Вы находитесь на странице: 1из 27

အဘိဓမ္မာ ဟောပြောချက်

(ဒုတိယဥက္ကဌ ရဲဘော်ခင်မောင်ကြီးမှ ရှမ်းပြည်တိုးတက်ရေးပါတီ၊ အဆင့်မြင့် ခေါင်းဆောင်များအား


ဆွေးနွေးဟောပြောချက် ။ ၁၉၈၂ အောက်တိုဘာ (၈) ရက် )

ဒီနေ့ကျနော်တို့ အဘိဓမ္မာလေ့လာရေးလုပ်ကြတော့မယ်။ အဘိဓမ္မာလေ့လာရေးဆိုတာ မာ့ က်စ်ဝါဒ


အဘိဓမ္မာလေ့လာရေးကို ဆိုလိုတာဖြစ်တယ်။ ဒီဘာသာရပ်ဟာ အတော်ကျယ်ပြန့်တဲ့ ဘာသာရပ်တရပ်ဖြစ်
တယ်။ ဒီဘာသာရပ်ကို နက်နက်ရှိုင်းရှိုင်းလေ့လာမယ်ဆိုရင် လ, အချို့မက၊ နှစ်အချို့ချီပြီး အချိန်ယူလေ့လာရမှာ
ဖြစ်တယ်။ ဒါ့ကြောင့်အခုပြောချင်တာကတော့ လက်ရှိအခြေအနေအရ ရက်အချို့ဘဲအချိန်ရမယ်။ ဒီအကြိမ်လေ့
လာရေးကို နောင်အခွင့်ရတဲ့အခါ မာ့က်စ်ဝါဒ အဘိဓမ္မာကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်ဘို့အတွက် နိဒါန်းသ
ဘောမျိုး ထားစေချင်တယ်။ ကျနော့်အနေနဲ့ အကြိမ် (၄) ကြိမ်လောက် ဟောပြောဘို့ စဉ်းစားထားတယ်။ ဒီမှာမ
ရှင်းတာတွေ ထပ်လေ့လာတာလုပ်ရမယ်။ ဒါ့ကြောင့်အချိနတ
် ပတ်လောက်လိုတယ်။ ဒီမှာကျနော့်ဘက်က အချိန်
အခက်အခဲရှိတာက အချိန်မှန်မှန်သတ်မှတ်ဘို့ဆိုရင် ကျနော့်မှာ အစည်းအဝေးဆက်တိုက်ရှိနေတယ်။ ဒါ့ကြောင့်
နံနက်ပိုင်းအစည်းအဝေးရှိရင် ညနေထမင်းစားပြီးချိန်မှာ ကျနော်လာမယ်။ ဒါ့ပေမဲ့လုပ်ငန်းမပျက်ရအောင် နေ့စဉ်
တနေ့ (၂) နာရီ (၃) နာရီလောက် ဆွေးနွေးမယ်လို့ ခန့်မှန်းပါတယ်။

ပထမပြဿနာ ။ ။ မာက့်စဝ
်ါဒ အဘိဓမ္မာနည်းနာ

မာက့်စ်ဝါဒ အဘိဓမ္မာနည်းနာကို မဆွေးနွေးမှီ ကျနော်တို့ ကြိုတင်သိသင့်တာက


အဘိဓမ္မာဟာ ၎င်းရဲ့ စနစ်အနေနဲ့ ဖြစ်ပေါ်တိုးတက်လာတဲ့ သမိုင်းကို ကြည့်ရင်နှစ်ပေါင်း ၂၀၀၀ ကျော်သွားပြီ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက အဘိဓမ္မာမှာ အမြင်နှစ်မျိုးရှိခဲ့တယ်။ရုပ် ၀ါဒအမြင်နဲ့စိတ်ဝါဒအမြင်
ပါပဲ။ဒီအမြင် နှစ်မျိုးဟာ တလျှောက်လုံးရှိခဲ့တယ်။ ဒီမတူတဲ့အမြင် နှစ်ရပ်ဟာ အစဉ်တစိုက်ဘဲ တိုက်ပွဲတွေရှိခဲ့
တယ်။ရုပ်ဝါဒအမြင်ကို ကိုင်စွဲသူတွေအနေနဲ့တော့ ရုပ်ဟာအရင်ဖြစ်တယ်။ စိတ်ဟာ နောက်ပါဖြစ်တယ်။ ရုပ်ဟာ
ပထမအရာ၊ စိတ်ဟာ ဒုတိယအရာ ဖြစ်တယ်လို့ မြင်ကြတယ်။

ရုပ် စိတ်

ပထမအရာ ဒုတိယအရာ
အရင်ဖြစ် နောက်ဖြစ် တယ်လို့ ....

ရုပဝ
်ါဒသမားက ဒီလိုမြင်တယ်။ ရုပ်ဆိုတာဟာ မိမိတို့ရဲ့စိတ်အပြင်အပမှာ မိမိတို့ရဲ့ စိတ်နဲ့ အမှီအခို ကင်းစွာ
တည်ရှိနေတဲ့ ပကတိဘာဝ တကယ့်ဖြစ်ရပ်ကို ဆိုလိုတာဖြစ်တယ်။ တနည်းဆိုရရင် မိမိတို့ရဲ့ စိတ်ဆန္ဒနဲ့ အမှီ
အခို ကင်းစွာတည်ရှိနေတဲ့ သဘာဝလောက၊ ရုပ်ကမ္ဘာလောကကို ပြောတာဖြစ်တယ်။ ဒါဟာ ပထမဖြစ် တယ်။

1
အရင်ဖြစ်တယ်။ ကျန်တဲ့ စိတ်ခံစားမူ အသိ ၊ အမြင်အယူအဆတွေဟာ နောက်မှဖြစ်လာတယ်။ ဒါဟာ ရုပ်ဝါဒ
အမြင်ဖြစ်တယ်။ စိတ်ဝါဒ သမားတွေကတော့ ဒါနဲ့ပြောင်းပြန်ပဲ ။ စိတ်ဟာ ပထမဖြစ်ပြီး၊ ရုပ်ဟာ ဒုတိယဖြစ်
တယ်။ စိတ်ဟာ အရင်ဖြစ်ပေါ်ပြီး ရုပ်ကနောက်မှ ဖြစ်ပေါ်တယ်လို့ ခံယူကြတယ်။ စိတ်ဝါဒရဲ့ အမြင်အရဆိုရင်
အရင်ဆုံးဖြစ်ပေါ်လာတဲ့ စိတ်ဝိဥာဉ်ကြီးက သဘာဝလောက၊ ကမ္ဘာလောကကြီးနှင့် အစစအရာရာကို ဖန်တီး
တယ် လို့ယူဆတယ်။ဒါမှမဟုတ်လူရဲ့စဉ်းစားတွေးတောမှုက ကျန်တဲ့အရာမှန်သမျှကို ဖန်တီးတာဖြစ်တယ်လို့ယူ
ဆတယ်။ ဒါကြောင့်စိတ်ဝါဒအမြင်မှာ နှစ်မျိုးရှိပါတယ်။ တခုက ပကတိဘာဝ စိတ်ဝါဒအမြင်ဖြစ်ပြီး၊ နောက်တခုက
အတ္တဘာဝစိတ်ဝါဒ ဖြစ်တယ်။ စိတ်ဝိဥာဉ်က အရင်ဖြစ်ပေါ်ပြီး ၎င်းက သဘာဝလောကနဲ့ ရှိရှိသမျှ အရာမှန်သမျှ
ကို ဖန်တီးတာ ဖြစ်တယ်ဆိုတဲ့ စိတ်ဝါဒအမြင်ကို ပကတိဘာဝ စိတ်ဝါဒလို့ခေါ်တယ်။ နောက်အမြင်တခု ဖြစ်တဲ့
လူရဲ့ စဉ်းစားတွေးတောမှုက ကျန်တဲ့အရာမှန်သမျှကို ဖန်တီးတာဖြစ်တယ်ဆိုတဲ့ စိတ်ဝါဒအမြင်ကို အတ္တဘာဝ
စိတဝ
်ါဒလို့ခေါ်တယ်။ဘယ်စိတဝ
်ါဒ အမြင်ဘဲဖြစ်ဖြစ် စိတ်ကအရင် ပထမ၊ ရုပ်က ဒုတိယဖြစ်တယ်။ နောက်မှ
ဖြစ်တယ်လို့ယူဆ ကြတာပါပဲ။ အဘိဓမ္မာမှာ - ပြဿနာပေါင်း မြောက်များစွာရှိပေမဲ့ အဓိကကတော့ ပြဿနာ
နှစ်ခုပါပဲ။ ပထမ ပြဿနာက ရုပ်နဲ့ စိတ် အကြားဆက်ဆံမှု ၊ ဒီအချက်ကို အထက်မှာပြောခြဲ့ပီးဖြစ်တယ်။ ဒုတိယ
ပြဿနာကတော့ သဘာဝလောက၊ ကမ္ဘာလောကမှာရှိတဲ့ အချင်းအရာတွေကို လူတွေနားလည် နိုင်သလား။ နား
မလည်နိုင်ဘူးလား ဆိုတာဖြစ်တယ်။ ရုပ်ဝါဒက သဘာဝလောက၊ ကမ္ဘာလောကမှာရှိတဲ့ အချင်းအရာတွေကို လူ
တွေနားလည်နိုင်တယ်။ ဒီအချင်းအရာတွေရဲ့ လှုပ်ရှားမှုတရားကို သိနားလည်ပြီးနောက်၊ ဒီတရားတွေကို လူတွေ
ရဲ့ အကျိုးစီးပွားအတွက် အသုံးချနိုင်တယ်လို့ ယူဆကြတယ်။ သဘာဝလောက၊ ကမ္ဘာလောကရှိ အချင်းအရာ
တွေနဲ့ ပတ်သက်လို့ လူတွေရဲ့ သိနားလည်မှုဟာ လက်တွေ့ နဲ့ သက်သေထူပြနိုင်တဲ့၊ မှန်ကန်တဲ့ နားလည်မှု
တွေ ဖြစ်တယ်လို့ယူဆတယ်။ ယခုအချိန်မှာ မသိသေးတဲ့ အရာတွေဖြစ်နေစေကာမူ လောကဓါတ် သိပ္ပံပညာနဲ့
လူမှုရေးလက်တွေ့ရဲ့ ကြိုးပမ်းမှုတွေအရ သိရှိနားလည်မဲ့ အရာတွေချည်းဖြစ်တယ်။ ဒါနဲ့ ပြောင်းပြန်ပဲ စိတ်ဝါဒ
က ကမ္ဘာလောက၌ အချင်းအရာတွေကို နားမလည်နိုင်ဘူး။ မစဉ်းစားသင့်တာတွေ သွားမစဉ်းစားနဲ့ လူထက်ကြီး
မြတ်တဲ့ ဣထိပတ် တန်ခိုးရှင်တွေကသာ အရာရာ နားလည်နိုင်တယ်။ ခက်ခဲနက်နတ
ဲ့ အရာတွေကို နားလည်
ဖို့ဆိုတာတွေဟာ နတ်ဘုရားတွေ့ရဲ့ အလုပ်ပဲလို့ ယူဆကြတယ်။ ဒါဟာ အဘိဓမ္မာနယ်ပယ်မှာ လွန်ခဲ့တဲ့ အနှစ်
၂၀၀၀ ကျော်လောက်ကစပြီး တလျှောက်လုံး အမြင်မတူခဲ့တဲ့ အဓိကပြဿနာကြီး နှစ်ရပ်ပါဘဲ ။
လူတန်းစားရှိတဲ့ လူ့အဖွဲ့အစည်းမှာ လူတန်စားအသီးသီးဟာ အမြင်တွေမတူကြဘူး။ မိမိတို့ရဲ့
လူတန်းစားအကျိုးစီးပွား ရပ်တည်ချက်ကနေပြီး ပြဿနာတွေကို ကြည့်ကြတာဖြစ်တယ်။ မိမိလူတန်းစားရဲ့ နိုင်ငံ
ရေးအာဏာနဲ့ ဥစ္စာဓနတွေကို တည်မြဲအောင်ထိန်းသိမ်းဖို့ အုပ်စိုးသူလူတန်းစားဟာ စိတ်ဝါဒလက်နက်ကို ကိုင်
စွဲကြတယ်။
ဒါပေမဲ့ အလုပ်သမားလူတန်းစားကျတော့ မိမိလူတန်းစားရဲ့ လွတ်မြောက်ရေးအတွက် ကမ္ဘာလော
ကကြီးကို အမှန်အတိုင်းနားလည်ဖို့ စိတ်ဝါဒ လက်နက်ကိုစွဲကိုင်လို့မရပါ။ ရုပ်ဝါဒလက်နက်ကို စွဲကိုင်မှသာလျှင်
ဖြစ်နိုင်မယ်။အဘိဓမ္မာနယ်ပယ်မှာလည်း မတူတဲ့လူတန်းစားတွေဟာ မိမိတို့လူတန်းစား အကျိုးစီးပွားဖက်က
ပြဿနာတွေကို ကြည့်ကြတဲ့အလျောက် ဆိုခဲ့ကြတဲ့အတိုင်း ရပ်တည်ချက်တွေကို မတူကြဘူး။ ဒါကြောင့် အဘိ
ဓမ္မာဟာ လူတန်းစားတိုက်ပွဲအတွက် ကိုင်စွဲတဲ့ အလွန်ထက်မြက်တဲ့ လက်နက်ဖြစ်လာတယ်။ ဒါကြောင့် လူတန်း
စား လူအဖွဲ့အစည်းမှာ အဘိဓမ္မာဟာ လူတန်းစားလက္ခဏာပါလာတယ်။ ဘယ်လူတန်းစားပဲဖြစ်ဖြစ် အသိ ရှိ
သည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မလွှဲမရှောင်သာ အဘိဓမ္မာ အမြင်တခုကို ကိုင်စွဲထားတာချည်းပါပဲ။ ကျေးကျွန်
စနစ် လူ့အဖွဲ့အစည်းမှာလည်း ကျေးပိုင်ရှင်လူတန်းစားက သူ့လူတန်းစား အကျိုးစီးပွားအတွက် စိတ်ဝါဒလက်
နက်ကိုကိုင်စွဲပြီး အဖိနှိပ်ခံ ကျေးကျွန်လူတန်းစားကို ဖိနှိပ်သွေးစုတ်တယ်။ ပဒေသရာဇ်စနစ် လူ့အဖွဲ့အစည်းမှာ
လည်း အုပ်စိုးသူ ပဒေသရာဇ်လူတန်းစားက စိတ်ဝါဒကို ကိုင်စွဲပြီး အဖိနှိပ်ခံ မြေကျွန်လူတန်းစားကို ဖိနှိပ်
သွေးစုတ်တယ်။ အရင်းရှင်ခေတ်မှာလည်း အရင်းရှင်လူတန်းစားဟာ ဒီစိတဝ
်ါဒလက်နက်ကက
ိုင်စွဲပြီး အလုပ်
သမားလူတန်းစားကို ဖိနှိပ်သွေးစုတ်တယ်။ ဒါဟာ လူတန်းစားတရပ်က အခြားလူတန်းစားတရပ်ကို တိုက်ပွဲဆင်

2
ဖို့ မိမိလူတန်းစား အကျိုးစီးပွားကို အကောင်အထည်ဖော်ဖို့ အဘိဓမ္မာလက်နက်ကို ကိုင်စွဲကြတာဖြစ်တယ်။
ဒါပေမဲ့ လက်နက်ဟာ အင်မတန်ထက်မြက်ပြီး အရေးကြီးတဲ့လက်နက်ဖြစ်တယ် ဆိုတာထင်ရှားပါတယ်။ ဒီနေ့
လေ့လာမယ့် မာက်စ်ဝါဒ အဘိဓမ္မာဆိုတာ ပစ္စည်းမဲ့လူတန်းစားအတွက် အင်မတန်ထက်မြက်တဲ့ လက်နက်ဖြစ်
တယ်။ ပစ္စည်းမဲ့လူတန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစားပါတီက ကိုင်စွဲတဲ့ မာက့်စ်ဝါဒအဘိဓမ္မာကို အနုပဋိလောမ ရုပ်
ဝါဒလို့ ခေါ်တယ်။ ဒါကို မာက့်စ် နဲ့ အိန်ဂျယ်လ်တို့က ရှာဖွေတွေ့ရှိခဲ့လို့ မာက့်စ်ဝါဒအဘိဓမ္မာလို့ခေါ်ကြတယ်။
အနုပဋိလောမရုပ်ဝါဒမှာ အပိုင်း(၂) ပိုင်းပါတယ်။ တခုကအနုပဋိလောမ၊ တခုကရုပ်ဝါဒ ဖြစ်တယ်။
အနုပဋိလောမရုပ်ဝါဒကို ဒီအပိုင်း(၂) ပိုင်းပေါင်းစပ်ထားတယ်။
အနုပဋိလောမဆိုတာ နည်းနာဖြစ်တယ်။
ရုပ်ဝါဒ ဆိုတာ အမြင်ဖြစ်တယ်။
ဒီမှာ ကျနော်ပြောချင်တာတခုရှိတယ်။လူတန်းစား လူ့အဖွဲ့အစည်းမှာ အဘိဓမ္မာဟာ လူတန်းစား
လက္ခဏာရှိတယ်ဆိုတာဟာ လူတန်းစားတရပ်ရဲ့ အကျိုးစီးပွားကို အလုပ်အကျွေးပြုနေတယ် ဆိုတာပါပဲ။ အနု
ပဋိလောမရုပ်ဝါဒဟာ ပစ္စည်းမဲ့လူတန်စားရဲ့ အကျိုးစီးပွားကို အလုပ်အကျွေးပြုတဲ့ ပစ္စည်းမဲ့လူတန်းစားရဲ့ အဘိဓ
မ္မာဖြစ်တယ်။ ဒါကြောင့် ပစ္စည်းမဲ့လူတန်းစား အကျိုးစီးပွားအတွက် ရပ်တည်ချက်ဟာ အနုပဋိလောမရုပ်ဝါဒ
အမြင်၊ နည်းနာတို့နဲ့ တညီတညွတ်တည်း ဆက်စပ်နေတယ်။ တနည်းဆိုရင် ပစ္စည်းမဲ့လူတန်းစား ရပ်တည်မှု၊
အမြင်၊ နည်းနာ - ဒီ (၃)ခု ကိုခွဲခွာပစ်လို့မဖြစ်ဘူး။ တပေါင်းတစည်းတည်းလည်းရှိနေတယ်။ ဒါ့ကြောင့်
မာက့်စ်ဝါဒ အဘိဓမ္မာကို လေ့လာရာမှာ ကျနော်တို့ဟာ ရပ်တည်မှု၊ အမြင်၊ နည်းနာ ဆိုတဲ့ ကွင်းဆက် (၃)ခုကို
အမြဲပဲဆက်စပ်ပြီး ကြည့်မြင်ဖို့ လိုအပ်ပါတယ်။

အနုပဋိလောမရုပ်ဝါဒဆိုတာဘာလဲ ။

အနုပဋိလောမ ရုပ်ဝါဒဆိုတာ ပစ္စည်းမဲ့လူတန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစားပါတီက ကိုင်စွဲတဲ့ ကမ္ဘာ့


အမြင်ဖြစ်တယ်။
အနုပဋိလောမနည်းနာ ဆိုတာဟာ သဘာဝလောက အချင်းအရာတွေကို ကြည့်မြင်ရာမှာ၊ လေ့လာ
ရာမှာ၊ နားလည်ရာမှာ အနုပဋိလောမနည်းအရ ချဉ်းကပ်တာ၊ ကြည့်မြင်တာဖြစ်တယ်။ သဘာဝလောကရဲ့ အ
ချင်းအရာတွေကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါ ရုပ်ဝါဒအမြင်ကနေ အဓိပ္ပါယ်ဖွင့်ဆိုတာဖြစ်တယ်။ ဒါ့ကြောင့် ၎င်းကို
အနုပဋိလောမရုပ်ဝါဒလို့ခေါ်ပါတယ်။
သမိုင်းရုပ်ဝါဒဆိုတာ အနုပဋိလောမ ရုပ်ဝါဒမူတွေကို လူ့အဖွဲ့အစည်း ဘဝအချင်းအရာတွေကို
လေ့လာရာမှာ တိုးချဲ့လိုက်တာ၊ လူ့အဖွဲ့အစည်းဘဝအချင်းအရာတွေ လူ့အဖွဲ့အစည်းနဲ့ ၎င်းရဲ့သမိုင်းကို လေ့
လာရာမှာ အနုပဋိလောမ ရုပ်ဝါဒမူတွေနဲ့ ပေါင်းစပ်လိုက်တာဖြစ်တယ်။ အနုပဋိလောမရုပ်ဝါဒနဲ့သမိုင်းရုပ်ဝါဒကို
မာက့်စ်နဲ့ အိန်ဂျယ်လ်တို့က ၎င်းတို့ အရင်ပေါ်ပေါက်ခဲ့တဲ့ အဘိဓမ္မာနယ်ပယ်မှာရှိတဲ့ အယူအဆတွေ၊ သိရှိနား
လည်ချက်တွေကိုလေ့လာ၊ ကောင်းတာကိုယူ၊ မကောင်းတာကိုပယ်။ အနှစ်ကိုယူ၊ အကာကိုပယ်ပြီးမှ ရလာတာ
ဖြစ်တယ်။ အနုပဋိလောမနည်းနာနဲ့ ပတ်သက်လို့ ဖော်ပြရာမှာ မာက့်စ် - အိန်ဂျယ်တို့ဟာ ဂျာမန်အဘိဓမ္မာ
ဆရာ ဟီဂဲလ် အားကိုးကားပြောဆိုလေ့ရှိတယ်။ ဟီးဂယ်လ်ဟာ အနုပဋိလောမနည်းနာရဲ့ အဓိကအင်္ဂါရပ်တွေကို
ဖော်ထုတ်ခဲ့သူဖြစ်တယ်။ သို့သော် ဟီးဂဲလ်ရဲ့ အနုပဋိလောမနည်းနာနဲ့ မာက့်စ်ရဲ့ အနုပဋိလောမနည်းနာဟာ
တထပ်တည်းမဟုတဘ
်ူး။ မာက့်စ်ဟာ ဟီးဂဲလ် အနုပဋိလောမနည်းနာရဲ့ အဆီအနှစ်ကိုယူလိုက်တယ်။ စိတ်ဝါဒ
အကာကို ပယ်ပစ်လိုက်တယ်။ အနုပဋိလောမနည်းနာကို ခေတ်မှီပြီး သိပ္ပံနည်းကျ သဏ္ဍာန်ဖြစ်အောင် တဆင့်ဖြစ်
ပေါ်တိုးပွားစေလိုက်တယ်။ မာက့်စ်ရဲ့ အနုပဋိလောမနည်းနာဟာ ဟီးဂဲလ်ရဲ့ နည်းနာနဲ့ သာမဟုတ် ဖြောင့်ဖြောင့်
ကြီးဆန့်ကျင်လျှက်ရှိတယ်။ ဟီးဂဲလ်ဟာ ပကတိဘာဝ စိတ်ဝါဒသမားဖြစ်တယ်။ ဟီးဂဲလ်ရဲ့ အမြင်အရ ပထမဆုံး
ပေါ်ပေါက်လာတဲ့ အကြွင်းမဲ့အယူအဆဟာ ကမ္ဘာလောကကြီးကို ဖန်ဆင်းလိုက်တာဖြစ်တယ်။ တကယ့်ကမ္ဘာ

