Академический Документы
Профессиональный Документы
Культура Документы
မှတ်တမ်းမဲ့ မှတ်တမ်း
ဝင်းနိုင်ဦး
အဲဒီညက ရဲဘော်အောင်သူ (ပြည်တွင်းကိစ္စတွေမှာ အဓိက တာဝန်ရှိသူ) နဲ့ မမာမာ (ကိုအောင်သူ့ ဇနီး) ရဲ့
မိဘတွေအိမ် (တောင်ဥက္ကလာ၊ (၁၃)ရပ်ကွက်) ကို ကျနော်ရောက်တော့ ည ကိုးနာရီလောက် ရှိပါပြီ။ မန္တလေး
ရဟန်းပျို သမဂ္ဂက ဦးဇင်းတပါး၊ အောက် ဗကသ (ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်၊
အောက်ဗမာပြည်) က ကျောင်းသားတချို့နဲ့ သွားရောက် လျှို့ဝှက် တွေ့ဆုံ ဆွေးနွေး၊ အစီအစဉ် တချို့ ချပြပြီး
ကျနော် ပြန်လာတာပါ။ အိမ်ရောက်တော့ အောင်သူနဲ့ တွေ့တယ်။
′ဝေလင်းနဲ့ ချိန်းထားတာ ဒီကောင် ရောက်မလာဘူး′
တွေ့တွေ့ချင်း အောင်သူက ပြောတယ်။
′ဘယ်လိုဖြစ်တာလဲ′
′မပြောတတ်ဘူး′
′ဝေလင်းအိမ် သွား စုံစမ်းကြည့်ပါလား′
အောင်သူ ထွက်သွားတယ်။ နာရီဝက်ကြာတော့ ပြန်ရောက်လာတယ်။
′အိမ်ကိုလည်း ဝေလင်း ပြန်မရောက်သေးဘူးတဲ့။ သူ့မိန်းမက ပြောတယ်′
ကျနော် အတွေးရခက်သွားတယ်။
′သူ့မိန်းမ ဘယ်လိုနေလဲ၊ စိတ်ပူနေပုံရလား′
′ဟင့်အင်း၊ အေးအေးဆေးဆေးပါပဲ။ ဒီလိုပဲ ပြန်မလာတဲ့ ညတွေ ရှိတယ်ဆိုတော့ … …′
′ဒီကောင် အဖမ်းခံရပြီလို့ အောင်သူထင်လား′
′မပြောတတ်ဘူး၊ ဘာမဆို ဖြစ်နင
ိုတဲ့ အခြေအနေပဲ′
ကျနော် တွက်ချက်ကြည့်တယ်။ အဖြေမရဘူး။ စိတ်နည်းနည်း လေးလာတယ်။
′ကိုယ် မြို့ထဲ သွားလို့ ရနိုင်လား′
′မရတော့ဘူး၊ အခု ဆယ်နာရီထိုးတော့မယ်။ ကားတွေ ဆိုက်ကားတေလွ ည်း လုံးဝ မရှိတော့ဘူး။
လမ်းတွေေ ပ်ါမှာ လူတွေလည်း မရှိတော့ဘူး။ စစ်ကားတွေပဲ ပတ်မောင်းနေတယ်′
ဟုတ်တယ်။ ကာဖျူးက ဆယ်နာရီဆို စပြီ။ ငါးမိနစ်၊ ဆယ်မိနစ်ပဲ ကျန်တော့တယ်။
′ညဆယ်နာရီက မနက်လေးနာရီထိ ည မထွက်ရ အမိန့်′။
***
***
ဆယ်နာရီ။ ဆယ်နာရီခွဲ။ ဆယ့်တနာရီ။ ဆယ့်တနာရီခွဲ။ ဆယ့်နှစ်နာရီ…။ ဟုတ်တယ်။
ဆယ့်နှစ်နာရီလောက်လည်း ရောက်ရော အိမ်ထဲကို ထောက်လှမ်းရေးတွေ ၀င်လာပါလေရော။
သူတို့ ၀င်လာတာ သိပ်မြန်တာပဲ။ အားလုံး အရပ်ဝတ်တွေနဲ့ပါ။ လေးငါးယောက် ရှိမယ်ထင်တယ်။
လမ်းပေါ်မှာလည်း တချို့ကို လှမ်းတွေ့ရတယ်။
ကျနော်ကလည်း ဘာကြောင့်မှန်း မသိ။ အဲဒီအချိန် တကယ့်ကို အေးအေးဆေးဆေး။ စိတ်က လုံးဝ
ငြိမ်ကျသွားတယ်။ စောစောက ပူပန်တာတွေတောင် မေ့သွားတယ်။ ပေါ့ပေါ့ပါးပါး။ (နောက်ပိုင်း
ပြန်စဉ်းစားကြည့်တိုင်း အဲဒီတုန်းက ကျနော် ဘာကြောင့် အေးအေးဆေးဆေး ရှိခဲ့မှန်း အဖြေမရဘူး။ ကျနော်
သတ္တိသိပ်ကောင်းလွန်းလို့ မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမယ့် တနေ့ ဒီလိုကြုံမယ်ဆိုတာ ကျနော်
ပိုင်းဖြတ်ထားပြီးသား မို့လား။)
′ဇော်ထက် ဘယ်မှာလဲ′
လာဖမ်းတဲ့ ထောက်လှမ်းရေးတွေထဲက အကြီးဆုံးလို့ ယူဆရသူက မေးတယ်။ ဇော်ထက်က ကျနော် ထိုင်းမှာ
ရှိတုန်းက ပြည်တွင်ကို အရင် လျှို့ဝှက် လွှတ်ထားတဲ့ ရဲဘော်ပါ။
ကျနော်က…
′မနေ့ထဲက ထွက်သွားတာ ပြန်မရောက်ဘူး′
′ဘယ်မှာ ရှိနိုင်လဲ′
′မပြောတတ်ဘူး′
သူတို့က ညတွင်းချင်း အကုန် ဖမ်းချင်ပုံရတယ်။ အမှန်က ဇော်ထက် ဘယ်မှာ ရှိတယ်ဆိုတာ ကျနော် သိပါတယ်။
ညနေကမှ သူ့ကို ကျနော် တနေရာ လွှတ်လိုက်တာပဲ။ (ရဲဘော် ဇော်ထက်ရဲ့ စွန့်စားခန်းတွေ အကြောင်း
ပြောမယ်ဆိုရင် အများကြီးပါ။ တာဝန်တခု ပေးလိုက်ရင် ဘယ်လောက်ပဲ အခက်အခဲ ရှိရှိ၊ ဘယ်လောက်ပဲ
အခြေအနေ မပေး မပေး၊ ဘယ်လောက်ပဲ အန္တရာယ် များများ၊ မဖြစ် ဖြစ်အောင် လုပ်တတ်ပြီး၊ လုပ်ပြီးရင်လဲ
′ဟောဒီမှာ ကျုပ်ဗျ′ ဆိုပြီး ရင်ကော့ ပြောတတ်တဲ့ ရဲဘော်ပါ။ အခုတော့ ဆုံးပါးသွားရှာပါပြီ)။
အဲဒီညက တခြား ရဲဘော်နှစ်ယောက်ရဲ့ အိမ်ကိုလည်း တခြားထောက်လှမ်းရေး အဖွဲ့နှစ်ဖွဲ့က သွား
ဝိုင်းသေးကြောင်း နောက်ပိုင်းမှာ သိရပါတယ်။ အိမ်တွေမှာ သူတို့ မရှိကြလို့ မမိလိုက်ပါ။ ထောက်လှမ်းရေးတွေက
သူတို့ ထင်ရတဲ့ နေရာတွေ သွားရောက် မွှေနှောက် ရှာဖွေကြသေးပေမယ့် ဇော်ထက်ကိုလည်း မမိလိုက်ပါ။
လမ်းထိပ်ရောက်တော့ ထောက်လှမ်းရေးတွေက ကျနော်နဲ့ အောင်သူ့ကို အသင့် စက်နှိုးစောင့်နေတဲ့ အီး-၂၀၀၀
ကားတစီးပေါ် တက်ခိုင်းတယ်။ ထောက်လှမ်းရေး တယောက်က ဘေးမှာ။ ကျနော့်ခါးကို သေနတ်ပြောင်းနဲ့
ခပ်တင်းတင်း ထောက်ထားတယ်။ ဥက္ကလာက လမ်းကြမ်းတော့ ကားက ခုန်နေတယ်။ ၀ုန်းဝုန်းဒိုင်းဒိုင်း။
ကားထဲမှာတော့ တိတ်ဆိတ်လို့။
′ဟင်း။ မင်းတို့က မင်းတို့ကို မင်းတို့ လည်လှပြီ ထင်နေလား။ လွှတ်ပေးထားလို့ ထားမှန်းမသိ။ မအေ- တွေ′
ကျနော် ငြိမ်နေတယ်။ အသံမထွက်အောင် မနည်း ကြိုးစားနေရတယ်။ မညည်းနဲ့။ မအော်နဲ့။
′လမ်းတုန်းကလို စကားတွေ ဘာတွေ ပြောအုံးလေကွာ′
′တရားဟောအုံးလေကွာ′
′-ီး Non-violence လားကွ′
′တကယ့် Non-violence က ဒီမှာကွ′
ရိုက်တယ်။ ထပ်ရိုက်တယ်။ ကန်တယ်။ ရိုက်…
မရပ်ကြတော့ဘူးလား။ မရပ်ကြတော့ဘူးလား။ ယဉ်ကျေးတဲ့ ဟောဒီ ရာစုကြီးမှာ။ ပညာတတ်တယောက်၊
အရပ်ရှည်ရည
ှ် ပိန်ပိန်ကိုင်းကိုင်း။ သူရဲကောင်းဖြစ်ဖို စိတ်မ၀င်စားသူ။ ဒါပေမယ့် အဓိပ္ပာယ် တစုံတရာနဲ့
အသက်ရှင်လိုသူ၊ လူ့သိက္ခာ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ချစ်ခြင်းမေတ္တာကိုသာ ယုံကြည်သူ။ အဲဒီ
လူတယောက် …
အလု…
ိ ။ ကျနော် ဘယ်ရောက်နေပါလိမ့်။ ကျနော် မောနေတယ်။ အသံထွက်ကြည့်တယ်။ မရဘူး။
စစ်ဘိနပ်တွေ၊ စစ်ဘိနပ်တွေ…။ ရှေ့မှာ၊ နောက်မှာ၊ ၀ဲမှာ၊ ယာမှာ၊ တခါတခါ ရင်ဘတ်ပေါ်မှာ။ အဲဒီအချိန်
လူတယောက်ရဲ့ ဘ၀ဟာ ဘာမှ မသေချာတော့ဘူး။ အသက်ရှင်မှု၊ အနာဂတ်၊ လူ့ဂုဏ်သိက္ခာ…။ ဘာမှ
မသေချာတော့ဘူး။
တချို့ အ မှုတွေမှာ ဒီသဘောကို မလိုက်နာတဲ့ အ တွက် အ ဖမ်းခံရသူ အ ရေအ တွက် များရုံမက တိုက်ရိုက်
မသက်ဆိုင်သူတွေပါ ပါသွားပါတယ်။ အ ကျိုးဆက်ကတော့ လုပ်ဖော်ကိုင်ဖက် ရဲဘော်အ ချင်းချင်း စိတ်ဝမ်း
ကွဲပြားသွားကြတာ၊ လူထုရဲ့ အားတက်သရော အ ကူအ ညီတွေ လျော့ကျသွားတာပါ။ အ မှုအားလုံးကို
မဆိုလုပိါဘူး။ ယူဂျီအ လုပ်ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းသွားခြင်း အ ကြောင်းတွေထဲမှာ အ ဒဲီအ ချက်က အ ဓိက
ကျပါတယ်။ အ စစ်ခံရာမှာ မတတ်သာတဲ့ အ ဆုံး မပြောမဖြစ် ဖော်ရ ပြောရတော့မယ်ဆိုရင် ဖမ်းလို့ မရနိုင်တဲ့သူ၊
ဖမ်းလို့ မလွယ်နိုင်တဲ့သူ အ တတ်နိုင်ဆုံး ဖြစ်ဖို့ လိုပါတယ်။ တခြားအ ချက်တွေလည်း အ များကြီးပါ။ တိုက်ဆိုင်တဲ့
အ ချိန်တချိန်မှာတော့ ကျနော်တို့ ယူဂျီလုပ်ငန်းရဲ့ အ ရေးကြီးတဲ့ အားနည်းချက်တွေ အ ကြောင်း
ဆွေးနွေးကြည့်ချင်ပါသေးတယ်။ ကျနော်တို့လည်း အားနည်းချက်တွေနဲ့ပါ။
နောက်ပိုင်း ကျနော့် အ တွေ့အ ကြုံအ ရ ပြောရရင် ဖြေနိုင်တာကို မြန်မြန် အ ဖြေပေးပြီး မဖြေနိုင်တာကိုတော့
မသိဘူး ဆိုပြီး ′ဘူး′ ခံတာ၊ ဘူးခံလို့ အ နှိပ်စက်ခံရတာ ပိုကောင်းတယ်။ ခံတော့ ခံရမှာပဲ။ တကယ်တော့
ထောက်လှမ်းရေးမှာ လိမ်တဲ့ကိစ္စက သတိနဲ့ မလုပ်ရင်၊ သတိမကြီးရင် သိပ် အ န္တရာယ်များတာမျိုးပါ။
ကိုယ့်အ တွက်ရော ကိုယ့်ရဲဘော်တွေ အ တွက်ပါ ။ ဒါကြောင့် ဖြစ်နိုင်ရင် သိပ်အ ရေးကြီးတဲ့ ကိစ္စ
နည်းနည်းလောက်ပဲ ကြိုတင် ရွေးချယ်၊ ပြင်ဆင်၊ သတိထားပြီး လိမ်တာ ကောင်းတယ်။ ဘာလို့လဲ ဆိုတော့
လိမ်တာက ရက်တွေ ကြာလာတဲ့ အ ခါ ကယောင်ကတမ်းတွေ ဖြစ်လာတဲ့ အ ခါ (နောင်မှာ ဖြစ်လည်း
ဖြစ်လာတယ်) ကိုယ် ဘယ်လို လိမ်ထားတယ်ဆိုတာ ကိုယ့်ဖာသာ မေ့မေ့သွားတော့ တချို့ လိမ်ထားတာတွေ
ပေါ်သွားပြီး အ ဒဲီအ ခါကျတော့ သူတို့က ပိုပြီး ပက်ပက်စက်စက်၊ ရက်ရက်စက်စက် လုပ်ပါတယ်။
