Вы находитесь на странице: 1из 6

Aသံတော့ စမ်းနေပြီ

ကျော်ရင်မြင့်

ကမ္ဘာပျက်ခါနီးမှာ နေဆယ်စင်းထွက်တယ်ဆိုတာ တော်တော်ပူမှာပဲလို့ ၀င်းဝင်းတောက်နေတဲ့


နေလုံးကြီးကို လက်ဖ၀ါးနဲ့ကာပြီးကြည့်ရင်း ကိုငွေတိုး တွေးနေတယ်။

ကိုငွေတိုး ၀တ်ထားတဲ့ ဖျင်Aင်္ကျီ ကြီးလည်း ချွေးတွေနဲ့ နစ်နေပြီ။ Aင်္ကျီကိုချွတ်ပြီး ညှစ်ရင်


ရေစိမ်ထားသလို ချွေးတွေ ထွက်လာမှာပဲ။ ကောင်းကင်မှာတော့ တိမ်တစ်စ တစ်မျှင်မျှ မရှိ။
မီးလုံးကြီးနဲ့ တူတဲ့ နေမင်းက ရှိသမျှ Aပူဓာတ် တွေကို Aားရပါးရ လွှတ်ထုတ် ပေးနေတယ်။
နေပူတော့ မိုးတိမ်တွေလည်း Aငွေ့ပြန်ပြီး ပျောက်ကုန်ပြီ ထင်ပါရဲ့။ မိုးတစ်ပေါက် တောင်မှ
မရွာတာ ကြာလှပြီ။ မိုးမရွာတာ ကြာတော့ ၀ါပင်တွေလည်း သံချေး တက်နေပြီ။ “၀ါပင်တွေက
သံချေးတက်၊ Aိမ်ကမိန်းမ ဆန်ချေးထွက်”လို့ မြောက်ဘက်Aိမ်က ဖိုးတော Aပြောင်Aပြက်
ပြောတဲ့စကားကိုနားထဲမှာကြားယောင်လာတယ်။

နေကပူ မိုးကခေါင် မြေက ပတ်ကြားAက်တော့ ၀ါပင်တွေမှာ သံချေး တက်သလို ညိုမည်း


ခြောက်သယောင်း လာတာ။ ကိုငွေတိုးက သူ့ဝါခင်း သူကြည့်ပြီး Aားပျက်မိတယ်။
မြေဆီခန်းခန်း ရာသီ ဆိုးဆိုးမှာ ပွင့်လာတဲ့ ၀ါပွင့်တွေကလည်း Aားမရစရာ။ ရွာက
လူတွေလည်း မိုးရွာေAာင် လွန်ဆွလ
ွဲန်းလို့ လက်ဖ၀ါး တွေလည်း Aသား မာလိုက်နေပြီ။
မိုးခေါင်ကျော်စွာ နတ်လည်း ကိုငွေတိုးတို့ မိုးတောင်းတာ များပြီး နားငြီးလို့ ပြေးပြီထင်ပါ့။
ကိုငွေတိုးတို့ ရွာသားတွေက စကားတော့ ကြွယ်တယ်။ ဟိုတစ်ခါတုန်းက ချည်မျှင်ရှည်ဝါ
စီမံကိန်း ဆိုတာ သူတို့ ကြုံဖူးတယ်။ မြို့ကလာတဲ့ တိုက်ပုံ Aင်္ကျီဝတ်တွေက ချည်မျှင်ရှည်ဝါ
စိုက်ရင် နေ့ချင်းညချင်း သူဌေး ဖြစ်မှာလောက် ဟောကြ၊ ပြောကြတာပေါ့။ ကိုငွေတိုးတို့
ကိုလည်း ဘယ်တောင်သူ ဘယ်နှEက စိုက်ရမယ်လို့ စီမံကိန်း ခွတ
ဲ မ်းချတာပေါ့။

