Вы находитесь на странице: 1из 3

သမိုင်းကပြောပြသော ကရင့်တော်လှန် ရေးနေ့  အကြောင်း တစေ့ တစောင်း

အပို င်း(၁)

မန်းကာကါထက်

ကရင့်တော်လှန်ရေးဖြစ်ပေါ်လာပုံ အကြောင်းလေ့ လာလျှင် ကရင်တော်လှန်ရေးမပေါ်


ပေါက်မှီကာလ ကရင်လူမှုဘ၀၏အခြေခံ အကြောင်းအရာများအား အရင်လေ့ လာ ဖေါ်ပြပေးနိုင်
လျှင်ပို၍ ကောင်းမွနှ်ပြည့်စုံ မည်ဖြစ်ပါသည်။သို့  သော်ကရင်လူမျိုးများသည် ယခင်မူလစာပေရှိခဲ့
သော်လည်းလွန်ခဲ့တဲ့ နှစ်ပေါင်းထောင်နဲ့  ချီပြီးပျောက်ဆုံးသွားခဲ့ သည်။ ထို့  ကြောင့်ကရင်လူမျိုးများ၏
ဇာ တိဇစ်မြစ်ကို ရှာဖွေသု တေသနပြုသည့်အခါတွင် အခက်အ ခဲ့ များစွာတွေ့  ရပါသည်။သမိုင်းပညာ ရှင်တ
ချို့  ၏ လေ့ လာတွေ့  ရှိချက်အ ရ ကရင်လူမျိုးများသည်မြန်မာနိုင်ငံ သို့  လာရောက်မနေထိုင်မှီ တရု တ်ပြည်
ယူ နန်နယ်တွ င် နေခဲ့ ဘူးသည့်သမိုင်းအထောက်အ ထားများတွေရှိခဲ့ သည်ဟု ဆိုပါသည်။
ကရင်လူမျိုးများ မြန်မာနိုင်ငံ တွင်းသို့  လာရောက်ပြောင်းရွေ့  နေထိုင်စဉ် မြန်မာပြည်ပဒေသ
ရာဇ် ခေတ် ကြီးစိုးတဲ့ အချိန်တွင်လည်း ပဒေသရာဇ်ဘုရ င်တို့  ၏အားပြိုင်မှုတွေထဲတွင် မွန်ပဒေသရာဇ် ဘု ရ င်ဘ
က်မှရပ်တည်ပြီးအခြားပြိုင်ဘက် ပဒေသရာဇ်ဘုရင်များအားဝိုင်းတိုက်ပေးသည့် ကရင် အု ပ်စုရှိသကဲ့ သို့  ယိုးဒ
ယားဘု ရင်၊ဗမာဘု ရ င်ဘက်မှနေပြီး ရ န်သူများကို ၀ိုင်းတိုက်ပေးခဲ့ သည့် ကရင် အု ပ်စုများလည်းရှိကြောင်း သ
မိုင်းတချို့  တွင် ဖေါ်ပြထားပါသည်။ငှင်းခေတ်အ ချိန်ကါလတွင် ကရင် လူ မျိုးများသည် ဟိုဘက်စစ်သုံ့  ပ
မ်းဖြစ်လိုက်၊ဒီဘက်စစ်သုံ့  ပမ်းဖြစ်လိုက်နှင့် အချို့  ကရင်သော အု ပ်စုများသည် အေးဆေးစွာနေထိုင်ချ
င်၍ စစ်မက်ဖြစ်ပွါးသေါနေရာဒေသများကို တိမ်းရှောင်ရင်း၊ အရှေ့  တောင်အာရှနိုင်ငံ အနှံ့  ပြန့် 
ကျဲရောက်ရှိသွားကြသည်ဟု သမိုင်းမှတ်တ မ်းတချို့  တွင်တွေ့  ရ ပါသည်။ကရင်လူမျိုးအချို့  က ယခင်ယူန
န်ကုန်းပြင်မြင့်မှ ပြောင်းရွေ့  လာကတည်းက အရှေ့  တောင် အာရှနိုင်ငံ အနှံ့  ပြောင်းရွေ
့ နေထိုင်ခဲ့ပြည်ဟု သမိုင်းတချို့  တွင်ဖေါ်ပြထားပါသည်။ကရ င်လူမျိုးသည် လူ မျိုးကြီးတမျိုးဖြစ်ြ
ပီး ယိုးဒယား၊မြန်မာနိုင်ငံ အပါအ၀င်သမိုင်းအဆက်ဆ က်တွ င်ကရ င်ဘုရင်များစွာ
ပေါ်ထွန်းခဲ့ ဘူးသည့် သမိုင်းစာမျက်နှာများလည်း တွေ့  ရပါသည်။ သို့  သော် ကျနော်တို့ 
ကရင့်လူ မျိုး တို့  ၏ ကိုယ်ပိုင်သမိုင်းမှတ်တ မ်းမှတ်ရာ ခိုင်ခိုင်မာမာ မှတ်တ မ်းပြုစု နိုင်လျှင် အလွန်ကောင်း
မွန်မည် ဟု မြင်မိပါသည်။