3
လောကကြီးဟာ အကြွင်းမဲ့အယူအဆနဲ့ အပြင်ပိုင်းအချင်းအရာ သဏ္ဍာန်သာလျှင်ဖြစ်တယ်လို့ သူက ယူဆ
တယ်။ မာက့်စ်က ဒါနဲ့ပြောင်းပြန်ဘဲ အယူအဆဆိုတာဟာ လူရဲ့ စိတ်က ရုပ်ကမ္ဘာလောကကို ရောင်ပြန်ဟပ်
ပြခြင်းသာဖြစ်တယ်။ သိမြင်မှုသဏ္ဍာန်များအဖြစ်သို့ ပြောင်းလဲလိုက်ခြင်း သာလျှင်ဖြစ်တယ်လို့ယူဆတယ်။
မာက့်စ်နဲ့ အိန်ဂျယ်လ် တို့အမြင်အရ သဘာဝလောကကြီးက အရင်ရှိလာပြီး နှစ်သန်းပေါင်းများစွာကြာပြီးနောက်
လူ ဆိုတာဖြစ်လာတယ်။ ပထမ သဘာဝလောက ပေါ်လာတယ်။ အဲဒီနောက် သက်ရှိသတ္တဝါတွေက တစတစ
ပေါ်လာတယ်။ ပထမ သက်ရှိသတ္တ၀ါတွေထဲမှာ ကလပ်စည်းတခုတည်းရှိတဲ့ အမီးဘား ဆိုတာကစ, ဖြစ်တယ်။ ဒီ
နောက်မှာသက်ရှိ သတ္တဝါတွေထဲမှာ အဆင့်အသီးအသီး ဖြတ်သန်းပြီးနောက်မှာမှ လူဖြစ်လာတယ်။ လူရဲ့
ဦးနှောက်မှ စဉ်းစားတွေးခေါ်မှု ပေါ်လာတာဖြစ်တယ်။
ရုပ်ဝါဒအမြင်မှာလည်း မာက့်စ်နဲ့ အိန်ဂျယ်တို့ဟာ သမိုင်းမှာပေါ်ခဲ့တဲ့ အဘိဓမ္မာ အမွေအနှစ်
တွေကို လေ့လာ၊ အဆီအနှစ်တွေကိုထုတ်ယူ၊ အကာကို ပစ်ပယ်လိုက်ပြီးမှ သိပ္ပံနည်းကျတဲ့ ရုပ်ဝါဒအမြင်ကို တင်
ပြလိုက် တာဖြစ်တယ်။ ရုပ်ဝါဒနဲ့ ပတ်သက်လို့ မာ့က့်စ်နဲ့အိန်ဂျယ်လ်တို့ဟာ ဂျာမန် အဘိဓမ္မာဆရာ ဖြူးဝါး
ဘတ်ကိုကိုးကား လေ့ရှိတယ်။ဒါပေမယ့်မာ့က်စ်နဲ့အိန်ဂျယ်ရဲ့ ရုပ်ဝါဒအမြင်ဟာ ဖြူးဝါးဘတ်ရဲ့ရုပ်ဝါဒအမြင်နဲ့ တ
ထပ်တည်းမဟုတ်။ မာက်စ်နဲ့ အိန်ဂျယ်လ်တို့ဟာ ဖြူးဝါးဘက်ရဲ့ ရုပ်ဝါဒအမြင်ရဲ့ အတွင်းပိုင်း အဆီအနှစ်ကိုယူ၊
အကာကို ပစ်လိုက်ပီး သိပ္ပံနည်းကျတဲ့ ရုပ်ဝါဒအဘိဓမ္မာဆိုင်ရာ သဘောတရားတရပ် ဖြစ်လာအောင် ဖြစ်ပေါ်
တိုးပွားစေလိုက်တာဖြစ်တယ်။ ဖြူးဝါးဘတ်ရဲ့ စိတ်ဝါဒကျတဲ့ ဘာသာရေးဆန်တာတွေ၊ ကိုယ်ကျင့်တရားဆန်
တာတွေပယ် လိုက်တာဖြစ်တယ်။
အနုပဋိလောမဆိုတဲ့ အခေါ်အဝေါ်ဟာ ဂရိဘာသာစကား (DIALEGO) ကလာတယ်။ သူရဲ့ အဓိ
ပ္ပါယ်က အပြန်အလှန် ငြင်းခုန်ခြင်းဖြစ်တယ်။ လူတွေ အပြန်အလှန် ငြင်းခုန်ကြတဲ့ အခါမှာ တယောက်ပြောနေတဲ့
စကားတွေထဲက ပဋိပက္ခဖြစ်နေတဲ့အရာကို ကိုင်ပြီး၊ဆွဲထုတ်ပြီး အမှန်ကိုရှာတဲ့ နည်းနာကိုရလာတယ်။ ရှေးအဘိ
ဓမ္မာဆရာတွေရဲ့ အမြင်အရ လူတွေရဲ့ စဉ်းစားချက်မှာ ပဋိပက္ခတွေရှိနေပြီး ၊ ဆန့်ကျင်ဖက် အမြင်တွေ၊ အတိုက်
အခံဖြစ်မှုဟာ အမှန်တရားကိုရှာဖွေနေတဲ့ အကောင်းဆုံးနည်းဘဲလို့ ယူဆကြတယ်။လူတွေရဲ့ စဉ်းစားတွေးတော
မှုနဲ့ ပတ်သက်တဲ့ အနုပဋိလောမနည်းနာကို အသုံးချပြီး သဘာဝလောကရဲ့ အချင်းအရာတွေကို ကြည့်လိုက်တဲ့
အခါမှာ သဘာဝလောကကို သိမြင်တဲ့ အနုပဋိလောမအဖြစ်သို့ ဖြစ်ပေါ်တိုးပွားလာခဲ့တယ်။ အဲဒီ နည်းနာအရ
ကြည့်ရင် သဘာဝလောကရှိ အချင်းအရာတွေဟာ ပဋိပက္ခတွေနဲ့ ပြွန်းတီးနေတယ်။ အဆက်မပြတ် လှုပ်ရှား
နေတယ်။ ပြောင်းလဲနေတယ်။ ဖြစ်ပေါ်တိုးပွားနေတယ်။ အဲဒီလိုဖြစ်တာဟာ သဘာဝလောကအတွင်းရှိ ပဋိပက္ခ
တွေ့ရဲ့ ဖြစ်ပေါ်တိုးပွားမှုကြောင့်ဖြစ်တယ်။ သဘာဝလောက အတွင်းရှိ ဆန့်ကျင်ဖက် အင်အားစုများရဲ့ အပြန်
အလှန်ပြုမူ သက်ရောက်မှုကြောင့်ဖြစ်တယ်ဆိုတာ တွေ့ရတယ်။
အနုပဋိလောမ နည်းနာများနဲ့ ဖြောင့်ဖြောင့်ြံကီး ဆန့ှ်ကျင်နေတဲ့နည်းနာ ရှိသေးတယ်။ အဲဒီနည်း
ကိုတော့ တက္ကဗေဒလို့ခေါ်တယ်။
တက္ကဗေဒနည်းနာမှာ အရာဝတ္ထုတွေမှာ ပဋိပက္ခတွေရှိနေတာကို အသိအမှတ်မပြု။ အချင်းအရာ
တွေရဲ့ ဘက်တဘက်တည်းကိုဘဲ အလေးထားပြောဆိုလေ့ရှိကြတယ်။ အရာဝတ္ထုအချင်းအရာတွေဟာ ပြောင်း
လဲနေတာမဟုတ်ဘူး။ စက်ဝိုင်းကြီးလိုဖြစ်ပြီး အပြန်ပြန် ဖြစ်နေတယ်လို့ယူဆတယ်။ အနှစ်သာရအရ ပြောရင်
အနုပဋိလောမနည်းနာနဲ့ တက္ကဗေဒနည်းနာတို့ဟာ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်။ အနုပဋိလောမရဲ့ အဓိ
က အင်္ဂါရပ် တွေကို ရဲဘော်စတာလင် ရဲ့ ဖွင့်ဆိုချက်အရ (၄)ခုရှိတယ်။

၁။ ပထမ အင်္ဂါရပ်ကတော့ - သဘာဝလောကရဲ့ အချင်းအရာတွေဟာ တသီးတခြားရှိနေတာ မဟုတ်ဘူး။


အော်ဂဲနစ်စနစ်အရ အပြန်အလှန်ဆက်စပ်နေတယ်။ အပြန်အလှန်မှီခိုနေတယ်။ အပြန်အလှန် ဆုံးဖြတ် ပြဌာန်း
နေတယ်လို့ ယူဆတယ်။

4
တက္ကဗေဒကတော့ သဘာဝလောကရဲ့ အချင်းအရာတွေဟာ ရှောင်တခင် စုစည်းနေတာဖြစ်
တယ်။ တခုနဲ့တခု မဆက်စပ်၊တသီးတခြားစီဖြစ်တယ်။ အမှီအခိုကင်းတယ်လို့ယူဆတယ်။ အနုပဋိလောမနည်း
နဲ့ ကြည့်တဲ့အခါ သဘာဝလောက အချင်းအရာများကို တသီးတခြားစီ နားလည်လို့မဖြစ်။ ပတ်ဝန်းကျင်နဲ့ ဆက်
စပ်နားလည်ရမယ်လို့ယူဆတယ်။

၂။ ဒုတိယ အင်္ဂါရပ်ကတော့ - သဘာဝအချင်းအရာတွေဟာ အဆက်မပြတ် လှုပ်ရှားပြောင်းလဲနေတယ်။ အသစ်


သစ်ဖြစ်ပေါ်တိုးပွားနေတယ်။ တချို့ဟာ ဖြစ်ပေါ်တိုးပွားနေတယ်။ တချို့ဟာ ပြိုကွဲပျက်စီးနေတယ်။
ဒီ ဒုတိယအချက်အရ ပြောရရင် သဘာဝလောက အချင်းအရာတွေဟာ အနုပဋိလောမနည်းနာ က
အဆက်မပြတ် လှုပ်ရှားနေတယ်။ ပြောင်းလဲနေတယ်လို့ ယူဆတယ်။
တက္ကဗေဒကတော့ သဘာဝလောကရဲ့ အချင်းအရာတွေဟာ ငြိမ်သက်နေတယ်။ ပြောင်းလဲမှုမရှိ
ဘူးလို့ ယူဆတယ်။ ဒါ့ကြောင့် အနုပဋိလောမ ရှု့ဒေါင့်ကကြည့်ရင် ကာလရှည်ကြာစွာ တည်မြဲနေတယ် ထင်ရ
ပေမဲ့ ပြိုကွဲပျက်စီးနေပြီ ဖြစ်တဲ့ အချင်းအရာနဲ့ အချိန်တချိန်မှာ ကြာရှည်တည်မြဲမယ် မထင်ရပေမဲ့ စတင်ဖြစ်ပေါ်
တိုးပွားနေပြီဖြစ်တဲ့ အချင်းအရာဆိုပြီး အချင်းအရာ(၂)ခုရှိတဲ့ အနက် အနုပဋိလောမ က နောက်အချင်းအရာ ကို
အလေးထားတယ်။ ဥပမာ - အရင်းရှင်လူတန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစား ။
အရင်းရှင်လူတန်းစားဟာ အာဏာလည်းရှိတယ်။ ဥစ္စာဓနတွေလည်းရှိတယ်။ အစစအရာရာပြည့်စုံ
ပြီး ဒီလူတန်းစားဟာ ကြာရှည်တည်မြဲမယ် ထင်ရတယ်။ ဒါပေမဲ့ ဒီလူတန်းစားဟာ ပြိုကွဲနေတဲ့၊ ဆုတ်ယုတ်ပျက်
ပြားနေတဲ့ လူတန်းစားဖြစ်တယ်။ ပစ္စည်းမဲ့လူတန်းစားဟာ နိုင်ငံအမြောက်အမြားမှာ အာဏာမရှိ၊ နေထိုင်မှုဘဝ
အဆင့်အတန်းဟာလည်း အင်မတန်မှ နိမ့်ကျတယ်။ ဒါပေမဲ့ သူ့မှာ စည်းရုံးမှု အင်အား အလွန်ကြီးမားတယ်။ ဒီ
အားကို စုစည်းတိုက်ပွဲဝင်နိုင်မယ်ဆိုရင် ပစ္စည်းမဲ့လူတန်းစားဟာ အောင်ပွဲရလာလိမ့်မယ်။ ဒါကြောင့်လက်ရှိအချိန်
ကာလမှာ ကြာရှည်မတည်မြဲနိုင်ဘူးလို့ ထင်ရသော်လည်း ဖြစ်ပေါ်တိုးပွားနေတဲ့ အရာဝတ္ထုတွေ၊ အင်အားတွေကို
အနုပဋိလောမတရားက အချိန်တချိန်မှာ အောင်ပွဲခံမဲ့ အရာဝတ္ထုတွေရဲ့ အင်အားအဖြစ် ကြည့်မြင်ပါတယ်။
အိန်ဂျယ်လ်က သဘာဝလောကမှာရှိတဲ့ အချင်းအရာအားလုံး အသေးဆုံးကနေ အကြီးဆုံးအထိ
သဲမှုန်ကလေးကနေ -နေအထိ။ ကာလလ ရေကြည်ကနေ - လူအထိ အဆက်မပြတ် ဖြစ်ပေါ်တိုးပွားနေတယ်။
အဆက်မပြတ် ပျက်စီးနေတယ်။ အဆက်မပြတ် လှုပ်ရှားပြောင်းလဲနေတယ် လို့ ညွှန်ပြခဲ့ပါတယ်။

၃။ တတိယအင်္ဂါရပ်ကတော့ - သဘာဝလောကမှာရှိတဲ့ အချင်းအရာတွေ ဖြစ်ပေါ်တိုးပွားတာဟာ အရည်အတွက်


ပြောင်းလဲမှုမှ အရည်အချင်းပြောင်းလဲမှုသို့ ကူးပြောင်းနေတာဖြစ်တယ်။ အရည်အချင်းပြောင်းလဲမှုသို့ ကူး
ပြောင်းတာက သာမန်ပြောင်းလဲတာမဟုတ်၊ ခုန်ကူးပြောင်းလဲတာလို့ခေါ်တယ်။ ဒါပေမဲ့ တက္ကဗေဒနည်းနာ က
တော့ အရေအတွက် ပြောင်းလဲမှုတွေဟာ အရည်အချင်းပြောင်းလဲမှုသို့ ဖြစ်ပေါ်မလာစေဘူးတဲ့။ အနုပဋိ လောမ
နည်းနာအရ အရေအတွက် ပြောင်းလဲမှုအဆင့်မှာ ပြောင်းလဲမှုဟာ မသိသာ၊ မထင်ရှားသေးဘူး။ တဖြေးဖြေး
ပြောင်းလဲနေတဲ့ ဖြစ်စဉ်ဖြစ်တယ်။ အဲဒီလိုပြောင်းလဲရင်း ဆက်ထုံးတခုကို ရောက်တဲ့အခါ အင်မတန် လျင်မြန်စွာ
ရုတ်ချည်း ခုန်ကူးပြောင်းလဲလိုက်တဲ့ သဏ္ဍာန်မျိုး ဖြစ်လာတယ်။အဲဒီလို အနုပဋိလောမနည်းနာက ယူဆတယ်။
အဆက်မပြတ်ပြောင်းလဲနေတယ် ဆိုရာမှာ အနုပဋိလောမနည်းနာက စက်ဝိုင်းလို အပြန်ပြန်လည်နေတာ
မျိုးမဟုတ်၊ တက္ကဗေဒစက်ဝိုင်းလို ပြန်လည်ပြီး ဖြစ်ပြီးတာ၊ ပြန်ဖြစ်နေတယ်။ ရိုးရိုးပြောင်းလဲနေတယ်လို့ ယူဆ
တယ်။
အနုပဋိလောမနည်းနာက ဖြစ်ပေါ်တိုးတက်မှုဟာ ရှေ့သို့ဖြစ်ပေါ်တိုးပွားတယ်။ အမြင့်သို့ ဖြစ်ပေါ်
တိုးပွားတယ်လို့ယူဆတယ်။ အရည်အချင်းအဟောင်းကနေ အရည်အချင်းအသစ်သို့ ပြောင်းလဲတယ်။ ရိုးရိုး
အရာ ကနေ ရှုပ်ထွေးတဲ့အရာသို့ ပြောင်းလဲတယ်လို့ယူဆတယ်။ အဲဒီတော့ သဘာဝလောကမှာပဲဖြစ်ဖြစ်၊
အသက်ရှိ သတ္တဝါ လောကမှာပဲဖြစ်ဖြစ် လူသတ္တဝါအထိ ဒီနည်းနဲ့ပြောင်းလဲလာတာဖြစ်တယ်။ အပင်လောကမှာ

5
လည်း အနိမ့်အဆင့် ကနေ အမြင့်အဆင့် သို့ ပြောင်းလဲလာတယ်။ ရေညှိကနေ၊ အပင်ကြီးများ ပေါက်ဖွားလာတဲ့
အထိ အဆင့်ဆင့် ပြောင်းလဲလာတယ်(ရုက္ခဗေဒ)။ သက်ရှိသတ္တဝါများပြောင်းလဲမှု(ဇီဝဗေဒ)မှာ အမီးဘားလို
ကလပ်စည်းတခုကနေ အဆင့်မြင့်မားတဲ့ တိရိစ္ဆာန်အထိ တစတစ ပြောင်းလဲပြီး နောက်ဆုံးလူ အထိဖြစ်လာ
တယ်။ ဒါတွေဟာ နှစ်သန်းပေါင်းများစွာ ဖြတ်သန်းလာပြီးမှ ဖြစ်ပေါ်လာတာဖြစ်တယ်။ ရူပဗေဒမှာ - ရေ ကနေ
ရေခိုးအဖြစ် ပြောင်းလဲသွားတာ၊ ရေကနေ ရေခဲအဖြစ်ပြောင်းလဲသွားတာဆိုရင် ခဲသွားစေတဲ့အမှတ် ၊
ဆူပွက်စေတဲ့ အမှတ် ဆိုတာရှိနေတယ်။ ရေကနေ ရေခဲမပြောင်းခင် အစက အရေအတွက်ပြောင်းလဲ
နေတာဖြစ်တယ်။ တဖြေးတဖြေး ဆက်ထုံး ၃၂ံ C မှာ ခုန်ကူးပြောင်းလဲပြီး အရည်အချင်းအရ ပြောင်းလဲသွား
တယ်။ ရေခဲဖြစ်သွားတယ်။ အလားတူ ရေကို အပူဓါတ်ပေးရန် ဆက်ထုံးဖြစ်တဲ့ ၁၀၀ံ C ရောက်ရင် အရည်အချင်း
ဟောင်းမှ အရည်အချင်းသစ်ကို ပြောင်းလဲသွားတယ်။ ဓာတုဗေဒ လှုပ်ရှားမှုနယ်ပယ်နှင့် ကျန်တဲ့လှုပ်ရှားမှု
နယ်ပယ်မှာလည်း ဒီအတိုင်းပါပဲ။

၎။ စတုတ္ထ အင်္ဂါရပ်ကတော့ - အရာဝတ္ထုတွေ၊ သဘာဝလောကမှာရှိတဲ့ အချင်းအရာတွေမှာ အတွင်းပိုင်း ပဋိပက္ခ


ဆိုတာတွေဟာ ရှိစမြဲပဲဖြစ်တယ်။ အရာအားလုံးဟာ ဘက်(၂)ဘက်ဆိုတာဟာ ရှိစမြဲဖြစ်တယ်။ အပြုသဘောနဲ့
အဖျက်သဘော၊ အတိတ်နဲ့ အနာဂါတ်၊ ချုပ်ငြိမ်းနေတာနဲ့ ဖြစ်ပေါ်တိုးပွားနေတာ၊ ဒီဘက် (၂)ဘက်ရဲ့တိုက်ပွဲ။
အဟောင်းနဲ့အသစ်ရဲ့တိုက်ပွဲ ၊ ချုပ်ငြိမ်းနေတာနဲ့ပေါက်ဖွားနေတာရဲ့တိုက်ပွဲ၊ ကွယ်ပျောက်နေတာနဲ့ ဖြစ်ပေါ်
တိုးပွားနေတာအကြားတိုက်ပွဲ စသည်တို့ဟာ ဖြစ်ပေါ်တိုးပွားမှုဖြစ်စဉ်ရဲ့ အတွင်းပိုင်းဆိုင်ရာ အတွင်းသဘော
ဖြစ်တယ်။အရေအတွက်ပြောင်းလဲမှုများမှ အရည်အချင်းပြောင်းလဲမှုများသို့ ကူးပြောင်းစေတာရဲ့ အတွင်းပိုင်း
ဆိုင်ရာ အတွင်းသဘောဖြစ်တယ်။ အရာဝတ္ထုတခု အရည်အချင်းအရ ပြောင်းလဲတယ်ဆိုတာ အနိမ့်အဆင့်မှ
အမြင့်အဆင့်သို့ ပြောင်းလဲတဲ့ဖြစ်စဉ်မှာ ပြင်ပအကြောင်းလဲပါတယ်။ဒါပေမဲ့ အဓိကအတွင်းပိုင်း အကြောင်း
အရင်းဖြစ်တယ်။ အရာဝတ္ထုတခုအတွင်းရှိ ဆန့်ကျင်ဖက်တွေရဲ့ တိုက်ပွဲတွေကနေ အရည်အချင်းပြောင်းလဲမှုတွေ
ဖြစ်ပေါ်စေတယ်။ ဒါ့ကြောင့် အနုပဋိလောမနည်းနာအရ ပြဿနာကိုကြည့်တဲ့အခါ အရာဝတ္ထုများအတွင်းရှိ
ပဋိပက္ခတွေကို ကြည့်ရမယ်။ လီနင် က လျော်ကန်သင့်မြတ်တဲ့ အဓိပ္ပါယ်အရ ဆိုရင်- အနုပဋိလောမနည်းနာဟာ
အရာဝတ္ထုတွေရဲ့ အနှစ်သာရပင်ကိုယ်အတွင်းရှိ ပဋိပက္ခတွေကို လေ့လာတာပဲ။ ဖြစ်ပေါ်တိုးပွားမှုဆိုတာ ဆန့်ကျင်
ဘက်တွေရဲ့တိုက်ပွဲပါပဲ ... လို့ပြောခဲ့ပါတယ်။ တက္ကဗေဒကတော့ အရာဝတ္ထုတွေ ပြောင်းလဲတာဟာ အတွင်း
ပိုင်း အကြောင်းကြောင့်မဟုတ်၊ ပြင်ပအကြောင်းကြောင့်လို့ဆိုတယ်။
ရဲဘော်စတာလင်က ဒီအင်္ဂါရပ် (၄)ခုဟာ မာက့်စ်ဝါဒ အနုပဋိလောမနည်းနာရဲ့ အဓိကအင်္ဂါရပ်
များ ဖြစ်တယ်လို့ သင်ကြားခဲ့တယ်။ အခြားအင်္ဂါရပ်တွေလည်းရှိပါသေးတယ်။ ဟီးဂဲလ်ရဲ့ အနုပဋိလောမနည်းကို
ရဲဘော်လီနင်က အချက်(၁၆)ချက်ခွဲပြီးဖော်ပြခဲ့တယ်။ လီနင်က သူရေးတဲ့ကျမ်းထဲမှာ အနုပဋိလောမရဲ့အင်္ဂါ
ရပ်(၅)ချက်ကို တင်ပြခဲ့တာလဲရှိတယ်။ဒါကြောင့် အင်္ဂါရပ်(၄)ခုကို မှတ်သားထားပြီး ကျယ်ကျယ်ပြန့်ပြန့် ဆက်
လေ့လာသွားဘို့လိုပါတယ်။ အနုပဋိလောမနည်းနာဟာ လက်တွေ့မှာ ဘယ်လိုအဓိပ္ပါယ်ရှိပါသလဲ။ လက်တွေ့
မှာဘယ်လန
ိုားလည်ရမလဲ။

ပထမအင်္ဂါရပ်ကတော့ - သဘာဝလောကမှာ ရှိတဲ့အချင်းအရာတွေဟာ တခုနဲ့တခုဆက်စပ်နေတယ်။ အပြန်


အလှန်မှီခိုနေတယ်လို့ သင်ကြားခဲ့တယ်။ ဒါကို လူ့အဖွဲအစည်းအနေနဲ့ ဟပ်ကြည့်ရအောင်။ သမိုင်းမှာရှိတဲ့ လူ့
အဖွဲ့အစည်း စနစ်မှန်သမျှ (ဘယ်စနစ်ပဲဖြစ်ဖြစ်)လူ့အဖွဲ့အစည်းမှာရှိတဲ့ လှုပ်ရှားမှုမှန်သမျှရဲ့ နိုင်ငံရေး ၊ အတွေး
အခေါ်၊ စီးပွားရေး၊ စစ်ရေး၊း ယဉ်ကျေးမှုစတဲ့ - နယ်ပယ်တွေမှာ ဘယ်ဟာကိုပဲကြည့်ကြည့် သူ့အကြောင်းအရင်း
တွေနဲ့ဆက်စပ်ကြည့်ရမယ်။ သူဘာသာ သီးခြားကြည့်လို့ နားမလည်နိုင်ဘူး။
ဥပမာ- အရင်းရှင်လောက စီးပွားရေး အကြပ်အတည်းဆိုက်နေတာဟာဆိုရင် ၊ စီးပွားရေး ကိစ္စသက်သက်မ
ဟုတ်ဘဲ ၎င်းနဲ့ ဆက်စပ်နေတဲ့ အရင်းရှင်လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ အကြောင်းအရင်း ဘက်ပေါင်းစုံနဲ့

6
ဆက်စပ်ကြည့်မှ ပြဿနာကိုနားလည်နိုင်မယ်။ ဘယ်အရာပဲဖြစ်ဖြစ် အချိန်၊ ကာလ၊ ဒေသ အကြောင်းအချက်
တွေ အပေါ်မှာ အမှီပြုနေတယ်။ နေဝင်း - စန်းယု စစ်အစိုးရရဲ့ အခြေအနေကို တည်ရှိနေတဲ့ အချိန်ကာလ
၊ဒေသအကြောင်း အချက်တွေကို ပြည့်ပြည့်စုံစုံ လေ့လာမှ မှန်ကန်စွာနားလည်နိုင်မယ်။
ဥပမာ- ကျနော်တို့ တော်လှန်ရေးအခြေအနေဆိုရင်လည်း အချိန်ကာလ၊ ဒေသအကြောင်းအချက် ပေါင်းစုံကို
ကြည့်မှ ပြည့်စုံစွာ နားလည်နိုင်လိမ့်မယ်။ (SSPP) ဖြစ်ပေါ်လာတာကိုလည်း အတူတူဘဲ အချိန် ကာလ ဒေသ
အကြောင်းအချက်တို့ကိုကြည့်မှပြည့်စုံတယ်။ လူ့အဖွဲ့အစည်းအချင်းအရာတွေကို ကြည့် ရာမှာ သမိုင်းအရချဉ်း
ကပ်ကြည့်ရမယ်။ အဲဒီလိုချဉ်းကပ်မှုမျိုးမရှိရင် သမိုင်းဝိဇ္ဇာတည်ရှိမှု၊ ဖြစ်ပေါ်တိုးပွားမှုဆိုတာဟာ ဖြစ်နိုင်လိမ့်မယ်
မဟုတ်ဘူး။ ဘယ်ပြဿနာပဲဖြစ်ဖြစ် ဘယ်အချိန်မှာဖြစ်တယ်၊ ဘယ်ဒေသမှာဖြစ်တယ်၊ ဘယ်အကြောင်းအချက်
ပေါ်မှာ ဖြစ်ပေါ်လာတယ် ဆိုတာကြည့်ရမယ်။ ဒါမှပြဿနာကို ကြည့်ရာမှာမှန်ကန်မယ်။ လက်ဝဲလက်ယာ တိမ်း
ဆောင်းမှုကို ရှောင်နိုင်မယ်။ ဒါက ပထမအင်္ဂါရပ်က သင်ပေးလိုက်တဲ့ လက်တွေ့အဓိပ္ပါယ်ပါပဲ။
ဥပမာ - -ကျေးကျွန်လူ့အဖွဲ့အစည်းကို မျက်မှောက်ခေတ်ကာလအမြင်နဲ့ ကြည့်ရင် အဓိပ္ပါယ်မရှိသလို ဖြစ်လိမ့်
မယ်။ သဘာဝမကျဘူးလို့ ထင်ရလိမ့်မယ်။လူတွေကို သံကြိုးခတ်ထားတာ၊ လူတွေကို ဝယ်နိုင်ရောင်းနိုင်၊ သတ်
နိုငတ
်ာတွေကြည့်ရင် အတော်ပဲရိုင်းစိုင်းပါကလားလို့ မြင်လိမ့်မယ်။ ဒါပေမဲ့သမိုင်းအရ ကြည့်မယ်ဆိုရင် ပြိုကွဲ
ပျက်စီးနေတဲ့ ရှေးဘုံလူအဖွဲ့အစည်းစနစ်နဲ့ နှိုင်းယှဥရ
် င် ထုတ်လုပ်ရေးအင်အားစု တဆင့်ဖြစ်ပေါ် တိုးတက်လာ
တာကို တွေ့ရလိမ့်မယ်။ ပဒေသရာဇ်စနစ်ဟာ ယခုအခါမှာ အရင်ကျေးကျွန်စနစ်နဲ့ နှိုင်းစာရင် တိုးတက်လာတာ
ဖြစ်တယ်။ အရင်းရှင်စနစ်ဟာလည်း ပဒေသရာဇ်စနစ်နဲ့ နှိုင်းစာရင် တဆင့်တက်လာတာပဲ။ ဒါကြောင့် လက်ရှိ
မျက်မှောက်ပြုနေတဲ့ အချိန်၊ နေရာ၊ ပတ်ဝန်းကျင် အချက်အလက်တွေအရ ပြဿနာတွေကိုကြည့်မှ မှန်မှန်ကန်
ကန်မြင်နိုင်တယ်။

ဒုတိယ အင်္ဂါရပ်ကတော့ - အရာဝတ္ထုတွေဟာ လှုပ်ရှားနေတယ်။ အဆက်မပြတ်ပြောင်းလဲနေတယ်လို့သင်ကြား