လည်ပတ်ပါးနပ်တဲ့ ရွာကတောင်သူ Aချို့ကတော့ စီမံကိန်း ခွဲတမ်းချတဲ့ ၀ါမျိုး စေ့တွေကို


ရေနွေးပူပူ စိမ်တယ်။ ၀ါစေ့ Aကောင်း နည်းနည်းရောပြီး စိုက်တယ်။ ၀ါစိုက်ကက
ွ်ထဲမှာ
ဝါပင်တွေက ပေါက်တဲ့ နေရာပေါက်၊ မပေါက်တဲ့ နေရာ မပေါက်နဲ့ ကျိုးတိုးကျဲတဲ။ စိုက်ပျိုးရေး
တို့၊ မြေစာရင်းတို့ ဌာန ပေါင်းစုံက ကွင်းဆင်းလာရင် AကျွေးAမွေး လေးနဲ့ Aခင်းထဲ
ခေါ်ပြတယ်။ သမ၀ါယမ ဆိုင်က ရွှေဝါဆပ်ပြာချောင်း၊ မွှေးဆပ်ပြာခဲ၊ ဂလူးကို့စ် ထုပ်တွေ
ကြက်ကြောက်Aိတ် ခေါ်တဲ့ သူတို့ လက်ဆွဲAိတ်ထဲ ထည့်ပေးလိုက်ရင် သူတို့ကလည်း
ဝါစိုက်Eကတွေ Aပျက်စာရင်း သွင်းပေးကြတယ်။ ဌာနဆိုင်ရာက လူတွေ ကိုင်လေ့ရှိတဲ့
လက်ဆွဲAိတ် တွေကို ကြက်ကြောက်Aိတ်လို့ ရွာမှာခေါ်တယ်။ Aဲဒီလို Aိတ်တွေဆွဲတဲ့
Eည့်သည်လာရင် ရွာက ကြက်သားဟင်းနဲ့ ထမင်း ကျွေးရတယ်။ သူတို့တွေ လာဖန်များတော့
Aဲဒီ Aိတ်မျိုးမြင်ရင် ရွာကကြက်တွေ ကြောက်ပြီး ပြေးကုန် တယ်လို့ တောသားတွေက
ဟာသလုပ်တာပါ။

ပြောမယ့်သာ ပြောရတာပါ။ သူတို့ခမျာများက တောသူတောင်သားတွေ Aပေါ် မဆိုးရှာ


ကြပါဘူး။ ဟင်း ကောင်းကောင်းနဲ့ ထမင်းကျွေးရရုံ၊ သောက်တတ်စား တတ်သူဆိုရင်
တောAရက်လေး၊ ထန်းရည်လေး Eည့်ခံရရုံ၊ သူတို့ Aပြန်မှာ သမဆိုင်က ဆပ်ပြာလေး၊
ဆေးဝါးလေးကို Aမွန်Aမြတ် လက်ဆောင်ပေးရရုံပါ။ သူတို့က လက်ဆောင်လောက်ပဲ
ယူကြတာပါ။ လာဘ်ပေးလာဘ်ယူမဟုတ်ကြဘူး။ ဌာနပေါင်းစုံက ကွင်းဆင်းစစ်ပြီး ချည်မျှင်
ရှည်ဝါနဲ့ Aဲသည်ရွာက မကိုက်ညီဘူး စာရင်းတင်ပေးလိုက်ရင် Aဆင်ပြေတာပဲ။
ဝါAစားAလုပ်ဖြစ်တဲ့ပစ
ဲ င်းငုံတို့နှမ်းတို့စိုက်နိုင်တယ်။

Aဲဒီရွာတွေ တာဝန်ကျတဲ့ စိုက်Eကက ကိုငွေတိုးတို့လို Aူတူတူ Aတတတောင် သူတွေ


ပခုံးပေါ် ကျတော့တာပ။ ကိုငွေတိုးတို့ကတော့ လူရိုးကြီး။ သက်ဆုင
ိရာက
ချည်မျှင်ရှည်ဝါ(မွေးရှည်)စိုက်ဆို စိုက်တာပဲ။ နေကြာဆို နေ ကြာပဲ။ ဘယ်ရွေ့ဘယ်မျှ
စီမံကိန်း ချသလောက် တာဝန်ကျေေAာင် စိုက်တယ်။ ကိုယ့် သားမယား မစားရရင် နေပါစေ။