တပြိုင်တည်း ဖမ်းမိတာ နှစ်ယောက်၊ နှစ်ယောက် အ ထက် ဖြစ်ခဲ့ရင် လူခွဲမေး၊ လူခွဲစစ်ပြီး ထွက်ချက်တွေကို
ပြန်တိုက်စစ်တာကြောင့် လိမ်ဖို့ အ ခွင့်အ လမ်းက သိပ်နည်းသွားတယ်။ သိပ်ခက်တယ်။ ဖြေတဲ့ အ ခါတွေမှာလဲ
အ မြန် ဖြေရတာဆိုတော့ တခါတခါ မရည်ရွယ်ဘဲ တချို့ အ စတွေ ထွက်သွားတတ်တယ်။ အဲဒီ အ စကို
ထောက်လှမ်းရေးက ယူသွားပြီး တခြားလူကို သွားစစ်၊ တခါ အဲဒီလူဆီက ထွက်လာတဲ့ အ စကို ယူပြီး
နောက်တယောက်ကို စစ်။ တိုက်စစ်၊ လှည့်စစ်၊ တပတ်ရိုက်စစ်၊ အ ယုံသွင်း စစ်။ ဒါကြောင့် လိမ်ဖို့ မလွယ်ဘူး။
ကိုယ်တယောက်ထဲပဲ သိတဲ့ အ ချက်အ လက်တွေ၊ ဒါမှမဟုတ် အ တူတူ အ ဖမ်းခံရတဲ့ လူတွေ မသိနိုင်တဲ့
အ ချက်အ လက်တွေ ဆိုရင်တော့ ကိုယ် ပိရိရင် ပိရိသလောက် လွတ်လွတ်လပ်လပ် လိမ်လု့ရိ ၊ အ ကျိုးသင့်
အ ကြောင်းသင့် လိမ်လို့ ရပါတယ်။ မေးခနွ်းတွေ မေးတာမှာ မေးပြီးသားတွေကို ထပ်ခါထပ်ခါ ပြန်
မေးတာမျိုးလည်း အ ကြိမ်ကြိမ်။ ကိုယ့်အ ရင် အ ဖမ်းခံထားရတဲ့ သူတွေ၊ ကိုယ်နဲ့လည်း ဆက်စပ်နေသူတွေရဲ့
ထွက်ချက်တွေကို ကိုင်ပြီး စစ်မေးတာမျိုးလည်း ရှိတယ်။ အဲဒီနည်းနဲ့ အ ချက်အ လက်တချို့ သူတို့ သိထားနှင့်၊ ရ
ထားနှင့်တာ ကိုယ်က မသိနိုင်ဘူး။ ဒီတော့ သူတို့ ထောက်လှမ်းရေး သိပ်သိနေပါလား ဆိုပြီး အ ထင်ကြီး စိတ်ဝင်၊
ပြီးတော့ လိမ်လို့ ဖုံးလို့ ဖြစ်ပါ့မလားဆိုတဲ့ ကိုယ့်ကိုယ်ကို မယုံကြည်မှုတွေ၊ စိတ်မချမှုတွေ ၀င်လာပါတယ်။ သိပ်
မလိမ်ရဲတော့ဘူးပေါ့။
***
***
ဒီလိုနဲ့ နေရင်း အ တော်ကြာတော့ ကျနော် စိတ်ကူး တခု ရလာတယ်။ ဒါနဲ့ ′အိမ်သာ တက်ချင်တယ်′ လို့ သူ့ကို
ပြောလိုက်တယ်။ ′သောက်ရေးထဲမှာ′ လို့ သူက ပြောပြီး ကျနော့်ကို လက်ထိပ် ဖြုတ်ပေးတယ်။ တွဲပြီး
လိုက်ပို့ပေးတယ်။
အိမ်သာထဲ ရောက်တော့ တံခါးပိတ်။ ခေါင်းစွပ် ချွတ်လိုက်တယ်။ ဒေါင့်မှာ (ညစ်ညစ်ပတ်ပတ်) မြေအိုး
နှုတ်ခမ်းပဲ့လေး တလုံးတွေ့တယ်။ အိမ်သာ သုံးဖို့ရေ။ ဒါနဲ့ အိုးထဲကို ကြည့်လိုက်တော့ ကျနော် ကံဆိုးတယ်။
ရေက အ ကပ်အ သပ်လေးပဲ ကျန်နေတာ။ အ ပေါစား အ မ
ိသာက ရေဆိုတော့ ညစ်ကလည်း ညစ်ပတ်နေသေး။
မတတ်နိုင်ဘူး။ အိုးမှုတ်ခွက်ကိုယူ၊ ရေကို ခြစ်ပြီး ခပ်လိုက်တော့ ′ဂျစ်′ ခနဲ အ သံ မြည်သွားတယ်။
′၀ုန်း′ အိမ်သာကို အ ပြင်ကနေ ဟိုလူ အုတ်ခဲနဲ့ လှမ်းထုလိုက်တာပါ။
′ထွက်စမ်း၊ ငါ -မသား။ အိမ်သာရေ သောက်မလို့ မဟုတ်လား။ ခုချက်ချင်းထွက်၊ မအေ -′
ဟာ။ ဘာပြောကောင်းမလဲ။ အ ယုတ်တ အ နတ အော်ကြီးဟစ်ကျယ်၊ မကြားဝံ့ မနာသာတွေ ဆဲဆိုနေလိုက်တာ
အိမ်သာရှေ့မှာ ဆူညံနေတာပဲ။ ကျနော်လည်း အ လန့်တကြားနဲ့ လက်ထဲက အုန်းမှုတ်ခွက် လွတ်ကျသွားပြီး
အိမ်သာထကဲ နေ ကမန်းကတန်း ထွက်ရတယ်။
(ကျနော် စဉ်းစားကြည့်တယ်။ သြော်- အိမ်သာရေကိုတောင် ဒီလူတွေ မသဒ္ဓါကြပါလားလို့။ တော်ပါသေးရဲ့။
မရိုက်လို့။ အ ရိုက်ကလည်း မခံနိုင်တော့လောက်အောင်ပဲ။ ရိုက်လိုက်ရင် အ သားတွေ ပဲ့ကျ။
ကြွေကျတော့မလားတောင် ထင်ရတာ။)
ဟာ။ ဆရာဝန်ကို ကျနော် အ့ံအားသင့်သွားမိတယ်။ သူ့စကား အ ဓိပ္ပာယ်က ′ဆက်နှိပ်စက်လို့၊ ဆက် ရိုက်လို့
ရသေးတယ်′ လို့ ပြောသွားတာပဲ မဟုတ်လား။ ဆရာဝန် တယောက်ဆီက ကျနော် မျှော်လင့်ခဲ့တဲ့ ဆရာဝန်စိတ်၊
လူသားစိတ် ဘယ်မှာလဲ။ ဟုတ်တယ်။ ဆရာဝန်တောင် အ ခန်းပြင် မရောက်သေးဘူး။ ′နည်းနည်းကို များများ
ဖြစ်ရလား′ ဆိုပြီး ကျနော့်ကို ၀ိုင်းပြီး ရိုက်ကြ ကန်ကြပါလေရော။ ထောက်လှမ်းရေးက ဆရာဝန်ကလည်း
ထောက်လှမ်းရေး အ တိုင်းပါပဲလား။ (တကယ်တော့ သူတို့ ဆရာဝန် ခေါ်တာကလဲ ကျနော့်ကျန်းမာရေးအ တွက်၊
ကျနော့်အ သက်အ တွက် စိုးရိမ်လို့ မဟုတ်ပါဘူး။ ကျနော့် အ ခြေအ နေ ဆိုးလာရင် သူတို့ စစ်ဆေးနေတာတွေ
ရပ်ရမှာ စိုးလို့ပါ)။
***
***
လာပြန်ပြီ။ ဒီ သနားခိုင်းတဲ့ အ လုပ်။ သနားတဲ့ အ လုပ်က သူတို့နဲ့ လားလားမှ မဆိုင်ဘဲ ကျနော်နဲ့သာ ဆိုင်တဲ့
အ လုပ် ဖြစ်နေတော့တယ်။ သူတို့ ဒီစကားလုံး သုံးသုံးနေတာ ကျနော့်မှာ တော်တော် မခံချိမခံသာ ဖြစ်နေတယ်။
အဲဒီညက တညလုံး သူက မေးခွန်းတွေ မေးတယ်။ အ များစုက ထောက်လှမ်းရေး (၁၄)မှာ မေးပြီးသားတွေ။
ကျနော် ပြောနိုင်တာတွေ။ တခါမှာ သူက
′အောင်ဒင်ကနေ တဆင့် မင်းကိုနိုင် ကို ပေးလိုက်တဲ့ စာထဲမှာ မင်း ဘာတွေ ရေးထားလဲ′
ထက်ရှနေတဲ့ ၀ါးကြောနဲ့ ကျနော့်အ သားကို ပွတ်ဆွဲတာ ခံလိုက်ရသလို ကျနော် ′ဆတ်′ ခနဲ တွန့်သွားတယ်။
ဒီအ ကြောင်း သူတို့ ဘယ်လိုလုပ် သိတာပါလိမ့်။ တကယ်ဆို ဒါ လွယ်လွယ်နဲ့ သိနိုင်တဲ့ အ ရာ မဟုတ်ဘူး။
ကျနော် စဉ်းစားလို့ မရဘူး။ (အောင်ဒင်က ဗကသ ဒုဥက္ကဋ္ဌပါ။) စာကလည်း မင်းကိုနိုင် အ ဖမ်းမခံရခင်
တလလောက်မှာ အောင်ဒင်ကို ကျနော် ပေးခဲ့တာပါ။ အ ခုဆိုရင် တနှစ်တောင် ကျော်နေပါပြီ။ (ထောင်ထဲ
ရောက်လို့ အောင်ဒင်နဲ့ တွေ့တော့မှ ကျနော် ရှင်း သွားတယ်။ ကျေနာ် အ စစ်ဆေးခံနေရချိန်မှာ ကျနော်နဲ့
ပတ်သက်တဲ့ အ ချက်အ လက်တွေကို သိဖို့အ တွက် မင်းကိုနိုင်နဲ့ အောင်ဒင်ကို ထောင်ထဲက စစ်ကြောရေး
စခန်းမှာ ခေါ်ပြီး စစ်မေးခဲ့တာကိုး)။
***
ညှင်းပန်းနိပ
ှ်စက်ထားတဲ့ ဒဏ်နဲ့ စိတ်ရောကိုယ်ပါ ကျနော်တို့ဘယ်လောက်ပဲ ချုံးချုံးကျ ဖြစ်ရင် ဖြစ်ပလေ့စေ၊
ကျနော်တို့ကို မြင်တဲ့အ ခါ ကျနော်တို့ စိတ်ဓာတ်ကျနေတယ်၊ ထိတ်လန့်နေတယ်၊ ပင်ပန်းနွမ်းနယ်နေတယ်လို့
ကျနော်တို့ကို ချစ်ခင်ယုံကြည် တန်ဖိုးထားသူတွေ အ တွေး မရောက်စေချင်ဘူး။ အဲဒီလိုဆိုရင် သူတို့
စိတ်ဆင်းရဲကြလိမ့်မယ်၊ ပင်ပန်းကြလိမ့်မယ်။ စိတ်ဓာတ် ကျကြလိမ့်မယ်။ ပြီးတော့ ကျနော်တို့ရဲ့ မာန်မာနကိစ္စ။
ကျနော်တို့ကို မုန်းတီးသူတွေ၊ ရန်သူတွေက ကျနော်တို့ကို အဲဒီလိုမျိုး မြင်တာကိုလည်း ခွင့်မပြုနိုင်ဘူး။ ဒါနဲ့
ဘေးက အောင်သူကို တိုးတိုး ကပ်ပြောလိုက်တယ်။
′မျက်နှာကို တင်းထား။ တင်းနိုင်သလောက် တင်းထား′
(ထင်တဲ့ အ တိုင်းပဲ။ ထောင်ထဲရောက်ပြီး နောက်ပိုင်း မိသားစုတွေ ထောင်ဝင်စာ လာတွေ့ကြတော့ ကျနော်တို့
သတင်းကို ကျနော်တို့ ပုံတွေနဲ့ တီဗွီက ပြတယ်တဲ့။ မိသားစုတွေ မိတ်ဆွေတွေက ကျနော်တို့ပုံတွေ တွေ့တော့
အားရှိသွားကြသတဲ့။ ကျနော်တို့ ပုံတွေက ဘာမှ ဂရုမစိုက်တဲ့ပုံ ခပ်တင်းတင်းတဲ့။
တကယ်က ကျနော်တို့ ပုံတွေက သူတို့မြင်တာနဲ့ တခြားစီပါ။ အ သားကို ထိလိုက်ရင်တောင် ပဲ့သွားတော့မလို
ခံစားနာကျင်နေတာတွေ၊ မေးခွန်းမေးတဲ့ အ သံ ကြားလိုက်ရင်တောင် ကြာပွတ်နဲ့ ဖြတ် အ ရိုက်ခံရသလို
နာကျင်သွားတာတွေ၊ ဒါတွေကို တခါတခါတော့လည်း သူတို့ကို အ ရင်းအ တိုင်း သိစေချင်သား။
ဒါပေမယ့် ′မျက်နှာတေကွ သာ တင်းနေတယ်၊ ရုပ်တွေက ချုံးချုံးကျ ဖြစ်နေတယ်ဆိုတာတော့ သူတို့ သိပါတယ်′
တဲ့။ ဒါက ကျနော်တို့ အ ပြင်ပြန်ရောက်တော့မှ သူတို့ ပြန်ပြောပြတာပါ။ မှတ်မှတ်ရရ ကျနော်တို့ မိသားစုနဲ့
အ ဆက်အ ဆံ မလုပ်တာ ကြာပြီဖြစ်တဲ့ အ ဒေါ်တယောက်ဆိုရင် ကျနော်တို့ကို တီဗွီကနေ ပြတော့
ကျနော့်ကိုတော့ မမှတ်မိပါဘူး။ ဒါပေမယ့် နေရပ်လိပ်စာနဲ့ ကျနော့်အ ဖေ နာမည်ကြားပြီး ကျနော်မန
ှ်း
သိသွားတယ်။ သူက တစည(တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) အ မာခံ။
တီဗွီမှာ ကျနော်တို့ပုံတွေ တွေ့ရပြီးနောက် ငါတူလေးကို သူတို့ ရက်ရက်စက်စက် လုပ်နေပြီဆိုတဲ့ အ တွေးကို
ဖျောက်လို့ မရဘူးတဲ့။ ဒါနဲ့ နောက်နေ့မှာ တစညကထွက်၊ ရပ်ကွက်ထဲ လည်ပြီးတော့ တစည ဆန့်ကျင်ရေး
လုပ်တော့သတဲ့။ ကြောက်တတ်တဲ့ ကျနော့်အ မေဆို တီဗွီမှာ ကျနော့်ကို တွေ့ပြီးနောက်နေ့မှာ အ မျိုးသား
ဒီမိုကရေစီ အ ဖွဲ့ချုပ်ရဲ့ အ မှတ်အ သား ခမောက်တို့၊ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်တို့နဲ့ ဒီဇိုင်းဖော်ထားတဲ့