- - - - - - - - - - - - - - - - - - - -

ကရင်လူမျိုးတို့  ၏လူ မှုဘ၀သမိုင်းအထောက်အ ထားများကို မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုဘဝ


ကျရောက်ခဲ့သည့်အချိန်မှစ၍စတင်မှတ်တ မ်းတင်နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။ ယခင်ပဒေသ ရာဇ်ကကဲ့ သို့  မဟု
တ်တော့ ဘဲစီးပွါးရေး၊ပညာရေးနှင့်လူ နေမှုအဆင့်အတန်းများစွာ တိုးတက်ပြောင်း
လဲလာပါသည်။ ထူးချွ န်ထက် မြက်သော ကရင်စစ်မှုထမ်း အရာရှိအရာခံ များ၊သာမန်စစ်မှုထမ်းများ များစွာပေါ်
ထွန်းလာပါသည်။ (OBE,KIH)ဘွဲ့  ကိုရရှိသောဆရာစံ ဘော်၊ (TPS)ဘွဲ့  ကိုဆရာဂျိမ်းတာဖ၊
ဆရာဖိုးကျော်တို့  ကဲ့ သို့  ဘွဲ့  ရာထူးရ၊ ထူးချွန်သောကရင်စစ်မှုထမ်းတွေလည်းများစွာ ပေါ်
ထွန်းခဲ့ ပါ
သည်။ ဗမာပြည်လ က်နက်ကိုင်တပ်မတော်(Burma Rifle)၊ ဗမာပြည်ရဲတပ်ဖွဲ့  (BMA)၊တက္ကသိုလ် တပ်ရ
င်း(UTC University Training Crop)၊နယ်ခြားစောင့်တပ်ဖွဲ့  (BTF Burma Territorial Force)ဗမာပြ
ည်အ ရံ လက်နက်ကိုင်တပ်ဖွဲ့  ( BAF)တို့  တွ င်ကရင်အရေအတွက် ထက်ဝက်ကျော်ခန့်  ပါဝင်စစ်မှုထမ်းခဲ့ ပါသည်။ပထမ
ကမ္ဘာစစ်နှင့် ဒု တိယကမ္ဘာစစ်ကါလတွင် ကရင်စစ်မှုထမ်းများသည် အင်္ဂလိပ်တပ်တွေနဲ့  အတူ ပူးပေါင်းပါဝင်
တိုက်ခိုက်ရင်း နိုင်ငံ ခြားတိုင်းပြည်များသို့  အများအပြား ရောက်ရှိသွားကြသည်လ ည်းရှိခဲ့ ပါသည်။

အင်္ဂလိပ်ကမြန်မာပြည်အား စတင်အုပ်ချုပ်တဲ့အချိန်ကစပြီး ၁၉၄၁ ခု နှစ်အထိ၊အု ပ်ချုပ်


သူ ပဒေသရာဇ်ခေတ်အ ဆက်ဆက်နဲ့  နှိုင်းယှဉ်ကြည့်လျှင် ကရင်လူမျိုးတို့  ဘ၀သည် သိသိသာသာ ပြော
င်းလဲတိုးတက်လာကြောင်ားတွေ့  ရပါသည်။ ဖိနှိပ်မှုများကင်းဝေးပြီး မိမိတို့  ၏့ ကိုယ်ပိုင်မြေ
ယာ များနှင့် ကောင်းမွန်စွာလု ပ်ကိုင်စားသောက်နိုင်ခြင်း၊ ကိုယ်ပိုင်စာပေရှိလာပြီး အဆင့်မြင့်ေ
သာခေတ် ပညာများ သင်ယူနိုင်သည့်အခွင့်အလမ်းများရှိလာခြင်း၊ကောင်းမွန်မြင့်မားသည့် ရာထူးရာခံ ၊ အ
မှု ထမ်းနေရာလည်းအများအပြားလု ပ်ကိုင်နိုင်လာနိုင်ပါသည်။
- - - - - - - - - - - - - -