ခဲတ
့ ယ်။ ဒါကို လူအဖွဲ့အစည်းနဲ့ဟပ်ကြည့်ရင် လူ့အဖွဲ့အစည်းမှာဆိုရင်လဲ မလှုပ်ရှား၊ မပြောင်းလဲတဲ့အရာမရှိ။
မပြောင်းလဲတဲ့ လူအဖွဲ့အစည်းစနစ်ဆိုတာ မရှိဘူးဆိုတာကိုမြင်နိုင်ပါတယ်။ တချို့ကပုဂ္ဂလိကပိုင်ဆိုင်မှုစနစ်
ဆိုတာ ဘယ်တော့မှ မပြောင်းလဲဘူးး။ သွေးစုတ်မှုစနစ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေတာ
ပဲ။ မပြောင်းလဲနိုင်ပါဘူးလို့ ပြောကြတယ်။ ဒါဟာမမှန်ပါဘူး။အဟောင်းဟောင်းတွေ ချုပ်ငြိမ်းပြီး၊ အသစ်သစ်တွေ
ပေါ်ပေါက်လျှ က်ရှိတယ်။ လူ့အဖွဲ့အစည်းစနစ်ဟောင်း နေရာမှာ စနစ်သစ်က ပြောင်းလဲအစားထိုးမှာပဲ။ ဒါကို
ဘယ်သူမှ ဘယ်အင်အားကမှ တားလို့မရဘူး။ အင်္ဂလိပ်နယ်ချဲ့သမားဟာ ဗမာပြည်မှာရှိတဲ့ ပဒေသရာဇ်စနစ်နဲ့
၎င်းရဲ့ ကိုယစ
်ားလှယ်များဟာ ရှင်ဘုရင်ကို စစ်ပွဲ (၃) ကြိမ်နဲ့ ဖျက်သိမ်းလိုက်ပြီး ကိုလိုနီစနစ် ထူထောင်ခဲ့တယ်။
ဗမာပြည်သူတွေရဲ့ နှစ်ရှည်လများ ဆင်နွှဲခဲ့တဲ့ တိုက်ပွဲများကြောင့် အင်္ဂလိပ်နယ်ချဲ့သမားဟာ မရှောင်လွဲသာဘဲ
နိုင်ငံရေးအရ လွတလ
် ပ်တဲ့ တိုင်းပြည်အဖြစ် အသိအမှတ်ပြုခဲ့တယ်။ ဗမာပြည်ဟာ ကိုလိုနီနိုင်ငံဘဝက ကိုလိုနီ
တပိုင်း၊ ပဒေသရာဇ်တပိုင်းနိုင်ငံဖြစ်လာခဲ့တယ်။ လက်ရှိကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်းနိုင်ငံဖြစ်တဲ့ ဗမာပြည်
ဟာ ဒီအတိုင်း မပြောင်းလဲပဲ နေမှာမဟုတ်ဘူး။ ဗမာပြည်မှာရှိတဲ့ ကိုလိုနီတပိုင်း၊ ပဒေသရာဇတပိုင်းစနစ်ကို
တည်တံ့အောင်ဘယ်လောက်ပဲ ကာကွယ်ကာကွယ်၊ ကာကွယ်သူတွေသာလျှင် မုချကျဆုံးရမှာဘဲ၊ လှုပ်ရှား
ပြောင်းလဲမှုတရားကို ဘယ်သူကမှ လွန်ဆန်လို့မရ။ လူပုဂ္ဂိုလ်တယောက်ဖြစ်စေ၊ ပါတီတရပ်ဖြစ်စေ၊ လူ့အဖွဲ့
အစည်းဖြစ်ပေါ်တိုးတက်မှုတရားနဲ့ ကိုက်ညီစွာလုပ်ရင်၊ အဲသလိုဆိုရင် အဲဒီပုဂ္ဂိုလ် အဲဒီပါတီဟာ တိုးတက်တဲ့
အခန်းက ပါဝင်မှာပဲ။ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်တိုးတက်မှု တရားကို ဆန့်ကျင်ပြီး လုပ်ရင်တော့ မုချအ
ရေးနိမ့်မှုနဲ့ ကြုံတွေ့ရလိမ့်မယ်။ ဒါကြောင့် ပေါ်လစီအရအမှားမဖြစ်ဖို့ဆိုရင် လူတယောက်ဟာ ရှေ့ကိုကြည့်ရ
မယ်။ နောက်သို့မကြည့်ရဘူး။ ဒါကတော့ဦးတည်ချက်ကို ပြောတာဖြစ်တယ်။ အဆက်မပြတ် ဖြစ်ပေါ်တိုးပွားမှုကို
ကြည့်ဘို့ ပြောတာဖြစ်တယ်။ ဒီမှာသတိပြုဘို့ကတော့ ဒီလိုဆိုခြင်းကြောင့် အတိတ်ကဟာတွေကို ပြန်မသုံး
သပ်ရဘူး။ အတွေ့အကြုံ သင်ခန်းစာတွေကို မထုတ်ရဘူးလို့ ပြောတာမဟုတ်ဘူး ဆိုတာပါပဲ။

7
တတိယ အင်္ဂါရပ်ကတော့ - - သဘာဝလောကမှာရှိတဲ့ အရာဝတ္ထုတွေဟာ အဆက်မပြတ် လှုပ်ရှားပြောင်းလဲရာ
မှာ အရည်အတွက် ပြောင်းလဲမှုကနေ အရည်အချင်းပြောင်းလဲမှုသို့ ကူးပြောင်းနေတယ်။ အရည်အချင်းဟောင်း
မှ အရည်အချင်းအသစ်သို့ ပြောင်းလဲနေတယ်လို့သင်ကြားခဲ့တယ်။ ဒါဟာ ခုန်ကူးပြောင်းလဲတာဖြစ်တယ်။ ဒါ
ဟာ တော်လှန်ပြောင်းလဲတာဖြစ်တယ်။ လူ့အဖွဲ့အစည်းမှာဒီမူကိုဟပ်ကြည့်ရင် အဖိနှိပ်ခံလူတန်းစားတွေ တော်
လှန်ရေးလုပ်တာ ဖြစ်ပေါ်တိုးပွားမူတရားအရ သဘာဝကျတယ်။
ရှောင်လွဲလို့မရတဲ့ အရာဝတ္ထုတွေရဲ့ ဖြစ်ပေါ်တိုးပွားမှုဟာ အရေအတွက် ပြောင်းလဲမှုကနေ အရည်
အချင်းပြောင်းလဲမှုသို့ ကူးပြောင်းနေတာကြောင့် လူ့အဖွဲ့အစည်းအတွင်းမှာ အလားတူဘဲ တော်လှန်ရေးတွေကို
တားလို့မရဘူး။ တော်လှန်ရေးဖြစ်ပေါ်တိုးပွားမှုဟာ မရှောင်လွှဲသာတဲ့ တရားဖြစ်တယ်။ သဘာဝကျတဲ့ အချင်းအ
ရာဖြစ်တယ်။ ကျေးကျွန်လူ့အဖွဲ့အစည်းမှာ ကျေးကျွန်တွေကို သံကြိုးခတ်ပြီးထားကြတယ်။ ဒါပေမဲ့ ကျေးကျွန်
တွေရဲ့ တော်လှန်ရေးကို တားလို့မရဘူး။ ပဒေသရာဇ် ခေတ်တုံးကလည်း - ဥပမာ - တရုတ်ပြည်မှာ ပဒေသ
ရာဇ်တွေက တံတိုင်းကြီးတွေ အထပ်ထပ်ကာပြီး ပဒေသရာဇ် လူ့အဖွဲ့အစည်းကို လုံခြုံအောင်လုပ်ထား ကြတာ
ပဲ။ ဒါပေမဲ့ လယ်သမားတွေရဲ့ ပုန်ကန်မှုတွေကို တားလို့မရပါဘူး။ ဟစ်တလာတို့ မူဆိုလိုနီတို့ဟာ ဖက်ဆစ်
စနစ်နဲ့ လုပ်သားပြည်သူတွေရဲ့ တော်လှန်ရေးကို ရက်ရက်စက်စက် သတ်ဖြတ်ညှင်းဆဲခဲ့တယ်။ ဒါပေမဲ့ ဖက်
ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လက်နက်ကိုင်တပ်တွေက ဒီဖက်ဆစ်စနစ်ကို မြေမြုပ်သင်္ဂြိုလ်ပစ်ခဲ့တာပါပဲ။
ဗမာပြည်မှာလဲ တော်လှန်တဲ့ အင်အားစုတွေကို အဆက်ဆက်သော အုပ်စိုးသူလူတန်းစား ကိုယ်
စားလှယ် အစိုးရတွေက ဖောက်ပြန်တဲ့ ပြည်တွင်းစစ်ဆင်ပြီး သတ်ဖြတ်နှိမ်နင်းခဲ့ကြတယ်။ ဒီ ကိုယ်စားလှယ်
တွေထဲက ဦးနု၊ ဗဆွေ၊ ကျော်ငြိမ်းတို့ဟာ ပြုတ်သွားကြပြီး အခု နေ၀င်းတို့ကလည်း အရူးအမူး နှိမ်နင်းနေကြ
တယ်။ဒါပေမဲ့ အရင့်အရင်က ကိုယ်စားလှယ်များလိုပဲ နေဝင်း တို့လဲ မုချပြုတ်သွားမှာပါ။ အမျိုးသားအသီးသီး
ဟာ ကနေ့ တန်းတူရေး၊ သွေးစည်းညီညွတ်ရေး၊ အမျိုးသားဒေသန္တရဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် အုံ
ကြွတိုက်ပွဲဝင်နေကြတယ်။ အမျိုးသားအသီးသီးရဲ့ မှန်ကန်တဲ့ ဒီတိုက်ပွဲကို တားဆီး ဆန့်ကျင်သူတွေသာလျှင်
မုချကျဆုံးရလိမ့်မယ်။ ဗမာပြည်ရှိ လူမျိုးစုံပြည်သူတွေဟာ ဧကန်မုချအောင်ပွဲရပါလိမ့်မယ်။ လူမှု တော်လှန်ရေး
တွေဟာ သဘာဝကျတယ်ဆိုရင် ကျနော်တို့ဟာ အားပေးတဲ့ဘက်က ပါမလား။ ဆန့်ကျင်တဲ့ဘက်က ပါမလား။
လူတိုင်းလူတိုင်းဟာ မိမိ ဖာသာဆုံးဖြတ်ကြရလိမ့်မယ်။ ကျနော်တို့ဟာ မှန်ကန်တဲ့ဘက်ကရပ်ပြီး တော်လှန်ရေး
လုပ်ကြရတယ်။ လူတယောက်ဟာ ပေါ်လစီအရ အမှားမပြုလုပ်လိုရင် ရှေ့သို့ ကြည့်ရမယ်။ နောက်သို့မကြည့်
ရဘူး။ ပေါ်လစီအမှားမဖြစ်ဖို့ ပြုပြင်ရေးသမား မဖြစ်ရဘူး။ တော်လှန်ရေးသမားလုပ်ရမယ်။ ပြုပြင်ရေးသမားက
ပြုပြင်ရေးလုပ်တာကိုတော့ လက်ခံတယ်။ ဒါပေမဲ့ တော်လှန်ပြောင်းလဲရေး လုပ်ငန်းကိုတော့ မကြိုက်ဘူး။ သူတို့
ဟာ အရေအတွက်ပြောင်းလဲမှုကိုပဲ အသိအမှတ်ပြုကြတယ်။ အရည်အချင်းပြောင်းလဲမှု သို့မဟုတ် ခုန်ကူး
ပြောင်းလဲမှုကို လက်မခံနိုင်ကြဘူး ။ ကျနော်တို့ဟာ ပြုပြင်ရေးလုပ်ငန်းတွေကို လုံးဝပြစ်ပယ် နေတာမဟုတ်။
တော်လှန်ရေးကို အထောက်အကူပြုတဲ့ ပြုပြင်ရေးလုပ်ငန်းကို ကျနော်တို့မပြစ်ပယ်ဘူး။သို့သော် ပေါ်လစီအရ
လူတန်းစားတိုက်ပွဲကို အစားထိုးတဲ့ ပြုပြင်ရေးပေါ်လစီ မကျင့်သုံးရဘူး။ တော်လှန်ရေးပေါ်လစီ(ဝါ) လူတန်းစား
ပေါ်လစီကိုသာ ကျင့်သုံးရမယ်။

စတုတ္ထအင်္ဂါရပ်ကတော့ - အရာဝတ္ထုတွေမှာ အတွင်းပိုင်း ပဋိပက္ခတွေ ရှိနေတယ်။ အရာဝတ္ထုတခုအတွင်းရှိ ဆန့်


ကျင်ဘက်တွေရဲ့တိုက်ပွဲက အရည်အချင်းပြောင်းလဲမှုကို ဖြစ်စေတယ်လို့သင်ကြားခဲ့တယ်။ ဒါကြောင့် လူတန်းစား
တိုက်ပွဲတွေက ပစ္စည်းမဲ့လူတန်းစားနဲ့ အရင်းရှင်လူတန်းစားတိုက်ပွဲဟာ သဘာဝကျတယ်။ မရှောင်လွှဲနိုင်တဲ့ အ
ချင်းအရာဖြစ်တယ်။ လူတန်းစားတိုက်ပွဲမှာ အခြေခံသဏ္ဍာန် (၃)မျိုးရှိတယ်။ အတွေးအခေါ်တိုက်ပွဲ၊ စီးပွားရေး
တိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲ(လူတန်စားတိုက်ပွဲရဲ့ အမြင့်ဆုံးသဏ္ဍာန်မှာ စစ်ရေးတိုက်ပွဲ) ဖြစ်တယ်။ ကျနော်တို့ဟာ
လူ့အဖွဲ့အစည်းစနစ်ဟောင်းရဲ့ ပဋိပက္ခတွေကို မဖုံးကွယ်ပဲ ဖော်ထုတ်ရမယ်။ လူတန်းစားတိုက်ပွဲကို တားဆီးမ
ထားပဲ မှန်ကန်တဲ့နည်းနဲ့ အဆုံးတိုင်ဆင်နွဲသွားရမယ်။ ကနေ့ ဗမာပြည်မှာ ပေါ်ပေါက်နေတဲ့ ပြည်သူ့ဒီမိုကရေစီ

8
တော်လှန်ရေးဟာ သဘာဝကျတဲ့ ရှောင်လွှဲလို့မရတဲ့ အချင်းအရာဖြစ်တယ်။ ဒီလက်နက်ကိုင်တော်လှန်ရေးကို
အောင်ပွဲရတဲ့အထိ အဆုံးတိုင်ဆင်နွဲသွားရမယ်။ ပေါ်လစီအရ အမှားမဖြစ်လိုဘူးဆိုရင် ကျနော်တို့ဟာ မစေ့စပ်
တဲ့ လူတန်းစားပေါ်လစီကို ကျင့်သုံးရမယ်။ ရန်သူရဲ့မှိုင်းတိုက်မှုကို အမြဲသတိရှိရမယ်။ ရန်သူအပေါ် စိတ်ကူးယဉ်
တာမျိုး နဲနဲမှမဖြစ်စေရ။
ကျနော်တို့ဟာ အလုပ်သမားလူတန်းစား ခေါင်းဆောင်မှုအောက်မှာ အလုပ်သမား၊ လယ်သမား
၊မဟာမိတ်ဖွဲမှု အပေါ်မှာ အခြေခံတဲ့၊ တော်လှန်တဲ့ လူတန်းစားအသီးသီး၊ လူ့အလွှာအသီးသီးနဲ့ သွေးစည်းညီ
ညွတ်ကာ ရန်သူကို အဆုံးတိုင် တိုက်ပွဲဆင်နွဲသွားမယ်။ ကျနော်တို့ပါတီဟာ လူတန်းစားပေါ်လစီကို ကိုင်စွဲပြီး
နေဝင်း - စန်းယု စစ်အစိုးရနဲ့ ဆွေးနွေတာ (၂) ကြိမ်လုပ်ခဲ့တယ်။ စစ်အစိုးရဟာ ကျနော်တို့ ပါတီကို ဖျက်ဖို့၊
တပ်မတော်ကိုဖျက်ဖို့၊ အခြေခံဒေသတွေကိုဖျက်ဖို့ တောင်းဆိုခဲ့တယ်။ ရန်သူရဲ့ ဒီတောင်းဆိုချက်တွေကို ဘယ်
နည်းနဲ့မှ လက်မခံရဘူး။ ရန်သူလူတန်းစားအပေါ်မှာ တွေဝေယိမ်းယိုင်တာ၊ စိတ်ကူးယဉ်တာ နဲနဲမှမရှိပဲ တော်
လှန်ရေးကို အောင်ပွဲရတဲ့အထိ အဆုံးတိုင်ဆင်နွှဲသွားကြရမယ်။

ဒုတိယပြဿနာ ။ ။ မာက့်စ်ဝါဒ အဘိဓမ္မာအမြင်

မာက့်စ်ဝါဒရဲ့ ရုပ်ဝါဒအမြင်ဟာ အရင်းခံအားဖြင့် စိတ်ဝါဒအမြင်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်။ မာက့်စ်


ဝါဒ ရုပ်ဝါဒအမြင်ရဲ့ အဓိကအင်္ဂါရပ်တွေက ဘာတွေလဲ? အဓိက အင်္ဂါရပ်(၃)ခုရှိတယ်။ ဒီအင်္ဂါ ရပ်(၃) ရပ်ကို
ဆုပ်ကိုင်နားလည်ထားဖို့လိုပါတယ်။

၁။ ပထမ အင်္ဂါရပ် ။ ။ ကမ္ဘာလောကကြီးဟာ လက္ခဏာအရကြည့်မယ်ဆိုရင် ရုပ်ဝတ္ထုလက္ခဏာ ဆောင်


တယ်။ ကမ္ဘာလောကရဲ့ မြောက်များစွာသော အချင်းရာတွေဟာ လှုပ်ရှားနေတဲ့ ရုပ်ဝတ္ထုရဲ့ ခြားနားတဲ့ သဏ္ဍာန်
တွေသာဖြစ်တယ်။ ဒါတွေဟာ ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒ ဘာသာရပ်တို့က သက်သေပြနေတယ်။
ရူပဗေဒ နယ်ပယ်ရှိ ရုပ်ဝတ္ထုတွေဟာ ရူပဗေဒရုပ်ဝတ္ထု လှုပ်ရှားမှုသဏ္ဍာန်နဲ့ ဖော်ပြတယ်။ ဥပမာ- -
အလင်းရောင်နဲ့ လျှပ်စစ်ဟာ လှုပ်ရှားနေတဲ့ အီသာရဲ့သဏ္ဍာန်များဖြစ်တယ်။ ရုပ်ဝတ္ထုဖြစ်တဲ့ အီသာ(Ether)
လှိုင်းတွေကနေ ကျနော်တို့ရဲ့ အာရုံခံအင်္ဂါဖြစ်တဲ့ မျက်စေ့မှာ လာထိတွေ့ပြီး အလင်းရောင်ကိုတွေ့ မြင်ရခြင်း
ဖြစ်တယ်။ အီသာဆိုတဲ့ ရုပ်ဝတ္ထုရဲ့ လှုပ်ရှားမှုမရှိပဲ အလင်းရောင်ကိုမတွေ့နိုင်ဘူး။
ဥပမာ- - အနီရောင် တခုကိုမြင်ရဘို့ဆိုရင် အီသာလှိုင်းဟာ တစက္ကန့်မှာ ၄၅၀ ထရီလီယောင် ဖရင်ကွင်စီနှုန်းနဲ့
လှုပ်ရှားပီး အာရုံခံအင်္ဂါကိုလာထိတွေ့တယ်။ ဒီတော့မှ ကျနော်တို့ဟာ အနီရောင်ကိုမြင်ရတယ်။ အပြာရောင်ကို
မြင်ရဘို့ အီသာလှိုင်းဟာ တစက္ကန့်မှာ ၆၂၀ ထရီလီယောင် ဖရီကွင်စီနှုန်းနဲ့ လှုပ်ရှားပြီး အာရုံခံအင်္ဂါကို ထိတွေ့
မှ အပြာရောင်ကို မြင်ရတာဖြစ်တယ်။ ဒါဟာ လျှပ်စစ်သံလိုက်ဓါတ် သဘောတရားအရ သက်သေထူပြခဲ့တာဖြစ်
တယ်။ ဒါ့အပြင် ရူပဗေဒဆိုင်ရာ ရုပ်ဝတ္ထုတွေဟာ တိကျတဲ့ အပူဓါတ် အအေးဓါတ်ရရှိတဲ့ အခါမှာ တစုံတခုသော
ဖိအားအောက်မှာ ရုပ်ဝတ္ထု အခြေအနေဟာ ပြောင်းလဲသွားလေ့ရှိတယ်။ဥပမာ - -အရည်မှ အခိုးအငွေ့သို့ ၊ အ
ရည်မှ အစိုင်အခဲအဖြစ်သို့ ၊ ဓာတုဗေဒနယ်ပယ်မှာလည်း ရုပ်ဝတ္ထုတွေဟာ လှုပ်ရှားနေတဲ့ အနုမြူတွေရဲ့ ပေါင်း
စည်းနေတဲ့ သဏ္ဍာန်အမျိုးမျိုးကို ဖော်ပြနေတာဖြစ်တယ်။
ဥပမာ- အောက်ဆီဂျင်မှာ အက်တမ်၂ ခုရှိတယ်။ အက်တမ်တခုတိုးလာရင် O3 အိုဇုန်းဖြစ်သွားတယ်။
ရေဆိုရင် H2O ဟိုက်ဒြိုဂျင်အက်တမ်၂ ခုနဲ့ အောက်ဆီဂျင်အက်တမ် ၁ ခု ပေါင်းထားတာဖြစ်တယ်။
ဓာတုဗေဒနယ်ပယ်မှာ အော်ဂဲနစ် မဟုတ်တဲ့ ဖွဲ့စည်းမှုသဏ္ဍာန်နဲ့ အော်ဂဲနစ် ဖွဲ့စည်းမှုသဏ္ဍာန်ဆိုပြီးရှိတယ်။
အော်ဂဲနစ်ဖွဲ့စည်းမှုမှာ ကာဗွန်ဓါတ်တိုးလာတယ်။ ဒီထက် အဆင့်မြင့်လာတော့ ကာဗွန်၊ ဟိုက်ဒြိုဂျင်၊ အောက်ဆီ
ဂျင်၊ နိုက်ထရိုဂျင်၊ဆာလဖာ၊ ဖော့စ်ဖရပ် (C,H,O,N,S,P ) စသည်ဖြင့် ပေါင်းလာတဲ့အခါ သာမန်သြဂဲနစ် ဖွဲ့စည်းမှု

9
မဟုတ်တော့ဘဲ၊ သက်ရှိအရာဖြစ်တဲ့ ကာလလ ရေကြည်ဖြစ်လာတယ်။ ဒီလိုနည်းနဲ့ ရုပ်ဝတ္ထုလှုပ် ရှားမှု သဏ္ဍာန်
တွေဟာ အဆင့်နိမ့်မှ အဆင့်မြင့်သို့ တက်လာတာဖြစ်တယ်။ မက္ကနစ်နယ်ပယ်ကနေ ရူပဗေဒနယ်ပယ် သို့
တိုးတက်လာတယ်။ရူပဗေဒနယ်ပယ်ကနေဓာတုဗေဒနယ်ပယ်သို့တိုးတက်လာတာဖြစ်တယ်။ ဓာတုဗေဒနယ်ပယ်
ကနေ ဇီဝဗေဒနယ်ပယ်သို့ တဆင့်တက်လာတယ်။ ဇီဝဗေဒနယ်ပယ်မှာ အနုမြုပေါင်းစပ်မှု မဟုတ်တော့ပဲ၊ က
လပ်စည်းတွေရဲ့ ပေါင်းစပ်မူဖြစ်လာတယ်။ ကလပ်စည်းတွေရဲ့ပေါင်းစပ်မှုနဲ့ ကလပ်စည်းတွေရဲ့ပျက်စီးမှု ဆိုတဲ့
လှုပ်ရှားမှုဖြစ်လာတယ်။ စဖြစ်စဉ်က ကလပ်စည်းတခုတည်းဘဲရှိတဲ့ သက်ရှိအရာ(အမီးဘား) ကစတင်တယ်။
ကလပ်စည်းတခုအတွင်းရှိ အမြုတေက နှစ်ခု ကွဲသွားပြီး ကလပ်စည်း ၁ ခုက ၂ ခု ဖြစ်လာတယ်။ အဲဒီလိုနည်းနဲ့
ကလပ်စည်းအများအပြားရှိတဲ့ သက်ရှိအရာတွေ တစတစပေါက်ပွားလာတယ်။ သက်ရှိအရာဟာ အမီးဘားကနေ
လူ အဆင့်အထိ တဖြည်းဖြည်းပြောင်းလဲလာတယ်။ ဇီဝဗေဒ လှုပ်ရှားမှုဖြစ်စဉ်မှာ အဆင့်(၈)ခုရှိတယ်။ ဖိုင်လမ်
(Phylum) အဲဒီ အဆင့်အသီးသီးကို ဖြတ်ကျော်ပြီး နို့တိုက်သတ္တဝါ ၊ မျောက်ကနေ လူဝံ၊ လူဝံကနေ လူ အဲဒီ လို
တစတစ တက်လာတယ်။ လူ့အဖွဲ့အစည်းမှာကျတော့ လူတန်းစားတွေရဲ့ ဖွဲ့စည်းမှု ဖြစ်လာတယ်။ ဒါဟာ
ဘာကိုဖော်ပြသလဲ။ ကမ္ဘာလောကရဲ့ မြောက်များလှစွာသော ရုပ်ဝတ္ထုတွေဟာ သဏ္ဍာန်အမျိုးမျိုးနဲ့ လှုပ်
ရှားနေတဲ့ ရုပ်ဝတ္တုတွေရဲ့ အချင်းအရာတွေသာလျှင်ဖြစ်တယ်။ ဒီအချင်းအရာတွေဟာ အပြန်အလှန်မှီခိုအပြန်
အလှန် ဆက်သွယ်နေတယ်ဆိုတဲ့ တရားအရ ဖြစ်ပေါ်တိုးပွားနေတာဖြစ်တယ်။ ဒါ့ကြောင့် ဒီဖြစ်စဉ်ထဲမှာ စိတ်ဝါဒ
အမြင်က တင်ပြသလို အလွန်တန်ခိုးထက်တဲ့ တလောကလုံးဆိုင်ရာဝိဥာဉ် ကမ္ဘာလောကကြီးကို ဖန်တီးနေတာ
မဟုတ်ပါ။ ဝိဥာဉ် ဝင်ရောက်လာစရာ နေရာလဲ မရှိဘူးဆိုတာ ထင်ရှားပါတယ်။

၂။ ဒုတိယအင်္ဂါရပ်ကတော့ - ရုပ်သဘာဝလောက၊ ကမ္ဘာလောကတို့ဟာ ကျနော်တို့အသိရဲ့ အပြင်ဘက်မှာ


အမှီအခိုကင်းစွာ တည်ရှိနေတဲ့ ပကတိဘာဝ တကယ့်ဖြစ်ရပ်ဖြစ်တယ်။ဒါကြောင့် ရုပ်ဝါဒအမြင်အရ ရုပ်ဟာ ပထမ
၊ စိတ်က ဒုတိယ ။ ရုပ်ဟာအရင်၊ စိတ်ကနောက်ပါဖြစ်တယ်လို့ ယူဆတာဖြစ်တယ်။ စဉ်းစားတွေးခေါ်မူဟာ အ
ဆင့်မြင့်စွာ ဖြစ်ပေါ်တိုးပွားနေတဲ့ ဦးဏှောက်ရုပ်ဝတ္ထု အထွက်ပစ္စည်းဖြစ်တယ်။
သတ္တဝါစဖြစ်ခါစက ဦးဏှောက်မရှိ၊ အာရုံခံစားနိုင်တဲ့ အင်္ဂါတွေတောင်မရှိဘူး။ တဖြေးဖြေးနဲ့ အာရုံ
ခံ အင်္ဂါလေးတွေ ပေါ်လာပြီး ခေါင်းမှာအာရုံကို တစုံတရာ ခံစားမှုရှိတဲ့ အဆောက်အအုံလေးတွေ ဖြစ်လာတယ်။
ဒီကနေ တဆင့်တက်လာပြီး တဖြည်းဖြည်းနဲ့ ဦးဏှောက်နဲ့ အာရုံကြောစနစ် ဖြစ်လာတယ်။ စဉ်းစားတွေးခေါ်မှု
ဟာ အဆင့်မြင့်မားစွာ ဖြစ်ပေါ်တိုးတက်လာတဲ့၊ ရုပ်ဝတ္ထုဖြစ်တဲ့ ဦးဏှောက်ရဲ့ အထွက်ပစ္စည်းဖြစ်တယ်။ ဦး
ဏှောက်ဟာ စဉ်းစားတွေးခေါ်မှုကို ဖြစ်ပေါ်စေတဲ့ ရုပ်ဝတ္ထုအဆောက်အအုံဖြစ်တယ်။