Aဲ... Aူတယ်၊ Aတယ်ဆိုပေမယ့် ဟာသတော့ မခေါင်းပါးဘူး။ ဟို တုန်းက ချည်မျှင်ရှည်ဝါ


စီမံကိန်း လုပ်တော့ ရွာမှာ စာပြောင်ပေါ်တယ်။ “မွေးရှည် လုပ်တော့ ရှေးရွှေပြုတ်တယ်” တဲ့။
မိဘဘိုးဘွား လက်ထက်ကတည်းက စုဆောင်းထားတဲ့ ရှေးရွှေတိုငွေစလေး တွေ မွေးရှည်က
ဝါးသွားတာ ကို ဟားတာပါ။ ကိုငွေတိုးတို့ မြန်မာတွေက နာတာကို ခံသာေAာင် ဟာသ
နှောတယ်လေ။

တစ်ခါတုန်းကလည်း “ရေရာ သေချာေAာင် နေကြာစိုက်ပါ” ဆိုပြီး ဆိုင်းဘုတ် Aကြီးကြီးတွေ


ရွာA၀င်မှာ ထောင်ရဖူးပါရောလား။ “ရေရာ သေချာေAာင် နေကြာ စိုကပ
်ါ”ဆိုတဲ့
စကားနောက်မှာ “သွားမလုပ်နဲ့ နွားပြုတ်သွားမယ်”လို့ Aချို့က ပြောတယ်။ လူရိုးကြီး
ကိုငွေတိုးခမျာလည်း Aိမ်မှာ Aနေကြာတဲ့ နွား တစ်ရှU်း ရောင်းလိုက်ရတယ်။ Aခြားသူတွေ
Aနေကြာ၊ မကြာ မသေချာပေမယ့် ကိုငွေတိုးကတော့ တာဝန် ကျေခဲ့ပါတယ်။

ယခုလည်း ၀ါပင်တွေ သံချေး တက်နေပြီ။ သူ့မိန်းမလည်း ဆန်ချေး ထွက်ရခါနီးပြီ။ မိုးကတော့


မရွာသေးဘူး။ ထန်းလက်တဲလေးထဲမှာ ကိုငွေတိုးက ဓာတ်ခဲရေဒီ ယိုလေး ဖွင့်နားထောင်ရင်း
မိုးမျှော်နေတယ်။ ကိုငွေတိုးက ရေဒီယိုတော့ တော်တော် ၀ါသနာ ပါတယ်။ သူနဲ့
ထက်ကြပ်မကွာ ရေဒီယို Aမြဲပါတယ်။ ရေဒီယိုထဲက Aားကုန်လို့ လဲလိုက်တဲ့ ဓာတ်ခဲတွေ
Aိမ်မှာထန်းခေါက်တောင်းနဲ့တစ်လုံးရှိတယ်။ ကိုငွေတိုး ရေဒီယို နားထောင်တယ် ဆိုတာ
ဘီဘီစီ၊ ဗီြAိုေA၊ ဒီဗဘ
ွီ၊ Aာရ်Aက်ဖ်ေA ပြည်ပ Aသံလွှင့် ဌာနတွေ မဟုတ်ဘူး။
ကိုငွေတိုးက ရိုးတယ်၊ Aတယ်ဆိုပေမယ့် ပြည်ပAသံ လွှင့်ဌာနတွေက မုသာဝါဒတွေ
ဘာညာဆိုတာ လောက်တော့ ကြားဖူးပါတယ်။ ပြီးတော့ Aဲဒါတွေ ဘယ်Aချိန် လွှင့်လို့
ဘယ်နေရာမှာ ဖမ်းရတယ် ဆိုတာလည်း သူမသိဘူး။ သူAမြဲ နားထောင်တာက
မြန်မာ့Aသံတို့၊ပိတောက်မြေတို့၊Aက်ဖ်Aမ်တို့ပါ။

