဘွေနိုင်ငံတွင်းမှာရှိတဲ့ စိန်တွင်းတွေဆီက
အကျိုးအမြတ်ဝေစုရှယ်ယာတွေရနေတယ် ဆိုတဲ့ သတင်း အချက်အလက်တွေကိုလည်း ဖေါက်ချ ဝေဖန်ခဲ့ကြတယ်။ ဂရေ့စ်မူဂါဘီကလည်း ဝီကီလိ သတင်းဝက်ဆိုဒ်ပိုင်ရှင်ကို ဒေါ်လာ
ဂုဏ်သိက္ခာ နစ်နာကြေးအတွက် (၁၅) သန်းရော်ကြေးပေးရမယ်လို့တရားစွဲဆိုတယ်။

အမည်မသိ ဆိုင်ဘာတိုက်ခိုက်ရေးသမားတွေက ဇင်ဘာဘွေအစိုးရရဲ့ဝက်ဘ် ဆိုက်တွေကို ဆက်တိုက်တိုက်ခိုက်လိုက်တယ်။


လူထုအပေါ်ဖိနှိပ်အကြမ်းဖက်နေတဲ့အစိုးရတွေကို အဓိပပစ်မှတ်ထားပြီး ရာဇသံတွေပေးတယ်။ အဲ့သလို တိုက်ခိုက်ခံရမှုတွေ
ထဲမှာ တူနီးရှားနိုင်ငံရဲ့အစိုးရပိုင်စီးပွားရေးလုပ်ငန်းကြီး (၇) ခုလည်းပါတယ်။ တူနီးရှားနိုင်ငံအစိုးရရဲ့ဝက်ဘ်ဆိုဒ်ပေါ်မှာ
“ အစိုးရသို့အိပ်ဖွင့်ပေးစာ” စာတစောင် က သိမ်းပိုက်နေရာယူလိုက်တယ်။ ဘွဲ့လွန်ဒီဂရီရထားပေမဲ့ လမ်းဘေးမှာ သစ်သီးရောင်းစားအသက်ရှင်နေရတဲ့ မိုဟာမက် အဇစ် ဆိုတဲ့ ပုဂ္ဂိုလ်က
တူနီးရှားနိုင်ငံရဲ့ နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေးကြပ်တည်းမှုတွေကို ရှုတ်ချဆန္ဒပြတဲ့အနေနဲ့ ရဲစခန်းရှေ့သွားပြီး သူ့ဘာသာ မီးရှို့သတ်သေပြတယ်။ တချို့ကျောင်းသားတွေကလည်း
လျှပ်စစ်ဓါတ်အားပေးတိုင်တွေပေါ်တက်၊ ဝါယာလျော့ရိုက်ပြီး သတ်သေလိုက်ကြပြန်တယ်။
သူတို့ရဲ့ဝိညာဉ်တွေက ပြည်သူတွေကိုရင်ကွဲစေခဲ့တယ်။ ၂၀၁၁ နှစ်ကူးသွားခဲ့တယ်။ တူးနစ်ရှ် ရဲ့လမ်းမတွေပေါ်မှာတော့
“ ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ” ဆိုတဲ့ နှုတ်ဆက်အော်ဟစ်သံတွေမရှိ၊
လူတွေ --- တအုပ်ပြီး တအုပ်--- အမှောင်တွေကိုဆွဲကိုင်လှုပ်နေကြတယ်။
တူးနစ်(စ)ရဲ့လမ်းမတွေ--- တူးနစ် (စ) ရဲ့လမ်းမတွေ--- တူးနစ်(စ) ရဲ့ လမ်းမတွေ----------

<span>ဒီတပတ် လွတ်လပ်တဲ့အာရှအသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တူနီးရှားနိုင်ငံရဲ့လတ်တလောဖြစ်ပျက်နေတဲ့ နိုင်ငံရေး</span>


<span>မတည်ငြိမ်မှုတွေကိုတင်ပြထားပါတယ်။ ဘာတွေဆက်ဖြစ်နေသလဲဆိုတာ ဆက်လက်လေ့လာစေလိုပါတယ်။</span>
<span> </span>
သောတရှင်များခင်ဗျား

ခရစ်စမတ်တေးသီချင်းတွေနဲ့နှစ်ကူးဆုတောင်းသံတွေက ကမ္ဘာ့အနှံ့အပြားမှာ ပျော်ရွှင်ကြည်နူးဘွယ် မြင်ကွင်းတွေကိုသယ်ဆောင်ခဲ့ပေမဲ့