၃.။တတိယအင်္ဂါရပ်ကတော့ - ကမ္ဘာလောကနဲ့ ၎င်းရဲ့တရားတွေကို ကျနော်တို့ နားလည်နိုင်တယ်။ ကမ္ဘာလော


ကကြီးရှိ အရာဝတ္ထုတွေကို မသိနိုင်တာမရှိ၊ မသိသေးတာပဲရှိတယ်။ အိန်ဂျယ်လ်က လူတွေရဲ့ သိနိုင် စွမ်းအား
ဟာ အကန့်အသတ်မရှိပါဘူး။ သို့သော်လူတွေက တကယ်တန်းသိတာကျတော့ အကန့်အသတ် ရှိတယ်လို့
ပြောခဲ့ဘူးတယ်။ သူ့ရဲ့ ကာလ ၊ ဒေသ အကြောင်းအချက်တွေအရပဲ အခိုင်အမာ သိနိုင်တာသာ ဖြစ်တယ်။
ကျနော်တို့ ကမ္ဘာလောကမှာရှိနေတဲ့ အချင်းအရာတွေကို သိပ္ပံပညာနဲ့လက်တွေ့ ကြိုးပမ်းမှုတွေ
အရ သိနိုင်တယ်။ လူ့အဖွဲ့အစည်း လက်တွေ့အရ သိနိုင်တယ်။ ထုတ်လုပ်ရေးတိုက်ပွဲ၊ လူတန်းစားတိုက်ပွဲ၊ သိပ္ပံ
ပညာတိုက်ပွဲ ဆိုတဲ့ လူမှုရေးလက်တွေ့တွေလုပ်ရင်း ကမ္ဘာလောကရဲ့ အချင်းအရာများနဲ့ ၎င်းရဲ့ တရားတွေ
ကိုနားလည် လာတယ်။ အဲဒီနားလည်ချက်ဟာ မှန်သလား၊ မှားသလားဆိုတာကို သိဖို့ဆိုရင် လူမှုရေး
လက်တွေ့နဲ့ပဲ ပြန်ြပီး စမ်းသပ်ရမယ်။ ဒီပြဿနာကို မာက့်စ်ဝါဒ သိမြင်မှုသဘောတရားလို့ခေါ်တယ်။ ဒီသဘော
တရားအရ လက်တွေ့ဟာ အမှန်တရားရဲ့ စံထားချက်ဖြစ်တယ်။ လူတွေငြင်းခုန်ကြတဲ့ စဉ်းစားတွေးတောချက်
တွေရဲ့ အမှန်အမှားကို လက်တွေ့နဲ့ပဲ သက်သေထူပြတယ်။ ပကတိဘာဝ လက်တွေ့ဖြစ်ရပ်နဲ့ ကိုက်ညီမှ မှန်
ကန်တယ်။ ဒါကြောင့် အမှန်တရားဆိုတာ (ပကတိဘာဝအမှန်တရား) ဖြစ်တယ်။ အမှန်တရားဆိုတာ စစ်ဆေး

10
လို့ရတယ်။ အမှန်တရားဟာ ပကတိဘာဝ တကယ့်လက်တွေ့ဖြစ်ရပ်နဲ့ ကိုက်ညီရမယ်။ ကျနော်တို့ စိတ်ဆန္ဒနဲ့
အစားထိုးလို့မရဘူး။ လက်တွေ့နဲ့ ချိန်ထိုးရမယ်။
ရဲဘော်လီနင်က မှန်သလား - မှားသလားဆိုတာ ပကတိဘာဝလက်တွေ့နဲ့ ချိန်ထိုးရမယ်တဲ့။ အ
မှန်တရားကို (၂) မျိုးခွဲခြားနိုင်တယ်။
၁။ နှိုင်းယှဉ်ချက် အမှန်တရား။
၂။ အကြွင်းမဲ့ အမှန်တရား - - - ဆိုပြီး ခွဲခြားကြည့်လို့ရတယ်။
အမှန်တရားကို ကာလ၊ ဒေသ၊ ပတ်ဝန်းကျင် အခြေအနေနဲ့ ဆက်စပ်ကြည့်ရမယ်။ အခြေအနေ အ
ကြောင်းအချက်ဟာ အဆက်မပြတ်ပြောင်းလဲနေတဲ့အတွက် စဉ်းစားချက်တရပ်၊ မူတရပ်ဟာ တချိန်မှာမှန်နေပေ
မဲ့ နောက်တချိန်မှာ မှန်ချင်မှမှန်မယ်။ ဒါကို နှိုင်းယှဉ်ချက်အမှန်တရားလို့ခေါ်တယ်။ မာက့်စ်ဝါဒအဘိဓမ္မာကျတော့
အားလုံးငုံမိအောင် ခြုံပြီးပေါင်းချုပ်လိုက်တာမို့ တလောကလုံးဆိုင်ရာ အမှန်တရားဖြစ်လာတယ်။ သူဟာ ကာလ
ပိုင်းတခုအတွက်သာ မှန်တာမဟုတ်ဘူး။ အချိန်ကာလမရွေး မှန်ကန်တာဖြစ်တယ်။ နယ်ချဲ့စနစ်မတိုင်မှီ ဖြစ်ပေါ်
တိုးပွားနေတဲ့၊ အရင်းရှင်စနစ်တည်ရှိနေတဲ့ အခြေအနေအောက်မှာ အရင်းရှင်လူ့အဖွဲ့အစည်းရဲ့ လူတန်းစားပဋိ
ပက္ခ၊ လူမှုရေးပဋိပက္ခတွေဟာ ကြီးထွားလာပြီး အထွဋ်အထိပ်ရောက်လာတဲ့အခါ တော်လှန်ရေးတွေ ဖြစ်လာစေ
လိမ့်မယ်။ အရင်းရှင်လူတန်းစားအပေါ်မှာ အောင်ပွဲခံဘို့ဆိုရင် ရှေ့တန်းရောက်နေတဲ့ တိုင်းပြည်အားလုံး သို့မ
ဟုတ် တိုင်းပြည်အများစုအတွင်းရှိ ပစ္စည်းမဲ့လူတန်းစားရဲ့ စုပေါင်းလှုပ်ရှားမှုဟာ လိုအပ်တယ်လို့ ယူဆခဲ့ကြ
တယ်။ သို့သော် နယ်ချဲ့စနစ်ြဖစ်ပေါ်လာတော့ လီနင်က နယ်ချဲ့စနစ်ရဲ့ အခြေအနေကို အခိုင်အမာကျစွာ ခွဲ
ခြမ်းစိတ်ဖြာ ပြီးနောက် နယ်ချဲ့စနစ်ကွင်းဆက် အားနည်းရာဒေသကနေ တော်လှန်ရေးတွေ ပေါ်ထွက်လာမယ်။
တိုင်းပြည်တပြည်မှာ ဆိုရှယ်လစ်တော်လှန်ရေးဟာ အောင်ပွဲခံနိုင်တယ်လို့ သုံးသပ်ခဲ့တယ်။
ဒါက အယူအဆတခုဟာ ခေတ်ကာလ အခိုင်အမာ အခြေအနေတရပ်အောက်မှာ မှန်ကန်ပြီး အ
ခြားအချိန်ကာလမှာ မမှန်တော့ဘူးဆိုတာ ဖော်ပြတယ်။ ဒီယူဆချက်ကို နှိုင်းယှဉ်ချက်အမှန်တရားလို့ခေါ်တယ်။
နှိုင်းယှဥခ
်ျက်အမှန်တရားတွေ စုစည်းပြီးပေါင်းချုပ်လိုက်နိုင်ရင် အကြွင်းမဲ့အမှန်တရားဖြစ်လာတယ်။ ကာလအား
လုံးအတွက် မှန်ကန်တဲ့ တလောကလုံးဆိုင်ရာ အမှန်တရားဖြစ်လာတယ်။
စိတ်ဝါဒကို - ပကတိစိတ်ဝါဒနဲ့ အတ္တဘာဝစိတ်ဝါဒအဖြစ် ခွဲခြားဖော်ပြနိုင်သလို ရုပ်ဝါဒမှာလည်း
အနုပဋိလောမရုပ်ဝါဒနဲ့ မတူခြားနားတဲ့ စက်ယန္တရား ရုပ်ဝါဒဆိုတာလည်းရှိတယ်။ စက်ယန္တရားရုပ်ဝါဒက ရုပ်ဟာ
ပထမ၊ စိတ်ဟာ ဒုတိယ ဆိုတာကိုလက်ခံတယ်။ ဒါပေမဲ့ သူ့နည်းနာက အနုပဋိလောမ နည်းနာမဟုတ်ဘူး။ စက်
ယန္တရားဆန်တဲ့၊ တက္ကဗေဒကျတဲ့ နည်းနာဖြစ်တယ်။ အရာဝတ္ထုတွေကို ကြည့်ရာမှာ တခုချင်းသီးခြားဖြစ်နေတဲ့ အ
ရာအဖြစ် တခုနဲ့တခု ဆက်စပ်မှုမရှိတဲ့အရာအဖြစ် ကြည့်မြင်တယ်။ အရာဝတ္ထုတွေဟာ မလှုပ်မရှားငြိမ်သက်နေ
တယ်လို့မြင်တယ်။ အရာဝတ္ထုတွေရဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ အတွင်းပိုင်းအကြောင်းအရင်းကြောင့်မဟုတ်ဘူး
ပြင်ပ အကြောင်းအရင်းကြောင့် ဖြစ်တယ်လို့ယူဆတယ်။
၁၈ ရာစု ပြင်သစ်ပြည်မှာဖြစ်ပေါ် ခဲ့တဲ့ စက်ယန္ထရားရုပ်ဝါဒဟာ စိတ်ဝါဒကိုဆန့်ကျင်ရာမှာ တစုံတ
ရာ ကောင်းမှုပြု ခဲ့တယ်။ စက်ယန္ထယား ရုပ်ဝါဒမှာ အင်္ဂါ(၃)ခုရှိတယ်။
၁။ စက်ယန္တရားဆန်တယ်။
၂။ တက္ကဗေဒကျတယ်။
၃။ လူ့အဖွဲ့အစည်းကို ကြည့်တဲ့အခါ သမိုင်းရုပ်ဝါဒအမြင်နဲ့မကြည့်ဘဲ စိတ်ဝါဒအမြင်နဲ့ ကြည့်
တယ်။ ၁၉၅၇-ခုနှစ်က ရန်ကုန်မှာ (ဖဆပလ)ညီလာခံလုပ်တယ်။ ဒီညီလာခံမှာ ဦးနု က မိန့်ခွန်းပြောရာမှာ ရုပ်
ဝါဒကို အကြီးအကျယ်ရှုပ်ချခဲ့တယ်။ တကယ်ကတော့ သူရှုပ်ချနေတဲ့ ရုပ်ဝါဒဟာ အနုပဋိလောမရုပ်ဝါဒမဟုတ်၊
စက်ယန္တရားရုပ်ဝါဒသာလျှင်ဖြစ်တယ်။ ဒီလိုလိမ်လည်လှည့်ဖျားပြီး ရုပ်ဝါဒကို ဆန့်ကျင် တိုက်ခိုက်နေတာဟာ ဦးနု
က သူ့လူတန်းစားအကျိုးကို အသေအလဲကာကွယ်ပြီး ပစ္စည်းမဲ့လူတန်းစားပါတီနဲ့ ပစ္စည်းမဲ့လူတန်းစား အဘိ

11
ဓမ္မာကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ဖို့ကြိုးစားတဲ့ စကောလောက်မှ စောက်မနက်တဲ့ အကြံယုတ်သာ
လျှင်ဖြစ်တယ်။
ကျနော်တို့ ကိုင်စွဲရမယ့်ရုပ်ဝါဒဟာ အနုပဋိလောမ ရုပ်ဝါဒဖြစ်တယ်။ စက်ယန္တရားရုပ်ဝါဒကို ပယ်ရ
မယ်။ စက်ယန္တရားရုပ်ဝါဒမှာ သမိုင်းဆိုင်ရာ ကန့်သတ်ချက်ရှိခဲ့တယ်။ အဲဒီအချိန်မှာ မက္ကနစ် သိပ္ပံပညာထွန်းကား
နေတဲ့ အချိန်ဖြစ်တယ်။ အရာဝတ္ထုတခုခြင်းစီကို တခုနဲ့တခုဆက်စပ်မှုမရှိပဲ လေ့လာသုံးသပ်တဲ့နည်းနာက လွှမ်း
မိုးနေချိန်လဲဖြစ်တယ်။ ဒီသမိုင်းဆိုင်ရာ အကန့်အသတ်ကြောင့် အရာဝတ္ထုတွေဟာ သူ့ဖာသာသီးခြား ကင်းကွာ
နေတဲ့ အရာအဖြစ်၊ မလှုပ်မရှားငြိမ်သက်နေတဲ့ အရာအဖြစ်မြင်ခဲ့ကြတယ်။ နောက်တခုက လူတန်းစားဆိုင်ရာ
ကန့်သတ်မှု စက်ယန္တရား ရုပ်ဝါဒီတွေဟာ အရင်းရှင်လူတန်းစားကို အလုပ်ကျွေးပြုသူတွေဖြစ်တယ်။

ယုတ်ညံ့တဲ့ ရုပ်ဝါဒ

အချို့ပညာရှင်တွေက သည်းခြေကနေ ခါးတဲ့အရည်ကိုညှစ်ထုတ်တယ်။ အလားတူပဲ ဦးဏှောက်


ကနေ အယူအဆတွေကို ညှစ်ထုတ်တယ်လို့ တင်ပြကြတာတွေရှိတယ်။ ဒီလိုတင်ပြသူတွေကို လီနင်က ရုပ်ညံ့
တဲ့ ရုပ်ဝါဒသမားလို့ ခေါ်တယ်။ မာက့်စ်ဝါဒ အနုပဋိလောမနည်းနာဟာ ရုပ်ဝါဒကျတဲ့ အနုပဋိလောမ နည်းနာဖြစ်
တယ်။ ရုပ်ဝါဒကျတဲ့ အနုပဋိလောမနည်းနာလို့ ပြောရတာက ရုပ်ဝါဒမကျဘဲ စိတ်ဝါဒကျတဲ့ အနုပဋိလောမနည်း
နာလည်းရှိတဲ့အတွက်ကြောင့်ပဲ။ ဥပမာ - ဟီဂဲလ်ရဲ့ အနုပဋိလောမနည်းနာ။ သူ့အနုပဋိလောမနည်းနာကို
မာက့်စ်နဲ့ အိန်ဂျယ်လ် တို့က အတော်ကို အလေးထားခဲ့တယ်။
လီနင်က ဟီဂဲလ်ရဲ့ အနုပဋိလောမနည်းနာကို အချက်(၁၆)ချက် ခွဲပြီးတင်ပြခဲ့တယ်။ ဒါပေမဲ့
သူ.အနုပဋိလောမဟာ စိတ်ဝါဒကျတဲ့ အနုပဋိလောမနည်းနာဖြစ်တယ်။ ဒါကြောင့်လဲ မာက့်စ်နဲ့ အိန်ဂျယ်လ် တို့
က ဟီးဂဲလ် ရဲ့ အနုပဋိလောမနည်းနာထဲမှ အနှစ်ကို ထုတ်ယူပြီး စိတ်ဝါဒအကာကို ပယ်ခဲ့ခြင်းဖြစ်တယ်။
၁၉ ရာစုနှစ်အကုန် ၂၀ ရာစုအစပိုင်းမှာ သိပ္ပံပညာ ဖြစ်ပေါ်တိုးပွားလာတာနဲ့အတူ တက္ကဗေဒကျတဲ့
စက်ယန္တရားဆန်တဲ့ ရုပ်ဝါဒအမြင်ကြောင့် ရူပဗေဒ သိပ္ပံပညာရှင်တွေအတွင်းမှာ အကြပ်အတည်းဆိုက်မှု ပေါ်ခဲ့
တယ်။ အရင်က ဓာတုဗေဒနယ်ပယ်မှာ အသေးဆုံးရုပ်ဝတ္ထု အစိတ်အပိုင်းဟာ အနုမြူ (Atoms) လို့ယူဆခဲ့ကြ
တယ်။ အနုမြူကို ထပ်ပြီးခွဲလို့မရတော့ဘူးဆိုတဲ့ အယူအဆဟာ သိပ္ပံပညာရှင်တွေ ခံယူကျင့်သုံးခဲ့တဲ့ အယူအ
ဆဖြစ်တယ်။ ဒါပေမဲ့ ခြေဖျက်လို့မရဘူးလို့ နားလည်ထားတဲ့ အနုမြူဟာ ထပ်မံခြေဖျက်လို့ရပြီး အီလက်ထရွန်
(ပရာမာအနု)ဆိုတာကို ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါ့အပြင် ပရိုတွန်၊ နျုထရွန် တို့ကိုလည်းတွေ့ရှိရတယ်။ ၎င်းတို့ဟာ
အီသာထဲမှာ လှုပ်ရှားနေတယ်ဆိုတာတွေ တွေ့ရတယ်။ အဲသလို အက်တမ်ဟာ အီလက်ထရွန်၊ ပရိုတွန်အဖြစ်
ခွဲထုတ်နိုင်တာဖြစ်တော့ လောကဓါတ်ဆရာတွေက မင်းတို့ပြောနေတဲ့ ရုပ်ဝတ္ထုဆိုတာ မရှိတော့ဘူး။ ကွယ်
ပျောက်သွားပြီ။ ဒါကြောင့်ရုပ်ဝါဒဟာ ချုပ်ငြိမ်းသွားပြီဆိုပြီး၊ လူစိတ်က အရာရာကို ဖန်တီးတာပါလို့ ကောက်ချက်
ချခဲ့ကြတယ်။ သူတို့ရဲ့ အဘိဓမ္မာအမြင်ဟာ အတ္တဘာဝ စိတ်ဝါဒအမြင်ဖြစ်တယ်။ သူတို့လောကမှာရှိနေတဲ့
အရာဝတ္ထုတွေဟာ လောကဓါတ်ပညာရှင်တွေ ဖန်တီးထားတာပါ။ လူတွေရဲ့ ဦးဏှောက်က အရာရာဖန်တီး
တာပါလို့ပြောကြတယ်။ သူတို့က အတွေ့အကြုံဝေဖန်ရေးဝါဒဆိုပြီး ရုပ်ဝါဒကို ထိုးနှက်လာတယ် ။ အုပ်စိုးသူ
အရင်းရှင်တွေကလည်း ဒီလူတွေကိုအသုံးချပြီး ရုပ်ဝါဒကမ္ဘာ့အမြင်ကို ထိုးနှက်တိုက်ခိုက်ခဲ့ကြတယ်။ ရဲဘော်
လီနင်က အနုပဋိလောမရုပ်ဝါဒ၊ သမိုင်းရုပ်ဝါဒအမြင်အရ သိပ္ပံပညာရှာဖွေတွေ့ရှိချက် အသစ်များကို ခွဲခြမ်း
စိတ်ဖြာပြီး ရုပ်ဝါဒနဲ့ အတွေ့အကြုံဝေဖန်ရေးဆိုတဲ့ စာအုပ်ကိုရေးကာ ၎င်းတို့ကိုတိုက်ခိုက်ခဲ့တယ်။ မင်းတို့
ပြောနေတဲ့ အနုမြူကို ချေဖျက်လို့မရဘူးဆိုတာ စက်ယန္တရားရုပ်ဝါဒီတွေရဲ့ အယူအဆဖြစ်တယ်။ ဒါကြောင့် အနု
ပဋိလောမရုပ်ဝါဒက အကျပ်အတည်းဆိုက်နေတာမဟုတ်ဘဲ စက်ယန္တရားရုပ်ဝါဒကသာလျှင် အကျပ်အတည်း
ဆိုက်တာဖြစ်တယ်။ မင်းတို့ချေပနေတာတွေက အနုပဋိလောမ ရုပ်ဝါဒအမြင်ကို ချေပနေတာမဟုတ်၊ စက်ယန္တ
ရားရုပ်ဝါဒကို ချေပနေတာသာ ဖြစ်တယ်။ သိပ္ပံပညာ ရှာဖွေတွေ့ရှိမှုအသစ်တွေက အနုပဋိလောမ ရုပ်ဝါဒမှန်

12
ကန်ကြောင်း ထပ်မံသက်သေပြတာ ဖြစ်တယ်။ စက်ယန္တယားရုပ်ဝါဒမှားကြောင်း သက်သေပြနေတာသာဖြစ်
တယ်။ ရုပ်ဝတ္ထုအဆောက်အအုံသဏ္ဍာန်ဟာ အဆက်မပြတ် ပြောင်းလဲနေမှာပဲ။ အဲဒီလို ပြောင်းလဲမှုကြောင့်
ရုပဝ
် တ္ထုဟာ ကွယ်ပျောက်သွားမှာမဟုတ် စသဖြင့် ၎င်းတို့ရဲ့ မှားယွင်းဖောက်ပြန်နေတဲ့ အယူအဆများကို
ထက်မြက်စွာချေပပြီး အနုပဋိလောမရုပ်ဝါဒ ပစ္စည်းမဲ့လူတန်းစားအဘိဓမ္မာကို ပြတ်သားစွာ ကာကွယ်ခဲ့တယ်။

မာက့်စ်ဝါဒ ရုပ်ဝါဒအမြင်ဆိုင်ရာ မူတွေရဲ့ လက်တွေ့အဓိပ္ပါယ်

ရုပ်ဝါဒအမြင်ဆိုင်ရာမူတွေကို လူ့အဖွဲ့အစည်းဘဝ၊ လူ့အဖွဲ့အစည်း သမိုင်းလေ့လာရေးမှာ တိုးချဲ့


လိုက်တာဟာ အင်မတန်အရေးပါတဲ့ ကိစ္စဖြစ်တယ်။ လူ့အဖွဲ့အစည်းဘဝ အချင်းအရာတွေဟာ အပြန်အလှန်
ဆက်သွယ်နေတယ်။ အပြန်အလှန် မှီခိုနေတယ်။ ဒါဟာလူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှုဆိုင်ရာ တရားများဖြစ်
တယ်။ ရုပ်ဝါဒအမြင်ကို လူ့အဖွဲ့အစည်းသမိုင်း လေ့လာရာမှာ တိုးချဲ့လိုက်တာကြောင့် လူ့အဖွဲ့အစည်းသမိုင်း
လေ့လာရေးဟာ သိပ္ပံပညာတရပ်ဖြစ်လာခဲ့တယ်။ ပစ္စည်းမဲ့လူတန်းစားပါတီရဲ့ လက်တွေ့လုပ်ငန်းတွေဟာ၊ လူ့
အဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှုတရားများအပေါ်မှာ အခြေစိုက်ထားရမယ်။ ဒီတရားတွေကို လေ့လာပြီး လမ်းညွှန်
အဖြစ် အသုံးချရမယ်။ လူ့အဖွဲ့အစည်း အချင်းအရာတွေကို နားလည်နိုင်ပါတယ်။ နားမလည်သေးတာပဲရှိတယ်။
ဒီလူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှုတရားတွေကို လက်တွေ့မှာအသုံးချနိုင်တယ်။ လက်တွေ့နဲ့ ပေါင်းစပ်နိုင်
တယ်။ ဒါကြောင့် ဆိုရှယ်လစ်ဝါဒဟာ စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒ ဖြစ်ရာကနေ အခုသိပ္ပံနည်းကျ ဆိုရှယ်လစ်
ဝါဒဖြစ်လာတယ်။
သဘောတရားနဲ့လက်တွေ့ ပေါင်းစပ်ရမယ်။ ဒါဟာ ပစ္စည်းမဲ့လူတန်းစားပါတီရဲ့ အရေးကြီးတဲ့
လမ်းညွှန်ဖြစ်လာတယ်။ ရုပ်ဝါဒအမြင်ဖြစ်တဲ့ ရုပ်နဲ့စိတ်အကြား ဆက်ဆံမှုဟာ ရုပ်ဟာ ပထမ - စိတ်ဟာ ဒုတိယ
ဆိုတဲ့မူကို လူ့အဖွဲ့အစည်းနဲ့ ဟပ်ကြည့်တဲ့အခါ (လူ့အဖွဲ့အစည်း၊ ရုပ်ပိုင်းဆိုင်ရာဘဝ)လူမှုရေးဘာဝက ပထမ။
(လူအဖွဲ့အစည်း စိတ်ပိုင်းဆိုင်ရာဘဝ) လူမှုရေးအသိက ဒုတိယ ဖြစ်လာတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။

ရုပ် - ပထမ စိတ် - ဒုတိယ


အရင် နောက်
လူမှုရေးဘာဝ - ပထမ လူမှုရေးအသိ- ဒုတိယ
အရင် နောက်ပါ

လူ့အဖွဲ့အစည်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာဘဝက လူ့အဖွဲ့အစည်း စိတ်ပိုင်းဆိုင်ရာဘဝကို ပြဌာန်း


တယ်။ စိတ်ပိုင်းဆိုင်ရာတွေက ရုပ်ပိုင်းဆိုင်ရာတွေကို အပြန်အလှန်သြဇာသက်ရောက်တယ်။ လူမှုရေးဘဝက
လူမှုရေး အသိကိုပြဌာန်းတယ်။ လူမှုရေးအသိက လူမှုရေးဘဝကို ပြန်လှန်သြဇာသက်ရောက်တယ်။
လူမှုရေးဘာဝဟာ လူ့အဖွဲ့အစည်းရဲ့ ရုပ်ပိုင်းဆိုင်ရာဘဝဖြစ်တယ်။
လူမူရေးအသိက လူ့အဖွဲ့အစည်းရဲ့ စိတ်ပိုင်းဆိုင်ရာဘဝဖြစ်တယ်။
လူမှုရေးဘာဝဟာ လူတွေရဲ့ စိတ်ဆန္ဒနဲ့ အမှီခိုကင်းစွာ တည်ရှိနေတဲ့ ပကတိဘာဝ တကယ့်ဖြစ်
ရပ်ဖြစ်တယ်။ လူမှုရေးအသိဟာ လူမှုရေးဘဝရဲ့ ရောင်ပြန်ဟပ်ချက်ဖြစ်တယ်။ လူ့အဖွဲ့အစည်း အယူအဆတွေ၊
သဘောတရားတွေဟာ၊ လူမှုရေးဘဝရဲ့ အယူအဆတွေ၊ သဘောတရားတွေဟာ အဲဒီအချိန် လူ့အဖွဲ့အစည်းမှာ
ရှိတဲ့ လူ့အဖွဲ့အစည်း ရုပ်ပိုင်းဆိုင်ရာ ဘဝအချက်အလက်များက ဆုံးဖြတ်ပြဌာန်းတာဖြစ်တယ်။ ဥပမာ - ကျေး
ကျွန်ခေတ် လူ့အဖွဲ့အစည်းမှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ဘဝအချက်အလက်တွေက ကျေးကျွန်ခေတ် စိတ်ပိုင်းဆိုင်ရာ
ဘဝ အချက်အလက်တွေကို ဆုံးဖြတ်ပြဌာန်းတာဖြစ်တယ်။ ပဒေသရာဇ်ခေတ်တို့၊ အရင်းရှင်ခေတ်တို့မှာလဲ

