Вы находитесь на странице: 1из 2

ယခုတလော ဒေါ်စုနဲ့ သူ့ရဲ့ဦးဆောင်မှု့၊ လူမှု့ရေးကွန်ယက်နဲ့ CIVIL SOCIETY ကိုဝေဖန်မှု့တွေ ထွက်ပေါ်နေပါတယ်။ အဲ့ဒါကြောင့်

ဒီစာကိုရေးလိုက်တာဖြစ်တယ်။

CIVIL SOCIETY ဆိုတာလူမှု့ရေးလုပ်အားပေးအဖွဲ့တွေ၊ မြို့ပြလူမှု့ကိုယ်စားပြုအဖွဲ့တွေ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ၊


လူမှု့အဖွဲ့အစည်း တွေပေါင်းစပ်ထားတဲ့ အင်အားစုတရပ်အဖြစ် အဓိပ္ပါယ်ဖွင့်ရပါမယ်။ အာဏာကိုအခြေခံတဲ့အုပ်ချုပ်ရေး၊ စီးပွါးရေး
စံနစ်ကိုအခြေခံတဲ့ စီးပွါးရေးအင်အားစုတွေနဲ့ မသက်ဆိုင်တဲ့အင်အားစုဖြစ်ပေမဲ့၊ တိုင်ပြည်တခုရဲ့လူ့အဆင့်အတန်း လူနေမှု့ဘဝ
တခုကို၊ အပြန်အလှန်ဆက်သွယ်မှု့ဖြစ်တဲ့၊ အစိုးရ၊ စီးပွါးရေးသဘာဝနဲ့ CIVIL SOCIETYကိုကြည့်ပြီးဆုံးဖြတ်နိုင်ကြပါတယ်။

CIVIL SOCIETYဆိုတဲ့စကားလုံးဟာ ပြင်သစ်တော်လှန်ရေးမတိုင်ခင်ကတည်းက ရှိခဲ့တဲ့စကားလုံးဖြစ်တယ်။ ဒီမိုကရေစီ၊


အာဏာရှင်၊ ကွန်မြူနစ်၊ ဆိုရှယ်လစ် စတာတွေနဲ့ ရှုတ်ထွေးနေခဲ့တဲ့ ကမ္ဘာကြီးမှာ CIVIL SOCIETY ရဲ့အရေးပါမှု့ ဟာမှေးမှိန်
နေခဲ့တယ်။

ဒါပေမယ့် ယနေ့ကမ္ဘာကြီးနဲ့၊ နိုင်ငံတကာဈေးကွက်စံနစ်တွေကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ အစိုးရစီးပွါးရေးနဲ့ CIVIL SOCIETY


အင်အား(၃)ခုရဲ့လွန်ဆွဲပွဲတွေပေါ်လာကြတာဖြစ်တယ်။ ခိုင်မာတဲ့ CIVIL SOCIETYတခုဟာအုပ်ချုပ်ရေးနဲ့ အရင်းရှင်ဈေးကွက်ကို
စိန်ခေါ်နိုင်တယ်ဆိုတာကို ကမ္ဘာကလက်ခံလာကြတယ်။

အရင်းရှင်နိုင်ငံတွေဖြစ်တဲ့ အနောက်နိုင်ငံတွေမှာ နိုင်ငံရေးသမားတွေဟာ ရွေးကောက်ပွဲတွေနိုင်ဖို့ရာ အရင်းရှင်တွေရဲ့


ငွေကြေးထောက် ပံ့မှု့တွေကို အားကိုးရတဲ့အတွက်ကြောင့် အစိုးရဖြစ်လာပြီးယင် ပြည်သူတွေကိုသစ္စာဖောက်တာတွေ
တခါတရံလုပ်ကြ ရတယ်။ အဲ့ဒီ အခြေအနေမျိုးမှာ CIVIL SOCIETY ဟာအဓိကကျတဲ့နေရာက ရပ်တည်ရတယ်။ မတရားမှု့တွေကို
ဥပဒေအရ ဖော်ထုတ်တာပြည်သူဖက်ကရပ်တာတွေကို လုပ်နိုင်တယ်။ နိုင်ငံရေးကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်အောင်
လုပ်နိုင်တယ်။ ဒါကြောင့်လည်း ပညာရှင်တွေက CIVIL SOCIETYဟာလူ့အလွှာအသီးသီးရဲ့ သော့ချက်ဖြစ်တယ်။ လူတွေကို
ပိုမိုလွတ်လပ်မျှတပြီးနိုင်ငံရေးပယောဂကင်းစင်စေတယ်။ လွတ်လပ်တဲ့ဈေးကွက်စံနစ်ကို ရှင်သန်စေတယ်။ မတရားတဲ့
အုပ်ချုပ်ရေးစံနစ်နဲ့ ဈေးကွက်တွေကို စိန်ခေါ်နိုင်တယ် စသဖြင့်ပြောဆိုကြတာတွေသိရတယ်။ ကုလသမ္မဂနဲ့ ကမ္ဘာ့ဘဏ်
တွေကတောင် CIVIL SOCIETYဟာကောင်းမွန်တဲ့အုပ်ချုပ်မှု့နဲ့ ဆင်းရဲသားပပျောက်ရေးတွေကို လုပ်ဆောင်နိုင်တယ်လို့ဆိုတယ်။
အဲ့ဒီတော့ CIVIL SOCIETY နဲ့လူမှု့ရေးကွန်ယက်တွေလုပ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာတွေကိုမျှော်မြင်
ထားပါသလဲ။

CIVIL SOCIETYရဲ့အခြေခံလိုအပ်ချက်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို နိုင်ငံသားတိုင်းက သဘောပေါက်ဖို့ဖြစ်တယ်။