အ င်္ကျီကိုဝတ်၊ စင်ပေါ်တက် တရားဟောသတဲ့။)
***
အ ကျဉ်းသားအ ပ
ုကြီးကို ကျနော် ငေးကြည့်နေမိတယ်။ လေးငါးခြောက်ဆယ်လောက် ရှိမယ်။ သူတို့ အုပ်စုကြီး
ခြေလှမ်းလိုက်တိုင်း ခြေကျင်းသံတွေက တဂျွမ်းဂျွမ်း။ ကျနော်ပဲ အားနည်းနေလို့လား။ ခြစ်ခြစ်တောက် ပူနေတဲ့
မေလ နေအောက်က ချွေးတွေ ရွှဲနစ်နေတဲ့ အ ကျဉ်းသားတွေကို ကြည့်ရင်း ကျနော့်ရင်ထဲ လှိုက်ခနဲ လှိုက်ခနဲ
ဖြစ်လာတယ်။ ကျနော်တို့က တိရိစ္ဆာန်တွေကို ကြိုးတွေနဲ့ချည်၊ ခြံတွေထဲ လှောင်ပိတ်။ အဲဒီ တိရိစ္ဆာန်တွေလိုပဲ
ကျနော်တို့လို လူသားတွေလည်း သံခြေကျင်းတွေနဲ့ခတ်၊ လှောင်ပိတ်တာ ခံကြရ။ ဒါပေမယ့်လူတွေကို
ချုပ်နှောင်နေသူတွေက လူတွေပဲ ဖြစ်နေပြန်တယ်။
နှစ်နာရီလောက် အ ကြာမှာတော့ SB ဌာနကနေ ကျနော်တို့ကား ပြန် မောင်းထွက်လာပြီး နောက်ထပ်
အ ဆောက်အ ဦ တခုရှေ့ကို ရောက်သွားတယ်။ မေးကြည့်တော့ စစ်ခုံရုံးတဲ့။ စစ်ခုံရုံး။ ကျနော်တို့ကို စစ်ခုံရုံး
တင်ပြီပဲ။ ဘာတွေ ဖြစ်လာဦးမလဲ။
***
***
***
ကျနော့် ယုံကြည်ချက်က ဘာမှ ရှုပ်ထွေးတဲ့ ကိစ္စ မဟုတ်ဘူး။ ဒါ့အ ပြင် ကျနော့် ယုံကြည်ချက်မှာ သူများကို
ဖျက်ဆီးပစ်ဖို့ မပါဘူး။ မတူသူတွေ၊ ဆန့်ကျင်သူတွေကို ရှင်းပစ်ဖို့ မပါဘူး။ ရက်စက်ပစ်ဖို့ မပါဘူး။ ကျနော့်
ကိုယ်ကျိုးစီးပွား မပါဘူး။ လူသားချင်း အ မုန်းစိတ် မပါဘူး။ ကျေနာ် ညှင်း ပန်းနှိပ်စက် ခံထားရတဲ့ အ တွက် ဆိုပြီး
အ ညှိုး အာဃာတ ထားတာမျိုး မပါဘူး။ ဒါကြောင့် ကျနော် ယုံကြည်တဲ့ နိုင်ငံရေး အ ကြောင်း ကျနော် ရေးတယ်။
ပြီးတော့ ပေးလိုက်တယ်။ သူတို့က ကျနော် ရေးတာကို လက်မှတ်ထိုးခိုင်းတယ်။ ထိုးပေးလိုက်တယ်။
ဒီလိုနဲ့ တရက်မှာ ကျနော့်ကို လေးဘီးဆလွန်းကားလေး တစီးနဲ့ လာခေါ်ထုတ်တယ်။ ခေါင်းစွပ်စွပ်တယ်။ ကားကို
ဟိုကွေ့မောင်း ဒီကွေ့မောင်း လုပ်တယ်။ အ မှန်က ဒီဝင်း တ၀င်းထဲပါပဲ။ နောက်တော့ ကားပေါ်က ဆင်းခိင
ုး၊
တယောက်က တွဲပြီး အ ခန်းတခန်းထဲ ထည့်၊ တယောက်ကတွဲပြီး အ ခန်းတခန်းထဲထည့်။ ခေါင်းစွပ်ချွတ်ပေး၊
လက်တဖက်စီကို လက်ထိပ်နှစ်ခုနဲ့ ကုလားထိုင် လက်တန်းနှစ်ခုမှာ ခတ်။ ကျနော် စိတ်ပူသွားတယ်။ အ ခုလို
လက်ထိပ် နှစခ
်ုနဲ့ တခါမှ အ ခတ် မခံရဖူးဘူး။ အ င်း။ နောက်တကြိမ် ဇာတ်လမ်း ပြန်စပြီ ထင်ပါရဲ့။ ကျနော်
ရေးပေးလိုက်တဲ့ စာရက်ွစာတမ်း ကိစ္စနဲ့များ ဆိုင်နေလား။ ဒါမှမဟုတ် နောက်ထပ် ဘာပြဿနာ ပေါ်လာပြန်လဲ။
***
နိဒါန်း
လွတ်လပ်မန
ှဲု့ အ ကျဉ်းထောင်
ဒါပေမယ့် အာဏာပိင
ုတွေက သူတို့ရဲ့ မွန်မြတ်သန့်စင်တဲ့ တောင်းဆိုချက်တွေကို ခါးခါးသီးသီး ဒေါသတကြီး
ငြင်းဆန်လိုက်ရုံမက အဲဒီလို တောင်းဆိုတာဟာ ရာဇ၀တ်မြောက်ပါတယ် ဆိုပြီး သူတို့ကို အ ခုလို ထောင်သွင်း
အ ကျဉ်းချ အ ပြစ်ပေး ဒဏ်ခတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ကို အ ခုလို ထောင်သွင်း အ ကျဉ်းချလိုက်တာဟာ
လွတ်လပ်မှုနဲ့ တရားမျှတမှု တောင်းဆိုသံကို ထောင်သွင်း အ ကျဉ်းချလိုက်တာ၊ ကုန်ကုန်ပြောရရင် လွတ်လပ်မှုနဲ့
တရားမျှတမှုကို ထောင်သွင်း အ ကျဉ်းချလိုက်တာ၊ ပြည်သူလူထုကြီးနဲ့ နိုင်ငံတော် အ နာဂတ်ကို ထောင်သွင်း
အ ကျဉ်းချလိုက်တာပါပဲ။
လူ့အ ခွင့်အ ရေးကို လေးစားတဲ့၊ တရားမျှတပြီး လူသားအ ချင်းချင်း စာနာစိတ်ရှိတဲ့ အ စိုးရမျိုး အုပ်ချုပ်တဲ့
နိုင်ငံတွေက အ ကျဉ်းထောင်တွေမှာ အဲဒ အ
ီ စိုးရမျိုးလိုပဲ လူ့အ ခွင့်အ ရေး လေးစားမှု၊ တရားမျှတမှု၊
လူသားအ ချင်းချင်း စာနာစိတ်တို့ ထွန်းကားကြပါတယ်။ လူ့အ ခွင့်အ ရေး လေးစားမှု၊ တရားမျှတမှု၊
လူသားအ ချင်းချင်း စာနာမှုတို့ မရှိတဲ့ အ စိုးရမျိုး အုပ်ချုပ်တဲ့ နိုင်ငံက အ ကျဉ်းထောင်တွေမှာတော့ အဲဒီအ စိုးရလိုပဲ
ဗြဟ္မစိုရ်တရား ခေါင်းပါးပြီး ဖိနှိပ်မှု၊ ရက်စက်မှု၊ ညှင်းပမ်းမှု၊ မတရားမှု၊ လူသားအ ချင်းချင်း အ သနား အ ညှာတာ
ကင်းမဲ့မှု၊ လူကို လူလို သဘောမထားမှုတွေနဲ့ တင်းကြမ်း ပြည့်နှက်နေပါတယ်။ ဒါကြောင့်ပဲ
အ ကျဉ်းထောင်တွေထဲမှာ ဖြစ်ပျက်နေတဲ့ အ ခြေအ နေတွေကို ကြည့်ပြီး အုပ်ချုပ်နေတဲ့ အ စိုးရဟာ
အ စိုးရဆိုးလား၊ အ စိုးရကောင်းလား ဆိုတာ ခွဲခြား တွက်ချက်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ အ ကျဉ်းထောင်ပေါင်း (၄၀)နီးပါး ရှိရာမှာ အ င်းစိန်ထောင်ဟာ အ ကြီးဆုံး ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ်
နောက်ပိုင်း၊ အ င်းစိန်ထောင်မှာ အ ကျဉ်းသား စုစုပေါင်း တသောင်း၊ တသောင်းကျော်လောက် ထားရှိတတ်ပြီး
၁၉၉၀ ခုနစ
ှ် တ၀ိုက်က အ င်းစိန်ထောင် တထောင်ထဲမှာတင် နိုင်ငံရေးအ ကျဉ်းသား နှစ်ထောင်လောက်
ရှိပါတယ်။ အ င်းစိန်ထောင်ဟာ ဗြိတိသျှခေတ် ကတည်းက တည်ရှိလာတဲ့ သက်တမ်း အ ရှည်ကြာဆုံး
ထောင်လည်း ဖြစ်တာမို့ ခေတ်အ ဆက်ဆက် အ င်းစိန်ထောင်အ ကြောင်း ပြောမဆုံးကြပါဘူး။ မှတ်မှတ်ရရ
ကျနော် အ င်းစိန်ထောင်က ထွက်လာတဲ့ အ ချိန်မှာ လွတ်လပ်ရေးရပြီးနောက် အ င်းစိန်ထောင်မှာ နှစ်
အ တော်ကြာ ထောင်ကျခဲ့ဖူးသူ၊ နိုင်ငံကျော် စာရေးဆရာကြီး တဦးနဲ့ ဆုံပါတယ်။
သူက ကျနော်နဲ့ စကားစမြည်ပြောရင်းက ′မင်းတို့ခေတ် ထောင်တွေနဲ့ နှိုင်းရင် ငါတို့ခေတ်တုန်းက ထောင်ကျတာ
ပျော်ပွဲစား ထွက်ရသလိုပဲကွာ′ လို့ ပြောပါတယ်။ အဲဒီ စာရေးဆရာကြီးဟာ သူတို့ခေတ် ထောက်လှမ်းရေးနဲ့
အ ကျဉ်းထောင်အ ကြောင်း နာမည်ကြီး စာအုပ်တအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသူပါ။ အဲဒီလို စာရေးဆရာကြီးရဲ့
စကားကို ကြည့်ရင် န၀တခေတ်ထောင်တွင်း အ ခြေအ နေကို ′မှန်း′ ကြည့်နိုင်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အ ကျဉ်းသားတွေမှာ အဲဒီလို လုပ်ဖို့ ဝေးလို့ အဲဒီလို အ ခွင့်အ ရေးတွေ ကိုယ့်မှာ
ရှိလို့ ရှိနေမှန်း သိတောင် သိကြတာ မဟုတ်ပါဘူး။ မသိအောင်လည်း အ စိုးရလုပ်သူက ဖုံးကွယ်
ထိမ်ဝှက်ထားပါတယ်။ ဒါကြောင့် ထောင်အာဏာပိင
ုတွေ ဘာပဲ မတရားတာလုပ်လုပ် ′မတရားဘူး၊
တရားဥပဒေကို အ လွဲသုံးစား လုပ်တယ်′ လို့ သိလည်း မသိကြ၊ ဝေလည်း မဝေဖန်ရဲကြ၊ ကန့်လည်း
မကန့်ကွက်ရဲကြပါဘူး။ အ စိုးရကို တရားစွဲဖို့ ဆိုတာမျိုးကတော့ အိပ်မက်တောင် မက်ရဲစရာ မရှိပါဘူး။
ဒီမိုကရေစီနိုင်ငံတွေက ပြည်သူတွေက ကျနော်တို့ တိုင်းပြည်က ထောင်တွေ အ ကြောင်း၊ အ ကျဉ်းသားတွေရဲ့
ထောင်တွင်း ဘ၀တွေအ ကြောင်း ကြားရ သိရတဲ့ အ ခါတိုင်း အ ထိတ်တလန့်လည်းဖြစ်၊ အ့ံအားလည်း သင့်၊
အုပ်ချုပ်နေတဲ့ အ စိုးရကိုလည်း မုန်းတီးရွံရှာသွားကြတဲ့ အ ပြင် ကျနော်တို့ ပြည်သူတွေ အ တွက်လည်း
စိတ်မကောင်း ဖြစ်သွားကြပါတယ်။ အဲဒီလို အ စိုးရမျိုးက နိုင်ငံကို အုပ်ချုပ်နေတာ၊ နိုင်ငံကို အုပ်ချုပ်ခွင့်
ရှိနေတာကိုပဲ သူတို့ နားလည်လို့မရ ဖြစ်နေကြပါတယ်။
ဟင်းအ နေနဲ့ကတော့ မနက်မှာ ပဲဟင်းနဲ့ ငါးပိ၊ ညနေဘက်မှာ တာရပေါ ဟင်းရည်နဲ့ ငါးပိ၊ အ သားကတော့
တပတ်မှာ တနပ် ကျွေးပါတယ်။ ပဲဟင်းက ပဲအ ညံ့စားကို ရေအ များကြီးနဲ့ ထည့်ပြုတ်ထားတာမို့ ပဲဟင်းလို့သာ
နာမည် ခေါ်ရတယ်၊ ပဲဟင်းထဲမှာ ပဲဖတ်ကို ရှာမတွေ့ပါဘူး။ ပဲဟင်း ချက်ပုံက ဒီလိုပါ။
ပဲကို အ ဖတ်တွေချည့်ကျန်အောင် အ ရင်ပြုတ်၊ နောက်မှ ပဲဖတ်တွေကို ရေနွေးနဲ့ ရောတာပါ။ အဲဒီလို ရေနွေးနဲ့
မရောခင် ထောင်ဝန်ထမ်းတွေ၊ ဟင်းချက်ရာမှာ တာဝန်ကျတဲ့ အ ကျဉ်းသားတွေက ပဲဖတ်အ နှစ်တွေကို
ခပ်ယူထားကြပါတယ်။ အဲဒီ ခပ်ယူထားတဲ့ ပဲဖတ်၊ ပဲအ နှစ်တွေကို ထောင်ဝါဒါတွေ၊ ထောင်အ ရာရှိတွေ၊