13
ဒီလိုပါပဲ။ တဖန်စိတ်ပိုင်းဆိုင်ရာ အကြောင်းအချက်တွေက ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေကို ပြန်ပြီးသြဇာ
သက်ရောက်တယ်။

ပေါ်လစီအရ အမှားမဖြစ်စေလိုပါက ကျနော်တို့ဟာ ကျနော်တို့ရဲ့လုပ်ငန်းတွေကို လူအဖွဲ့အ


စည်း ရုပ်ပိုင်း ဆိုင်ရာဘဝ အခိုင်အမာ အချက်အလက်တွေအပေါ်မှာ အခြေစိုက်ထားရမယ်။ ဆိုလိုတာက လူ့
အဖွဲ့အစည်း တကယ့်လက်တွေ့နဲ့ ဘယ်တော့မှ မကင်းကွာရ။ မိမိတို့စိတ်ဆန္ဒအပေါ်မှာ အခြေစိုက်မထား
ရဘူး။ မိမိတို့ရဲ့ စိတ်ဆန္ဒအပေါ်မှာ အခြေစိုက်ပြီး လမ်းစဉ်ပေါ်လစီကိုချလို့မရဘူး။ မိမိတို့ရဲ့ စိတ်ဆန္ဒ
အရဆိုရင် ကနေ့မနက်ဖြန်ဆိုသလို တော်လှန်ရေးအောင်ချင်တာပါပဲ။ ဆန္ဒအပေါ်မြှီပီး အလုပ်လုပ်လို့မရဘူး။
တကယ့်အခြေအနေဖြစ်တဲ့၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စသည်တို့အပေါ်မှီပြီး လမ်းစဉ်ပေါ်လစီတွေကို ချမှတ်
မှ လုပ်ငန်းအောင်မြင်မယ်။

ဒါ့ကြောင့် ပေါ်လစီအရ အမှားမဖြစ်လိုလျှင် လူအဖွဲ့အစည်း လက်တွေ့ဘဝနဲ့ ဘယ်တော့မှ


မကင်းကွာရဘူး - လို့ ရဲဘော်စတာလင်က ပြောခဲ့တယ်။ လူ့အဖွဲ့အစည်း ရုပ်ပိုင်းဆိုင်ရာဘဝ အချက်တွေအ
ပေါ် အခြေစိုက်ဖို့လိုတယ်လို့ ဆိုတာကြောင့် လူ့အဖွဲ့အစည်းမှာရှိ တဲ့ အယူအဆသဘောတရား နိုင်ငံရေး အ
ဆောက်အအုံများနဲ့ သမိုင်းမှာ ၎င်းတို့ပါဝင်တဲ့အခန်းကို မငြင်းပယ်ရုံသာမက ၎င်းတို့ရဲ့ အရေးပါတဲ့ အခန်းကို
လည်း အသိအမှတ်ပြုတယ်။ အလေးထားတယ်။ လူ့အဖွဲ့အစည်းမှာ အယူအဆတွေ ၊ သဘောတရားတွေ
အမျိုးမျိုးဘဲရှိတယ်။ အယူအဆဟောင်း၊ သဘောတရားဟောင်းတွေဟာ ကြေပြုန်းတော့မယ့် အင်အားစုတွေကို
အလုပ်ကျွေးပြုတယ်။ အယူအဆသစ်တွေဟာ ရှေ့တန်းရောက်တဲ့၊ တိုးတက်တဲ့ အင်အားစုတွေကို အလုပ်
ကျွေးပြုတယ်။ လူ့အဖွဲ့အစည်း ရုပ်ပိုင်းဆိုင်ရာ ဘဝရဲ့ ဖြစ်ပေါ်တိုးတက်မှုက တာဝန်သစ်တွေကို ပြဌာန်းလိုက်
တယ်။ ဒီတာဝန်တွေ ဆောင်ရွက်နိုင်ဘို့ အယူအဆသစ်တွေ၊ သဘောတရားအသစ်တွေပေါ်လာတယ်။ ဒီ သ
ဘောတရားအသစ်တွေဟာ လူထုကို ချုပ်ကိုင်နိုင်တာနဲ့ အင်မတန်စွမ်းအားကြီးမားတဲ့ ရုပ်အင်အားကြီး ဖြစ်လာ
တယ်။ လူထုဟာတိုးတက်တဲ့ အယူအဆကို ကိုင်စွဲလိုက်နိုင်တာနဲ့ ဖောက်ပြန်တဲ့အင်အားစုကို ဖြိုဖျက်ပစ်ဖို့ အ
ခွင့်သာလာတယ်။ ကျနော်တို့ဟာ ဒီသဘောတရားတွေကို မှီခိုဆုပ်ကိုင်ကျင့်သုံးရမယ်။ ၎င်းရဲ့ စည်းရုံးလှုံဆော်
ပြောင်းလဲပြစ်နိုင်တဲ့ စွမ်းအားကို အသုံးချကြရမယ်။

တတိယပြဿနာ။ ။ သမိုင်းရုပ်ဝါဒ

အနုပဋိလောမ ရုပ်ဝါဒမူတွေကို လူ့အဖွဲ့အစည်းသို့ တိုးချဲ့လိုက်ပြီး သမိုင်းရုပ်ဝါဒအမြင် ဖြစ်ပေါ်


လာတယ်။ သမိုင်းရုပ်ဝါဒ အမြင်အရ လူမှုရေးဘဝဟာ လူမှုရေးအသိကို ဆုံးဖြတ်ပြဌာန်းတယ်။ တနည်းအားဖြင့်
လူ့အဖွဲ့အစည်း ရုပ်ပိုင်းဆိုင်ရာဘဝအကြောင်းအချက်တွေက လူ့အဖွဲ့အစည်းရဲ့ စိတ်ပိုင်းဆိုင်ရာ ဘဝအကြောင်း
အချက်တွေကို ဆုံးဖြတ်ပြဌာန်းတယ်။ လူ့အဖွဲ့အစည်းရဲ့ ပုံပန်းသဏ္ဍာန်၊ လူ့အဖွဲ့အစည်းရဲ့ အယူအဆများ၊
နိုင်ငံရေး အဆောက်အအုံများကို ဆုံးဖြတ်ပြဌာန်းတယ်။ အပြန်အလှန်အားဖြင့် လူမှုရေးအသိကလဲ လူမှုရေး
ဘဝကိုပြဌာန်းပြီး သြဇာသက်ရောက်စေတယ်။ လူ့အဖွဲ့အစည်းဖြစ်ပေါ်တိုးပွားမှုကို လျင်မြန်စေနိုင်တယ်။ ဒါမှ
မဟုတ် နှေးကွေးစေနိုင်တယ်။ လူ့အဖွဲ့အစည်း ရုပ်ပိုင်းဆိုင်ရာဘဝရဲ့ အချက်အလက်တွေဟာ ဘာတွေလဲ ?
၎င်းရဲ့ ထင်ရှားတဲ့အင်္ဂါ ရပ်တွေဟာ ဘာတွေလဲ?

14
လူ့အဖွဲ့အစည်းရုပ်ပိုင်းဆိုင်ရာ ဘဝရဲ့ အချက်အလက်

၁။ ပထဝီပတ်ဝန်းကျင် - ပထဝီပတ်ဝန်းကျင်ဟာ လူ့အဖွဲ့အစည်းဖြစ်ပေါ်တိုးပွားမှုအတွက် မရှိမဖြစ်တဲ့ အမြဲတမ်း


လိအ
ု ပ်တဲ့ အချက်အလက်တရပ်ဖြစ်တယ်။ လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှုကို ၎င်းက သြဇာသက်ရောက်
တယ်။
ပထ၀ီပတ်ဝန်းကျင်ဟာ လူ့အဖွဲ့အစည်းဖြစ်ပေါ်တိုးပွားမှုမှာ ဘယ်အခန်းကပါသလဲ ? လူ့အဖွဲ့
အစည်းရဲ့ ပုံပန်းသဏ္ဍာန်၊ လူ့အဖွဲ့အစည်းရဲ့ လက္ခဏာ၊ လူ့အဖွဲ့အစည်း စနစ်တခုမှ တခုသို့ကူးပြောင်းတဲ့ နေ
ရာမှာ ၎င်းဟာ အဓိက အဆုံးအဖြတ်ပေးတဲ့ အခန်းက ပါ, ပါသလား ?
သမိုင်းရုပ်ဝါဒက ၎င်းဟာ အဓိကအဆုံးအဖြတ်ပေးတဲ့ အခန်းကမပါဘူးလို့ ယူဆတယ်။ လူ့အဖွဲ့
အစည်းဖြစ်ပေါ်တိုးတက်မှုအတွက် ၎င်းဟာ လျင်မြန်စေတယ်။ သို့မဟုတ် နှေးကွေးစေတယ်။ ဒီအခန်းကပါ
တယ်။ လွန်ခဲ့တဲ့ အနှစ်(၃၀၀၀)ကျော်အတွင်းက ဥရောပမှာ လူမှုရေးစနစ်(၃)ခုကိုကျော်ဖြတ်ခဲ့တယ်။ ကျေးကျွန်စ
နစ်၊ ပဒေသရာဇ်စနစ်၊ အရင်းရှင်စနစ်တို့ပဲ။ ဥရောပအရှေ့ပိုင်းမှာ ဆိုရှယ်လစ်စနစ်နိုင်ငံဖြစ်ပေါ်လာပြီး နောက်ဆို
ရင် စနစ်(၄)ခုတောင် ဖြတ်ခဲ့တယ်။ ကျေးကျွန်စနစ်၊ ပဒေသရာဇ်မြေရှင်စနစ်၊ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်
စတဲ့ ဒီစနစ်(၄)ခုကိုဖြတ်ခဲ့တယ်။ ဒါပေမဲ့ အနှစ်(၃၀၀၀) ကျော်အတွင်းမှာ ဥရောပရဲ့ ပထဝီပတ်ဝန်းကျင်က ဘယ်
လောက်ပြောင်းလဲသွားသလဲ? ထူးထူးခြားခြား မပြောင်းလဲခဲ့ဘူး။ သို့သော်လူ့အဖွဲ့အစည်းကျတော့ အဆင့်
အချို့ ပြောင်းသွားပြီ။ ဒါ့ကြောင့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှုမှာ ပထဝီပတ်ဝန်းကျင်ဟာ မရှိရင်မဖြစ်ပေမဲ့
အဆုံးအဖြတ်ပေးတဲ့အခန်းက မပါဘူး။
ပထဝီပတ်ဝန်းကျင်မှာ အရေးကြီးတဲ့ ပြောင်းလဲမှုဖြစ်ဖို့ဆိုရင် နှစ်သန်းပေါင်းချီပြီး လိုအပ်တယ်။ ဒါ့
ကြောင့် လူ့အဖွဲ့အစည်းတိုးတက်မှုအတွက် ၎င်းဟာ အဓိကအခန်းကမပါနိုင်။

၂။ လူဦးရေ တိုးတက်မှု၊ သိပ်သည်းမှု - ဒါဟာလည်းလူ့အဖွဲ့အစည်း တိုးတက်မှုအတွက် လိုအပ်တဲ့ အချက်အ


လက်တရပ်ဖြစ်တယ်။ ကျနော်တို့အားလုံး သိတဲ့အတိုင်း လူ့အဖွဲ့အစည်း ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေထဲ
မှာ လူဟာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်။ ဒါ့ကြောင့် လူအရေအတွက် တစုံတရာမပါပဲ လူ့အဖွဲ့အစည်း
ရဲ့ ရုပပ
ိုင်းဆိုင်ရာ ဘဝဆိုတာမရှိနိုင်။ လူဦးရေတိုးတက်မှု- သိပ်သည်းမှုဟာ လူအဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှုကို
သြဇာသက်နိုင်တယ်။ လျှင်မြန်စေနိုင်တယ်။ သို့မဟုတ် နှေးကွေးစေနိုငတ
် ယ်။ ဒါပေမဲ့ အဆုံးအဖြတ်ပေးတဲ့
အခန်းက ပါပါသလား? ဒါနဲ့ပတ်သက်လို့ သမိုင်းရုပ်ဝါဒက လူဦးရေတိုးတက်မှု - သိပ်သည်းမှုဟာ အဆုံးအဖြတ်
အခန်းက မပါဘူးလို့ယူဆတယ်။ လူ့အဖွဲ့အစည်းစနစ်တခုကို အခြားလူ့အဖွဲ့အစည်း စနစ်တခုက အစားထိုး
တာဟာ လူဦးရေ တိုးတက်မှု - သိပ်သည်းမှုဆိုတဲ့ အကြောင်းကြောင့်မဟုတ်ဘူး။ ဥပမာ- ရှေးဘုံစနစ်ကို ဘာ
ကြောင့်ကျေးကျွန်စနစ်နဲ့ အစားထိုးနိုင်သလဲ? ကျေးကျွန်စနစ်ကို ပဒေသရာဇ်စနစ်နဲ့ ဘာ့ကြောင့် အစားထိုးနိုင်
သလဲ? အရင်းရှင်စနစ်ကို ဆိုရှယ်လစ်စနစ်နဲ့ ဘာ့ကြောင့် အစားထိုးနိုင်သလဲ ?
ဒါကို လူဦးရေတိုးတက်မှုက အဖြေမပေးနိုင်ဘူး။ လူဦးရေတိုးတက်မှုကသာ အဆုံးအဖြတ်ပေးတဲ့
အခန်းကပါရင် လူဦးရေ တိုးတက်သိပ်သည်းတဲ့ နိုင်ငံက လူမှုစနစ်ဟာ လူဦးရေနည်းတဲ့နိုင်ငံထက် ရှေ့တန်း
ရောက်နေမှာပေါ့။ တကယ်တော့ဒီလိုဖြစ်မလာဘူး။ ဥပမာ- ဘယ်လ်ဂျီယံမှာ လူဦးရေသိပ်သည်းမှုဟာ အမေရိ
ကန် လူဦးရေသိပ်သည်းမှုထက် (၁၉) ဆ များတယ်။ (ဒါ စတာလင်လက်ထက်က အချက်အလက်ပါ)။ ဒါပေမဲ့
ဘယ်လ်ဂျီယံရဲ့ လူ့အဖွဲ့အစည်းစနစ်က အမေရိကန်ထက် မမြင့်ဘူး။ အိန္ဒိယဟာ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊
ဗမာပြည်တို့ထက် လူဦးရေတိုးတက်မှု- သိပ်သည်းမှု ပိုများတယ်။ အိန္ဒိယ လူဦးရေသိပ်သည်းမှုဟာ ထိုင်းတို့
ထက် အဆပိုများတယ်။ (ဒါ စစ်မဖြစ်ခင်က အချက်အလက်ပါပဲ)။ ဒါပေမဲ့လူ့အဖွဲ့အစည်းစနစ် အရတော့

15
ဒီတိုင်းပြည်တွေဟာ အတူတူပါပဲ။ လူဦးရေတိုးတက်မှု - သိပ်သည်းမှုကြောင့် လူအဖွဲ့အစည်းစနစ် ပိုမြင့်တာ မ
ဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။

ဒါကြောင့် လူဦးရေတိုးတက်မှု - သိပ်သည်းမှုဟာ လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်မှု အတွက် အဓိ ကကျတဲ့


အဆုံးအဖြတ်ပေးတဲ့ အခန်းကမပါဘူး။

ဒီလိုဆိုရင် အဆုံးအဖြတ်ပေးတဲ့ အခန်းကပါတာ ဘယ်အင်အားလဲ?

ရုပ်ဝတ္ထုတန်ဘိုးများကို ထုတ်လုပ်ရေး (ဝါ) ထုတ်လုပ်နည်း

လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှုကို အဆုံးအဖြတ်ပေးတဲ့ အင်အားဟာ လူတွေရဲ့ဘဝတည်မြဲမှုအ


တွက် လိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို၊ ရုပ်ဝတ္ထုတန်ဖိုးများကို ထုတ်လုပ်တဲ့နည်းဖြစ်တယ်။ ထုတ်လုပ်ရေး
ဖြစ်တယ်။ ဥပမာ - အစားအစာ၊ အဝတ်အထည်၊ အဆောက်အဦး၊ လောင်စာ၊ ထုတ်လုပ်ရေးကရိယာများ အစရှိ
တဲ့ ရုပ်ဝတ္ထုတန်ဖိုးများဖြစ်တယ်။ ဒီအချက်အလက်ဟာ လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်မှု အတွက်
အဆုံးအဖြတ် ပေးတဲ့အခန်းကပါတယ်။

ထုတ်လုပ်နည်း
(Mode of Production)

ထုတ်လုပ်ရေးအင်အားစုများ ထုတ်လပ
ုရေးဆက်ဆံမှုများ
(Foeces of Production) (Relation of Production)

ထုတ်လုပ်ရေးပစ္စည်းများ - ထုတလ
်ုပ်တဲ့လူ ၁။ ထုတ်လုပ်ရေးပစ္စည်းပိုင်ဆုင
ိမှုအခြေအနေ
- ထုတ်လုပ်ရေးအတွေ့ ၂။ ထုတလ
်ုပ်ရေးဖြစ်စဉ်အတွင်းဆက်ဆေ
ံ ရး
အကြုံနဲ့အလုပ်ကျွမ်းကျင်မှု အခြေအနေ
တစုံတရာရှိသူ ။ ၃။ အထွက်ပစ္စည်းများကိုခွဲဝေသည့်အခြေ
အနေ။

တောတောင်၊ ရေမြေ၊ ဓာတ်သတ္တု၊


သယံဇာတပစ္စည်းများ၊ ကုန်ကြမ်းများ၊
ထုတ်လုပ်ရေးအဆောက်အဦးများ၊ ထုတ်
လုပ်ရေးကရိယာများ၊ သယ်ယူပို့ဆောင်ရေးကရိယာများ၊
ဆက္သြယေ
် ရးကရိယာများ ။

ထုတ်လုပ်ရေးမှာ အပိုင်း(၂)ပိုင်း ပါဝင်ပါတယ်။

16
- တခုက ထုတလ
် ပ
ုရေးအင်အားစုများ ၊
- တခုက ထုတလ
် ပ
ုရေး ဆက်ဆံမှုများ ဖြစ်တယ်။

ထုတ်လုပ်ရေးအင်အားစုထဲမှာ ထုတ်လုပ်တဲ့ပစ္စည်းများနဲ့ ထုတ်လုပ်တဲ့လူတို့ပါဝင်ပါတယ်။

ထုတ်လုပ်ရေးပစ္စည်းများထဲမှာ ကုန်ကြမ်းများ၊ သတ္တုရိုင်းများ၊ ထုတ်လုပ်ရေး အဆောက်အဦးများ၊ ထုတ်လုပ်ရေး


ကရိယာများ၊ သယ်ယူပို့ဆောင်ရေး ကရိယာများ၊ ဆက်သွယ်ရေးကရိယာများ စသည်တို့ပါဝင်ပါ တယ်။

ထုတ်လုပ်တဲ့လူဆိုတာ ထုတ်လုပ်တဲ့ အတွေ့ကြုံနဲ့ အလုပ်ကျွမ်းကျင်မှု တစုံတရာရှိပြီး ထုတ်လုပ်ရေးကရိယာ


တွေကို ကိုင်တွယ်အသုံးချကာ ထုတ်လုပ်ရေးလုပ်တဲ့လက
ို ပြောတာဖြစ်တယ်။
ထုတ်လုပ်ရေးအင်အားစုဟာ ရုပ်ဝတ္ထုတန်ဘိုးများကို ထုတ်လုပ်ရာမှာ လူနဲ့သဘာဝအင်အားစုများ အ
ကြား ဆက်ဆံမှုကိုဖော်ပြတယ်။ လူတွေဟာ မိမိတို့ဘဝတည်မြဲရေးအတွက် လိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းများရရှိဘို့
ရန်အတွက် သဘာဝအင်အားစုများနဲ့ ရင်ဆိုင်ပြီး တိုက်ပွဲဝင်ကြရတယ်။ သဘာဝအင်အားစုများကို အသုံးချကြရ
တယ်။ ထုတ်လုပ်ရေးကရိယာများကို ကိုင်ဆွဲပြီး သဘာဝအင်အားစုများကို အလုပ်ရဲ့ပစ်ကွင်းအဖြစ်ထားကာ
ထုတ်လုပ်ရေးလုပ်ကြရတယ်။ ထုတ်လုပ်ရေးအင်အားစုများဟာ ထုတ်လုပ်ရေးရေချိန် ဘယ်လောက်ရှိတယ် ဆို
တာကို ဖော်ပြတယ်။

ထုတ်လုပ်ရေးဆက်ဆံမှုများဟာ ထုတ်လုပ်ရေးဖြစ်စဉ်အတွင်းမှာရှိတဲ့ လူများအကြားရှိ ဆက်ဆံမှုဖြစ်တယ်။


ထုတ်လုပ်ရေး ဆက်ဆံမှုများထဲမှာ အတွင်းသဘော(၃)ခု ပါရှိတယ်။

၁။ ထုတ်လုပ်ရေးပစ္စည်းတွေကို ပိုင်ဆိုင်မှု အခြေအနေ။


ထုတ်လုပ်ရေးပစ္စည်းတွေကို ဘယ်သူပိုင်သလဲ ? လူတဦးတယောက်လား၊ လူတစုလား၊ လူတန်းစားလား၊ လူ့
အဖွဲ့အစည်း တခုလုံးကပိုင်တာလား ? တနည်းပြောရရင် ပိုင်ဆိုင်မှုဆက်ဆံရေးဟာ ထုတ်လုပ်ရေးဆက်ဆံမှု
များရဲ့ တရားဥပဒေဆိုင်ရာ ဖော်ပြချက်ဖြစ်တယ်။ ထုတ်လုပ်ရေးပစ္စည်းများကို ပိုင်ဆိုင်မှု သို့မဟုတ် ပိုင်ဆိုင်မှု
ဆက်ဆံရေးဟာ ထုတ်လုပ်ရေးဆက်ဆံမူများထဲမှ အခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်တယ်။

၂။ ထုတ်လုပ်ရေးဖြစ်စဉ်အတွင်းမှာ ပါဝင်တဲ့ လူတွေရဲ့ အဆင့်နေရာ။

ထုတ်လုပ်ရေးပစ္စည်းများကို ပိုင်ဆိုင်မှုအပေါ် အခြေခံထားပြီး ထုတ်လုပ်ရေးဖြစ်စဉ်အတွင်းမှာ ပါဝင်ကြ


တဲလ
ူ့များရဲ့ အဆင့်နေရာဟာ မတူကြတော့ဘူး။ ဥပမာ - အရင်းရှင် လူ့အဖွဲ့အစည်းမှာ အရင်းရှင်နဲ့ အလုပ်သ
မားဟာ ထုတ်လုပ်ရေးဖြစ်စဉ်ထဲမှာ ပါဝင်နေကြတယ်။ အရင်းရှင်က ထုတ်လုပ်ရေးပစ္စည်းတွေကို ပိုင်ဆိုင်တဲ့အ
တွက် ထုတ်လုပ်ရေးကို စီမံအုပ်ချုပ်သူဖြစ်ပြီး၊ ထုတ်လုပ်ရေးဖြစ်စဉ်မှာ သူက သွေးစုတ်သူ အခန်းကပါဝင်တယ်။
အလုပ်သမားတွေကြတော့ ထုတ်လုပ်ရေးပစ္စည်းကင်းမဲ့ပြီး လုပ်အားရောင်းစားရသူ ဖြစ်တဲ့အတွက် ထုတ်လုပ်ရေး
ဖြစ်စဉ်အတွင်းမှာ သွေးစုတ်ခံရသူ အခန်းကပါဝင်ပါတယ်။ အလားတူ ပဒေသရာဇ်မြေရှင်နဲ့ မြေကျွန် (သို့မဟုတ)်
လယ်သမားအကြားဆက်ဆံမှုဟာ အဓိကထုတ်လုပ်ရေးဖြစ်တဲ့ မြေယာပိုင်ဆိုင်မှု အခြေခံပေါ်မှာ၊ ထုတ်လုပ်ရေး
ဖြစ်စဉ်အတွင်းမှာ သူတို့ရဲ့ဆက်ဆံရေးဟာ မတူကြတော့ဘူး။ သွေးစုတ်သူနဲ့ သွေးစုတ်ခံရသူတို့ရဲ့ ဆက်ဆံမှု
အဖြစ်ဖော်ပြတယ်။