၁၉၄၂ ခု နှစ်၊နှစ်ဦးပိုင်းမှစ၍ဂျပန်တ ပ်ဖွဲ့  နှင့်ဗမာရဲဘော်သုံးကျိတ်၊ဘီအိုင်အေတို့  မြ


န်မာ
ပြည်ကို တဖြည်းဖြည်းနှင့် ပြန်လည်သိ မ်းပိုက်နိုင်ခဲ့ပါသည်။အင်္ဂလိပ်တပ်များ မြန်မာပြည်မှဆု တ်ခွါ သည့်အချိန်တွ
င်လည်း ကရင်တပ်မှူးတပ်သားများ များစွာလိုက်ပါသွားကြသည်။ဂျပန်တို့  မြန်မာ တပြည်လုံးအတိုင်းအတာအထိ သိမ်း
ပိုက်နိုင်လိုက်သည့်အချိန်တွင် ကရင်လူမျိုးတို့  ရဲ့  ဘ၀သည် လုံးဝလုံ ခြုံ မှုမရှိတော့ ချေ။

ဘီအို င်အေတပ်များ မြန်မာပြည်တွ င်းသို့  ရောက်ရှိလာသောအခါ ကရင်များအား အင်္ဂ လိပ်သူလျှိုများ၊အင်္ဂလိ


ပ်အပေါ်သစ္စာရှိသူ များ၊ ဂျပန်အားဆန့်  ကျင်သူအဖြစ်ပြောဆို စွတ်စွဲပြီး ဂျပန်
များနှင့်ရ န်တိုက်ပေးလျှက်ရှိသည်။ ဘီအိုင်အေတပ်များကို ယ်တိုင်လည်း ကရင်များအားချောင်း မြောင်းပစ်ခတ်ခြ
င်း၊ အကြောင်းမဲ့ ဖမ်းဆီးကာ ခလေး၊အဘွားအိုများပါမကျန် နှိပ်စက်သတ်ဖြတ် ခြင်း၊ကရင့်အမျိုးသမီးများ
အားအဓမ္မစော်ကားခြင်း၊ကျေးရွာများအား မီးရှို့  ခြင်း၊ကရင်ပိုင်ပစ္စည်းများ၊
အိမ်မွေးတိရိစ္ဆှာန်များအား သတ်ဖြတ်၊ခိုးယူ လု ယက်ဖျက်ဆီးခြင်း စသည့်လူ မဆန်စွာညှင်းပမ်းနှိပ် စက်မှုများ အ
ညှိုးကြီးစွာလု ပ်ဆောင်လျှက်ရှိသည်။ ကရင်ဒေသများဖြစ်သည့် ဖါပွန်၊ ရွှေကျင်၊ သထုံ ခရိုင်၊မြောင်းမြနှ
င့်မြစ်ဝကျွန်းပေါ်ဒေသ စသည့်နေရာများတွင် ဘီအိုင်အေတို့  ၏ ရက်စက်မှု အမျိုးမျိုးကိုအလူးအ
လဲခံ နေရသည်။ဘီအိုင်အေတို့  ၏သွေးထိုးမှုကြောင့် ဂျပန်တို့  ၏နှိပ်စက်ညှင်း ပမ်းမှုကိုလည်း က
ရင်များအလူးအလဲခံ ရသည်။ ဤသို့  ဖြင့်ကရင်လူမျိုးတို့  သည် ဂျပန်တို့  ၏ရန်နှင့် ဘီအိုင်အေတို
့ ၏ရ န်တို့  ပါ နှစ်မျိုးစလုံးရက်စက်စွာခံ နေရသည်။
အင်္ဂလိပ်တပ်များဆု တ်ခွါပြီနောက်ပိုင်း အင်္ဂလိပ်တပ်ထွ က်ကရင်တို့  ၏လက်ထဲတွင် လက်နက်အ ချို့  ကျန်ရှိနေသ
ည်။ ကရင်တို့  သည်ငှင်းလက်နက်များကို သူ တပါးအားကျူးကျော် အနိုင်ယူရန်အတွက်မဟု တ်ဘဲ မိမိကိုယ်ကိုကာ
ကွယ်ရန်အတွက်ဖြစ်သည်။ဘီအိုင်အေတို့  သည် ကရင်များအား စိတ်ကြိုက်ညှင်းဆဲနိုင်ရန်အတွက် ကရင်တို
့ ၏လက်ထဲရှိလက်နက်များကို မတရား အမိန့်  ထု တ်ပြီး အဓမ္မလက်နက်အ ပ်ခိုင်းခဲ့ ပါသည်။ ဘီအိုင်အေတပ်များက
ကရင်တို့  ကိုအမျိုးမျိုး နှိပ်စက်ညှင်းပမ်းသတ်ဖြတ်ခြင်း၊လက်နက်အ ပ်ခိုင်းခြင်းတို့  သည် မတရားမှုလု ပ်ရပ်ဖြ
စ်သောကြောင့် လက်နက်မအပ်ဘဲ ဘီအိုင်အေတို့  ၏ယု တ်မာရက်စက်မှုကိုမခံ နိုင်သည့်အဆုံး ပြန်လည်ခုခံ တို
က် ခိုက်ရာမှာကရင်ဗမာအဓိကရု န်းဖြစ်ပွါးခဲ့ သည်။ အဓိကရု န်းသည်ပိုမိုပြင်းထန်လာပြီး(၆)လခန့်  ကြာ မည့်
သည့်အခါ ဂျပန်ဗိုလ်ချုပ်ကြီးမိုးကြိုး၏ ကြားဝင်ဖြန်ဖြေပေးမှုဖြင့် ပဋိပက္ခတဖြည်းဖြည်း ရ ပ်ဆိုင်း
သွားရသည်။
အင်္ဂလိပ်အုပ်ချုပ်မှုအောက်တွ င်ကရင်များသည်ကောင်းမွန်စွာလု ပ်ကိုင်စားသောက်နိုင်သည်။ ဂျပန်များဝင်ရောက်အုပ်ချု
ပ်သည့်အခါ အဓမ္မလု ပ်အားခိုင်းခြင်း၊လု ယက်ဖျက်ဆီးခြင်း၊ မတရား ဖမ်း ဆီးသတ်ဖြတ်ခြင်း၊ ကရင်အမျိုးသမီးများ
အားအဓမ္မစော်ကါးခြင်းစသည့်ဂျပန်များ၏ရက်စက်မှုများကို ခါးသီးစွာခံ စားကြရသည်။