သီချင်းကြိုက်တဲ့ သူတွေက သီချင်းကောင်းရင် ရေဒီယို ဖွင့်ပြီး သတင်းတို့၊ သတင်းစာ


ကောက်နုတ်ချက်တို့ ဘာညာတွေ လာရင် ရေဒီ ယိုကို ချောက်ခနဲ ပြိုင်တူ ခလုတ်
ပိတ်တတ်တယ်။ ကိုငွေတိုးက Aဲဒီလို လူစား မဟုတ်ဘူး။ Aသံထွက် သလောက်
နားထောင်တယ်။ ကိုငွေတိုးတို့ တောင်သူ လယ်သမားတွေက မိုးပေါ်က ရေပဲ Aားကိုးပြီး
စိုက်ပျိုး ရတာ။ ဆည်ရေ ဆိုတာလည်း Aားမကိုးလောက်ဘူး။ မိုးရွာမှ ဆည်ထဲ ရေရှိတာ။ ဒါ
ကြောင့် မိုးကိုတော့ ကိုငွေတိုး သိပ်မျှော်တယ်။ ရေဒီယိုထဲက မိုးလေ၀သ သတင်းကို Aမြဲ
နားထောင်တယ်။

မျှော်တုန်းမျှော်ဆဲ မှာပဲ မိုးလေ၀သ သတင်း ကြေညာတယ်။ မိုးရွာမယ်တဲ့။ တနင်္သာရီတိုင်း


ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ Eရာဝတီတိုင်း ဒေသကြီး၊ ရခိုင် ပြည်နယ်မှာ မိုးရွာမယ်၊
ရွာရန် ရာနှုန်း ၈၀ တဲ့။ ကိုငွေတိုးတို့ Aညာတော့ မပါဘူး။ ကိုငွေတိုး “တောက်” တစ်ချက်
ခပ်ပြင်းပြင်း ခေါက်လိုက်တယ်။ “ခွေးမသားတွေ မျက်နှာရှိရာ ဟင်းဖတ်ပါသကွာ” လို့လည်း
တစ်ယောက်တည်းမို့ စကား ခပ်ကြမ်းကြမ်း ပါးစပ်က ထွက်သွားတယ်။ သူ့စိတ်ထဲမှာ မိုးကို
ခွတ
ဲ မ်းချ ပေးနေတယ် ထင်တာ။ ရန်ကုန်တို့လို မျက်နှာရှိတဲ့ နေရာတွေမှာ ရာနှုန်း ၈၀
ခွဲဝေပေးတယ်ထင်တာ။

တကယ့်တကယ်တော့ ကိုငွေတိုးက သူတို့Aုတ်ဖိုကန်ရွာမှာ မျက်စိကြီးနားကြီး ပါ။ ရေဒီယို


Aမြဲနားထောင် နေတာဆိုတော့ သူများနဲ့ယှU် ရင် ခေါင်းတစ်လုံးမြင့်တယ် လေ။
ရွာမြောက်ပိုင်းက ကိုဝင်းမောင်ရဲ့သမီးလေး စာပေးစာယူနဲ့ ဘွဲ့ရတယ်။ ကလေးမလေးက
ဝန်ထမ်း လုပ်ချင်တယ်။ ကိုငွေတိုးရဲ့ တူမတစ်ယောက်က မြို့ကြီး မှာ Aရာရောက်နေတယ်။
ဒီတော့ ကိုဝင်းမောင်က ကိုငွေတိုးကို ဆရာတင်ပြီး မြို့ကို ချီတက်ကြတာပေါ့။

တောသားတွေ ရိုးတယ်၊ A တယ်လို့ မြို့ကလူတွေက နှိမ်ပေမယ့် ကိုငွေတိုးတို့က သုံးစားလို့