၃။ ထုတ်လုပ်လိုက်တဲ့ အထွက်ပစ္စည်းတွေကို ခွဲဝေမှုအခြေအနေ။

17
ထုတ်လုပ်ရေးပစ္စည်းများကို ပိုင်ဆိုင်မှုအပေါ်အခြေခံပြီး ထုတ်လုပ်လိုက်တဲ့ အထွက်ပစ္စည်းတွေကို
ထုတ်လုပ်ရေးပစ္စည်းပိုင်ဆိုင်သူက ရရှိခဲ့တယ်။ ဥပမာ - အရင်းရှင်လူ့အဖွဲ့အစည်းမှာ အလုပ်သမားက ထုတ်လုပ်
သူဖြစ်ပါလျှက်နဲ့ ထုတ်လုပ်ရေးပစ္စည်းကို ပိုင်ဆိုင်သူ မဟုတ်တဲ့အတွက် အထွက်ပစ္စည်းကို သူမရဘူး။ အထွက်
ပစ္စည်းဝေခွဲမှုမှာ အလုပ်သမားဟာ မသေရုံလုပ်ခ အနည်းငယ်သာရတယ်။ ကျန်တာအားလုံးကို အရင်းရှင်တွေက
အပိုင်စီးသွားတယ်။
ဒီ (၃)ပိုင်းစလုံးရဲ့ စုစုပေါင်းကို ထုတ်လုပ်ရေးဆက်ဆံမှုများလို့ခေါ်တယ်။ တနည်းအားဖြင့် စီးပွားရေး
ဆက်ဆံမှုလို့ ခေါ်တယ်။ ဒီထုတ်လုပ်ရေးဆက်ဆံမှု (စီးပွားရေးဆက်ဆံမှု)များဟာ လူ့အဖွဲ့အစည်းရဲ့ စီးပွားရေး
အခြေခံအုတ်မြစ်ဖြစ်တယ်။
သမိုင်းရုပ်ဝါဒအရပြောရင် လူအဖွဲ့အစည်းမှာ လူမှုဆက်ဆံရေး အမျိုးမျိုးရှိတယ်။ စီးပွားရေး၊ တရားဥပ
ဒေ၊ နိုင်ငံရေး၊ ဘာသာရေး၊ အနုပညာ၊ ကိုယ်ကျင့်တရားစသည့် ၎င်းဆက်ဆံမှုများအနက် စီးပွားရေးဆက်ဆံမှု
ဟာ အခြေခံအုတ်မြစ်ဖြစ်တယ်။ ဒီစီးပွားရေး အခြေခံအုတ်မြစ်ပေါ်မှာ တရားဥပဒေဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ အ
ထက်အဆောက်အအုံ ပေါ်ထွက်လာတယ်။ ၎င်းအထက်အဆောက်အအုံနဲ့ လျော်ညီတဲ့ နိုင်ငံရေး၊ တရားဥပဒေ
ရေးဆိုင်ရာ အယူအဆများ၊ ကိုယ်ကျင့်တရား၊ အနုပညာ၊ ၀ိဇ္ဖာပညာ၊ အဘိဓမ္မာ၊ ဘာသာရေးဆိုတဲ့ လူမှုရေးအ
သိသဏ္ဍာန်များဟာ ပေါ်ထွက်လာတယ်။ သမိုင်းရုပ်ဝါဒအမြင်က ထုတ်လုပ်ရေးဆိုတာ လူတယောက်ထဲ တသီး
တခြား ထုတ်လုပ်နေတယ်ထင်ရပေမယ့် ဘယ်အချိန်ကာလ၊ ဘယ်အကြောင်းအချက် အောက်မှာပဲဖြစ်ဖြစ် ထုတ်
လုပ်ရေးဟာ လူအဖွဲ့အစည်းဆိုင်ရာ ထုတ်လုပ်ရေးဖြစ်တယ်။ ဥပမာ- လယ်သမားတယောက်ဆိုရင် သူ့ထုတ်
လုပ်ရေးက ရတာတခုထဲနဲ့ သူ့လိုအပ်ချက်တွေကို အကုန်မဖြေရှင်းနိုင်ဘူး။ သူထုတ်လုပ်လိုက်တဲ့ စပါးထဲ က
ဝမ်းစာစပါးနဲ့ မျိုးစပါးချန်ရတယ်။ နောက် သူလိုအပ်တဲ့ စားရေးဝတ်ရေးအတွက်၊ အိမ်ယာဆောက်လုပ်ရေးနဲ့
အိမ်သုံးပရိဘောဂများအတွက်၊ ဆေးဘိုးဝါးခနဲ့ သာရေးနာရေးအတွက် ငွေရဘို့လိုအပ်လာတယ်။ ဒါကြောင့်
ကျန်တဲ့စပါးကို ဈေးမှာထုတ်ရောင်းရတယ်။ သူပစ္စည်းကို အခြားလူများက လက္ခံမှ ဝယ်ပါမှ သူငွေရမယ်။ သူငွေရ
မှ သူ့ စားဝတ်နေရေးကို ဖြေရှင်းနိုင်မယ်။ ဆိုလိုတာက လူတိုင်းက ထုတ်လုပ်လိုက်တဲ့ အထွက်ပစ္စည်းတွေဟာ
ဈေးကွက်မှာ အပြန်အလှန်ဖလှယ်နိုင်မှ လူ့အဖွဲ့အစည်းက အသိအမှတ်ပြုမှ စားဝတ်နေရေး ပြဿနာကို ပြောင်း
နိုင်မှာဖြစ်တယ်။ ဒါကြောင့် သမိုင်းရုပ်ဝါဒအမြင်အရ ထုတ်လုပ်ရေးဟာ ဘယ်အချိန်ကာလ၊ ဘယ်အကြောင်း အ
ချက်အောက်မှာဖြစ်ဖြစ် လူအဖွဲ့အစည်းဆိုင်ရာ ထုတ်လုပ်ရေးပဲဖြစ်တယ်။ ထုတ်လုပ်ရေးလုပ်ရာမှာ လူတွေ
အကြားတနည်းနည်းနဲ့ ဆက်ဆံမှုရှိရမယ်။ အဲဒီဆက်ဆံရေးဟာ သွေးစုတ်မှုလွတ်ကင်းတဲ့ လူများအကြား အပြန်
အလှန်ပူးပေါင်းရေး၊ အပြန်အလှန်ကူညီရေးလဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် သွေးစုတ်မှုနဲ့ သွေးစုတ်ခံရမှု၊ စိုးမိုးချယ်
လှယ်မှုနဲ့ အချယ်အလှယ်ခံရမှုလဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် သွေးစုတ်တဲ့ ဆက်ဆံရေးမှ သွေးစုတ်မှုလွတ်ကင်းတဲ့
ဆက်ဆံရေးသို့ ကူးပြောင်းတဲ့ သဏ္ဍာန်လဲ ဖြစ်နိုင်ပါတယ်။

စတုတ္ထပြဿနာ။ ။ ထုတ်လုပ်နည်းရဲ့ အင်္ဂါရပ်များ

အင်္ဂါရပ် (၃)ခုရှိတယ်။

၁။ ပထမအင်္ဂါရပ် - ထုတ်လုပ်နည်းဟာ အမြဲတမ်းပြောင်းလဲနေတယ်။ ဖြစ်ပေါ်တိုးပွားနေတယ်။ ထုတ်လုပ်နည်း


မှာ ပြောင်းလဲမှုတွေဟာ မလွှဲမရှောင်သာလူ့အဖွဲ့အစည်း စနစ်တခုလုံးကို ပြောင်းလဲစေတယ်။ လူအဖွဲ့အစည်းရဲ့
အယူအဆများ၊ နိုင်ငံရေးအမြင်များ၊ နိုင်ငံရေးအဆောက်အအုံများကို ပြောင်းလဲစေတယ်။ လူအဖွဲ့အစည်းရဲ့
နိုင်ငံရေးစနစ်တခုလုံး ပြန်လည်တည်ဆောက်မှုကို ဖြစ်ပေါ်စေတယ်။ လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှုရဲ့ မတူတဲ့
အဆင့်တွေမှာ လူတွေဟာ မတူတဲ့ ထုတ်လုပ်နည်းများကို အသုံးပြုခဲ့ကြတယ်။ မတူတဲ့ ဘဝအနေအထားတွေ

18
ရှိခဲ့ကြတယ်။ ရှေးဘုံလူ့အဖွဲအစည်းမှာ ထုတ်လုပ်နည်းတခု ၊ ကျေးကျွန်လူ့အဖွဲ့အစည်းမှာ အခြားထုတ်လုပ်
နည်းတခု၊ ပဒေသရာဇ်မြေရှင်လူ့အဖွဲ့အစည်းမှာ ထုတ်လုပ်နည်းတခု၊ အရင်းရှင်လူ့အဖွဲ့အစည်းမှာ အခြား
ထုတ်လုပ်နည်းတခု၊ ဆိုရှယ်လစ်လူ့အဖွဲ့အစည်းမှာလဲ နောက်အခြားထုတ်လုပ်နည်းတခု စသဖြင့် မတူတဲ့ လူ့
အဖွဲ့အစည်းဖြစ်ပေါ်တိုးပွားမှု အဆင့်တွေမှာ မတူတဲ့ထုတ်လုပ်နည်းတွေ ရှိခဲ့ကြတယ်။ ဒီလိုထုတ်လုပ်နည်း မတူ
သလို လူ့အဖွဲ့အစည်းဆိုင်ရာစနစ်၊ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာဘဝ၊ လူတွေရဲ့အမြင်တွေ၊ လူတွေရဲ့နိုင်ငံရေး အ
ဆောက်အအုံတွေဟာလဲ ကွဲပြားခြားနားခဲ့ကြပါတယ်။ လူ့အဖွဲ့အစည်းတရပ်မှာ ထုတ်လုပ်နည်း ဘယ်လိုရှိသ
လဲ? ဒါနဲ့လျော်ညီစွာ လူ့အဖွဲ့အစည်းရဲ့ အယူအဆများ၊ သဘောတရားများ၊ နိုင်ငံရေးအမြင်၊ နိုင်ငံရေး အ
ဆောက်အအုံများဟာ ဖြစ်ပေါ်လာတာပဲ။ အ ကြမ်းဖျင်းပြောရရင် လူတွေရဲ့ ဘဝအနေအထား မတူသလိုဘဲ လူ
တွေရဲ့ တွေးခေါ်မှု အနေအထားလဲ မတူကြပါဘူး။
ဒါ့ကြောင့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှုသမိုင်းဟာ ထုတ်လုပ်ရေးဖြစ်ပေါ်တိုးပွားမှု သမိုင်းဖြစ်
တယ်။ ရာစုနှစ်ပေါင်းများစွာအတွင်း ထုတ်လုပ်နည်းတခုက အခြားတခုသို့ ပြောင်းလဲတဲ့သမိုင်းလဲဖြစ်တယ်။ တ
နည်းအားဖြင့်ပြောရရင် လူ့အဖွဲ့အစည်းဖြစ်ပေါ်တိုးတက်မှုသမိုင်းဟာ ထုတ်လုပ်ရေးအင်အားစုများနဲ့ ထု တ်လုပ်
ရေးဆက်ဆံမှုများရဲ့ ဖြစ်ပေါ်တိုးတက်မှုသမိုင်းလဲဖြစ်တယ်။ ထိုနည်းအတူ လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်မှု
သမိုင်းဟာ ထုတ်လုပ်ရေးဖြစ်စဉ်မှာ အဓိကအင်အားဖြစ်တဲ့ လုပ်သားပြည်သူတွေရဲ့ သမိုင်းဖြစ်တယ်။ လူ့အဖွဲ့
အစည်းသမိုင်းဟာ ရှင်ဘုရင်တွေရဲ့ သမိုင်းမဟုတ်ဘူး။ သူရဲကောင်းတွေရဲ့ သမိုင်းလဲမဟုတ်၊ ပြည်သူတွေရဲ့ သ
မိုင်းသာဖြစ်တယ်။ ဒါကြောင့် သမိုင်းဝိဇ္ဖာပညာဟာ တကယ်တန်း ဝိဇ္ဖာပညာဖြစ်ဖို့ဆိုရင် လူ့အဖွဲ့အစည်းသမိုင်း
ကို ရှင်ဘုရင်တွေရဲ့ သမိုင်း၊ သူရဲကောင်းတွေရဲ့သမိုင်းအဖြစ် မကြည့်ရဘူး။ မဖြစ်စေရဘူး။ ထုတ်လုပ်ရေးအင်
အားစုနဲ့ ထုတ်လုပ်ရေး ဆက်ဆံမှုသမိုင်း၊ လုပ်သားပြည်သူတွေရဲ့သမိုင်းအဖြစ် ကြည့်ရမယ်။
လူ့အဖွဲ့အစည်းသမိုင်းရဲ့ တရားတွေကိုလေ့လာဘို့ လမ်းစရှာတဲ့အခါ၊ ကျနော်တိုဟာဘယ်မှာရှာမလဲ?
လူတွေရဲ့စိတ်ထဲမှာသွားမရှာရ။ လူတွေရဲ့ အမြင်၊ အတွေးအခေါ် အယူအဆတွေထဲမှာ သွားမရှာရ။ လူ့အဖွဲ့
အစည်း ရဲ့ ထုတ်လုပ်ရေးထဲမှာ သွားရှာရမယ်။ လူ့အဖွဲ့အစည်းရဲ့ စီးပွားရေးဘဝမှာ သွားရှာရမယ်။
ဒါကြောင့် ကျနော်တို့ဟာ ထုတ်လုပ်ရေးတရားများကို နားလည်ရမယ်။ လူ့အဖွဲ့အစည်းဖြစ်ပေါ်တိုးပွား
မှု တရားတွေကို နားလည်ရမယ်။ ပေါ်လစီအရ အမှားမဖြစ်လိုရင် သော်လည်းကောင်း၊ ပေါ်လစီများရေးဆွဲရာမှာ
သော်လည်းကောင်း၊ လုပ်ငန်းစဉ်မျုား ရေးဆွဲရာမှာ သော်လည်းကောင်း၊ လက်တွေ့လုပ်ဆောင်ရာမှာ သော်
လည်းကောင်း၊ လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှုတရားတွေက အစချီရမယ်။ ဒါနဲ့ပတ်သက်လို့ အိန်ဂျယ်လ်က
လူ့အဖွဲ့အစည်း ပြောင်းလဲမှုအားလုံးနဲ့ နိုင်ငံရေး၊ တော်လှန်ရေးတွေရဲ့ နောက်ဆုံး အကြောင်းအရင်းတွေကို လူ
တွေရဲ့ ဦးဏှောက်ထဲမှာ မရှာပါနဲ့ ။ ထာဝရအမှန်တရားနဲ့ တရားမျှတမှုအပေါ် သိမြင်နားလည်မှုထဲမှာ မရှာပါ
နဲ့။ လူ့အဖွဲ့အစည်းထုတ်လုပ်နည်းနဲ့ အထွက်ပစ္စည်း ဖလှယ်တဲ့နည်းထဲမှာရှာပါ။ ခေတ်တိုင်းခေတ်တိုင်းရဲ့ အဘိ
ဓမ္မာထဲမှာ မရှာပါနဲ့။ ခေတ်တိုင်းခေတ်တိုင်းရဲ့ ဘောဂဗေဒထဲမှာ ရှာပါလို့ပြောခဲ့တယ်။ ဒါ့ကြောင့် လမ်းစဉ်တခု၊
ပေါ်လစီတခု ချတော့မယ်ဆိုရင် အဲဒီတိုင်းပြည်ရဲ့ စီးပွားရေးဘ၀ကို ခွဲခြမ်းစိတ်ဖြာရမယ်။ ဒါကြောင့် ဗမာပြည်
ကွန်မြုနစ်ပါတီက လမ်းစဉ်ချမှတ်ရာမှာ ပထမဦးဆုံး ဗမာပြည်လူ့အဖွဲ့အစည်းကို စူးစမ်းလေ့လာတယ်။ ဗမာပြည်
လူအဖွဲ့အစည်းဟာ ဘယ်လိုလူအဖွဲ့အစည်းလဲ? ၎င်းရဲ့ စီးပွားရေးဆက်ဆံမှု၊ ထုတ်လုပ်ရေးဆက်ဆံမှု၊ ဘယ်လို
ရှိသလဲ? အဲဒါကို ကြည့်တဲ့အခါ ကိုလိုနီတပိုင်း၊ ပဒေရာဇ်တပိုင်းလူ့အဖွဲ့အစည်း ဖြစ်တယ်လို့တွေ့ရတယ်။
အင်္ဂလိပ်နယ်ချဲ့သမား လက်အောက်မှာ အင်္ဂလိပ်နယ်ချဲ့သမားတဦးတည်းက လက်ဝါးကြီးအုပ်သွေးစုတ်တဲ့ ကို
လိုနီတပိုင်းတိုင်းပြည်ဖြစ်တယ်။ ဖဆပလ ထဲက အမျိုးသားအရင်းရှင် လက်ျာဂိုဏ်းကို အင်္ဂလိပ်နယ်ချဲ့သမားက
အာဏာပေးပြီးနောက်မှာ နိုင်ငံရေးအရ လွတ်လပ်ပေမဲ့ စီးပွားရေးအရ မလွတ်လပ်တဲ့ နယ်ချဲ့ပေါင်းစုံ အပေါ်
မှခ
ီိုလာတဲ့ ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဆင်နွှဲရမဲ့ တော်လှန်

19
ရေးဟာ နယ်ချဲ့ဆန့်ကျင်တဲ့၊ ပဒေသရာဇ်ဆန့်ကျင်တဲ့ ဗျုရိုကရက်အရင်းရှင်ဆန့်ကျင်တဲ့ ပြည်သူ့ဒီမိုကရေစီ
တော်လှန်ရေးဖြစ်တယ်။
ဒါ့ကြောင့်ဒေသတခုကို ရောက်တဲ့အခါ ပထမဦးဆုံးဒေသရဲ့ စီးပွားရေး၊ ထုတ်လုပ်ရေးဆက်ဆံမှုကို အ
လေးထားပြီးလေ့လာရမယ်။ အဲဒီအခြေခံပေါ်မှာ လူတန်းစားအသီးသီးရဲ့ အနေအထားဘယ်လိုရှိသလဲဆိုတာ ရှာ
ရမယ်။ ဒီအပေါ်ကနေတည်ရှိတဲ့ ပြဿနာတွေနဲ့ ဒီပြဿနာတွေကို ဘယ်လိုနည်းနာတွေနဲ့ ဖြေရှင်းမလဲဆိုတာ
စဉ်းစားရမယ်။
လုပ်ငန်းလမ်းစဉ် ပေါ်လစီရေးဆွဲတဲ့အခါမှာ ထုတ်လုပ်ရေး ဆက်ဆံမှုဘယ်လိုရှိသလဲ ? စီးပွားရေးဆက်
ဆံမှုဘယ်လိုရှိသလဲ? ဒါတွေကို အလေးထားဖို့တောင်းဆိုတယ်။ ဒီအခြေခံပေါ်က လူ့အဖွဲ့အစည်း၊ လူတန်းစား
အလွှာတွေ ဘယ်လိုရှိသလဲ ဆိုတာကိုလေ့လာရမယ်။ အဲဒီကနေ ပြဿနာတွေ ဘယ်လိုတည်ရှိနေသလဲဆိုတာ
ရှာဖွေပြီး ဖြေရှင်းရမယ့်နည်းနာတွေကိုလဲ ချမှတ်နိုင်အောင်ကြိုးစားရမယ်။

၂။ ဒုတိယအင်္ဂါရပ် - ထုတ်လုပ်ရေး ဖြစ်ပေါ်ပြောင်းလဲမှုဟာ ထုတ်လုပ်ရေးအင်အားစုများရဲ့ ဖြစ်ပေါ်ပြောင်းလဲမှု


များကစတင်တယ်။ ထုတ်လုပ်ရေး အင်အားစုတွေရဲ့ ပြောင်းလဲမှုကလဲ ထုတ်လုပ်ရေးကရိယာ ပြောင်း
လဲ မှု ဖြစ်ပေါ်တိုးတက်မှုကနေ စတင်တယ်။ ဒါကြောင့် ထုတ်လုပ်ရေးအင်အားစုတွေဟာ ထုတ်လုပ်ရေးမှာ
အလှုပ်ရှားဆုံးနဲ့ အတော်လှန်ဆုံး အစိတ်အပိုင်းဖြစ်တယ်။ ထုတ်လုပ်ရေးဖြစ်ပေါ်တိုးပွားမှုမှာ အဆုံးအဖြတ်ပေး
တဲ့ အစိတ်အပိုင်းလဲဖြစ်တယ်။ ထုတ်လုပ်ရေးအင်အားစု ပထမဆုံး ပြောင်းလဲဖြစ်ပေါ်တိုးတက်ပြီးနောက် ဒီပြောင်း
လဲမှုကို အမှီပြုပြီး ဒီပြောင်းလဲမှုနဲ့ လျော်ညီစွာ လူများရဲ့ ထုတ်လုပ်ရေးဆက်ဆံမှုများဟာလဲ ပြောင်းလဲလာ
တယ်။
ထုတ်လုပ်ရေး ဆက်ဆံမှုများက တဖန် ထုတ်လုပ်ရေးအင်အားစု ဖြစ်ပေါ်တိုးပွားမှုအပေါ် ပြန်ပြီးသြဇာ
သက်ရောက်တယ်။ ထုတ်လုပ်ရေးအင်အားစုများရဲ့ ဖြစ်ပေါ်တိုးပွားမှုကို လျင်မြန်စေတယ်။ (သို့မဟုတ်)
နှေးကွေးစေတယ်။ ထုတ်လုပ်ရေးအင်အားစုများ ပြောင်းလဲရင် ထုတ်လုပ်ရေးဆက်ဆံမှုလဲ လိုက်ပြောင်းလဲတယ်။
အကြာကြီးနောက်ကျနေလို့မရဘူး။ နောက်ကျန်နေရင် ပြဿနာဖြစ်လာတယ်။ ထုတ်လုပ်ရေးဆက်ဆံမှုများဟာ
ထုတ်လုပ်ရေးအင်အားစုများရဲ့လက္ခဏာ၊ ဖြစ်ပေါ်တိုးပွားမှုများရဲ့ ရေချိန်နဲ့ လိုက်လျောညီထွေရှိရမယ်။ ဒီလို
လိုက်လျောညီထွေရှိမှ ထုတ်လုပ်ရေးအင်အားစုဟာလည်း ပိုပြီးဖြစ်ပေါ်တိုးပွားနိုင်တယ်။ ထုတ်လုပ်ရေးအင်
အားစုဖြစ်ပေါ်တိုးပွားမှုရေချိန်နဲ့ ထုတ်လုပ်ရေးဆက်ဆံမှုဟာ မကိုက်ညီဘဲ နောက်ကျနေရင် ပဋိပက္ခပြင်းထန်
လာပြီး အကျပ်အတည်းဆိုက်လာတော့တာပဲ။ ဥပမာ - အရင်းရှင်စနစ်မှာ ဒီလိုပြဿနာဖြစ်လာတယ်။ အရင်းရှင်
လူ့အဖွဲ့အစည်းမှာ ထုတ်လုပ်ရေး အင်အားစုတွေဟာ လူ့အဖွဲ့အစည်းလက္ခဏာဆောင်လာတယ်။ ဆိုလိုတာက
ထုတ်လုပ်ရေးပစ္စည်းကို ကိုင်တွယ်အသုံးချရာမှာဖြစ်စေ၊ အထွက်ပစ္စည်းထုတ်လုပ်ရာမှာဖြစ်စေ၊ လူတဦးတည်း
လုပ်လို့မရ။ စုပေါင်းပြီး လူအများကြီးနဲ့လုပ်မှသာ အထွက်ပစ္စည်းတွေ ဖြစ်လာတာဖြစ်တယ်။ ဒါ့ကြောင့် အရင်း
ရှင်လူ့အဖွဲ့အစည်းမှာ ထုတ်လုပ်ရေးအင်အားစုဟာ လူ့အဖွဲ့အစည်းလက္ခဏာဆောင်လာတယ်။ ဒီမှာ ပဒေသ
ရာဇ်စနစ်နဲ့မတူဘူး။ ပဒေသရာဇ် လူ့အဖွဲ့အစည်းမှာ လယ်ယာလုပ်ငန်းဖြစ်စေ၊ လက်မှုလုပ်ငန်းဖြစ်စေ၊
လယ်သမားနဲ့ လက်မှုပညာရှင်တွေဟာ အထွက်ပစ္စည်းထုတ်လုပ်ရာမှာ တယောက်တည်း အစအဆုံးပြီးအောင်
လုပ်ကြတယ်။ အရင်းရှင်လူအဖွဲ့အစည်းမှာတော့ အခြေအနေပြောင်းလဲလာတယ်။ အရင်းရှင်လူ့အဖွဲ့အစည်း
ဟာ (၁၅) ရာစုမှာ စဖြစ်လာတယ်။ ၎င်းဟာ ထုတ်လုပ်ရေးသမိုင်းရှု့ဒေါင့်က ကြည့်ရင် အဆင့် (၃) ဆင့်ဖြတ်ခဲ့ရ
တယ်။ ပထမအဆင့် က ရိုးရိုးပူးပေါင်းဆောင်ရွက်ရေး၊ ဒုတိယအဆင့် က လက်မှုလုပ်ငန်းကြီးများ၊ တတိယအဆင့်
က စက်မှုလုပ်ငန်းဖြစ်တယ်။ ရိုးရိုးပူးပေါင်းဆောင်ရွက်ရေး အဆင့်မှာတုန်းက ထုတ်လုပ်သူတွေက အထွက်
ပစ္စည်းကို အစအဆုံးလုပ်တယ်။ လက်မှုလုပ်ငန်းကြီးတွေဖြစ်လာတော့ တဆင့်တက်လာတယ်။ အလုပ်ရုံကြီးတွေ
ဖြစ်လာပြီး လုပ်သားများကို အလုပ်ရုံတခုတည်းမှာ အများကြီးစုပြီး အလုပ်လုပ်ကြတယ်။ အလုပ်ခွဲဝေမှုမှာ အ