- - - - - - - -
အင်္ဂလိပ်တပ်များအိန္ဒိယသို့  ဆု တ်ခွါသည့်အခါ ကရင်တပ်များလည်းများစွာ လိုက်ပါ သွားပြီး စစ်သင်တန်း
တက်စေသည်။ဂျပန်တို့  အားပြန်လည်တိုက်ထုတ်မည့်ကါလတွင်အိန္ဒိယနိုင်ငံ မှ
ှမြန်မာပြည်သို့  လေထီးဖြင့်ဆင်းသည့် ကရင်စစ်သည်များ၊ နယ်မြေခံ ကရင်တပ်ဖွဲ့  များ အများအပြား
ရှိသည်။ဂျပန်များတော်လှန်ရ န်အတွက် အိန္ဒိယနိုင်ငံ သို့  သင်တန်းသွားတက်သည့် ဗမာလူ ငယ်အုပ်
စု တွ င်လည်း ကရင်လူငယ်များပါဝင်သည်။ဂျပန်များအားပြန်လည် တော်လှန်တိုက်ထုတ်ရန်ရာတွင် ကရင်နှင့်ဗမာလူ မျိုးတို
့ ၏ပူးပေါင်းပါဝင်မှုအခန်းသည် အလွန်မှအရေးကြီးပါသည်။ ကရင်လူမျိုး
တို့  သည် ဗမာလူ မျိုးအပါအ၀င်အခြားတိုင်းရင်းသားလူ မျိုးများနှင့်ပူ ပေါင်းပြီး ဖက်ဆစ်ဂျပန်များကို
ရွံ့  ရွံ့  ချွံချွံတိုက်ထုတ်နိုင်ခဲ့သည်။၁၉၄၅ သြဂု တ်လ(၁၄)ရက်တွ င် ဂျပန်များလက်နက်ချသော်လည်း ကရင်တောင်တ
န်းဒေသအချို့တွင် ကရင်နှင့်ဂျပန်ဆက်လ က်တိုက်ပွဲဖြစ်ပွါးနေသေးသည်။
ငှင်း တိုက်ပွဲတွင် ဂျပန်စစ်သည် (၈၀၀၀)ကျော်ကျဆုံးခဲ့ သည်။မြန်မာပြည်ဂျပန်တော်လှန်ရေးသမိုင်းတွင် ကရင်ပျော
က်ကျားတပ်ဖွဲ့  များသည် ဂျပန်ကိုအများဆုံးချေမှုန်းနိုင်သည့် တပ်ဖွဲ့  ဖြစ်သည်။
(ဖက်ဆ စ်ဂျပန်တော်လှန်ရေးနှင့်ပတ်သ က်၍ ၁။ဦးနု ရေးသားသည့် “ ငါးနှစ်ရာသီဗမာပြည် ” စာအု ပ် ထဲတွင်
ကရင်ဗမာချစ်ကြည်ရေးသည် ဂျပန်ကိုပြန်လည်ဆ န့်  ကျင်ရန်အတွက် အရေးကြီး ဆုံး လု ပ်ငန်းတခု ဖြစ်ပေသည်။
(၂) ဗိုလ်မှူးကြီးချစ်ကောင်း၏ အနှစ်(၂၀)စာအု ပ်တွ င် ဂျပန်ကိုဆန့်  ကျင် တိုက်ခိုက်ရာတွ င်ကရင်နှင့်ဗမာစ
ည်းလုံးညီညွတ်မှုမရှိပါက လွယ်ကူမည်မဟု တ်ချေ။ (၃) အောင်ဆန်း အကိုရေးသားသော “အောင်ဆန်း”အမည်ရှိ
စာအု ပ်ထဲတွင် အောင်ဆန်းအနေဖြင့် ကရင်ဗမာစည်း လုံးမှုမရှိပါက လွတ်လပ်ရေးရနိုင်ရန်အကြောင်းမရှိ ဟုြ
မင်ပေသည်။
- - - - - - - -