အာဖရိကမြောက်ပိုင်းနိုင်ငံတခုဖြစ်တဲ့ တူနီရှားနိုင်ငံမှာတော့ မီးလောင်နေတဲ့လမ်းမတွေ၊ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ နဲ့ လူမှုဖူလုံရေးတောင်းဆိုသံတွေက ပြည့်နှက်နေခဲ့ပါတယ်။
“ ကျနော်တို့ တူနီးရှားနိုင်ငံဆိုတာ စစ်အေးတိုက်ပွဲမှာအမေရိကန်ပြည်ထောင်စုဦးဆောင်တဲ့အနောက်အုပ်စုနဲ့နီးစပ်ခဲ့ပြီး
အနောက်တိုင်းဆန်ဆန်ခေတ်မှီအောင်ကြိုးစားခဲ့တယ်။ လက်ဘနွန်က ဆုတ်ခွာလာတဲ့ ရာဆာအာရာဖတ် ရဲ့ ပါလက်စတိုင်း
လွတ်မြောက်ရေးအဖွဲ့အတွက် ရွေ့ပြောင်းစခန်းတွေကို အဆင်ပြေပြေတည်ဆောက်နိုင်အောင် ကူညီခဲ့တဲ့နိုင်ငံဖြစ်တယ်။
အာရပ်အမျိုးသားရေးဝါဒီဖြစ်တဲ့ လစ်ဗျားခေါင်းဆောင် ကဒါဖီ နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပေမဲ့၊ အီဂျစ်ခေါင်းဆောင် နာဆာ ကတော့ တူနီးရှားနိုင်ငံခေါင်းဆောင် “ဟာဘစ် ဘော်ဂီဘာ”ဟာ
အနောက်အုပ်စုရဲ့ဘွတ်ဖိနပ်တရံ ဖြစ်တယ် လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်။”

<span>ဒါပေမဲ့ ၁၉၈၇ ခုနှစ်မှာ အစ္စရေးလေတပ်ဟာ တူနီးရှားနိုင်ငံအနီးမှာတပ်စွဲထားတဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ကို </span>