လူဆိုးဗိုလ်တွေက ဦးဦးဖျားဖျား စားကြပါတယ်။ တကယ်တော့ ထောင်ဝါဒါတွေ၊ ထောင်အ ရာရှိတွေဟာ
ထောင်ဥပဒေအ ရ အ ကျဉ်းသားတွေရဲ့ အ စားအ စာကို စားခွင့် မရှိပါဘူး။
အ င်းစိနေ
် ထာင်ထဲမှာ အ ဆောင် (၅)ဆောင်ရှိပြီး အ ဆောင်အ မှတ် (၁) က လွဲလို့ ကျန် အ ဆောင်တွေမှာ
အ ကျဉ်းသား တထောင်ကျော်စီ ထားပါတယ်။ အ ဆောင်အ မှတ် (၁) ကတော့ အ မှု ရင်ဆိုင်နေရတဲ့
အ ချုပ်သားတွေ အ တွက် ဖြစ်ပြီး လူဦးရေ နှစ်ထောင်၊ နှစ်ထောင်ကျော်လောက် ထားပါတယ်။
အ ဆောင် တဆောင် တဆောင်မှာ ရေကန် တကန်စီ ရှိပြီး အ ရှည်ပေ ရှစ်ဆယ်၊ အ ကျယ် သုံးပေလောက်ရှိတဲ့
ရှည်မျောမျော ရေကန် ဖြစ်ပါတယ်။ အဲဒီ ရေကန်ရဲ့ သုံးပုံတပုံလောက်ကို သောက်ရေအ တွက် ဆိုပြီး သီးခြား
ကန့်ထား ခွဲထားပါတယ်။ သောက်ရေအ တွက် ဆိုပေမယ့် ထောင်ဝန်ထမ်းတွေနဲ့ လူဆိုးဗိုလ်တွေကတော့ အဲဒီ
ရေကန် အ ကန့်မှာ ကြိုက်သလို ရေချိုးခွင့် ရေသုံးစွဲခွင့် ရှိပါတယ်။
ကျန်တဲ့ ရေကန်အ ကန့်မှာ တကြိမ်ကို အ ကျဉ်းသား တရာလောက် ရေကန် ဟိုဘက်ဒီဘက် လူခွဲ တန်းစီပြီး
ရေချိုးရပါတယ်။ ရေကန် တဘက်တချက်မှာ လူတွေ မလှုပ်သာ မယှက်သာ ပြည့်သိပ်ကြပ်ညှပ်နေတာမို့
အ တည့်ရပ်လို့ မရတာနဲ့ အ ကျဉ်းသားတွေဟာ ဘေးတိုက် တစောင်းရပ်၊ အ ချင်းချင်း တိုးဝှေ့ပြီး
ရေချိုးကြရပါတယ်။
တနေ့ကို တကြိမ်သာ ရေချိုးရပြီး တကြိမ်ကို ထမင်းစားတဲ့ ဒန်ပန်းကန်ပြား ပက်ပက်နဲ့ ဆယ်ချပ်ထက်
ပိုမချိုးရပါဘူး။ ရေကန် တာဝန်ကျ လူဆိုးတွေ စိတ်ကြည်သာရင်တော့ ရေပန်းကန်ပြား ဆယ့်ငါးချပ်လောက်
ရတတ်ပြီး မကြည်သာရင်တော့ လေးငါးခြောက်ချပ်လောက်နဲ့ပဲ ကိစ္စပြီးသွားတာမျိုးပါ။ အဲဒီ ရေလောက်နဲ့
ဘယ်လိုမှ ဆပ်ပြာတိုက်လို့ မရပါဘူး။ ဒီကြားထဲ ညစ်ပတ်နေလွန်းလို့ ဆပ်ပြာတိုက်မိရင်လည်း ဆပ်ပြာတွေ
မစင်ခင် ရေချိုးရပ်သွားရတာမို့ ဆပ်ပြာ မတိုက်တာကမှ တော်ပါသေးတယ်။
အ ပိုဒ်(၂၄)မှာ
′အ ကျဉ်းသား လူနာကို ဆေးရုံရောက်တာနဲ့ တပြိုင်နက် စနစ်တကျ ရောဂါ ရှာဖွေ စစ်ဆေးရမယ်′
အ ပိုဒ် (၂၅)မှာ
′လူနာ အားလုံးနဲ့ ဖျားနာတယ်လို့ အ ကြောင်းကြားလာတဲ့ အ ကျဉ်းသား အားလုံးကို နေ့စဉ် ကြပ်မတ် စစ်ဆေး
ကုသရမယ်′ စသဖြင့် ဖော်ပြထားပါတယ်။
တကယ်တော့ အဲဒီ ဥပဒေတွေ ဆိုတာက အ ကျဉ်းသား တဦးဟာ ကိုယ့်နိုင်ငံသား မဟုတ်စေကာမူ
လူသားတယောက် ဖြစ်တယ်လို့ အ သိအ မှတ်ပြုပြီး တရားမျှတစိတ်၊ လူသားချင်း စာနာစိတ်၊ လူသား
ဂုဏ်သိက္ခာအ ပေါ် တန်ဖိုးထား လေးစားစိတ်တွေနဲ့ ပြဋ္ဌာန်းထားတာတွေပါ။ ကျနော်တို့ နိုင်ငရ
ဲံ့
အ စိုးရမင်းများကတော့ တခြား နိုင်ငံသားကို မဆိုထားနဲ့ ကိုယ့်နိုင်ငံသား အ ချင်းချင်း အ ကျဉ်းသားတွေ
အ ပေါ်မှာတောင် အဲဒီလို စိတ်ထားမျိုး ရှိတာ မဟုတ်ပါဘူး။
′ဟေး′ ′ဟေး′ ′ကပ်ထား′ ′ကပ်ထား′ ′ငါတွေ′ ′မအေ တွေ′ မျိုးစုံ တိုင်းထွာ တော်လဲသလို ကြောက်စရာ
အ သံနက်ကြီးတွေနဲ့ ထောင်လူဆိုး အာဏာပိုင်တွေက အော်ဟစ် ဆဲဆိုရင်း နဂိုကတည်းက ကျောချစရာ
နေရာမရှိလို့ ဘေးတိုက် တစောင်းလှဲပြီး နေနေရတဲ့ အ ကျဉ်းသားတွေကို ၀ါးရင်းတုတ်တွေနဲ့ သုံးပင်လိမ်
ကြိမ်လုံးတွေနဲ့ ဆက်တိုက် တောက်လျှောက် တတန်းကြီး တန်းစီ ရိုက်ချသွားပါတယ်။ ရိုက်ရင်းလည်း
စောစောကလို ရိုင်းရုင
ိးပျပျ ဆဲဆို အော်ဟစ်သွားပါတယ်။ အ ကျဉ်းသားတွေ မျက်စိပျက်၊ မျက်နှာပျက်၊
အ ကြောက်ကြောက် အ လန့်လန့်နဲ့ ၀ရုန်းသုန်းကား တိုးကပ်လိုက်ကြတာ တယောက်ပေါ် တယောက်
ထပ်သွားကြပါလေရော။
အဲဒီအ ချိန် အ ခန်းအုပ်ချုပ်ရတဲ့ အ ခန်းလူကြီး လူဆိုးက စိတ်ဆိုးမာန်ဆိုးနဲ့ ′လူက ရောက်မယ်မှ မကြံသေးဘူး။
ပြဿနာက ရှာလာပြီ′ လို့ ပြောပြီး အဲဒီ အ ကျဉ်းသားလေးကို ဘယ်ပြန်ညာပြန် မျက်နှာကို ဖြတ်ပြီး
သုံးလေးချက်လောက် ဆင့် ရိုက်လိုက်တာ အ ကျဉ်းသားသစ်လည်း အ ကြောက်ကြောက် အ လန့်လန့်နဲ့ ပါးစပ်
မဟရဲတော့ပါဘူး။ လူတွေကလည်း အ ခန်းထဲမှာ အ ပြည်အ
့ သိပ်၊ ဖျာကလည်း မလောက်မင၊ စောင်ကလည်း မရှိ
ဆိုတော့ အဲဒီညက လူသစ် အ ကျဉ်းသားတွေ တမံတလင်း ကြမ်းပြင်ပေါ်မှာပဲ အိပ်ကြရပါတယ်။
ကျနော် မှတ်မိသလောက် အဲဒီညက မိုးကြီးလေကြီး ကျပါတယ်။ တ၀င်းဝင်း တလက်လက် လျှပ်စီးတွေ ပြက်၊
တ၀ုန်းဝုန်း တဒိုင်းဒိုင်း မိုးကြိုးတွေ ပစ်နဲ့ပေါ့။
′ရောဂါ တခုခု ဖြစ်လာရင် စနစ်တကျ ရောဂါ စစ်ဆေးတာမျိုး၊ ရောဂါအ မျိုးအ စား ခွဲခြမ်း စိတ်ဖြာ
သတ်မှတ်တာမျိုး၊ ဂရုတစိုက်နဲ့ ကြပ်မတ်ကုသတာမျိုး လုပ်ရမယ်′ လို့ အ င်္ဂလိပ် လက်ထက်ကတည်းက
ကျင့်သုံးလာတဲ့ ထောင်ဥပဒေအ ရ ပြဋ္ဌာန်းထားပေမယ့် စစ်အ စိုးရ ထောင်တွေမှာ အဲဒီဥပဒေကို မလိုက်နာပါဘူး။
ဒါကြောင့်မို့ အ နာနဲ့ ဆေး လွဲနေတာမျိုးတွေ၊ ရောဂါလန်ွမှ ဆေးအ မှန် တွေ့တာမျိုးတွေ၊ မသေသင့်တဲ့
ရောဂါတွေလောက်နဲ့ သေရတာမျိုးတွေ ထောင်ထဲမှာ ရေတွက် မကုန်ပါဘူး။
လာဘ်ထိုးပြီး နေတဲ့ အဲဒီလို လူနာ အ တုတွေအ တွက် နေရာကောင်းတွေ ပေးထားရတာမို့ ပိုက်ဆံ မတတ်နိုင်တဲ့
မျက်နှာမွဲ အ ကျဉ်းသား လူနာ အ စစ်တွေဟာ ဆေးရုံမှာ ကုတင်တွေနဲ့ မနေကြရတော့ဘဲ တချို့လည်း
ကုတင်ဘေး၊ ကြမ်းပြင်ပေါ်၊ တချို့လည်း အ နံ့အ သက် မကောင်းတဲ့ စတိုခန်းတွေ၊ တချို့လည်း လူသွားလမ်းတွေ၊
တချို့လည်း မသန့်ရှင်းတဲ့ အိမ်သာ အ ၀င်အ ထွက် ရေစက်လက် နေရာတွေမှာ ဖြစ်သလို နေကြရပါတယ်။
ဒါ့အ ပြင် လူနာအ တွက် မရှိမဖြစ် လိုအ ပ်တဲ့၊ ဆေးရုံက ပေးကိုပေးရမှာ ဖြစ်တဲ့ အ ၀တ်အ စား၊ မွေ့ယာနဲ့
စောင်တွေလည်း မရကြပါဘူး။ စောင်စုတ်ကလေးတွေ ဖြန့်ခင်းပြီး ဖြစ်သလို နေကြရတာပါ။ သူတို့
အ တတ်နိုင်ဆုံး၊ အ လုပ်ရဲဆုံး အ လုပ်ကတော့ ဖြတ်သွားတဲ့ မျက်နှာကြောတင်းတင်း ဆေးရုံဝန်ထမ်းတွေကို
အ ကူအ ညီ ပေးလိုပေးငြား မျက်နှာငယ်လေးတွေနဲ့ (လူသေမျက်လုံးတွေနဲ့) မျက်စိတဆုံး
လိုက်ငေးကြည့်ကြတာပါပ။ဲ
အ ကျဉ်းထောင် ဥပဒေအ ရ လူနာရဲ့ ရောဂါဟာ ထောင်ဆေးရုံမှာ မကုနိုင်တဲ့ ရောဂါဖြစ်နေရင် ဒါမှမဟုတ်
ရောဂါက သိပ် ပြင်းထန်နေရင် ထောင်အ ပြင် ထုတ်ပြီး ပြင်ပဆေးရုံကြီးတွေကို ပို့ဆောင် ကုသပေးရပါတယ်။ ဒါ
အ ကျဉ်းသားတွေ ရကို ရရမယ့် ဥပဒေပါ အ ခွင့်အ ရေးဖြစ်ပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်တွေက အဲဒီ
ဥပဒေကို အ လွဲသုံးစားလုပ်၊ ပိုက်ဆံပေး လာဘ်ထိုးတဲ့ လူနာတွေကိုသာ ထောင်ပြင်ထုတ်ပြီး
ဆေးကုသပေးပါတယ်။
ထောင်ထဲ ရောက်လာတဲ့ အ ကျဉ်းသား အ များစုဟာ ပိုက်ဆံတတ်နိုင်ကြတာ မဟုတ်ပါဘူး။ ဒုက္ခရောက်နေတဲ့
လူကို ဒုက္ခ ထပ်ပေးပြီး၊ ဒုက္ခနဲ့ အ ကျပ်ကိုင်ပြီး ငွေမရ ရအောင် လုပ်ရက်တဲ့ စိတ်ထားက
အ့ံအားသင့်စရာလည်းကောင်း၊ စက်ဆုပ် ရွံရှာစရာလည်း ကောင်းပါတယ်။ ထောင်တွေထဲမှာ အဲဒီလိုမျိုးတွေ
ဖြစ်အောင် ဖန်တီးထားသူတွေကတော့ ထောင်အာဏာပိုင်တွေနဲ့ န၀တ အာဏာပိုင်တွေပါပဲ။
အ ဒဲီနည်းနဲ့ ထောင်ဆရာဝန်တွေဟာ အားကိုးမဲ့နေတဲ့ ထောင်သားတေရွဲ့ အ သက်ကိုရင်းပြီး ခဏချင်းမှာ ကြီးပွား
ချမ်းသာသွားကြပါတော့တယ်။
ဒါကြောင့်ပဲ ထောင်ထဲမှာ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ပြန့်နှံ့ပြီး အေ အိုင်ဒီအ က်စ် ဖြစ်တဲ့သူ၊ အေ အိုင်ဒီအ က်စ်ကြောင့်
သေဆုံးရသူတွေ မနည်းတာပါ။ ပြီးတော့ အေ အိုင်ဒီအ က်စ် ရောဂါအ ပြင် သွေးကတဆင့် သယ်ပေးလို့
ဖြစ်လာရတဲ့ ကူးစက်ရောဂါတွေလည်း အ များကြီးပါပဲ။ (ထောင်ဆေးရုံမှာ အိတ်ခ်ျအိုင်ဗွီ ဖြစ်နေတဲ့
အ ကျဉ်းသားတွေကိုလည်း ထားပါတယ်)။
***
ထောင်မှာ အ ချုပ်ဆောင် ပုံစံခန်းနဲ့ ထောင်ကျဆောင် ပုံစံခန်း ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အ ချုပ်ဆောင် ပုစ