မရလောက်ေAာင်တော့ မAပါဘူး။ ဂါရ၀ပြုဖို့ဆိုပြီး ဆီပုံး သယ်လာတယ်။ Aပွေးကောင်း
ကောင်းသနပ်ခါးတုံးကြီးလည်းသုံးတုံးယူလာတယ်။ ဒီလို လေးလေးပင်ပင်တွေသယ်လာတော့
ကိုငွေတိုးရဲ့ တူမက Aပြစ်တင်တယ်။ ဒီလို ပစ္စည်းတွေ ယူလာတာ လူမြင်တယ်၊ စာAိတ်
တစ်Aိတ်ဆို ကိစ္စပြီး ပါတယ်လို့ ပြောတယ်။ ဖြစ်ချင်တော့ လုပ်ပေး နိုင်တဲ့သူက ဟိုသွားဒီသွား
ခရီးများနေသတဲ့။ စောင့်ရုံ ပေါ့။ Aဲဒါနဲ့ ကိုငွေတိုးတူမရဲ့ AသိဦးစံထွားAိမ်မှာ
တည်းရင်းထိုင်စောင့်နေကြရတယ်။

တစ်ညနေမှာတော့ ကောင်းကင်တစ်ခွင်လုံး ပြို တော့မှာလို မိုးတွေညို့လာတယ်။


ဦးစံထွားရယ်၊ ကိုဝင်းမောင်ရယ်၊ ကိုငွေတိုး ရယ် Aိမ်ရှေ့က မြေကွက်လပ် လေးမှာ
ခုံတန်းလျားလေးချပြီး လက်ဖက်ရည်ကြမ်း သောက်နေကြတယ်။ ကောင်းကင်ကို
မော့ကြည့်ပြီး ကိုငွေတိုးက မိုးရွာတော့မယ် ထင်တယ်လို့ ပြောတယ်။ ဦးစံထွားက ခဏတော့
စောင့်ကြည့်ပါဦးတဲ့။ Aဲဒီ Aချိန်မှာပဲ Aိမ်တံစက်မြိတ်က “တောက်တဲ့” လို့
ေAာ်သံကြားတယ်။ ကိုငွေတိုးက Aသံကြားရာ လှမ်းကြည့်ပြီး “ပုတ်သင်ညို နဲ့တော့တူတယ်၊
ပုတ်သင်ညိုတော့ မဟုတ်ဘူး”လို့ ပြောလိုက်တယ်။ ဦးစံထွားက “Aဲဒါ တောက်တဲ့လို့ခေါ်
တယ်၊ မိုးလေ၀သ ဗေဒင် ဟောတတ်တယ်” ပြောတော့ ကိုငွေတိုး စိတ်ဝင်စားနေပြီ။

“တောက်တဲ့” လို့ေAာ်လိုက်တော့ ဦးစံထွားက “မိုး လား” မေးတယ်။ နောက်တစ်ခါ


“တောက်တဲ့”ေAာ်တော့“လေလား”မေးတယ်။ တောက်တဲ့ေAာ်လိုက် မိုးလား၊ လေလား
မေးလိုက် နဲ့ နောက်ဆုံးတော့ “လေလား” မှာေAာ်သံ ရပ်သွားတယ်။ ဦးစံထွားက “ဒီနေ့

မိုးမရွာဘူး လေပဲတိုက်မယ်”ဆိုပြီး တောက်တဲ့ဗေဒင် ဟောလိုက်တယ်။ ကိုငွေတိုး စိတ်ထဲ


ကတော့မိုးတွေဒါလောက်တောင်ညိုမည်းနေတာမိုးမရွာဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ တွေးတယ်။
ဒါပေမယ့် တကယ်ပဲမိုးမရွာဘဲ လေပဲ နည်းနည်းတိုက်တော့ ကိုငွေတိုး Aံ့သြသွားတယ်။

နောက်နေ့ ညနေပိုင်းလည်း ဒီလိုပဲ။ မိုးတွေ Aုံ့လာပြန်ရော။ လေလည်း တသုန်သုန်


တိုက်တယ်။ ဦးစံထွားက မိုးလား၊ လေလား တောက်တဲ့ဗေဒင်မေးပြီး ဒီနေ့ မိုးရွာမယ်လို့
တပ်Aပ်သေချာ ပြောချလိုက်တယ်။ A၀တ်တွေ လှန်းထားတာ ရုပ်ကြလို့ သူ့သမီးတွေကို
ခိုင်း တယ်။ တကယ်ပဲ Aဲဒီညနေမှာ မိုး တွေ သဲကြီးမဲကြီးရွာတယ်။