<span>ဝင်ရောက်တိုက်ခိုက်လိုက်အပြီးမှာတော့၊ တူနီးရှားသမ္မတ “ဘော်ဂီဘာ” နဲ့အမေရိကန်ပြည်ထောင်စုတို့ကြားမှာ ဆက်ဆံရေး</span>
<span>အေးခဲလာခဲ့ပါတယ်။ တပြိုက်နက်တည်းမှာပဲ ဝန်ကြီးချုပ် ဘင်အလီ က တူနီးရှားသမ္မတ“ဘော်ဂီဘာ”ဟာ ကျန်းမာရေးမကောင်းတော့ဘူး။</span>
<span>ဆေးကုသရမှာဖြစ်တဲ့အတွက် နိုင်ငံတော်တာဝန်ကို မထမ်းဆောင်ရွက်နိုင်တော့ကြောင်းကြေငြာလိုက်ပြီး</span>
<span>နိုင်ငံတော် အာဏာကိုသိမ်းပိုက်လိုက်ပါတယ်။သူ့ရဲ့လက်ထက်မှာ “ဟာဘစ်ဘော်ဂီဘာ” ရဲ့ ရာသက်ပန်သမ္မတရာထူးယူမှုကို </span>
<span>ဖျက်သိမ်းပစ်လိုက်ပြီး၊ ၁၉၉၄ မှာ ပါလီမန်ရွေးကောက်ပွဲတွေကို ကျင်းပပေးခဲ့ပါတယ်။</span>
“တကယ်တော့ တူနီးရှားနိုင်ငံဟာ၂၀၀၃ အီရတ်စစ်ပွဲအပြီးမှာအမေရိကန်ပြည်ထောင်စုကို ပထမဆုံးအလည်လာရောက်ခဲ့တဲ့
နိုင်ငံတခုဖြစ်ပါသလို၊ သမ္မတ “ဘင်အလီ”ကလည်းအမေရိကန်သမ္မတ ဂျော့ဘုရှ်ရဲ့ အကြမ်းဖက်သမားများအပေါ်စစ်ဆင်ရေး ကြွေးကြော်သံတွေကို
အသုံးချပြီးအစ္စလာမ်ဘာသာရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုကိုပိတ်ပင်ခဲ့တယ်။
ဘာသာရေးခေါင်းဆောင်တွေကို အခြေခံဝါဒီတွေအဖြစ် စွပ်စွဲဖမ်းဆီးတယ်။
အကျဉ်းထောင်ထဲမှာ နိုင်ငံရေးသမားတွေတယောက်မှမရှိခဲ့ဘူးလို့ဆိုခဲ့ပေမဲ့ တူနီးရှားရဲ့အကျဉ်းထောင်တွေဟာ
လစ်ဘရယ်ဝါဒီ၊လက်ဝဲသမားတွေနဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေကို ထိန်းသိမ်းနှိပ်စက်ရာ နေရာဆိုးတခုဖြစ်လာတယ်။”
<span> </span>
<span>တူနီးရှားသမ္မတ ဘင်အလီ ဟာ ပါလီမန်ရွေးကောက်ပွဲတွေကို ကျင်းပပေးခဲ့ပေမဲ့ သူရဲ့“နီယိုဒက်စတိုး” လို့ခေါ်တဲ့အာဏာရပါတီကသာ<span> </span></span>
<span>အရာအားလုံးကိုချုပ်ကိုင်ထားခဲ့ပါတယ်။ ရွေးကောက်ပွဲမဲဆွယ်ကာလတွေမှာ သူ့ကိုဝေဖန်တဲ့အတိုက်အခံပါတီတွေကို မဲဆွယ်စည်းရုံးခွင</span>
့်
<span>မပေးခဲ့သလို၊အစိုးရမဟုတ်သောအဖွဲ့အစည်းတွေရဲ့အစည်းအဝေးတွေကို သူ့ရဲ့ရဲတပ်ဖွဲ့က ဝင်ရောက်နှောက်ရှက်တားဆီးလေ့</span>
<span>ရှိပါတယ်။ အစိုးရကို ဝေဖန်ဆန့်ကျင်သူတွေရဲ့နေအိမ်တွေကို တအိမ်တက်ဆင်းလိုက်လံဖမ်းဆီးလေ့ရှိပါတယ်။</span>
<span>ဒါကြောင့်လည်း ၂၀၀၉ ခုနှစ်သမ္မရွေးကောက်ပွဲမှာလည်း သမ္မတအဖြစ်ငါးကြိမ်မြောက်ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။၏
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ နယ်ခြားမဲ့သတင်းထောက်များအဖွဲ့က၊တူနီးရှားနိုင်ငံဟာ သတင်းသမားတွေနဲ့
စာပေလွတ်လပ်မှုကို ဖိနှိပ်တဲ့ အကြမ်းဖက်နိုင်ငံ ထိပ်ပိုင်း ၁၀ နိုင်ငံအနက် တနိုင်ငံဖြစ်တယ်လို့ စွပ်စွဲဝေဖန်ခဲ့ပါတယ်။
“ဝီကီလိ သတင်းပေါက်ကြားမှုတွေဟာ တကမ္ဘာလုံးမှာရှိတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကိုလည်းအရှိန်မြှင့်ပေးလိုက်တယ်။
အမည်မသိ အင်တာနက်တိုက်ခိုက်ရေးသမားတွေက တူနီးရှားနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် ဖိနှိပ်မှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ တူနီးရှားအစိုးရရဲ့အဓိက ဝက်ဆိုက် အပါအဝင်၊
အကြီးစားစက်မှုလုပ်ငန်းဝက်ဆိုက်ပေါင်း (၇) ခုထက်မနည်း တိုက်ခိုက်ခဲ့တယ်။ တူနီးရှားအစိုးရဝက်ဆိုက်ပင်မစာမျက်နှာမှာ၊ “အစိုးရသို့အိပ်ဖွင့်ပေးစာ” စာတစောင်ဟာ
နေရာယူသိမ်းပိုက်လိုက်တယ်။
လူတိုင်းဟာ အင်တာနက်ကိုအသုံးချပြီး လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုနိုင်တယ်ဆိုတဲ့ လှုံ့ဆော်သံနဲ့အတူ၊
အစိုးရပိုင် အင်တာနက်ဝက်ဆိုက်တွေမှာ မိမိရဲ့ခံစားမှုတွေကို ဝင်ရောက်တင်ပို့လို့ရနိုင်တဲ့ ဆော့ဝဲ တွေကို ပိုက်ဆံပေးစရာမလိုပဲ၊
လွယ်ကူစွာကူးယူနိုင်မဲ့အရာတခုကို စီစဉ်ပေးခဲ့ကြတယ်။”
သတင်းလွတ်လပ်ခွင့်တွေပိတ်ပင်တားဆီးခံထားရတဲ့ တူနီးရှားနိုင်ငံကို စိန်ခေါ်အန်တုချင်တဲ့ဖြစ်ရပ်တွေက တခုပြီးတခု
ရောက်လို့လာခဲ့ပါတယ်။ “ တက္ကသိုလ်က ဘွဲ့လွန်ဒီဂရီတွေရထားတဲ့သူတွေက အစ အလုပ်အကိုင်ရှာမရဘူးဖြစ်နေတယ်။ စားဝတ်နေရေးကြပ်တည်းလာတဲ့အတွက် လမ်းဘေးမှာ
သစ်သီးရောင်းချအသက်ရှင်နေရတဲ့ ဘွဲ့လွန်ပညာတတ် </span>
Mohamed Bou'aziz ကို တရက်မှာ ရဲကလာပြီးနှောက်ရှက်တဲ့အတွက် ခိုက်ရန်ဖြစ်ပွားခဲ့ကြတယ်။
မိုဟာမက် ကလည်း ရဲအရာရှိတွေရဲ့မောက်မာမှု၊ အလုပ်လက်မဲ့နဲ့လူနေမှုအဆင့်အတန်းချွတ်ခြုံကျနေတဲ့ တူနီးရှားနိုင်ငံကို
ဆန့်ကျင်ရှုတ်ချပြတဲ့အနေနဲ့ ရဲစခန်းရှေ့ကို သွားပြီး သူ့ကိုယ်သူမီးရှို့သတ်သေပြလိုက်တယ်။”