သူများ တိုက်ပေးလို့ရတဲ့ ဒီမိုကရေစီဟာ ပြည်သူတရပ်လုံးက သဘောမပေါက်သေးသရွေ့ ဆိုင်းဘုတ်တခုဘဲဖြစ်တယ်။

၁၉၈၈ အာဏာသိမ်းစစ်ခေါင်းဆောင်တွေမှာ သီအိုရီတခုဘဲရှိတယ်။ အဲ့ဒါကတော့ စစ်တပ်နဲ့ ပြည်သူကိုသွေးခွဲတာဘဲဖြစ်တယ်။


ပြည်သူဟာ စစ်တပ်ရဲ့ရန်သူဖြစ်တယ်ဆိုတာ စစ်အာဏာရှင်တွေရဲ့ယန္တယားတခုဖြစ်တယ်။ အဲ့ဒီတော့ အနှစ် (၂၀)ကျော်အစိုးရ တရပ်
က ဥပက္ခာပြုခံခဲ့ရတဲ့ ပြည်သူတွေကို ဘယ်သူကပြန်လည်ထူထောင်ကြမလဲ။ အနှစ် ၂၀ကျော်စွန့်ပစ်ခံခဲ့ရတဲ့ကလေးငယ်တွေရဲ့
ဘဝတွေကိုပိုမိုကောင်းမွန်လာအောင် ဘယ်သူတွေကတာဝန်ယူကြမလဲ။ နိုင်ငံရေးနဲ့ လူမှု့ရေးခွဲခြားလို့မရဘူးဆိုတာ ဒေါ်စုရဲ့
စကားမဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာဖြစ်တယ်။ ဒီအဖိနှိပ်ခံပြည်သူတွေဖက်က ဘယ်သူရပ်တည်မလဲ။ နေ့စဉ်နဲ့
အမျှမတရားဖိနှိပ် ခြိမ်းခြောက်ခံနေကြရတဲ့ အလုပ်သမားတောင်သူလယ်သမားတွေဖက်က ဘယ်သူရပ်တည်ပေးမလဲဆိုတာ
တွေကိုစဉ်းစားဖို့လိုတယ်။

ဒီနေရာမှာ ကျနော်တို့ပြင်ပက အလုပ်အား အရက်သောက် ပေါက်ကရတွေး၊ရေး၊ပြောနေကြသူတွေလိုမဟုတ်ဘဲ၊


လူမှု့ရေးကွန်ယက်တွေမှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လုပ်ကိုင်ပေးနေကြတဲ့ ပုဂ္ဂိုလ်တွေကို လေးစားမိပါတယ်။
ဒီကြားထဲမှာ အခုလိုလစ်ဗျားတို့ တူနီးရှားတို့က ဆန္ဒပြပွဲ အရှိန်ယူပြီး ဒေါ်စုကနေ လူထုတိုက်ပွဲခေါ်ရမယ်ပြောတဲ့လူကပြော။
အမေရိကန်နဲ့ EUက လစ်ဗျားမှာရေနံရှိလို့ဝင်ချတာပါကွာလို့ဆိုသူကဆို၊ တရုပ်ကြီးမပါသရွေ့ လုပ်လို့မရဘူးဆိုတာတွေကလဲ
ရှိသေးရဲ့။ အိမ်နီးချင်း အာဆီယံ၊ တရုပ်၊ ကုလားမပါယင် ကုလမဝင်နိုင်ဘူးလို့လဲပြောရဲ့။ လူတွေက ဒီတခါတော့
သူပြတ်ကိုယ်ပြတ်ချမှာလို့ မျက်စိမှိတ်ပြီးငြင်းသူကငြင်း။ R2Pအရ ကုလသမ္မဂကကြားကိုဝင်ရမယ်လို့ပြောနေကြတဲ့ ပညာရှင်
တွေကလဲ တမျိုးဖြစ်နေကြပြီး။

ဒီနေရာမှာ ကျနော်တို့တတွေကိုယ့်ကိုကိုယ်မေးခွန်းထုတ်ရမှာက၊ အတိတ်၊ ပစ္စုပ္ပန် ၊ အနာဂါတ်မှာ ငါဘာတွေလုပ်နေသလဲ။


ဘယ်နေရာကို ရောက်နေပြီလဲ။ ဘာတွေဆက်လုပ်မလဲ။ ငါ့ရဲ့အခန်းကဏ္ဍကဘာလဲ စတာတွေဖြစ်တယ်။

ကျနော်တို့ဟာ NLD အဖွဲ့သားများမဟုတ်သလို ဒေါ်စုလွှတ်လားတုန်းက ဖားပြီး နှုတ်ခွန်းဆက်အချိန်ဖြုန်းနေကြသူများမဟုတ်။


ဒါပေမယ့် အမှန်နဲ့ အမှားကိုသိတယ်။ ဓမ္မနဲ့ အဓမ္မကိုနားလည်သူများဖြစ်တယ်။ အဲ့ဒါကြောင့် စာဖတ်သူတွေကို
သတိပေးလိုတာကတော့ တိုင်းပြည်ခေါင်းဆောင်တွေ အလုပ်ကြံခံရတာဟာ ရန်သူကြောင့်မဟုတ်ဘူး အစွန်းရောက် အယူသည်းတဲ့
ကိုယ့်လူတွေကြောင့် ဘဲဖြစ်တယ်။ သမိုင်းတွေကို လေ့လာကြပါ။ အမှန်တရားကိုရှာဖွေပါ။ စိတ်ရှည်သဘောထား
ကြီးကြပါလို့မေတ္တာရပ်ခံပါတယ်။

၈၈ ကျောင်းသား ဂျင်ဂလိ

Вам также может понравиться