20
ထွက်ပစ္စည်းတခုဖြစ်အောင် တယောက်ချင်း အစအဆုံးလုပ်တာမဟုတ်ဘူး။ တပိုင်းစီလုပ်ပြီး စုယူတာ၊ ပေါင်း
စပ်ယူတာဖြစ်တယ်။ စက်မှုအပိုင်း နဲနဲပါလာတယ်။ ထုတ်လုပ်ရေးကရိယာကတော့ အခြေခံအားဖြင့် လက်မှု
ကရိယာပဲဖြစ်သေးတယ်။ နောက်ဆုံး ရေနွေးငွေ့အင်ဂျင်စက်တွေပေါ်လာတယ်။ နောက်ပြီး ထုတ်လုပ်ရေးကရိ
ယာတွေဟာ စက်နဲ့ပြုလုပ်တဲ့ကရိယာ ဖြစ်တဲ့အခါ (အင်္ဂလိပ်မှာ စက်မှုတော်လှန်ရေးလို့ခေါ်တယ်။) လက်မှုလုပ်
ငန်းတွေဟာ စက်မှုလုပ်ငန်းအဖြစ်သို့ ပြောင်းလဲလာတယ်။ ထုတ်လုပ်ရေးဟာ လူ့အဖွဲ့အစည်းလက္ခဏာပို
ဆောင်လာတယ်။ ဒါပေမဲ့ ထုတ်လုပ်ရေးပစ္စည်းကို အရင်းရှင်က ပုဂ္ဂလိကပိုင်ဆိုင်မှုကြောင့် အထွက်ပစ္စည်းကျ
တော့လည်း အရင်းရှင်က ပုဂ္ဂလိကပိုင်ဆိုင်လာပြီး အပိုင်စီးနိုင်ခဲ့တယ်။
ဒါ့ကြောင့် အရင်းရှင်လူ့အဖွဲ့စည်းမှာ ထုတ်လုပ်ရေးအင်အားစု၊ လူ့အဖွဲ့အစည်းလက္ခဏာဆောင်မှုနဲ့
ထုတ်လုပ်ရေးပစ္စည်းကို အရင်းရှင်ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ အထွက်ပစ္စည်းကို အရင်းရှင်ပုဂ္ဂလိက အပိုင်စီးမှုတရ
ိုဲ့ ပဋိ
ပက္ခဖြစ်ပေါ်လာတယ်။ ဒါဟာ အရင်းခံပဋိပက္ခအဖြစ် ဖော်ပြလာတယ်။ ဒီအရင်းခံပဋိပက္ခဟာ နိုင်ငံရေးနယ်ပယ်
မှာ အရင်းရှင်လူတန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစားရဲ့ ကဏ္ဍကပဋိပက္ခအဖြစ် ဖေါ်ပြလာတယ်။
အခြားပဋိပက္ခတခုကတော့ တခုခြင်းစက်ရုံတွေမှာ ထုတ်လုပ်ရေးစည်းရုံးမှုရှိပြီး၊ လူ့အဖွဲ့အစည်းတခု
လုံးမှာ ထုတ်လုပ်ရေးမင်းမဲ့မှုအကြားရှိ ကဏ္ဍကပဋိပက္ခဖြစ်တယ်။ အရင်းရှင်စက်ရုံတွေမှာ အရင်းရှင်တွေအနေနဲ့
ဘယ်လောက်ထုတ်လုပ်မယ်ဆိုတာ စီမံကိန်းရှိတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းတခုလုံးအနေနဲ့ စီမံကိန်းမရှိ
ဘူး။ ဒါဟာ လူအဖွဲ့အစည်း အတိုင်းအတာအရ ထုတ်လုပ်ရေးမင်းမဲ့ဖြစ်တယ်။ အရင်းရှင်တွေက ၎င်းတို့ရဲ့စက်ရုံ
တွေ မပျက်စီးရအောင်၊ အသာစီးရအောင်၊ ဈေးကွက်ပြိုင်ဆိုင်နိုင်အောင်၊ အထွက်ပစ္စည်းကို ဈေးချိုနိုင်အောင်၊
သူများ ထက်သာအောင်၊ အဆက်မပြတ် စက်ကရိယာ တိုးတက်ကောင်းမွန်အောင် ပြုပြင်ကြတယ်။ ထုတ်လုပ်
ရေးနည်းသစ်တွေကို တီထွင်ကြတယ်။ ထုတ်လုပ်ရေးပစ္စည်းတွေ ကောင်းမွန်အောင် ပြုပြင် လိုက်တာကြောင့် စက်
ရုံတွေမှာ အလုပ်သမားများများ မလိုတော့ဘူး။ အလုပ်သမားတွေလျှော့ပစ်တယ်။ အလုပ်ဖြုတ်ပစ်တယ်။ အလုပ်
သမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်တယ်။ ဒီလိုနဲ့ အရင်းရှင်လက်အောက်မှာ အလုပ်လက်မဲ့တွေများလာတယ်။
မာက့်စ် က ဒီ အလုပ်လက်မဲ့တွေကို စက်မှုအရန်တပ်မတော်လို့ခေါ်တယ်။ တနည်းအားဖြင့်- နှိုင်းယှဉ်ချက်အရ
လူဦးရေပိုလျှံမှု ဟုလည်းခေါ်တယ်။ ဒီနှစ်ခုဟာ အဓိပ္ပါယ်အတူတူပါပဲ။ ဘာလို့အရန်တပ်မတော်လို့ ခေါ်ရသလဲ
ဆိုရင် အလုပ်လက်မဲ့တွေက အရန်သင့်ရှိနေတော့ အလုပ်လုပ်နေရသူကလဲ ငါဘယ်တော့ အလုပ်ထုတ်ခံရမလဲ
ဆိုပြီး ပူပန်နေရတယ်။ ဒါ့ကြောင့် အရင်းရှင်တွေအလိုကျ အလုပ်ပိုလုပ်ရတော့တယ်။ လူပိုလျှံတာဟာ အရင်းရှင်
စနစ်ရဲ့ ပဋိပက္ခတွေကြောင့် ပိုလျှံတာဖြစ်တယ်။
အ ရင်းရှင်က သူအမြတ်ရရေး ရည်ရွယ်ချက်အတွက် ထုတ်လုပ်ရေးလုပ်လို့သာဖြစ်တယ်။ အကျိုးဆက်
ကတော့ အထွက်ပစ္စည်းတွေ၊ လူသုံးပစ္စည်းတွေများလာတယ်။ ဒါပေမဲ့ အလုပ်သမားတွေ တနေ့တခြား ဆင်းရဲမွဲ
ပြာကျလာတာကြောင့် ဈေးကွက်မှာဝယ်ယူနိုင်တဲ့ ဝယ်အားဟာ အဆက်မပြတ်ကျဆင်းလာတယ်။ ဒါ့ကြောင့်
နောက်ပဋိပက္ခတခု တိုးလာတယ်။ ဒါက ထုတ်လုပ်ရေးနဲ့ သုံးစွဲမှုအကြားက ပဋိပက္ခဖြစ်တယ်။
နောက်ဆုံးအထွက်ပစ္စည်းတွေဟာ ရောင်းမထွက်ပဲ ဈေးကွက်မှာပုံလာပြီး ထုတ်လုပ်ရေးပိုလျှံတဲ့ စီးပွား
ရေးကြပ်တည်းမှု ကပ်ဆိုက်လာတယ်။ ဒါဘာကိုဖော်ပြသလဲဆိုတော့ ထုတ်လုပ်ရေးအင်အားစု ဖြစ်ပေါ်တိုးပွား
မှုနဲ့ ထုတ်လုပ်ရေးဆက်ဆံမှုတို့ မကိုက်ညီလို့ရှိရင် နောက်ဆုံးကြပ်တည်းမှုကပ်နဲ့ လာဆိုက်တော့ တာပဲဖြစ်
တယ်ဆတ
ိုာကို ဖော်ပြလာတယ်။ ဒီကျပ်တည်းမှုတွေဟာ လူ့အဖွဲ့အစည်းမှာ(၁၈၂၅)ခုနစ
ှ်က စဖြစ်တယ်။ အဲဒါ
ဖြစ်ပြီးနောက် အရင်းရှင်လူ့အဖွဲ့အစည်းမှာ အချိန်မှန်မှန် (၁၀)နှစ် တခါလောက် ကျပ်တည်းမှုကပ်ဆိုက်တယ်။
ပထမကမ္ဘာစစ်ကြီးနဲ့ အောက်တိုဘာတော်လှန်ရေး ဖြစ်ပေါ်ပြီးနောက် အရင်းရှင်စနစ်ဟာ အထွေထွေ
ကြပ်တည်းမှုကာလ ထဲရောက်ရှိလာတယ်။ အရင်းရှင်ကျပ်တည်းမှုဟာ ပိုဆိုးလာတယ်။ ပထမကမ္ဘာစစ်ကြီး
နောက်ပိုင်း အရင်းရှင်ကျပ်တည်းမှုကပ်ဟာ (၇ )နှစ် တခါဖြစ်လာတယ်။ ၁၉၂၉-၁၉၃၃ ခုနှစ်မှာ အထွေထွေ ကျပ်
တည်းမှုကပ်ကြီးဆိုက်လာတယ်။ အထွေထွေစီးပွားရေး ကျပ်တည်းမှုကပ်လို့ဆိုရာမှာ စက်မှု၊ လယ်ယာ၊ ကုန်
သွယ်ရေး၊ ဘဏ္ဍာရေး၊ ဘက်စုံမှာ ကပ်ဆိုက်တာပဲ။ အရင်းရှင်တိုင်းပြည်တိုင်း ဒီကပ်ကြီးထဲမှာ အလူးအလဲခံခဲ့ကြ

21
ရတယ်။ လယ်ယာနဲ့ လယ်ယာတပိုင်းတိုင်းပြည်တွေလဲ ထိခိုက်နစ်နာစေခဲ့တယ်။ ပဋိပက္ခတွေဟာ ပိုမိုသဲသန်
ပြင်းထန်လာပြီး အရင်းရှင်တိုင်းပြည်တချို့မှာ ဖက်ဆစ်စနစ်တွေပေါ်လာတယ်။ ဂျာမဏီ၊ အီတလီနဲ့ ဂျပန်တို့ဟာ
ဖက်ဆစ်စနစ် ထူထောင်ပြီးနောက် စီးပွားရေးကို စစ်စီးပွားရေးအဖြစ် ပြောင်းလဲခဲ့တယ်။ ဒီအထွေထွေ
စီးပွားရေးကျပ်တည်းမှုကပ်ဒါဏ်က နလံမထူသေးခင် ၁၉၃၇ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ပိုင်းမှာ စီးပွားရေးကျပ်တည်း
မှုကပ်က ပေါ်လာပြန်တယ်။ ဒီလိုနည်းနဲ့ နယ်ချဲ့အရင်းရှင်တိုင်းပြည်တွေအကြား ပဋိပက္ခတွေဟာ အထွဋ်အ
ထိပ် ရောက်လာပီး ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်လာတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက် အရင်းရှင်စနစ် အထွေ
ထွေကျပ်တည်းမှုဟာ ပိုမိုနက်ရှိုင်းပြင်းထံလာတဲ့ ကာလသို့ ဆိုက်ရောက်လာတယ်။ ဘယ်လောက်ပဲ စီးပွားရေး
ကျပ်တည်းမှုကပ်ကို ရှောင်ဖို့ကြိုးစားကြိုးစား ဒီအကျပ်အတည်းက ကျော်နင်းဘို့ မရနိုင်ဘူး။ ၁၉၇၃ ကစပီး
ဒီနေ့အထိ သူတို့ခေါ်တဲ့ ထုတ်လုပ်ရေး ဆုတ်ယုတ်ကျဆင်းမှု ကပ်ကြီးဆိုက်ရောက်လာတယ်။ ဒါ ကနေ့
အထိဘဲ။ ဒါဟာ နယ်ချဲ့အရင်းရှင်စနစ်အောက်မှာ ထုတ်လုပ်ရေးအင်အားစု ဖြစ်ပေါ်တိုးပွားမှုလက္ခဏာနဲ့ ထုတ်
လုပ်ရေးဆက်ဆံမှုက လျော်ညီခြင်းမရှိတာဟာ တနေ့တခြား နက်ရှိုင်းပြင်းထန်လာခြင်းကြောင့်ဖြစ်တယ်။ အရင်း
ရှင်လူတန်းစားဟာ လူမှုရေးပဋိပက္ခများကို ပြေလည်အောင် ဘယ်နည်းနဲ့မှ မဖြေရှင်းနိုင်ဘူး။ အရင်းရှင် လူအဖွဲ့
အစည်း အတွင်းမှာရှိနေတဲ့ လူမှုရေးပဋိပက္ခကို ဖြေရှင်းဖို့အတွက် လူမှုတော်လှန်ရေး နည်းနာနဲ့သာ ဖြေရှင်း
လို့ ရနိုင်တယ်။ အခြားနည်းလမ်း မဖြစ်နိုင်ဘူး။ လူမှုတော်လှန်ရေးနည်းနဲ့ ပြောင်းပြစ်မှ လူ့အဖွဲအစည်းဟာ
ရှေ့သို့တိုးတက်နိုင်လိမ့်မည်။
သမိုင်းကိုပြန်ကြည့်ရင် အရင်းရှင်လူတန်းစားဟာ ၎င်းရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ နည်းအမျိုး
မျိုးရှာခဲ့တာတွေ့ရတယ်။ အစုရှယ်ယာကုမ္ပဏီတွေ လုပ်ခဲ့တယ်။ အရင်းရှင်လူတန်းစားရဲ့ လက်ဝါးကြီးအုပ် အဖွဲ့
အစည်းတွေဖြစ်တဲ့ ကာတယ်၊ ဆင်ဒီကိတ်၊ ထရပ်စ်၊ ကွန်ဘိုင်း စတာတွေဖွဲ့ခဲ့တယ်။ ဒီအဖွဲ့တွေရဲ့ ဖြစ်ပေါ်တိုး
ပွားမှုသမိုင်းကိုကြည့်ရင် ဒီလိုတွေ့ရတယ်။ လွတ်လပ်စွာပြိုင်ဆိုင်တဲ့ အရင်းရှင်စနစ်ဟာ ၁၈၆၀- ၁၈၇၀ ခုနှစ်အ
တွင်းမှာ အထွဋအ
် ထိပ်ရောက်ရှိခဲ့တယ်။ အရင်းရှင်လက်ဝါးကြီးအုပ် အဖွဲ့အစည်းတွေဟာ ၁၈၇၀ နောက်ပိုင်းမှာ
ကူးပြောင်းရေးသဏ္ဍာန်အဖြစ်နဲ့ တစတစပေါ်ပေါက်လာပြီး ၂၀ ရာစုနှစ်အစပိုင်းမှာ အထွဋ်အထိပ်သို့ ရောက်ရှိခဲ့
တယ်။ ဥပမာ- ကျောက်မီးသွေး၊ သံ၊ သံမဏိ၊ ကာတယ်လ်ကြီးတွေ၊ ဓါတုဗေဒကာတယ်လ်ကြီး၊ သွပ် ဆင်ဒီကိတ်
စသဖြင့်ပေါ်ပေါက်လာတယ်။ လီနင်က ဒီအခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီး အရင်းရှင်စနစ်ဟာ ရိုးရိုးအရင်းရှင်စ
နစ်၊ လွတ်လပ်စွာပြိုင်ဆိုင်တဲ့ အရင်းရှင်စနစ် မဟုတ်တော့ဘူး။ သေပန်းပွင့်နေတဲ့ အရင်းရှင်စနစ်၊ ပုတ်သိုးဆွေး
မြေ့နေတဲ့ အရင်းရှင်စနစ်၊ မွှားလိုသွေးစုတ်နေတဲ့ အရင်းရှင်စနစ်၊ ဘက်ပေါင်းစုံက ဖောက်ပြန်တဲ့ လက်ဝါးကြီး
အုပ် အရင်းရှင်စနစ် ဖြစ်လာတယ်။ နယ်ချဲ့အရင်းရှင်စနစ် ဖြစ်လာပြီလို့သုံးသပ်ခဲ့တယ်။ လက်ဝါးကြီးအုပ် အရင်း
ရှင်စနစ် မတိုင်မှီက စက်မှုအရင်းရှင်က အဓိကပဲ။ နယ်ချဲ့အရင်းရှင်စနစ် ရောက်တဲ့အခါ ဘဏ်ကြီးတွေက အကုန်
လက်ဝါးကြီးအုပ်ပြီး ဘဏ္ဍာအရင်းဟာ အဓိကဖြစ်လာတယ်။
နယ်ချဲ့အရင်းရှင်တွေဟာ တချို့စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံတော်ပိုင်ဆိုပြီး လုပ်လာတယ်။ အခု ကျ
နော်တို့တိုင်းပြည်မှာ စစ်အစိုးရက နိုင်ငံပိုင်လုပ်တာဟာ ဘာမှမဆန်းဘူး။ အရင်းရှင်တွေရဲ့ လုပ်နည်းကိုင်နည်း
တခုသာဖြစ်တယ်။ အုပ်စိုးသူ အရင်းရှင်လူတန်းစားက နိုင်ငံပိုင်လုပ်တော့ ထုတ်လုပ်ရေးပစ္စည်းကို အရင်းရှင် ပုဂ္ဂ
လိက ပိုင်ဆိုင်မှုစနစ် ပျက်သွားသလား။ ဒီပြဿနာနဲ့ပတ်သက်လို့ အိန်ဂျယ်လ်က (မာက့်စ် မရှိတော့တဲ့အချိန်)
အရင်းရှင်အစိုးရတွေက နိုင်ငံပိုင်လုပ်တာဟာ အရင်းရှင်တွေရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုစနစ် ပြောင်းသွားတာမဟုတ်။
နိုငင
်ံတော်ဆိုတာ ဘယ်လူတန်းစားက အာဏာရနေတဲ့နိုင်ငံတော်ဖြစ်သလဲ? အရင်းရှင်လူတန်းစားရဲ့ နိုင်ငံ
တော်က နိုင်ငံပိုင်လုပ်တာဟာ ပြည်သူတွေပိုင်တာမဟုတ်။ အရင်းရှင်နိုင်ငံတော်က တကယ်တမ်း စုစုပေါင်း
အရင်းရှင်ပါပဲ။ ဒါကြောင့် အရင်းရှင်နိုင်ငံတော်က နိုင်ငံတော်ပိုင်လုပ်တာဟာ လုပ်သားပြည်သူတို့ရဲ့ အကျိုးအ
တွက် လုပ်တာမဟုတ်။ အရင်းရှင်ထုတ်လုပ်ရေး ဆက်ဆံမှုပြောင်းသွားတာမဟုတ်ဘူး။ ၎င်းရဲ့ လူတန်းစားအ
ကျိုးစီးပွားကို ကျားကန်ပေးတာသာဖြစ်တယ်။ ကာကွယ်ပေးတာသာဖြစ်တယ်လို့ ထောက်ပြခဲ့တယ်။ လက်ဝါး
ကြီးအုပ်အရင်းရှင်စနစ် ဖြစ်ပေါ်တိုးပွားလာတာဟာ နိုင်ငံတော်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို မလွှဲ မသွေပေါ်

22
ပေါက်စေတယ်။ နိုင်ငံတော် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ဆိုတာ နိုင်ငံတော်အဖွဲ့ အစည်းများနဲ့ ပေါင်းစပ်နေ
တဲ့ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ဖြစ်တယ်။
နောက်ပိုင်းကာလ - ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့ နောက်ပိုင်းကာလမှာ လက်ဝါးကြီးအုပ် အရင်းရှင်တွေရဲ့
(ထရန်စ်နေရှင်နယ် ကော်ပိုရေးရှင်း) တွေက ကမ္ဘာ့စီးပွားရေးကို ချယ်လှယ်သွေးစုတ်လာကြတယ်။ အရင်းရှင်
နိုင်ငံတော် အဖွဲ့အစည်းများနဲ့ ဒီ(ထရန်စ်နေရှင်နယ်ကော်ပိုရေးရှင်း နဲ့ ) ပေါင်းစပ်နေတဲ့ နိုင်ငံတော်လက်ဝါးကြီး
အုပ် အရင်းရှင်စနစ်ဟာ ကမ္ဘာ့စီးပွားရေးကို ချယ်လှယ်သွေးစုတ်နေတယ်ဆိုတာ ကမ္ဘာတဝှမ်း အင်မတန်ထင်ရှား
နေတဲအ
့ ချက်ဖြစ်တယ်။ ဒီလို အခြေအနေအောက်မှာ လူမှုပဋိပက္ခတွေ တနေ့တခြား သဲသန်ပြင်းထန်လာတယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် အခုအချိန်ထိကာလအတွင်းမှာ ဒေသဆိုင်ရာစစ်ပွဲတွေဟာ (၁၄၀) ကျော်သွား
ပြီး ဒီဒေသစစ်ပွဲတွေကြောင့် လူသန်းပေါင်း၄၀ ကျော် သေကြေခဲ့ရပီလို့ သုတေသနဌာနများက သုံးသပ်
ခဲ့တယ်။ လူမှုပဋိပက္ခတွေ ကြာလေနက်ရှိုင်းလာလေ ဖြစ်နေတဲ့ အခြေအနေအောက်မှာ လက်နက်ကိုင်တော်လှန်
ရေးဟာ ခေတ်ကုန်သွားပြီလို့ တချို့လူတွေရဲ့ ပြောဆိုချက်ဟာ ယုတ္တိကင်းမဲ့ပြီး အခြေအမြစ်မရှိဘူးဆိုတာ
မြင်နိုင်ပါတယ်။ သဲသန်ပြင်းထန်လာနေတဲ့ လူမှုပဋိပက္ခတွေကို ဖြေရှင်းဘို့အတွက် လူမှုတော်လှန်ရေးနည်းမှအပ
အခြားမရှိပါ။ လူမှုတော်လှန်ရေးတွေလည်း တားဆီးလို့မရနိုင်ပါ။ ဒါကိုတားမယ်ဆိုရင် နေမင်းကြီး ထွက်ပေါ်လာ
တာကို ထန်းလက် နဲ့ကာဘို့ ကြိုးစားနေသလို အချီးအနှီးကြိုးစားတာပဲဖြစ်ပါလိမ့်မယ်။ လူ့သမိုင်းတလျှောက်မှာ
လူ့အဖွဲ့အစည်း ထုတ်လုပ်ရေးအင်အားစုတွေက တဆင့်ပြီးတဆင့် ဖြစ်ပေါ်တိုးပွားလာခဲ့တယ်။ ဒီလိုဖြစ်ပေါ်
တိုးပွားလာတာကို အကြမ်းဖျင်း ပုံကြမ်းတစ်ခုဆွဲကြည့်ကြရအောင်။ ထုတ်လုပ်ရေးအင်အားစု ပြောင်းလဲတယ်
ဆိုရာမှာ ထုတ်လုပ်ရေးကရိယာပြောင်းလဲမှုက စတင်တယ်လို့ပြောခဲ့တယ်။ ရှေးဘုံလူ့အဖွဲ့အစည်းမှာ လူတွေ ဟာ
ကြမ်းတမ်းတဲ့ ကျောက်ကရိယာတွေကို အသုံးပြုရာကနေ လေး၊ မြှားကို အသုံးချတာသို့ ကူးပြောင်းလာတယ်။
တဆက်တည်း မုဆိုးဘဝကနေ တိရိစ္ဆာန်များကို မွေးမြူခြင်း၊ ရှေးဟောင်းစားကျက်တွေ လုပ်ခြင်းသို့ ကူးပြောင်း
လာတယ်။ ကျေးကျွန် ခေတ်ကျတော့ ထုတ်လုပ်ရေး ကရိယာဟာ ကျောက်ကရိယာများမှ သတ္တုကရိယာများသို့
ကူးပြောင်းသွားတယ်။ ဥပမာ - သံပုဆိန်၊ သံထည်၊ ၎င်းနဲ့လျော်ညီစွာ ထွန်ယက်စိုက်ပျိုးတာ၊ လယ်ယာလုပ်
တာသို့ ကူးပြောင်းသွားတယ်။
ပဒေသရာဇ်ခေတ်မှာ လူတွေဟာ ထုတ်လုပ်ရေးကရိယာအတွက် သတ္တုကရိယာတွေကို တိုးတက်
ကောင်းမွန်အောင်လုပ်လာတယ်။ ပန်းဘဲဖိုများပေါ်လာတယ်။ အိုးလုပ်တာတွေပေါ်လာတယ်။ တဆက်တည်း
၎င်းနဲ့လျော်ညီစွာ လက်မှုလုပ်ငန်းတွေ ဖြစ်ပေါ်တိုးပွားလာတယ်။ လယ်ယာလုပ်ငန်းကနေ လက်မှုလုပ်ငန်း ခွဲ
ထွက်လာတယ်။ အမှီအခိုကင်းတဲ့ လက်မှုလုပ်ငန်း ဖြစ်ပေါ်တိုးတက်လာတယ်။ လက်မှုအလုပ်ရုံကြီးတွေ ပေါ်လ
ာတယ်။ အရင်းရှင်လူ့အဖွဲ့အစည်းကိုရောက်လာတော့ ထုတ်လုပ်ရေးကရိယာတွေဟာ လက်မှုကရိယာများမှ
စက်မှုကရိယာများသို့ ကူးပြောင်းလာတယ်။ လက်မှုလုပ်ငန်း၊ စက်မူလုပ်ငန်းများသို့ ပြောင်းလဲလာတယ်။ ဒီ
နောက်စက် ကရိယာစနစ်သို့ ကူးပြောင်းလာတယ်။ ခေတ်မှီပြီး အတိုင်းအတာကြီးမားတဲ့ စက်မှုလုပ်ငန်းတွေ ပေါ်
လာတယ်။ ဒါ က အကြမ်းဖျင်း ပုံကားချပ်ဘဲ။ လူတွေဟာ ထုတ်လုပ်ရေးကရိယာ ဖြစ်ပေါ်တိုးတက်လာတာနဲ့အမျှ
ထုတ်လုပ်ရေးအင်အားစုများရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ လူတွေကို ကိုယ်တိုင်လဲ ပြောင်းလဲတိုး
တက်လာတယ်။ သူတို့မှာ ထုတ်လုပ်ရေးအတွေ့အကြုံရှိလာတယ်။ အလုပ်ကျွမ်းကျင်လာတယ်။ ထုတ်လုပ်ရေး
ကရိယာများကို ကိုင်တွယ်အသုံးချတဲ့ အတတ်ပညာလဲ တိုးတက်ကောင်းမွန်လာတယ်။
ထုတ်လုပ်ရေးအင်အားစုများရဲ့ ပြောင်းလဲမှုနဲ့လျော်ညီစွာ လူတွေရဲ့ ထုတ်လုပ်ရေးဆက်ဆံမှု၊ စီးပွားရေး
ဆက်ဆံမှုတွေဟာလဲ ပြောင်းလဲတိုးတက်လာတယ်။ လူ့သမိုင်းမှာ အဓိက ထုတ်လုပ်ရေးဆက်ဆံမှု ပုံစံ (၅) မျိုးရှိ
တယ်။
၁။ ရှေးဘုံလူ့အဖွဲ့အစည်းရဲ့ ထုတ်လုပ်ရေးဆက်ဆံမှု။
၂။ ကျေးကျွန်လူ့အဖွဲ့အစည်းရဲ့ ထုတ်လုပ်ရေးဆက်ဆံမှု။
၃။ ပဒေသရာဇ်လူ့အဖွဲ့အစည်းရဲ့ ထုတ်လုပ်ရေးဆက်ဆံမှု။

23
၎။ အရင်းရှင်လူ့အဖွဲ့အစည်းရဲ့ ထုတ်လုပ်ရေးဆက်ဆံမှု။
၅။ဆိုရှယ်လစ်လူ့အဖွဲအစည်းရဲ့ ထုတ်လုပ်ရေးဆက်ဆံမှု။

၁။ ရှေးဘုံလူ့အဖွဲ့အစည်းအောက်မှာဆိုရင် ထုတ်လုပ်ရေးဆက်ဆံမှုများရဲ့ အခြေခံဟာ ထုတ်လုပ်ရေးပစ္စည်းများ


ကို လူ့အဖွဲ့အစည်းက ပိုင်ဆိုင်တာဖြစ်တယ်။ အဲဒီထုတ်လုပ်ရေးဆက်ဆံမှုများဟာ အဲဒီအချိန်ကာလမှာရှိနေတဲ့
ထုတ် လုပ်ရေးအင်အားစုများရဲ့ လက္ခဏာနဲ့ အဓိကအားဖြင့်လျော်ညီတယ်။ ရှေးဘုံလူ့အဖွဲ့အစည်းမှာ အသုံးပြု
တဲ့ ကျောက်ကရိယာ၊ အဲဒီနောက် လေးနဲ့ မြှားတွေဟာ သဘာဝအန္တရာယ်ကို ရင်ဆိုင်ဘို့နဲ့ သားရဲတိရိစ္ဆာန်
တွေကို တဦးချင်းတိုက်ခိုက်ဖို့ မဖြစ်နိုင်ပါ။ ဒါ့ကြောင့်သူတို့ဟာ စုပေါင်းပြီးလှုပ်ရှားတယ်။ သစ်ဥ၊သစ်ဖုတွေကို ရှာ
ဖွေတာပဲဖြစ်ဖြစ်၊ သား၊ ငါး ရှာဖွေတာပဲဖြစ်ဖြစ် နေစရာ အဆောက်အဦးဆောက်ဖို့ ဖြစ်စေ၊ သူတို့ငတ်မသေ
အောင်၊ သူတို့ဟာ သားရဲတိရိစ္ဆာန်တွေရဲ့ သားကောင်မဖြစ်ရအောင်၊ အနီးအနားအုပ်စုတွေရဲ့ အသတ်မခံရ
အောင် စုပေါင်းအလုပ်လုပ်ကြရတယ်။ ထုတ်လုပ်ရေးပစ္စည်းတွေကိုလည်း စုပေါင်းပိုင်ဆိုင်ကြတယ်။ အထွက်
ပစ္စည်းတွေကိုလည်း စုပေါင်းပိုင်ကြတယ်။ ရှေးဘုံလူ့အဖွဲ့အစည်းမှာ ထုတ်လုပ်ရေးပစ္စည်းတွေကို ပုဂ္ဂလိက ပိုင်
ဆိုင်မှုဆိုတဲ့ အယူအဆက မတည်ရှိနိုင်သေးဘူး။ တစုံတရာသော ထုတ်လုပ်ရေးကရိယာကို တဦးချင်းပိုင်ဆိုင်
တာတော့ရှိတယ်။ အဲဒီ ကရိယာဟာ သားရဲတိရိစ္ဆာန်ကို ကာကွယ်ဖို့အတွက်လဲဖြစ်တယ်။ အဲဒီတုန်းက သွေးစုတ်
မှုလဲ မရှိသေးဘူးး။ လူတန်းစားဆိုတာလဲ မရှိသေးဘူး။