Mohamed Bou'aziz ရဲ့သတင်းဟာ ပြည်သူတွေကိုခံစားထိခိုက်စေတယ်။ တတိုင်းပြည်လုံးရဲ့၄၀ ရာခိုင်နှုန်းကျော်ဟာလည်း


အလုပ်လက်မဲ့ဖြစ်နေကြတာကြောင့် အစိုးရအရာရှိတွေရဲ့ဆက်ဆံပြုမူပုံတွေကို စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။
မိုဟာမက် လိုပဲ တချို့ကျောင်းသားတွေဟာ ဓါတ်တိုင်တွေပေါ်တက်ပြီး ဝါယာလျှော့ရိုက်ကာ ကိုယ့်ဘာသာသတ်သေ ဆန္ဒပြခဲ့ကြပါတယ်။
မြို့တော် တူနစ်(စ)ရဲ့လမ်းမတွေပေါ်မှာတော့ ထောင်ချီနေတဲ့ ပြည်သူတွေဟာ သေဆုံးသွားတဲ့ကျောင်းသားတွေနဲ့
သွေးစည်းညီညွတ်မှုကိုပြသခဲ့ကြသလို၊ အလုပ်သမားသွေးစည်းညီညွတ်ရေးသမဂ္ဂတွေကလည်း ဆန္ဒပြပွဲကို ပူးပေါင်းလိုက်ကြပါတယ်။
“ဆန္ဒပြပွဲတွေက မြို့ပေါင်းများစွာကိုပျံ့နှံသွားပြီလေ။ တူနီးရှားနိုင်ငံတွင်းမှာသာမကတော့ဘူး။ ဂျော်ဒန်၊ အီဂျစ်နိုင်ငံတွေမှာရှိတဲ့ လွတ်မြောက်ရေးလှုပ်ရှားသူတွေကလည်း
တူနီးရှားပြည်သူတွေလို လိုက်လုပ်ကြတယ်။ ၂၀၁၁ ဂျန်နဝါရီလမှာ အမှုရင်ဆိုင်နေရတဲ့ပြည်သူ
(၈၀၀၀) ဟာ သူတို့ရဲ့ရှေ့နေတွေအပေါ် မတရားသဖြင့် ဖိနှိပ်ခြိမ်းခြောက်နေမှုတွေကို ရပ်ဆိုင်းပေးဖို့ ဘားကောင်စီကို ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရကလည်း ဆန္ဒပြသူတွေကိုအကြမ်းဖက်ဖြိုခွဲတယ်။ ဘုရားကျောင်းဗလီတွေထဲအထိ မျက်ရည်ယိုဗုံးတွေက ထိမှန်ကုန်တယ်။
စစ်ရဲတွေက လှုပ်ရှားမှုမှာပါဝင်ပတ်သက်နေတယ်လို့ထင်ရသူတွေအားလုံးရဲ့အိမ်တွေကို တအိမ်တဆင်းလိုက်လံရှာဖွေဖမ်းဆီးခဲ့တယ်။
တကယ်တော့ ကျနော်တို့အာရပ်ကမ္ဘာမှာဆာလောင်ငတ်ပြတ်မှု၊အလုပ်လက်မဲ့ဖြစ်မှုနဲ့နိုင်ငံရေးဖိနှိပ်မှုတွေဟာ
အဓိကရင်ဆိုင်နေရတဲ့ပြဿနာတွေဖြစ်တယ်။ အစိုးရရဲ့ဖိနှိပ်မှုကို အခုလို တုန့်ပြန်ကြပြီဆိုရင်တော့ ဘင်အလီဟာ
ရိုမေးနီးယားကချောင်ရှက်စကူးလိုအဆုံးသတ်လိမ့်မယ်။ အာရပ်မျိုးချစ်တွေရဲ့အာရုဏ်ဦးဟာပြန်လည်ရှင်သန်လာနေပြီ”

သောတရှင်တို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေလည်း အာရုဏ်ဦးနှင့်အတူ ဆန်းသစ်တောက်ပနိုင်ကြပါစေ။

အောင်မိုးဝင်း

Вам также может понравиться