ံခန်းက
တရားရုံးက အ ပြစ်ရှေိ ကြာင်း မဆုံးဖြတ်ရသေးတဲ့၊ အ မှုရင်ဆိုင်ဆဲ အ ချုပ်သားတွေ အ တွက် ဖြစ်ပါတယ်။
ထောင်ကျဆောင် ပုံစံခန်းကတော့ တရားရုးံ က အ ပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တဲ့၊ ထောင်ဒဏ် ဘယ်ရွေ့ဘယ်မျှ
ဆိုပြီး အ ချမှတ် ခံလိုက်ရတဲ့ အ ကျဉ်းသားတွေ အ တွက်ပါ။ အ ဓိကကျတဲ့ ပုံစံခန်းက အ ချုပ်ဆောင် ပုံစံခန်းဖြစ်လို့
အဲဒီ ပုံစခ
ံ န်း အ ကြောင်းကိုပဲ အ ဓိကထား ဖော်ပြသွားပါမယ်။
တကယ်တော့ ထောင်ပုံစခ
ံ န်းရဲ့ မူလသဘောက အ ကျဉ်းထောင် ဥပဒေအ ရ ထောင်ထဲမှာ နေထိုင်တုန်း
အ ကျဉ်းသား တဦး လိုက်နာရမယ့် အ ခြေခံစည်းကမ်း၊ ဥပဒေတွေကို သင်ပေးတဲ့ နေရာ ဖြစ်ပါတယ်။
ထောင်တွင်းမှာ နေရ၊ နေထိုင်ရမဲ့ ပုံစံတွေကို သင်ပေးတာ ဖြစ်လို့ ′ပုစ
ံခန်း′ ခေါ်တာပါ။
အဲဒီ စည်းကမ်းတွေကို အ ကျဉ်းသားတွေ ကြိုတင် သိရှိထားခြင်းဖြင့် ဥပဒေအ ရ သတ်မှတ်ထားတဲ့
ထောင်စည်းကမ်းတွေကို မချိုးဖောက်ရအောင် ကြိုတင် ကာကွယ်တဲ့ သဘော၊ ထောင်ကို စည်းကမ်းတကျ
ရှိစေချင်တဲ့ သဘောပါ။ ထောင်ထဲမှာ ရန်မဖြစ်ရ၊ ဘောလ်ပင် မကိုင်ရ၊ ထောင်ဖောက်ဖို့ မကြိုးစားရ၊
ထောင်အာဏာပိုင်တွေကို ဘယ်လို အ ရိအ
ု သေ ပေးရမယ် စသဖြင့် စည်းကမ်းတွေ ဖြစ်ပါတယ်။
အဲဒီမှာ အ ရေးကြီးတာက ထောင်ပုံစံ လေးမျိုးပါ။
ပုံစံ လေးမျိုးထဲက နံပါတ်(၁) ပုံစံက ထောင်တွင်း လူအ ရေအ တွက် စစ်တဲ့အ ခါနဲ့ ထောင်အ ရာရှိတွေ လာတဲ့အ ခါ
ထောင်သားတွေ ထိုင်ပေးရတဲ့ ပုစ
ံ ဖြစ်ပါတယ်။ အဲဒီ ပုံစံက တင်ပလ္လင်ခွေထိုင်၊ လက်နှစ်ဖက်ကို ဆန့်၊
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဒူးခေါင်းပေါ် တင်၊ ကျောကို ဖြောင့်နေအောင် ဆွဲဆန့်ပြီး အ တင်း
ဇက်ချိုး ခေါင်းငုံ့ ထိုင်ပေးရတဲ့ ပုံစံပါ။ ထောင်ထဲမှာ ′ပုံစံ′ လို့ အော်လိုက်တဲ့ အ သံကြားတာနဲ့ တပြိုင်ထဲ ကြားတဲ့
အ ရပ်မှာ အ ကျဉ်းသားအားလုံး ချက်ချင်း အဲဒီပုံစံ ထိုင်ပေးရပါတယ်။
ပုံစံခန်းကို တာဝန်ယူပြီး သင်ပေးရသူတွေကတော့ ထောင်အာဏာပိုင်တွေ ရွေးချယ် ခန့်အ ပ်ထားတဲ့ ရာဇ၀တ်
အ ကျဉ်းသား လူဆိုးတေပွါပဲ။ အ ကျဉ်းသားတွေထဲမှာ အ ဆိုးဆုံး၊ အ မိုက်ဆုံး ဆိုတဲ့ နာမည်ကြီး လူဆိုးတွေကို
ထောင်က ရွေးပြီး ခန့်အ ပ်ထားတာပါ။ အဲဒီ လူတွေထဲကမှ ရာထူးအ ကြီးဆုံးလူကို ′အ ခန်းလူကြီး′ လို့
ခေါ်ပါတယ်။ သူတို့ဟာ လူဆိုးဂိုဏ်း တဂိုဏ်းအ တိုင်းပါပဲ။
ထောင်ပုံစံခန်းကို သွားကြည့်ရင် အ ခုလို မြင်ကြရပါလိ့မ်မယ်။
အ ကျဉ်းသား စုစေ
ု ပါင်း နှစ်ရာ၊ သုံးရာလောက်ဟာ အ ခန်းကျယ်ကြီးထဲမှာ ဖော်ပြခဲ့တဲ့ နံပါတ်(၁) ပုံစံဖြစ်တဲ့
တင်ပလ္လင်ခွေထိုင်၊ လက်နှစ်ဖက် ဖြောင့်တန်းနေအောင် ဆန့်၊ လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး ဒူးပေါ်တင်၊
ကျောကို ဖြောင့်တန်းနေအောင် ဆွဲဆန့်၊ အ တင်း ဇက်ချိုးခေါင်းငုံ့ ပုံစံနဲ့ ငြိမေ
် နအောင် ထိုင်ပေးထားကြ ရပါတယ်။
အဲဒီလို ပုံစံထိုင် ပေးထားရတဲ့ အ ကျဉ်းသားတွေကို အ ခန်းလူကြီးနဲ့ သူ့ရဲ့ နောက်လိုက် လူဆိုးတွေက သုံးပင်လိမ်
ကြိမ်လုံးတွေ၊ ၀ါးရင်းတုတ်တွေ၊ စစ်ခါးပတ်တွေ တယမ်းယမ်းနဲ့၊ ပတ်ခြာလည် လှည့်ပြီး မျိုးစုံ အော်ဟစ်
ဆဲရေးနေပါတယ်။
တကိုယ်လုံး အ ကြောအ ချင်တွေ ဖျစ်ညှစ်၊ ဇက်ကို အ တင်းချိုး၊ ခါးကို အ တင်းဆွဲဆန့်ပြီး ထိုင်ပေးရတာ တကယ်
မလွယ်တဲ့အ လုပ်၊ ကြောက်ဖို့ ကောင်းလောက်အောင် ပင်ပန်းတဲ့ အ လုပ်ဆိုတာ ထိုင်ဖူးသူတွေ အ သိဆုံးပါ။
ထိုင်ရတာလည်း ဆယ့်ငါးမိနစ်၊ နာရီဝက် မဟုတ်ပါဘူး။ မလိုအ ပ်ဘဲနဲပ ဒဏ်ပေးထားသလို သုံးလေးနာရီ
ထိုင်ပေးထားရတာမျိုးပါ။ အဲဒီလို ပုံစန
ဲံ့ အဲဒီလောက် ကြာကြာ ထိုင်ရတော့ လူက တဆတ်ဆတ်
တုန်လာပါတယ်။ အဲဒီလို တုန်လာတာကိုပဲ ′လှုပ်ရကောင်းလား′ ဆိုပြီး အ ပြစ်ရှာ ၀င်ရိုက်သေးတာမျိုးပါ။ (သူတို့
အ ပြောကတော့ ′ပုံစံ′ ပေးထားရင် ကိုယ့်ရှေ့ မြွေဖြတ်သွားရင်တောင် မလှုပ်ရဘူး။ မြွေကိုက်လို့ သေရင်
သေပလေ့စေ၊ ပုံစံမပျက် အ သေခံရမယ် လို့ ဆိုပါတယ်။ အ မှန်ဆို အဲဒီ အ ထိုင်ပုံစံက ခဏလောက် သင်ပေးရင်
တတ်တာပါ။ ဒါကို နေ့စဉ်ရက်ဆက် နာရီပေါင်းများစွာ ထိုင်ခိုင်း နေတာဟာ ထောင်ပုံစံကို သင်ပေးတာ မဟုတ်ဘဲ
တမင် ညှဉ်းပန်း နှိပ်စက်နေတာပါ)။
တကယ်တော့ အ ချုပ်ဆောင် ပုံစံခန်းထဲက အဲဒီ အ ကျဉ်းသားတွေဟာ တရားရုံးမှာ အ မှု ရင်ဆိုင်နေတုန်း
ရှိသေးတဲ့ အ ချုပ်သားတွေ၊ သက်ဆိုင်ရာ တရားရုံးကနေ အ ပြစ်ရှိကြောင်း စီရင်ချက် မချမှတ်ရသေးတဲ့
မဆုံးဖြတ်ရသေးတဲ့ အ ချုပ်သားတွေပါ။ ′အ ပြစ် ထင်ရှားကြောင်း အ ပြစ်ရှိကြောင်း တရားရုံးက မဆုံးဖြတ်ရသေး
သရွေ့ အ ပြစ်ကင်းမဲ့သူ အ ဖြစ် သတ်မှတ် ယူဆရမယ်′ လို့ တရားဥပဒေမှာ အ တိအ လင်း ပြဋ္ဌာန်းထားပါတယ်။
အဲဒီတော့ တရားဥပဒေအ ရ ဆိုရင် ထောင်ပစ
ုံခန်းထဲမှာ ရှိတဲ့ အ ကျဉ်းသားတွေဟာ အ ပြစ် မရှိသူတွေပါပဲ။
တကယ်တော့ အဲဒီလို အ ပြစ်မရှိသူတွေကို ညှဉ်းပန်းနှပ
ိစက်သူ၊ နောက်ဆုံး အ ပြစ်ရှဦး၊ တရားဥပဒေအ ရ
′မညှင်းပန်း မနှိပ်စက်ရ′ လို့ တားမြစ်ထားတဲ့ ကြားထဲကမှ ညှဉ်းပန်းနှိပ်စက် သူတွေသာလျှင် အ ပြစ်ရှိသူတွေ၊
ရာဇ၀တ်မှု ကျူးလွန်သူတွေ မဟုတ်ပါလား။ ပုံစံခန်းထဲမှာ အဲဒီလို ညှဉ်းပန်း နှိပစ
် က်နေတာကတော့ ဥပဒေထဲမှာ
မပါတဲ့၊ လူမဆန်တဲ့ ရည်ရွယ်ချက်တွေ ထောင်အာဏာပိုင်တွေမှာ ရှိလို့ပါပဲ။
ထောင်ပံစ
ုံခန်း သိမ
ု့ ဟုတ် ထောင်တွင်း ညှဥ်း ပန်း နှပ
ိ စ
် က်ရေး စခန်း (ဒုတိယပိင
ုး )
တချို့ နည်းနည်း သတ္တိရှိတဲ့ လူများကျတော့ ′ပိုက်ဆံ မပေးနိုင်ဘူး′ ဆိုပြီး ငြင်းပါတယ်။ အဲဒီ လူတွေဆိုရင်
ထောင်လူဆိုးတွေက မှတ်ထားပြီး အ ကြောင်းမရှိ အ ကြောင်းရှာ (တရားဥပဒေ မရှိတဲ့ ထောင်ထဲမှာ
အ ကြောင်းရှာရတာကလည်း အ လွယ်သား မဟုတ်လား) ပက်ပက်စက်စက် ရိုက်တော့တာပါပဲ။ ရိုက်တာကလည်း
လူတွေ အ များကြီးနဲ့ ၀ိုင်းရိုက်တာမျိုး၊ အဲဒီတော့ ပိုက်ဆံ မပေးဘူးလို့ အ စပိုင်းမှာ ငြင်းသူများလည်း အ လွန်ဆုံး
အဲဒီလို ပက်ပက်စက်စက် ရိုက်ရလှ နှစ်ခါထက် မပိုပါဘူး။ နောက်ဆုံး ′ပိုက်ဆံ ပေးပါမယ်′ ဖြစ်သွားရတာပါပဲ။
ပိုက်ဆံ ပေးရပုံ ပေးရနည်းကတော့ အ ကျဉ်းသားတွေကို ထောင်ကနေ ပြင်ပတရားရုံးကို ထုတ်တဲ့အ ခါ
ပုကိဆံပေးဖို့ ကတိပြုထားတဲ့ အ ကျဉ်းသားရဲ့ အိမ်က ပိုက်ဆံယူလာပြီး အဲဒီ အ ကျဉ်းသားကို တိုက်ရိုက်ဖြစ်ဖြစ်၊
ကြိုတင် အ ချိန်းအ ချက် လုပ်ထားတဲ့ တခြားလူဆိုးတဦးကို ဖြစ်ဖြစ်၊ ထောင်ဝန်ထမ်းကို ဖြစ်ဖြစ်၊ လျှို့ဝှက်
ပေးရတာပါ။ ဒါမှမဟုတ်လည်း ကြိုတင် အ စီအ စဉ်လုပ်၊ ညှနှိုင်း ပြီး အ ကျဉ်းသားရဲ့ အိမ်က ထောင်အ ရာရှိ
တဦးဦးရဲ့ အိမ်ကို သွားပေးရပါတယ်။ အဲဒီနည်းနဲ့ ပုံစံခန်းလူကြီး လုပ်တဲ့ လူဆိုးဟာ တရက်တရက်ကို အ နည်းဆုံး
ငွေ နှစ်သောင်း သုံးသောင်းလောက် ရပါတယ်။ (၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်က နှုန်းပါ)။ ပုံစံခန်း လူကြီးက သူရတဲ့
ပိုက်ဆံကို ထောင်အ ရာရှိ အ ဆင့်ဆင့်ကို အ ချိုးကျ ခွဲဝေပေးရပါတယ်။ အဲဒီ နည်းနဲ့ ထောင်အ ရာရှိတွေဟာ
ဒုက္ခရောက်လာတဲ့ အ ကျဉ်းသားတွေဆီက ငွေကို လိုချင်ဇောနဲ့ ပုံစခ
ံ န်းတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေကို
ခွင့်ပြုထားကြပါတယ်။
ပုံစံခန်း ရှိတဲ့ အ ဆောင်ကို အ ချုပ်ဆောင်လို့ ခေါ်ပြီး အဲဒီ အ ချုပ်ဆောင်ကို တာဝန်ကျတဲ့ ထောင်အ ရာရှိက
ပိုက်ဆံ ခွဲတမ်း အ များဆုံး ရရှိသူပါ။ အဲဒီနည်းနဲ့ အ ချုပ်ဆောင် အ ရာရှိဟာ တနှစ်လောက် ကြာရင်ပဲ ′သူဌေး′