ကိုငွေတိုးကတော့ တောက်တဲ့ ဗေဒင်ကို Aရမ်း သဘောကျသွားတယ်။ မိုးရွာမှာလား၊


မရွာဘူးလား ဆိုတဲ့ ကိစ္စဟာ ကိုငွေတိုးတို့လို စိုက်ပျိုးရေး သမားတွေ Aတွက်
Aရေးကြီးတယ်။ Aဲဒီလို Aကောင်မျိုး တစ်ကောင်လောက် ရှိလို့ကတော့ ရွှေပဲ။ ကိုငွေတိုးက
မ၀ံ့မရဲနဲ့မိုးလေ၀သကောင်သူ့ကိုရောင်းပေးပါပြောတယ်။ ဦးစံထွားက ခပ်Aင်Aင်ရယ်။
သူတို့Aိမ်မှာ ဒီ တစ်ကောင်ပဲရှိတာ စU်းစား ပြီးမှပေးမယ်တဲ့။ ကိုငွေတိုးတို့ ပြန်ရမယ့် ရက်ကို
ရောက်လာပြီ။ ဦးစံ ထွားက မိုးလေ၀သကောင် ပေါက်ကလေး မျှပေးမယ် တဲ့။
ကိုငွေတိုးတစ်ယောက်ပျော်လန
ွ်းလို့ ထမင်းတောင်မစားနိုင်ဘူး။ တစ်သက်လုံးသူလိုချင်တဲ့
ဆန္ဒပြည့်ဝတော့မယ်ပေါ့။

ကိစ္စတွေပြီးလို့ ရွာကို ပြန်ကြတော့မယ် ဆိုတော့ ဦးစံထွားက Aိမ်မြှောင် တစ်ကောင်ကို


ဟောလစ် ပုလင်းခွံထထ
ဲ ည့်၊ Aပိတ် မပိတ်ဘဲ ပု လင်းဝကို ဇာပ၀ါပါးပါး လေးတပ်၊
ရော်ဘာကွင်းနဲ့ စည်းပေးလိုက်တယ်။ ဒါ ဗေဒင်ဆရာ ပေါက်စလေးပဲ၊ မကြာခင်
Aရွယ်ရောက်ပြီး တောက်တဲ့ေAာ်လိမ့်မယ်၊ ဒီကောင် Aရွယ်ရောက်လာေAာင် ပိုးကောင်
လေးတွေဖမ်းကျွေးပါလို့ဦးစံထွားကမှာပါတယ်။

ကိုငွေတိုး ရွာပြန်ရောက် တော့ သူ့ဗေဒင်ဆရာပေါက်စ လေးကို Aရိပ်တကြည့်ကြည့် နဲ့ပေါ့။


ငရဲမကြောက်၊ ဘာ မကြောက် ပိုးကောင်လေး တွေဖမ်းကျွေးရတာလည်း မမောနိုင်မပန်းနိုင်။
ရေဒီယို တောင် Aရင်လောက် စိတ် ၀င်တစား နားမထောင်နိုင် ဘူး။
Aိမ်မြှောင်လေးက တော့ ပိုးကောင်တွေ တစ် ကောင်ပြီးတစ်ကောင် စားနေ ရပေမယ့်
တောက်တဲ့ဖြစ် မလာသေးဘူး။ လူရိုးကြီး ကိုငွေတိုးကတော့ တစ်နေ့ ဖြစ်လာနိုးနိုးနဲ့ ထိုင်စောင့်
ကြည့်နေတာပေါ့။ Aိမ်မြှောင် လေးက “တစ်၊ တစ်၊ တစ်၊ တစ်” နဲ့ Aသံပြုတဲ့Aခါ
ကိုငွေတိုးက “Aသံတော့ စမ်းနေပြီဟေ့”လို့ သူ့မိန်းမကို Aားရ၀မ်းသာပြောပါတယ်။

ကျော်ရင်မြင့်
(ရွှေAမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)

Вам также может понравиться