ဒု တိယကမ္ဘာစစ်ဖြစ်ပွါးသည့်အချိန်တွင် ကရင်တို့  သည်ဘ ၀ကို ခက်ခဲပင်ပမ်းကြီးစွာ


ဖြင့်ဖြတ်သ န်းခဲ့ ရသည်။ကရင်ဗမာအဓိကရု န်း ကြီးကျယ်စွာဖြစ်ပွါးခဲ့ ခြင်း၊ဂျပန်တို့  ၏မတရားဖိနှိပ်မှု နည်းမျိုးစုံ
ကိုအလူးအလဲခံ နေရခြင်းတို့  ကြောင့်ဖြစ်သည်။ကရင်လူမျိုးများ ဂျပန်တော်လှန်ရေးကို အောင်မြင်
စွာဆင်နွှဲနို င်ခြင်းကြောင့် အမျိုးသားရေးစိတ်ဓါတ်နိုးကြားတက်ကြွလာသည်၊ ကိုယ့်တိုင်း
ကိုယ့်ပြည်နဲ့  နေထိုင်သွားရန် စိတ်ဓါတ်ပြင်းပြလာသည်၊ကိုယ်ပိုင်တိုင်းပြည်မရှိပါက မိမိလူ မျိုး ဘယ် န
ည်းနဲ့  မျှတိုးတက်ကြီးပွါးနိုင်မည်မဟု တ်ဟု အလေးအနက်သဘောပေါက်ခံ ယူ လာသည်။(Atlantic
Charter)အတ္တလန်တစ်စာချုပ်အရ ကမ္ဘာပေါ်ရှိလူ မျိုးတိုင်းတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိစေရ မည်ဟု
အပု ဒ်ပါရှိသည့်အတွက် ကရင်လူမျိုးများအတွက် ကိုယ်ပိုင်တိုင်းပြည်ရှိလိုစိတ် ပို၍စိတ်ဓါတ်ပြင်း
ထန်လာသည်။

ကိုးကား…..ဖူးစကောလယ်တောပြုစု သော ကရင့်တော်လှန်ရေးသမိုင်း။

ဒု တိယပိုင်း စောင့်မျှော်ဖတ်ရှုရန် …….

Вам также может понравиться