ဖြစ်သွားတာမို့ ထောင်အ ရာရှိတိုင်း အ ချုပ်ဆောင် တာဝန် ကျချင်ကြပါတယ်။
အဲဒီလို ရိုက်နှက် ညှဉ်းပန်းတာ လက်လွန် ခြေလွန်ဖြစ်သွားလို့ အ ကျဉ်းသား တဦးဦး ကိုယ်လက်အ င်္ဂါ
ချို့ယွင်းသွားတာမျိုး၊ ဆေးရုံရောက်သွားတာမျိုး ဖြစ်သွားရင်လည်း အဲဒီအ ကျဉ်းသား ဟိုဟိုဒီဒီ
မတိုင်တန်းရအောင် ခြိမ်းခြောက်တဲ့နည်း၊ ချော့တဲ့နည်း၊ အ ချိန်ဆွဲပြီး အ မှု ပျောက်သွား၊ ပေါ့သွားအောင်
လုပ်တဲ့နည်း စတဲ့ နည်းမျိုးစုံနဲ့ ထောင်အာဏာပိုင်တွေက ဖုံးကြ ဖိကြပါတယ်။ အဲဒီလို အ မျိုးမျိုး ကြိုးစား
ဖုံးဖိနေတဲ့ကြားက ဖုံးမရဖိမရ ဖြစ်လာရင်လည်း ကိစ္စမရှိပါဘူး။ ကြိုတင် ′ညှိ′ ထားတဲ့ အ တိုင်း ပုစ
ံခန်း
လူကြီးလုပ်သူ၊ ထောင်အာဏာပိုင် တပည့်၊ လူဆိုးက အဲဒီကိစ္စ ခေါင်းခံလိုက်တော့ သက်ဆိုင်ရာ ထောင်အ ရာရှိ
အ ပြစ်က လွတ်သွားပါတယ်။
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်၊ နတ၀ နအ ဖခေတ်၊ စစ်အ စိုးရ အ ဆက်ဆက် လာဘ်ပေး
လာဘ်ယူ ကိစ္စတွေဟာ ထမင်းစား ရေသောက် ပုံမှန် နေ့စဉ် ကိစ္စလို ဖြစ်နေတာမို့ ကိုယ်ကျင့် သိက္ခာရှိသူ၊
ရိုးသား ဖြောင်မ
့ တ်သူတွေဟာ နောက်ကွယ်မှာ ′လူအ လူညံ့တွေ′ အ ဖြစ်တောင် အ လှောင်ပြောင်
ခံကြရပါတယ်။ အဲဒီ အ ကျင့်ပျက် လာဘ်စားမှုတွေကြောင့် ရေရှည်မှာ တိုင်းပြည်ရဲ့ အ ကျိုးစီးပွား တခုလုံး
အ ကြီးအ ကျယ် ထိခိုက်နစ်နာသွားစေတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေ အ များကြီး ဖြစ်ပေါ်လာရတာပါ။
အ ထိခိုက်ဆုံးကတော့ ′တိုင်းပြည်ရဲ့ စိတ်ဓာတ်နဲ့ အ ကျင့်စာရိတ္တ′ ပါပဲ။
တချို့ ဆိုရင် အိတ်ခ်ျအိုင်ဗွီ ဖြစ်နေကြောင်း ဆေးလက်မှတ် အ တု လုပ်ခုငိး ဖို့ ထောင် ဆရာဝန်ကို ပိုက်ဆံ
ပေးရပါတယ်။ အိတ်ခ်ျအိုင်ဗွီ ဖြစ်နေတယ်ဆိုရင် ရဲဘက် အ လုပ်ကြမ်းစခန်း မလိုက်ရတော့လို့ပါ။
ထောင်တင
ွ်း အ ကျင်ပ
ျ့က် လာဘ်စားမှုများ (ဒုတယ
ိ ပိုင်း)
ထောင်ထဲမှာ တောင်ယာအ လုပ်နဲ့ အ လုပ်ကြီးလို့ ခေါ်တဲ့ လက်သမား၊ အုန်းဆံထု၊ ဘိနပ်ချုပ် စတဲ့ အ င်မတန်
ပင်ပန်းတဲ့ အ လုပ်တွေ အ များကြီး ရှိပါတယ်။ အဲဒီအ ပြင် အ ညစ်အ ကြေးတွေကို သိမ်းဆည်းရတဲ့၊ ဘယ်သူမှ
မလုပ်ချင်ကြတဲ့ မိလ္လာသိမ်း အ လုပ်တွေလည်း ရိပ
ှါတယ်။ တပြိုင်ထဲမှာပဲ ပင်ပင်ပန်းပန်း လုပ်စရာ မလိုတဲ့ တခြား
အ လုပ်တွေလည်း ရှိပါသေးတယ်။ ထောင်အုပ်ချုပ်ရေး လုပ်ငန်းတွေနဲ့ ဆိုင်တဲ့ စာရေးစာချီ အ လုပ်၊ ထောင်ပိုင်ရုံး၊
ထောင်ကျရုံး၊ အ ချုပ်ရုံး၊ မိန်း ဂျေးရုံး စတဲ့ ရုံးတွေက ရုံးအ လုပ်၊ အ ခန်းလူကြီး၊ အ ခန်းစာရေး အ လုပ်၊
ထောင်ရာရှိတွေကို ဝေယာဝစ္စ လုပ်ပေးရတဲ့ အ လုပ် စတဲ့ အ လုပ်မျိုးတွေပါ။
ထိုင်းဘုရင်ကြီးရဲ့ (၇၂) နှစ်မြောက် မွေးနေ့ အ ထိမ်းအ မှတ်အ ဖြစ် ပြီးခဲ့တဲ့ (၁၉၉၈ခုနှစ်) စက်တင်ဘာလ (၂၁)
ရက်နေ့က ထိုင်းအ ကျဉ်းသား တရာ့တဦးကို နအ ဖအ စိုးရက အ င်းစိန်အ ကျဉ်းထောင်ကနေ
ပြန်လွှတ်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံ ထောင်တွေထဲမှာ နှစ်ပေါင်းများစွာ ထောင်ကျခဲ့ဖူးသူ အဲဒီ
ထိုင်နိုင်ငံသားတွေက ရဲဘက် အ လုပ်ကြမ်းစခန်းတွေနဲ့ ပတ်သက်လို့ ပြန်ပြောပြကြတာ စိတ်ထိခိုက်စရာပါ။
ထိုင်းနိုင်ငံ ပြန်ရောက်လို့ သတင်းစာရှင်းလင်းပွဲမှာ သူတို့ အ တွေ့အ ကြုံတွေ ပြန်ပြောကြရာမှာ အ င်းစိန်ထောင်မှာ
ထောင် (၁၈)နှစ် ကျရာကနေ ပြန်လွတ်လာသူ ထိုင်း ပတ္တမြားကုန်သည်က ′ရဲဘက် အ လုပ်ကြမ်းစခန်းမှာ လူ
သုံးရာ ရှိတဲ့ အ နက် ကျနော်နဲ့ တခန်းထဲ အ တူနေခဲ့တဲ့ မြန်မာ အ ကျဉ်းသားတဦး အ ပါအ ၀င် လူခုနှစ်ဆယ်ပဲ
အ သက်ရှင်ရက်နဲ့ ထောင်ကို ပြန်လာနိုင်ကြတယ်′ လို့ ပြောပါတယ်။
ထောင်ထဲမှာ ′ဂြိုလ်′ ဆိုတဲ့ အ သုံးအ နှုန်း တခု ခေတ်စားပါတယ်။ လူတယောက် ဖြတ်သွားလို့ အဲဒီကောင်
′ဂြိုလ်′ လို့ ပြောလိုက်ရင် ကြားလိုက်သူ အားလုံး ပြုံးစိ ပြုံးစိ ဖြစ်သွားကြတာမျိုး၊ ′ဟုတ်လား′ ′ဟုတ်လား′
ဆိုပြီး လိုက်ကြည့်ကြတာမျိုးပါ။
ထောင်အာဏာပိုင်တွေက ′လိင်တူ မဆက်ဆံရ′ ဆိုပြီး၊ ဥပဒေထုတ် အ ရေးယူမှု တချို့ ရှိပေမယ့် အဲဒါက
ဟန်ပြသက်သက် သဘောမျိုး၊ ဒါမှမဟုတ် ကျူးလန်ွသူတွေက လူဆိုး အ ရင့အ
် မာတွေ မဟုတ်ဘဲ သာမန်
မျက်နှာမွဲ အ ကျဉ်းသားတွေဖြစ်မှ အ ရေးယူတာမျိုး ဖြစ်ပါတယ်။ ထောင်အာဏာပိုင်တွေနဲ့ ရင်းနှီးတဲ့ လူဆိုးတွေ၊
ထိပ်သီးလူဆိုးတွေ လိင်တူဆက်ဆံမှုတွေ ကျူးလန်ွနေတာကို ထောင်အာဏာပိုင်တွေ သိပေမယ့် မသိချင်ယောင်
ဆောင်နေကြပါတယ်။
ဒါ့အ ပြင် အဲဒီ ကိစ္စမျိုးတွေကို လက်မခံနိုင်လို့ ကာယကံရှင်က ဖြစ်စေ၊ အ ခြား အ ကျဉ်းသား တဦးဦးက ဖြစ်စေ
သွားရောက် တိုင်တန်းပြန်ရင်လည်း ထောင်အာဏာပိုင်တွေက တိုင်တန်းသူကို အဲဒီလို မတိုင်ဖို့ တနည်းနည်းနဲ့
သွယ်ဝိုက်ပြီး ပြောရင်ပြော၊ ဒါမှမဟုတ်ရင်လည်း အ တိုင်ခံရတဲ့ ပြစ်မှု ကျူးလွန်သူ လူဆိုးကို တိုးတိုးတိတ်တိတ်
အ ကြောင်းကြားလိုက်ပါတယ်။ ဒီတော့ လူဆိုးနဲ့ တိုင်တန်းသူ အ ကျဉ်းသား ပြဿနာဖြစ်ပြီး ထောင်တွင်း
လူသတ်မှုတွေ ဖြစ်လာရတော့တာပါပဲ။
တကယ်တော့ ′ထောင်ထဲမှာ လိင်တူမဆက်ဆံရ′ ဆိုပြီး အ မိန့် ထုတ်ထားရုံနဲ့ ကိစ္စ မပြီးပါဘူး။
အ မိန့်ထုတ်ပြီးရင်လဲ အဲဒီ အ မိန့်တည်အောင်၊ အ သက်ဝင်အောင် လုပ်ရန် ကျင့်ထုံးတွေ၊ အ ရေးယူ
ဆောင်ရွက်ချက်တွေ လိုအ ပ်တယ် မဟုတ်ပါလား။ တကယ်တော့ ထောင်အာဏာပိုင်တွေရဲ့ ထောင်တွင်း
အုပ်ချုပ်ရေးစနစ် အ မှားအ ယွင်းနဲ့ တရားဥပဒေ ကင်းမဲ့မှုတွေကြောင့်တင်မက သွယ်ဝိုက်တဲ့နည်းတွေနဲ့
အားပေးအားမြှောက် ပြုလုပ်နေတာတွေကြောင့် အ ခုလို လူသတ်မှုတွေ ထောင်ထဲမှာ ပြန့်နှံ့နေရတာလို ပြောရင်
လွန်ရာကျမယ် မဟုတ်ပါဘူး။
ထောင်တင
ွ်း တရားစီရင်ရေး (ပထမပိင
ုး )
၁၉၉၁ ခုနစ
ှ်တုန်းက အ င်းစိန်ထောင်၊ အ ဆောင် တဆောင် တဆောင်မှာ သံဃာအ ပါး ငါးဆယ်လောက်စီ
ရှိတတ်လို့ ပေါင်းလိုက်ရင် သံဃာ အ ပါး နှစရ
်ာလောက် အ င်းစိနေ
် ထာင်မှာ ရှိပါတယ်။ ထောင်ထဲမှာ
ဆရာတော်ကြီးတွေ အ တွက် အ ခက်အ ခဲရှိတာက အ ရုဏ်ဆွမ်း ကိစ္စပါပဲ။ ဆရာတော်ကြီးတွေက ညစာ
မစားကြပါဘူး။ အ ရုဏ်ဆွမ်း စားဖို့ကျတော့ မနက် (၆)နာရီ၊ (၇)နာရီလောက်မှ ထောင်က ဖွင့်တာဆိုတော့
ထောင်ဖွင့်ချိန်မတိုင်ခင် ဘယ်သူမှ အိပ်ယာကနေ ထထိုင်ခွင့်၊ လမ်းလျှောက်ခွင့် မရှိတဲ့အ တွက် အ ရုဏ်ဆွမ်းကို
မနက်စောစောမှာ မကပ်နိုင်ပါဘူး။
၁၉၉၂ ခုနစ
ှ်တုန်းက အ င်းစိန်ထောင် တထောင်ထဲမှာတင် နိုင်ငံရေး အ ကျဉ်းသား စုစုပေါင်း နှစ်ထောင်နီးပါး
ရှိပါတယ်။ မြန်မာနိင
ုငံမှာ ထောင်ပေါင်း (၄၀)နီးပါးရှိတော့ အဲဒီထောင်တွေက နိုင်ငံရေး အ ကျဉ်းသားတွေကိုပါ
ပေါင်းလိုက်ရင် စုစုပေါင်း ငါးထောင်အ ထက်မှာ ရှိလိမ့်မယ်လို့ ခန့်မှန်း ကြပါတယ်။
န၀တအ စိုးရက နိုငင
်ံရေး အ ကျဉ်းသားတွေကို ′နိုင်ငံရေး အ ကျဉ်းသားတွေ မဟုတ်ဘူး။
ရာဇ၀တ်အ ကျဉ်းသားတွေ′ လို့ မျက်စိမှိတ် ဇွတ်အ တင်း ငြင်းဆန်နေပေမယ့် ထောင်ထဲမှာကျပြန်တော့လည်း
ရာဇ၀တ်အ ကျဉ်းသားတွေလို သဘောမထားပြန်ပါဘူး။ ထောင်ထဲမှာတော့ ရာဇ၀တ်အ ကျဉ်းသားတွေက
န၀တလို မဟုတ်ဘဲ နိုင်ငံရေး အ ကျဉ်းသားတွေကို ′နိုင်ငံရေး အ ကျဉ်းသားတွေ′ လို့ပဲ ရိုးရိုးရှင်းရှင်း
သတ်မှတ်ကြပါတယ်။ လေးလေးစားစားလည်း ဆက်ဆံပြီး ကူညီလည်း ကူညီကြပါတယ်။ ဒါကြောင့် ရာဇ၀တ်
အ ကျဉ်းသားတွေက န၀တထက်စာရင် ပို ရိုးသားဖြောင်မ
့ တ်ပြီး ပိုပြီးလည်း အ တွေးအ ခေါ် ရှင်းလင်းပုံရတယ်လို့
ပြောရမလားပဲ။
တကယ်တော့ နိုင်ငေ
ံ ရး အ ကျဉ်းသားတွေဟာ ထောင်ကို လာဘ်ပေးပြီး အ ခွင့်အ ရေး ယူမယ်ဆိုရင် အ ယူနိုင်ဆုံး
ဖြစ်တာကို ထောင်အာဏာပိုင်တွေကရော၊ ရာဇ၀တ် အ ကျဉ်းသားတွေကပါ သိကြပါတယ်။
နိုင်ငံရေး အ ကျဉ်းသားတွေကို အဲဒီလို လေးစားပေမယ့် သူတို့လေးစားတာကို ရာဇ၀တ် အ ကျဉ်းသားတွေက
ပေါ်ပေါ်လွင်လွင် မပြရဲဘဲ ထောင်အာဏာပိုင်တွေ မသိအောင် ခိုးဝှက်ပြီးတော့သာ ပြကြပါတယ်။
အ ကြောင်းကတော့ နိုင်ငေ
ံ ရး အ ကျဉ်းသားတွေကို အဲဒီလို လေးစားတာမျိုးကို ထောင်အာဏာပိုင်တွေက
မကြိုက်ကြလို့ပါ။
တခု ထူးဆန်းတာက အဲဒီ ဒုတိယ အ မျိုးအ စား လူဆိုးတွေက သူတို့ကို ′လူဆိုးတွေ′ လို့ ခေါ်လို့ စိတ်မဆိုးဘဲ
(စိတ်မဆိုးတဲ့ အ ပြင် ဂုဏ်တောင် ယူပါသေးတယ်) သူတို့ကို ′လူမိုက်တွေ′ လို့ ခေါ်မှသာ စိတ်ဆိုးကြတာပါ။
လူမိုက် လို့ ခေါ်တာက သူတို့ကို နှိမ်ချ ခေါ်တာ၊ စော်ကားတာ ဖြစ်နေပါတယ်။
သူတို့ သတ်မှတ်ချက်အ ရ ဆိုရင် ဆိုးခြင်းအားဖြင့် ၀င်ငွေရအောင် ရှာနိုင်သူတွေဟာ လူဆိုးဖြစ်ပြီး
(ဂုဏ်သိက္ခာလည်း ရှိပြီး) ၀င်ငွေမရဘဲ ဆိုးတဲ့ လူတွေဟာ လူဆိုး မဟုတ်ဘဲ လူမိုက်တွေ ဖြစ်ပါတယ်။
ထောင်ထဲမှာ အဲဒီလို လူဆိုးတွေကို ′ဗိုလ်′ လို့ ခေါ်ကြပါတယ်။
လူဆိုးမှာတောင် နှစ်မျိုး ထပ်ကွဲပါသေးတယ်။ အ ထက်ဂိုဏ်လူဆိုးနဲ့ အောက်ဂိုဏ်း လူဆိုး ဆိုပြီး
အ ဆင့်ခွဲထားတာပါ။
ပထမအ ချက်က သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို မနှစ်မြို့လို့၊ သူတို့ကို ငြိမ်းချမ်းတဲ့ လူ့အ ဖွဲ့အ စည်းအ တွက်
အ န္တရာယ်ရှိသူတွေအ ဖြစ် သတ်မှတ်ထားလို့ ဖြစ်ပါတယ်။
ဒုတိယ အ ချက်ကတော့ စိတ်ဓာတ်နဲ့ စရိုက်သဘာဝချင်း မတူကြလို့ပါ။
တတိယအ ချက်က အဲဒီလို မတူတဲ့ အ တွက် ထောင်ထဲမှာ ပြဿနာ တခုခု ဖြစ်လာတဲ့ အ ခါ နိုင်ငံရေး
အ ကျဉ်းသားတွေနဲ့ ရာဇ၀တ် အ ကျဉ်းသားတို့အ ကြား ပြဿနာကို မြင်ပုံမြင်နည်းနဲ့ ပြဿနာ ဖြေရှင်းပုံ
ဖြေရှင်းနည်း မတူကြတော့တာပါ။ ပြဿနာတွေကလည်း ထောင်ထဲမှာ အ မြဲပေါ်နေတာ မဟုတ်လား။ ဒါကြောင့်ပဲ
တခါတုန်းက အ င်းစိန်ထောင် အ မှတ(် ၃) အ ဆောင်မှာ ဒိတ်ဒိတ်ကြဲ လူဆိုးတွေ ပေါင်းပြီး နိုငင
်ံရေး
အ ကျဉ်းသားတွေကို အ စုလိုက်အ ပြုံလိုက် သတ်ဖြတ်ပစ်ဖို့ အ ထိ ဖြစ်ခဲ့ဖူးပါတယ်။ ကံကောင်းလွန်းလို့ အဲဒီ
အ ဖြစ်ဆိုးကိုလက်မတင်လေး ရှောင်နိုင်ခဲ့တာပါ။
၁၉၉၀ ခုနစ
ှ်၊ ထောင်တွင်း ဆန္ဒပြပွဲဟာ ဖော်ပြခဲ့တဲ့ ထောင်တွင်း အ ခြေအ နေတွေကို မတရားဘူးလို့ ယူဆကြပြီး
ကန့်ကွက်ကြတဲ့ ဆန္ဒပြပွဲ၊ ပြောမယ်ဆိုရင် အဲဒီ ထောင်တွင်း အ ခြေအ နေတွေကြောင့် ဖြစ်လာရတဲ့ ဆန္ဒပြပွဲ
ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အ ကျဉ်းသားတွေကို ပထမဆုံး အ ကြိမ် အ စုလိုက် အ ပြုံလိုက်
ရက်ရက်စက်စက် အ ရေးယူခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။
အ င်းစိနေ
် ထာင်မှာ တိုက(် ၆)တိုက်၊ အ ထူးတိုက်၊ စစ်ခွေးတိုက် ဆိုပြီး ရှိပါတယ်။ ဆန္ဒပြပွဲ စဖြစ်တာက
စစ်ခွေးတိုက်မှာပါ။
၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလထဲမှာ စစ်ခွေးတိုက်က ကျောင်းသား လေးဆယ်ကျော်က ထောင်တွင်း နိုင်ငေ
ံ ရး
အ ကျဉ်းသားတွေရဲ့ နစ်နာချက်တွေကို တင်ပြတောင်းဆိုပါတယ်။ ဒါ့အ ပြင် အဲဒီ နစ်နာချက်တွေနဲ့ ပတ်သက်လို့
ထောင်အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း တင်ပြပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်တွေက
အ ရေးတောင် မစိုက်ပါဘူး။ ဒါနဲ့ ကျောင်းသားတွေက ′အ စာငတ်ခံ ဆန္ဒပြမယ်′ လို့ ထောင်အာဏာပိုင်တွေကို
အ ကြောင်းကြားလိုက်ပါတယ်။ အဲဒီနေ့က ၁၉၉၀ ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်နေ့ပါ။
အဲဒီနေ့က နိုင်ငေ
ံ ရး အ ကျဉ်းသားတွေ ရာနဲ့ချီပြီး ညီညီညာညာ အော်ဟစ်လိုက်ကြတဲ့ အ သံတွေနဲ့
အ င်းစိနေ
် ထာင် တထောင်လုံး ပဲ့တင်ဟည်းနေပါတော့တယ်။ တိုက်အ လိုက် တိုက်အ လိုက် တယောက်ပြီး
တယောက် ဒီမိုကရေစီရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တရားတွေ ဟောကြ၊ ကဗျာတွေ ရွတ်ကြ၊ လက်ခုပ်သံ
တဖြောင်းဖြောင်း အားပေးကြနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်၊ ရှစေ
် လးလုံး ဆန္ဒပြပွဲမျိုး ပြန် ရောက်ရသလိုပါပဲ။
အဲဒီတုန်းကတော့ လေဟာပြင် လူသွားလမ်းမတွေပေါ်မှာ၊ အ ခုကတော့ အုတ်နံရံတွေ၊ သံတိုင်တွေ၊
သော့ခလောက်တွေနဲ့ အ ထပ်ထပ် အ လုံပိတ်ထားတဲ့ အ ကျဉ်းကျ အ ခန်းတွေထဲမှာပါ။
ရှေ့နေကြီး ဦးဇော်မျိုးဝင်းနဲ့ ဦးသိန်းဟန်တို့ ဆိုရင် ′၀ိုင်း ရိုက်တာကွာ ။ ဘယ်လို ရိုက်မနှ်းကို မသိဘူး။ လူက
မြေကြီးပေါ်မှာတောင် မရိေ
ှ တာ့ဘူး။ လေထမှဲာ ၀ဲနေတာပ။ဲ သတိလစ်သွားမှပဲ သက်သာတော့တယ်′ လို့ သူတို့
အ တွေ့အ ကြုံကို နောက်ပိုင်းမှာ တဖွဖွ ပြန်ပြောပြပါတယ်။ (အဲဒီလို ရက်ရက်စက်စက် အ ရိုက်နှက်
ခံရသူတွေထဲမှာ ကျန်းမာရေး မကောင်းတဲ့ စာရေးဆရာ ဦးသော်က၊ ဦးကိုယု စတဲ့ လူကြီးတွေတောင် ပါပါတယ်။
ဦးသော်က ကတော့ ထောင်ထဲမှာပဲ ကွယ်လွန်သွားခဲ့ရှာပါပြီ။)
၁၉၉၁ ခုနစ
ှ်၊ နိုဝင်ဘာလကုန်မှာ နိုင်ငံရေး အ ကျဉ်းသား တရာကို အ င်းစိန်ထောင်ကနေ သရက်ထောင်ကို
အ ကြောင်းမဲ့ ပြောင်းရွှေ့ပစ်ခဲ့ကြပါတယ်။ ထောင်ပြောင်းပြီ ဆိုရင် ဒုက္ဒအ ကြီးအ ကျယ် ရောက်တာမို့ ဘယ်သူမှ
မပြောင်းချင်ကြပါဘူး။ ထောင်ပြောင်းပြီ ဆိုရင် သက်ဆိုင်ရာ မိသားစုနဲ့ မိဘတွေက ဝေးလံတဲ့ နေရာကို လိုက်ပြီး
ထောင်ဝင်စာတွေ့ရတာ ပင်လည်း ပင်ပန်း၊ ငွေကြေးကုန်ကျလည်း များလနွ်း လို့ပါ။ အ စိုးရရဲ့ သဘောကလည်း
အဲဒီလို နိုငင
်ံရေး အ ကျဉ်းသားနဲ့ မိသားစုတွေ ဒုက္ခရောက်အောင် ရည်ရွယ်ပြီး ပြောင်းရွှေ့တာ ဖြစ်ပါတယ်။
နိုင်ငံရေး အ ကျဉ်းသား တရာ သရက်ထောင် ရောက်ပြီးနောက် အ မှတ်(၁) အ ဆောင်မှာ အားလုံးကို အ တူ
စုထားပါတယ်။ သရက်ထောင် ရောက်ပြီး နှစ်ပတ်လောက် အ ကြာမှာ မိလ္လာသိမ်းတဲ့ ကိစ္စကို အ ကြောင်းပြုပြီး
သရက်ထောင် အာဏာပိုင်တွေနဲ့ နိုင်ငေ
ံ ရး အ ကျဉ်းသား တရာ ပြဿနာ စဖြစ်ပါတယ်။
***
စောစောက ဖော်ပြခဲ့တဲ့ သရက်ထောင်က နိုင်ငံရေး အ ကျဉ်းသား ကိုးဦးကို အဲဒီလို ဘာမပြော ညာမပြောနဲ့
(၂)ရက်လောက် တိုက်ပိတ်ထားပြီးတော့မှ ထောင်ပင
ိုက ခေါ်တွေ့ပါတယ်။ နောက် ထောင်ဥပဒေ ချိုးဖောက်တဲ့
အ တွက် အ ခုချိန်က စပြီး တိုက်ပိတ်ပြစ်ဒဏ် ပေးလိုက်ကြောင်း စီရင်ချက် ဖတ်ပြပါတယ်။
နိုင်ငံရေး အ ကျဉ်းသား ကိုးဦးက ′သူတို့ အ နေနဲ့ ထောင်အာဏာပိုင်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့သာ တောင်းဆိုတာ၊
ဘယ်လိုလုပ်ပြီး ထောင်ဥပေဒ ချိုးဖောက်မှု ကျူးလနွ ရ
်ာ ကျသလဲ′ လို့ မေးတော့ ထောင်ပိုင်က ′အ ခုလို
မေးတာကိုက ထောင်ဥပဒေ ချိုးဖောက်တာပဲ′ လို့ ပြောပြီး အော်ဟစ် ကြိမ်းမောင်းပါတယ်။ နောက် သူတို့ကို
ထောင်ဝါဒါတွေက ထောင်ပိုင် ရုးံ ခန်းထဲကနေ ဆွဲထုတ်၊ စစ်ဆေးပြီး ပြစ်မှုထင်ရှားမှ စီရင်ချက်
ချရမယ်မဟုတ်ပါလား။ အ ခုတော့ မစစ်မဆေး၊ အ ရင် အ ပြစ်ပေး၊ အ ရေးယူပြီး နှစ်ရက်ကြာတော့မှ စီရင်ချက်
ချတာဆိုတော့ တကယ့် ဥပဒေ ချိုးဖောက်သူ အ စစ်က အဲဒီ ထောင်ပိုင်ပဲ မဟုတ်ပါလား။
အဲဒီလိုနဲ့ ဘာ တခုမှ ဖြေရှင်းခွင့် မရှိဘဲ ကျောင်းသား ကိုးဦးဟာ တိုက်ပိတ်ပြစ်ဒဏ် ပေးတာကို လနဲ့ချီပြီး
ခံခဲ့ရပါတယ်။
နိုင်ငံရေး အ ကျဉ်းသားများ (ဆဋ္ဌမပိင
ုး )
သရက်ထောင် ဘောလ်ပင် ပြဿနာ
ဒါပေမယ့ အ
်ားလုံး မှားပါတယ်။ နောက်နေ့ မနက် အ စောကြီး (၆)နာရီလောက်မှာတော့ အ မှတ်(၃)တိုက်၊ တိုက်
ဝင်းထရံတွေ၊ သံတိုင်တွေကို တုတ်တွေနဲ့ ရိုက်၊ အော်ဟစ်ဆဲဆိုပြီး တိုက်ဝင်းထဲ ထောင်ဝါဒါတွေ အ များကြီး
ဝင်လာကြတာ ဆူညံသွားလို့ တတိုက်လုံး လန့်နိုးကုန်ပါတော့တယ်။
ထောင်ဝါဒါတွေက ၀င်းနုငိနဲ့ ရဲမော်ထူးနေတဲ့ အ ခန်း အ မှတ်(၆)ကို ဖွင့်၊ သူတို့ နှစ်ယောက်ကို အ ခန်းထဲကနေ
အ ပြင်ဆွဲထုတ်၊ ပြီးတော့ ဘာမပြော ညာမပြောနဲ့ ရိုက်ပါတော့တယ်။ ရိုက်တာကလည်း ၀ါဒါတွေ အ များကြီး
တုတ်တွေနဲ့ ကျွဲရိုက်နွားရိုက် ၀ိုင်းရိုက်ကြတာပါ။ သူတို့ နှစ်ယောက်စလုံး မြေကြီးပေါ် ပုံလဲကျသွားပါတယ်။
အဲဒီလို ရိုက်တော့မှ ပုံလဲကျနေတဲ့ သူတို့ နှစေ
် ယာက်ကို ဆွဲထူ၊ ထိုင်ခိုင်းပြီး ′ဘောလ်ပင် ဘယ်ကရလဲ′ လို့
စစ်ပါတယ်။ အ မှန်က အ ရင်စစ်ပြီး အ ပြစ်ရှိကြောင်း ထင်ရှားတော့မှ အ ရေးယူ အ ပြစ်ပေးရမှာ မဟုတ်ပါလား။
ဝင်းနိုင်က ′မသိဘူး′ ဆိုပြီး ညက အ ဖြစ်အ ပျက်ကို ရှင်းပြပါတယ်။ အဲဒီလို ရှင်းပြလည်း ပြီးရော ′လိမ်တယ်′
ဆိုပြီး ပထမအ ကြိမ်တုန်းကလို ၀ိုင်း ရိုက်ကြပြန်ပါတယ်။ ရိုက်တာကလည်း တဖက်တချက်မှာ ထောင်ဝါဒါ
တယောက်စီ ရပ်ပြီး တယောက်တချက် မရပ်မနား တဝေါဝေါနဲ့ ဆက်တိုက် ရိုက်တာပါ။
အဲဒီ ရိုက်ပွဲမှာ ထောင်ပိုင် ထောင်မှူးအ ပါအ ၀င် သရက်ထောင် တထောင်လုံးက ၀ါဒါတွေ အ ကုန်လုံးလောက်
နီးနီး ပါပါတယ်။ နောက်ပိုင်း သိရတာကတော့ နွားတောင် ပစ်လဲသွားအောင် ရိုက်နိုင်တယ် ဆိုပြီး နာမည်ကြီးတဲ့
ထောင်ဝါဒါတွေကို လက်ရွေးစင် ရွေးလာတယ်လို့ ဆိုပါတယ်။ သူတို့ကို အ ရင် ရိုက်ခိုင်းပြီးမှ နောက်မှ ဒီ့ပြင်
ထောင်မှူး၊ ၀ါဒါတွေ ၀င်ရိုက်ကြတာပါ။
စိုးမြတ်ကို ရိုက်ပြီးချိန်မှာ တိုက်မှာ ညက ဘာတွေဖြစ်လို့ ဖြစ်ခဲ့မှန်းတောင် မသိကြသေးတဲ့ ကျန်တဲ့
အ ခန်း(၆)ခန်းက အ ကျဉ်းသားတွေကိုပါ အ ပြင်ဆွဲထုတ်ပြီး ဘာမဆိုင် ညာမဆိုက် ရိုက်ပါတော့တယ်။
အဲဒီအ ချိန်တုန်းက အ မှတ(် ၃) တိုက်မှာ အ သက် (၇၀) ကျော်ပြီဖြစ်တဲ့ မဂ္ဂင်ဆရာတော်လည်း ရှိနေပါတယ်။
ထောင်ဝါဒါတွေက ဆရာတော်ကိုပါ ချန်မထားဘဲ ထုတ် ရိုက်ပါတယ်။ နှလုံးရောဂါ ရှိတဲ့ မောင်မောင်သန်းကို
ရိုက်တော့ မောင်မောင်သန်းက ′သူ ဘာအ ပြစ်ရှိလို့လဲ။ သူ့မှာ နှလုံးရောဂါလည်း ရှိနေပါတယ်′ လို့ ပြောတာကို
′နှစ်လုံး ရှိရှိ၊ သုံးလုံးရှိရှိကွာ′ လို့ ပြောပြီး ၀ိုင်းရိုက်တာ မောင်မောင်သန်း သတိလစ်သွားပါတယ်။
ကွန်မြူနစ် မြေအောက်ယူဂျီအ ဖွဲ့ကို ၁၉၈၉ ခုနှစ်မှာ ဖမ်းမိတော့ သူတို့ထဲက လေးဦးကို မြေကျင်း တကျင်းစီမှာ
တကိုယ်လုံး ထည့်မြုပ်၊ မြေကြီးပေါ်မှာတော့ ခေါင်းတွေတင် ဖော်ပေးထားပါတယ်။ အဲဒီလို မြေမြုပ်ထားချိန်မှာ
သူတို့ မျှော်လင့်ထားတာကတော့ မြေကြီးပေါ် ပေါ်နေတဲ့ ခေါင်းတွေပေါ် ပျားရည် လာလောင်းမယ်။ ပြီးရင်
ကရင်နီတွေ၊ ပုရွက်ဆိတ်တွေ လွှတ်မယ်လို့ပါ။
ထောင်မှာ ရေစုပ်စက် ရှိရဲ့သားနဲ့ ဘာလို့ စက်ကို မသုံးဘဲ နိုင်ငံရေး အ ကျဉ်းသားတွေကို ရေဆွဲခိုင်းတာလဲ လို့
မေးတော့ ′တမင် ဆွဲခိုင်းတာ′ လို့ ထောင်အာဏာပုင
ိတွေက ဖြေပါတယ်။
တခါတုန်းကလည်း အ င်းစိန်ထောင် တိုက်အ မှတ်(၅) မှာ တက္ကသိုလ်ကျောင်းသား ကိုအောင် (ယခု
ဒုတိယအ ကြိမ် နှစ်ရည
ှ် ထောင်ဒဏ် ထပ်မံကျခံနေရသူ) နဲ့ တခြားကျောင်းသား တယောက်တို့ ရက်ရက်စက်စက်
အ ရိုက်နှက်ခံကြရပါတယ်။ ဖြစ်ပုံကတော့ အ ခန်းထဲမှာ ဆေးလိပ်သောက်တယ် ဆိုပြီး ကိုအောင်တို့
နှစ်ယောက်ကို အ ခန်းထဲကနေ အ ပြင် ခေါ်ထုတ်သွားပါတယ်။
အဲဒီတုန်းက ဆောင်းတွင်း မနက်အ စောကြီး ငါးနာရီလောက်ပါ။ သူတိ့ကို တိုက် ရုံးခန်းနားက ဗန်ဒါပင် စခန်းလို့
ခေါ်တဲ့ နေရာထိ ရောက်အောင် ကျောက်ခဲကြမ်းတွေ ခင်းထားတဲ့ လမ်းပေါ်မှာ ၀မ်းလျားထိုးပြီး မိကျောင်းသွား
သွားခိုင်းပါတယ်။ ဗန်ဒါပင် ခြေရင်းရောက်တာ့ သူတို့ နှစေ
် ယာက်ကို ကိုယ်တုံးလုံး ချွတ်ပြီး သုံးပင်လိမ် ကြိမ်လုံးနဲ့
ရိုက်ပါတော့တယ်။ ချမ်းချမ်းစီးစီး ဆောင်းတွင်း မနက် အ စောကြီး ကြိမ်လုံးတွေနဲ့ တရွှမ်းရွှမ်း ရိုက်နှက်သံ၊ သူတို့
နှစ်ယောက်ရဲ့ အော်ဟစ် ညည်းညူသံတွေ ကြားရတဲ့ နိုင်ငံရေး အ ကျဉ်းသားတိုင်း မျက်ရည် လည်ကြရပါတယ်။
တကယ်တော့ ဆေးလိပ်သောက်တဲ့ ကိစ္စလောက်နဲ့ ရိုက်နှက်စရာ မလိုပါဘူး။ ပြီးတော့ ထောင်ထဲမှာ
ဆေးလိပ်သောက်ခွင့် ပေးထားတာပဲ မဟုတ်လား။ အ ခုက တမင် ရိုက်ချင်လို့ ရိုက်တာပါ။
၁၉၉၂ ခုနစ
ှ် မေလတုန်းက သရက်ထောင်မှာ ကိုပြည့်နဲ့ ကိုလှဌေးတို့ နှစ်ယောက်ကို ′ပုံစံထိုင်တာ မမှန်လို့′
ဆိုပြီး မဖြစ်စလောက် အ ပြစ်ကလေးနဲ့ အ ဆောင်ကနေ ဓာတ်တိုင် သုံးတိုင်စာလောက် ဝေးတဲ့ တိုက် အ မှတ်(၃)
အ ထိ ၀မ်းလျားထိုး မိကျောင်းသွား သွားခိုင်းရင်း လမ်းတလျှောက် ထောင်ဝါဒါတွေက အ ပေါ်စီးကနေ စီးပြီး
ပက်ပက်စက်စက် အော်ဟစ် ရိုက်နှက်ကြပါတယ်။ အ မှန်ဆို အဲဒီလောက် ရိုက်နှက် အ ပြစ်ပေးရတဲ့ ပြစ်မှုမျိုးက
ထောင်ဖောက်ဖို့ ကြံစည်မှ ပေးတဲ့ ပြစ်ဒဏ်မျိုးပါ။
အဲဒီလို မတရားသဖြင့် ရက်ရက်စက်စက် ညှဥ်း ဆဲ ရိုက်နှက် အ ရေးယူတဲ့ ကိစ္စမျိုးတွေဟာ စစ်အ စိုးရခေတ်
ထောက်လှမ်းရေး စခန်းတွေမှာ ၊ ထောက်လှမ်းရေး စခန်းတွေမှာ၊ အ ကျဉ်းထောင်တွေထဲမှာ ဖြစ်ခဲ့တာ
ဖြစ်နေတာတွေ အ များကြီးပါပဲ။ အဲဒီလို နည်းမျိုးစုံ ညှဥ်း ပန်း နှိပ်စက်ခံရတဲ့ သူတို့ရဲ့ တကယ့် အ ပြစ်ကတော့
ဥပဒေ ချိုးဖောက်လို့ မဟုတ်ပါဘူး။ နိုင်ငံရေး အ ကျဉ်းသားတွေ ဖြစ်ကြလို့ပါ။
န၀တ ညှဥ်း ပန်းရေး စခန်းများ (တတိယပိင
ုး )
အဲဒီ အ ကျဉ်းသားက ′အဲဒီလို ဟုတ်မှမဟုတ်တာ၊ မတိုင်ချင်ဘူး′ လို့ ပြောတော့ အဲဒီအ ကျဉ်းသားကို အ မျိုးမျိုး
ခြိမ်းခြောက်ပြီး ′တိုင်ရမယ်′ လို့ ပြောတာနဲ့ နောက်ဆုံး အဲဒီ အ ကျဉ်းသား တိုင်ရပါတော့တယ်။ အဲဒီလိုနဲ့
နောက်ဆုံး ဘယ်လိုမှ ရှင်းခွင့် မရှေိ တာ့ဘဲ ဇော်မျိုးအောင်နဲ့ ဆရာမောင်မောင်တို့ကို ဒေါက်ခြေကျင်းခတ်၊
တိုက်ပိတ်ပြစ်ဒဏ် (၃)လ ပေးလိုက်ပါတော့တယ်။
ဒီမိုကရေစီတို့၊ လူ့အ ခွင့်အ ရေးတို့ဆိုတာ ကျနော်တို့ကို တိရိစ္ဆာန်နဲ့ ကျေးကျွန်တွေလို အ သတ်မှတ် မခံရဖို့ အတွက်
လိုအ ပ်ချက် ဖြစ်ပါတယ်။ အ မှန်က ဒီမိုကရေစီနဲ့ လူ့အ ခွင့်အ ရေး ဆိုတာ ကျနော်တို့ရဲ့ မွေးရာပါ အ ခွင့်အ ရေးတွေ
ဖြစ်ပြီး ကျနော်တို့ရဲ့ မွေးရာပါ ကိုယ်ပိုင် ပစ္စည်းတွေလည်း ဖြစ်ပါတယ်။ ဒါကို မလိမ့်တပတ်လုပ်ပြီး ၁၉၆၂ ခုနှစ်မှာ
ကျနော်တို့ဆီကနေ စစ်ခေါင်းဆောင်တွေက အ ဓမ္မ လုယူသွားတာပါ။ အဲဒီနောက်တော့ စစ်အ စိုးရ
အ ဆက်ဆက်ဟာ ပြည်သူတွေကို အ သိဥာဏ်တုံးအောင် လုပ်ပြီး ကိုယ့်အ ခွင့်အ ရေးကို ကိုယ့်ဟာမှန်းတောင်
မသိတော့ဘဲ အာဏာပိုင်တွေ ပေးမှ ကမ်းမှ သနားမှ ရမယ့် အ ရာမျိုးဖြစ်အောင် လုပ်ကြံခဲ့၊ လုပ်ကြံဆဲ
ဖြစ်ပါတယ်။
′သမိုင်းနိဂုံးနဲ့ နောက်ဆုံး လူသား′ စာအုပ်ကို ရေးသားပြုစုခဲ့သူ ပါမောက္ခ ဒေါက်တာ ဖရန်စစ် ဖူကူယာမက
′ဒီကနေ့ ကမ္ဘာကြီးဟာ လစ်ဘရယ် ဒီမိုကရေစီ လို့ ခေါ်တဲ့ ဒီမိုကရေစီ ၀ါဒဆီကိုသာ လုံးဝ ဦးတည်နေပြီ′ လို့
ကြွေးကြော်လိုက်ပါတယ်။ ကျနော်တို့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ တောင်းဆိုသံဟာ ကျနော်တို့
နိုင်ငံရဲ့ သမိုင်းက တောင်းဆိုနေတဲ့ အ သံ၊ ကမ္ဘာ့သမိုင်းက တောင်းဆိုနေတဲ့ အ သံ၊ နောက်ဆုံး လူ့သမိုင်းကိုက
တောင်းဆိုနေတဲ့ အ သံ ဖြစ်ပါတယ်။ သမိုင်းတခုလုံးက ကျနော်တို့ အ သံနဲ့ ကျနော်တို့ ယြုံကည်ချက်
နောက်ကွယ်မှာ ခိုင်မာ အားကောင်းစွာ တည်ရှိနေပါတယ်။
ဥပဒေ ပညာရှင်လည်း ဖြစ်၊ နိုင်ငံရေး ပညာရှင်လည်း ဖြစ်တဲ့ Dean Inge ပြောခဲ့တဲ့ စကားနဲ့ ကျနော့်ရဲ့
တင်ပြချက်တွေကို အ ဆုံးသတ်လိုပါတယ်။
ဝင်းနိင
ု ဥ
်ီး (၂၀၀၀)
***