၂။ ကျေးကျွန်လူ့အဖွဲ့အစည်းအောက်မှာ ထုတ်လုပ်ရေးဆက်ဆံမှုများရဲ့ အခြေခံဟာ ကျေးကျွန်ပိုင်ရှင်က ထုတ်


လုပ်ရေးပစ္စည်းများကို ပိုင်ဆိုင်တာဖြစ်တယ်။ ဒါတင်မက သူက ထုတ်လုပ်ရေးလုပ်သူဖြစ်တဲ့ ကျေးကျွန်ကိုလဲ ပိုင်
ဆိုင်တယ်။ ဒီကျေးကျွန်ကို သူကရောင်းနိုင်တယ်။ ဝယ်နိုင်တယ်။ တိရိစ္ဆာန်လိုလဲ သတ်နိုင်တယ်။ ထုတ်လုပ်ရေး
ဆက်ဆံမှုများဟာ အဲဒီအချိန်ီကာလရှိ ထုတ်လုပ်ရေးအင်အားစု အခြေအနေနဲ့ အဓိကအားဖြင့် ဆီလျော်တယ်။
ကျေးကျွန်လူ့အဖွဲ့အစည်းမှာ ထုတ်လုပ်ရေးကရိယာဟာ ကျောက်ကရိယာမဟုတ်တော့ပဲ သတ္တုကရိယာတွေ
ဖြစ်လာပြီး မုဆိုးလုပ်သူရဲ့ ရှေးကျတဲ့ တိရိစ္ဆာန်မွေးမြူရေးအစား စားကျက်လုပ်ြပီး တိရိစ္ဆာန်မွေးမြူတာ၊ ထွန်
ယက်စိုက်ပျိုးတာနဲ့ လက်မှုလုပ်ငန်းတွေလဲပေါ်လာပြီ။ ဒီထုတ်လုပ်ရေး လုပ်ငန်းခွဲတွေအကြားမှာ အလုပ်ခွဲဝေ
မှုပေါ်လာပြီ။ ဒါ့ကြောင့် လူတယောက်နဲ့ တယောက်အကြား အုပ်စုတခုနဲ့ တခုအကြားတွင် ပစ္စည်းတွေ ဖလှယ်
ဖို့ ဖြစ်လာနိုင်စရာရှိလာတယ်။ လူနဲစုလက်ထဲမှာ ဓနဥစ္စာစုပုံနိုင်ဘို့ အလားအလာ လူနဲစုလက်ထဲမှာ ထုတ်လုပ်
ရေး ပစ္စည်းများတကယ်တမ်း စုပုံနိုင်ဘို့အလားအလာ၊ လူနဲစုက လူအများစုကို ဖိနှိပ်နိုင်ဖို့၊ အများစုကြီးကို ကျေး
ကျွနမ
်ျားအဖြစ်သို့ ပြောင်းပစ်နိုင်ဘို့ အလားအလာရှိလာပြီ။ ဒါ့ကြောင့် ကျေးကျွန်စနစ် လူ့အဖွဲအစည်းမှာ
ထုတ်လုပ်ရေးဖြစ်စဉ်အတွင်း၌ လူ့အဖွဲ့အစည်းဝင်အားလုံးရဲ့ အလုပ်ဟာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်တဲ့
လွတ်လပ်တဲ့ အလုပ်မဟုတ်တော့ဘူး။ ဒီလူ့အဖွဲ့အစည်းမှာ ကျေးကျွန်တွေကို အလုပ်မလုပ်တဲ့ ကျေးကျွန်ပိုင်ရှင်
တွေက အကြမ်းဖက်ပြီး အလုပ်လုပ်ခိုင်းတာ၊ သွေးစုတ်တာဖြစ်တယ်။ ဒါကြောင့် ထုတ်လုပ်ရေးပစ္စည်းများကို
အများပိုင်ဆိုင်မှု ဆိုတာလဲ မရှိတော့ဘူး။ အထွက်ပစ္စည်းကို အများပိုင်ဆိုင်မှုလဲ မရှိတော့ဘူး။ အဲဒီအစား ပုဂ္ဂလိ
ကပိုင်ဆိုင်မှုက အစားထိုးလိုက်တယ်။ ကျေးကျွန်လူအဖွဲ့အစည်းမှာ ကျေးပိုင်ကျွန်ပိုင်တွေက ဥစ္စာဓန မူလ
နဲ့အဓိက ပိုင်ဆိုင်သူများဖြစ်လာတယ်။ ကျေးကျွန်လူ့အဖွဲ့အစည်းမှ လူတန်းစားများကွဲပြားလာတဲ့ အလျောက်၊
ချမ်းသာသူနဲ့ ဆင်းရဲသူ၊ သွေးစုတ်သူနဲ့ သွေးစုတ်ခံရသူ၊ အခွင့်အရေးရှိသူနဲ့ မရှိသူတို့ ကွဲပြားလာပြီး သူတို့
အကြားမှာ ပြင်းထန်တဲ့ လူတန်းစားပဋိ ပက္ခတွေဟာလဲ ပေါ်လာပြီဖြစ်တယ်။

၃။ ပဒေသရာဇ်စနစ်အောက်မှာရှိတဲ့  ထုတ်လုပ်ရေးဆက်ဆံမှုရဲ့ အခြေခံဟာ ပဒေသရာဇ်မြေရှင်က ထုတ်လုပ်ရေး


ပစ္စည်းကို ပိုင်ဆိုင်တာဖြစ်တယ်။ ဒါပေမဲ့ ထုတ်လုပ်ရေးမှာ လုပ်ကိုင်တဲ့ မြေကျွန်ကိုတော့ သူဟာလုံးဝဥဿုံ ပိုင်
တာမဟုတ်။ ပဒေသရာဇ်မြေရှင်က မြေကျွန်ကိုမသတ်နိုင်ဘူး။ ဒါပေမဲ့ ရောင်းနိုင်ဝယ်နိုင်တယ်။ ပဒေသရာဇ်မြေ

24
ရှင်ရဲ့ ပိုင်ဆိုင်မှုရှိနေတာနဲ့ တချိန်တည်းမှာ လယ်သမားနဲ့ လက်မူပညာသည်တွေရဲ့ ထုတ်လုပ်ရေးကရိယာတွေ
ကို တဦးချင်းပိုင်ဆိုင်မှုလဲရှိတယ်။ ပုဂ္ဂလိကအလုပ်အပေါ်မှာ အခြေခံတဲ့ ပုဂ္ဂလိကလုပ်ခင်းကလေးတွေလဲ ရှိ
တယ်။ ဒီခေတ် ထုတ်လုပ်ရေးဆက်ဆံရေးမှုများဟာ အဲဒီအချိန်ကာလမှာရှိတဲ့ ထုတ်လုပ်ရေးအင်အားစုများရဲ့ အ
ခြေအနေနဲ့ အဓိကအားဖြင့် ဆီလျော်တယ်။ အဲဒီကာလမှာ သံရည်ကြိုတာဟာ တဆင့်တိုးတက်ကောင်းမွန်လာ
တယ်။ သံထည်နဲ့ ယက္ကန်းတွေဟာ ပြန့်ပွားလာတယ်။ လယ်ယာစိုက်ပျိုးရေး၊ သစ်သီးဝလံစိုက်ပျိုးရေး၊ တိရိ စ္ဆာန်
မွေးမြူရေးဟာလဲ တဆင့်တိုးဖြစ်ပေါ်တိုးပွားလာတယ်။ လက်မှုလုပ်ငန်း၊ လုပ်ခင်းကိုင်ခင်းကလေးတွေနဲ့ အတူ
လက်မူအလုပ်ရုံကြီးတွေလဲ ပေါ်လာတယ်။ ဒီထုတ်လုပ်ရေးအင်အားစု အသစ်ဖြစ်ပေါ်လာတာဟာ အလုပ်သမား
များအား ထုတ်လုပ်ရာမှာ တစုံတရာတက်ကြွမှုရှိလာအောင် အလုပ်လုပ်ချင်စိတ်ရှိလာအောင် တောင်းဆိုလာ
တယ်။ ဒါ့ကြောင့် ပဒေသရာဇ်မြေရှင်ဟာ ထုတ်လုပ်ရေးမှာ စိတ်မဝင်စားတဲ့ ကျေးကျွန်ကို အလုပ်သမားအဖြစ်မှ
ဘေးဖယ်ပြီး မြေကျွန်ကိုအသုံးချဖို့လိုလာတယ်။ မြေကျွန်မှာ ကိုယ်ပိုင်ထုတ်လုပ်ရေးကရိယာနှင့် တိရိစ္ဆာန်မွေးမြူ
ရေးလုပ်ငန်းရှိတယ်။
မြေယာကို ထွန်ယက်လုပ်ကိုင်ပြီး သီးနှံထွကတစိတ်တပိုင်းကို သီးစားခအဖြစ် ပဒေသရာဇ်မြေရှင်ကိုပေး
ဖို့ သူဟာတစုံတရာ စိတ်ဝင်စားမှုရှိတယ်။ ပဒေသရာဇ်စနစ်အောက်မှာ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ တဆင့်တိုးပြီး ဖြစ်
ပေါ်တိုးပွားလာတယ်။ ကျေးကျွန်စနစ်ရဲ့ သွေးစုတ်မှုပြင်းထန်တာ နီးပါးလောက် ပဒေသရာဇ်စနစ်အောက်မှာလဲ
သွေးစုတ်မှုဟာ ပြင်းထန်တယ်။ သွေးစုတ်သူနဲ့ သွေးစုတ်ခံသူအကြားရှိ လူတန်းစားတိုက်ပွဲဟာ ပဒေသရာဇ်စနစ်
ရဲ့ အဓိကအင်္ဂါရပ်ဖြစ်တယ်။

၎။ အရင်းရှင်စနစ်အောက်မှာရှိတဲ့ ထုတ်လုပ်ရေးဆက်ဆံမှု အခြေခံဟာ အရင်းရှင်လူတန်းစားက ထုတ်လုပ်ရေး


ပစ္စည်းကို ပိုင်ဆိုင်တာဖြစ်တယ်။ ဒါပေမဲ့ အလုပ်သမားတွေဖြစ်တဲ့ အလုပ်သမားတွေကိုတော့ သူတို့မပိုင်ဆိုင်ဘူး။
အရင်းရှင်တွေဟာ အလုပ်သမားတွေကို မသတ်နိုင်ဘူး။ မရောင်းနိုင်ဘူး။ အလုပ်သမားတွေဟာ ပုဂ္ဂိုလ်ရေးအရ
လွတ်လပ်တယ်။ ဒါပေမဲ့ ထုတ်လုပ်ရေးကရိယာ လက်လွတ်နေတယ်။ ဒီတော့ ငတ်မသေအောင် အရင်းရှင်ထံမှာ
မရှောင်သာမလွှဲသာ လုပ်အားကို ရောင်းစားရတယ်။ အရင်းရှင်များရဲ့ သွေးစုတ်မှုဒါဏ်ကို သူခံရတယ်။ အရင်းရှင်
လူ့အဖွဲ့အစည်းမှာ ထုတ်လုပ်ရေးပစ္စည်းကို အရင်းရှင်တွေရဲ့ ပိုင်ဆိုင်မှုအဖြစ်လည်းကောင်း၊ လယ်သမားတွေနဲ့
လက်မှုပညာသည်တွေရဲ့ ထုတ်လုပ်ရေးပစ္စည်းပိုင်ဆိုင်မှုအဖြစ် လည်းကောင်း ပုဂ္ဂလိကပိုင်ဆိုင်မှု ကျယ်ပြန့်စွာ
တည်ရှိတယ်။ ဒီလယ်သမားတွေနဲ့ လက်မှုပညာသည်တွေဟာ မြေကျွန်မဟုတ်ဘူး။
သူတို့ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ ပုဂ္ဂလိကအလုပ်အပေါ် အခြေခံထားတာဖြစ်တယ်။ လက်မှုလုပ်ငန်း
တွေနဲ့ လက်မှုအလုပ်ရုံကြီးတွေနေရာမှာ စက်ကရိယာတတ်ဆင်ထားတဲ့ စက်ရုံတွေပေါ်လာတယ်။ လယ်သမား
တွေရဲ့ ရှေးကျတဲ့ ထုတ်လုပ်ရေးကရိယာတွေနဲ့ လုပ်နေတဲ့ ပဒေသရာဇ်လယ်ယာ မြေကွက်ကြီးတွေအစား သိပ္ပံ
နည်းကျ လယ်ယာစက်ကရိယာနဲ့လုပ်တဲ့ အရင်းရှင်လယ်ယာလုပ်ခင်းကြီးတွေ ပေါ်လာတယ်။ အရင်းရှင်ခေတ်
မှာပေါ်ပေါက်လာတဲ့ ထုတ်လုပ်ရေးကရိယာတွေကို ကိုင်တွယ်ပြီး အလုပ်လုပ်တတ်ဖို့အတွက် အလုပ်သမားတွေ
ဟာ ပညာတတ်ဖို့၊ အတတ်ပညာ တစုံတရာရှိဘို့ တောင်းဆိုလာတယ်။ ဒါကြောင့် အရင်းရှင်တွေဟာ မြေရှင်
စနစ် အနှောင်အဖွဲ့မှ လွတ်လပ်လာတဲ့၊ စက်ကရိယာကို ကိုင်တွယ်တတ်တဲ့ အခစား အလုပ်သမားတွေကို အသုံး
ချဖို့ လိုလာတယ်။
အရင်းရှင်စနစ်အောက်မှာ ထုတ်လုပ်ရေးအင်အားစုနဲ့ ထုတ်လုပ်ရေးဆက်ဆံမှုများအတွင်းရှိ ကဏ္ဍက ပ
ဋိပက္ခ(အဓိကပဋိပက္ခ) နဲ့ ၎င်းကဖြစ်ပေါ်စေတဲ့ အခြားပဋိပက္ခများကြောင့် လူမှုတော်လှန်ရေးဟာ မုချဖြစ်လာ
မယ်။ ထုတ်လုပ်ရေးပစ္စည်းကို အရင်းရှင်ပိုင်ဆိုင်မှုအစား ဆိုရှယ်လစ်ပိုင်ဆိုင်မှုက မုချအစားထိုးမယ်ဆိုတာ ကျယ်
ပြန့်စွာ ရှင်းပြခဲ့ပြီးဖြစ်တယ်။

25
၅။ ဆိုရှယ်လစ်စနစ်အောက်မှာရှိတဲ့ ထုတ်လုပ်ရေးဆက်ဆံမူများရဲ့ အခြေခံဟာ ထုတ်လုပ်ရေးပစ္စည်းများကို
လူ့အဖွဲ့အစည်းက ပိုင်ဆိုင်မှုဖြစ်တယ်။ ဒီစနစ်အောက်မှာ သွေးစုတ်သူနဲ့ သွေးစုတ်ခံရသူဆိုတာ မရှိတော့ဘူး။
ထုတ်လုပ်လိုက်တဲ့ အထွက်ပစ္စည်းတွေကို လုပ်ဆောင်တဲ့ အလုပ်အရ ခွဲဝေတာဖြစ်တယ်။ ခွဲဝေရေးမူကတော့
(စွမ်းအားရှိသလောက်လုပ်၊ လုပ်သလောက်ယူ) တနည်းအားဖြင့်ပြောရရင် အလုပ်မလုပ်သူ မစားရဆိုတဲ့ မူပဲဖြစ်
တယ်။ ထုတ်လုပ်ရေးဖြစ်စဉ် အတွင်းမှာရှိတဲ့ လူများရဲ့ အပြန်ပြန်အလှန်လှန် ဆက်ဆံမှုဟာ ရဲဘော်သဖွယ်
ပူးပေါင်းဆောင်ရွက်မှုနဲ့ သွေးစုတ်မှုမှလွတ်ကင်းတဲ့ အလုပ်သမားများရဲ့ ဆိုရှယ်လစ် အပြန်အလှန်ကူညီမှုမှာ
ထင်ရှားစွာ ဖော်ပြတယ်။
ဆိုရှယ်လစ်စနစ်အောက်မှာ ထုတ်လုပ်ရေးဆက်ဆံမှုများဟာ ထုတ်လုပ်ရေးအင်အားစုများ ဖြစ်ပေါ်တိုး
ပွားမှု အခြေအနေနဲ့ ကိုက်ညီတယ်။ ထုတ်လုပ်ရေးဖြစ်စဉ်ရဲ့ လူအဖွဲ့အစည်း လက္ခဏာကို၊ ထုတ်လုပ်ရေးပစ္စည်း
များကို လူ့အဖွဲ့အစည်းပိုင်ဆိုင်မှုက အားဖြည့်ထားခြင်းကြောင့်ဖြစ်တယ်။ ဒီအကြောင်းကြောင့် ဆိုရှယ်လစ်စနစ်
အောက်မှာ ထုတ်လုပ်ရေးပိုလျှံတဲ့ အချိန်မှန်မှန်စီးပွားရေး ကျပ်တည်းမူကပ်ဆိုတာလဲ မရှိတော့ဘူး။ အရင်းရှင်လူ့
အဖွဲ့အစည်းမှာလို ထုတ်လုပ်ရေးအင်အားစုများကို ဖျက်စီးပစ်တာမျိုးမရှိတော့ဘူး။ ဒါနဲ့ပြောင်းပြန်ပဲ ထုတ်လုပ်
ရေး အင်အားစုများဟာ အရှိန်လျင်မြန်စွာ ဖြစ်ပေါ်တိုးပွားဘို့ အခွင့် အလန်းရရှိလာတယ်။
အထက်မှာပြောခဲ့တာတွေကတော့ လူ့သမိုင်းရှိ ထုတ်လုပ်ရေးဆက်ဆံမှုများ ဖြစ်ပေါ်တိုးပွားလာတဲ့ ပုံ
ကားချပ်ပဲဖြစ်တယ်။

၃။ တတိယအင်္ဂါရပ် - ထုတ်လုပ်ရေးအင်အားစုအသစ်နဲ့ လျော်ညီတဲ့ ထုတ်လုပ်ရေးဆက်ဆံမှုများဟာ စနစ်


ဟောင်းအတွင်းမှ ပေါ်ပေါက်လာတာဖြစ်တယ်။ ပေါ်ပေါက်လာပုံ၊ ပေါ်ပေါက်လာတဲ့နည်းကတော့ အလိုအ
လျောက် မသိမသာ လူတွေရဲ့ဆန္ဒနဲ့ကင်းကွာပြီး ပေါ်လာတာဖြစ်တယ်။ လူတွေရဲ့ဆန္ဒနဲ့ အမှီခိုကင်းစွာ အလိုအ
လျောက်ပေါ် ပေါက်လာရတဲ့ အကြောင်း(၂)ခုရှိတယ်။

ပထမအကြောင်းအချက် ကတော့ လူတွေဟာ သူတို့ မွေးလာတဲ့ အချိန်ကစပြီး ထုတ်လုပ်ရေးနည်းတခု


သို့မဟုတ် အခြားတခုကို လွတ်လပ်စွာ ရွေးချယ်နိုင်တာ မဟုတ်ဘူး။ လူတွေဟာ မွေးလာတဲ့အချိန်ကစပြီး
အရင်ကတည်ရှိနေတဲ့ ထုတ်လုပ်ရေးအင်အားစု၊ တည်ရှိနေတဲ့ ထုတ်လုပ်ရေးနဲ့ ဆက်ဆံမှုတွေနဲ့ ရင်ဆိုင်ရ
တယ်။ လိုက်လျောညီအောင် ကိုယ့်ကိုယ်ကို ကြိုးစားထိန်းညှိရ တယ်။ ဒါဟာ ပထမ အချက်ဖြစ်တယ်။

နောက်တချက် က လူတွေဟာ ထုတ်လုပ်ရေးကရိယာတမျိုး ဒါမှမဟုတ် နောက်တမျိုးကိုသော်လည်းကောင်း၊


ထုတ်လုပ်ရေးအင်အားစုရဲ့ အစိတ်အပိုင်းတရပ် သို့မဟုတ် အခြားတရပ်ကိုသော်လည်းကောင်း၊ ကောင်းမွန် တိုး
တက်အောင်လုပ်ရာမှ ဒီလိုလုပ်လိုက်တဲ့အတွက် လူမှုအကျိုးဆက် ဘယ်လိုဖြစ်လာမယ်ဆိုတာ စဉ်းစားနိုင်ခဲ့တာ
မဟုတ်ဘူး။ သူတို့နေ့စဉ် အကျိုးစီးပွားကိုသာ စဉ်းစားတာဖြစ်တယ်။ အလုပ်သက်သာပေါ့ပါးဖို့သာ စဉ်းစား
တာဖြစ်တယ်။ တိုက်ရိုက်ခံစားနိုင်တဲ့ အကျိုးသက်ရောက်မှုကိုသာ စဉ်းစားတာဖြစ်တယ်။ ဥပမာ - ရှေးဘုံအဖွဲ့
မှာရှိတဲ့ လူတချို့ဟာ ကျောက်ကရိယာကနေ သတ္တုကရိယာ ဖြစ်လာအောင်လုပ်တယ်။ ဒီလိုလုပ်ရင် လူ့အဖွဲ့
အစည်းဟာ ဘာဖြစ်မယ်ဆိုတာ စဉ်းစားမိလို့မဟုတ်ဘူး။ ထုတ်လုပ်ရေးအင်အားစု ပြောင်းလဲလာရင် ထုတ်လုပ်
ရေးဆက်ဆံမှု ပြောင်းလဲလာလိမ့်မယ်လို့ စဉ်းစားမိလို့မဟုတ်ဘူး။ သူတို့နေစဉ်ကြုံတွေ့နေရတဲ့ ထုတ်လုပ်ရေး
အခက်အခဲကို ကျော်လွှားဘို့ တီထွင်တာပဲဖြစ်တယ်။ အလားတူပဲ ပဒေသရာဇ်မြေရှင်စနစ်အောက်မှာ ဥရောပရှိ
အရင်းရှင်လူတန်းစားက လက်မူအလုပ်ရုံကြီးတွေ တည်ထောင်လိုက်တယ်။ ဒီလိုတည်ထောင်လိုက်တာဟာ လူ
မှုအင်အားစုတွေ ပြန်လည်ဖွဲ့စည်းမှုဖြစ်စေပြီး ပဒေသရာဇ်ဘုရင်တွေကို ဆန့်ကျင်တဲ့ တော်လှန်ရေးတွေ ဖြစ်ပေါ်
တိုးတက်လာလိမ့်မယ်လို့ စဉ်းစားမိမှာမဟုတဘ
်ူး ။ လတ်တလော သူ့အကျိုးစီးပွား ဒေါင့်ကနေလုပ်ခဲ့တာဖြစ်
တယ်။ ကုန်စည်ထုတ်လုပ်ရေး စရိတ်သက်သာလာအောင်၊ အာရှဈေးကွက်တွေမှာ ကုန်စည်များများပို့နိုင်အောင်၊

26
အမြတ်များများရအောင်ဆိုတဲ့ လက်တွေ့ရည်ရွယ်ချက် အထမြောက်ဘို့ လုပ်ခဲ့တာဖြစ်တယ်။ ဒီလိုဆိုခြင်း
ကြောင့် ထုတ်လုပ်ရေးဆက်ဆံမှုများရဲ့ ပြောင်းလဲမှုများဟာ ထုတ်လုပ်ရေး ဆက်ဆံမှု အဟောင်းမှ ထုတ်လုပ်
ရေး အသစ်သို့ ကူးပြောင်းတာဟာ ချောချောမွေ့မွေ့ အုံကြွတိုက်ခိုက်မှုများမပါပဲ ပေါ်ပေါက်တယ်လို့ ဆိုလိုတာ
မဟုတ်ပါ။ ထုတ်လုပ်ရေးများရဲ့ ဆက်ဆံမှုဟာ ထုတ်လုပ်ရေးဆက်ဆံမှုကို အဟောင်းကို တော်လှန်တဲ့နည်းနဲ့
ဖြိုဖျက်ပြီး ထုတ်လုပ်ရေး ဆက်ဆံမှုအသစ်ကို ထူထောင်ခြင်းဖြစ်တယ်။ ထုတ်လုပ်ရေးအင်အားစုများ၊ ဖြစ်ပေါ်
တိုးပွားမှုများနဲ့ ထုတ်လုပ်ရေးဆက်ဆံမှုနယ်ပယ်အတွင်း ပြောင်းလဲမှုများဟာ အချိန်တချိန်အထိ အလိုအ
လျောက် လူ့ဆန္ဒနဲ့ အမှီအခိုကင်းစွာ ပေါ်ပေါက်တယ်။ ဒါဟာ ဘယ်အချိန်ထိလဲဆိုရင် သစ်လွင်တဲ့ ဖြစ်ပေါ်
တိုးပွားနေတဲ့ ထုတ်လုပ်ရေးအင်အားစုတွေဟာ လုံလုံလောက်လောက် မရင့်မှည့်သေးမှီ အချိန်ထိပဲဖြစ်တယ်။
ထုတ်လုပ်ရေးအင်အားစုအသစ် ရင့်မှည့်လာပြီးတဲ့နောက်မှာ တည်ရှိနေတဲ့ထုတ်လုပ်ရေးဆက်ဆံမှုများနဲ့ ၎င်းကို
ချုပ်ကိုင်ထားတဲ့ အုပ်စိုးသူလူတန်းစားများဟာ အတားအဆီးကြီးဖြစ်လာပြီး လူတန်းစားအသစ်များရဲ့ အသိရှိတဲ့
လှုပ်ရှားမှု၊ အကြမ်းဖက်တဲ့လှုပ်ရှားမှုဖြင့်သာ လျှင်၊ တော်လှန်ရေးဆင်နွှဲခြင်းဖြင့်သာလျှင် ၎င်းတို့ကိုဖယ်ရှား
ပစ်နိုင်တယ်။ အဲဒီအခါမှာသစ်လွင်တဲ့ လူမှုအယူအဆများရဲ့ ကြီးမားတဲ့အခန်း၊ နိုင်ငံရေးပါတီ အသစ်များရဲ့
အခန်း၊ သစ်လွင်တဲ့ တော်လှန်ရေးအာဏာများရဲ့အခန်းဟာ ထင်ထင်ရှားရှားကြီး ပေါ်ထွက်လာတယ်။ ထုတ်လုပ်
ရေးအင်အားစုအသစ်နဲ့ ထုတ်လုပ်ရေးဆက်ဆံမှုအဟောင်းတို့ အတိုက်အခံဖြစ်မှုကနေပြီး လူ့အဖွဲ့အစည်း
သစ်ရဲ့ သစ်လွင်တဲ့ စီးပွားရေးတောင်းဆိုချက်များကနေပြီး သစ်လွင်တဲ့လူမှုအယူအဆများ ပေါ်ထွက်လာတယ်။
သစ်လွင်တဲ့ အယူအဆတွေက လူထုကြီးကို စည်းရုံးပေးတယ်။ လှုံဆော်ပေးတယ်။ လူတန်းစားတိုက်ပွဲတွေ၊
လူထုတိုက်ပွဲတွေရဲ့ အရှိန်အဟုန်အောက်မှာ လူတန်းစားရဲ့ နိုင်ငံရေးပါတီအသစ်တွေ ပေါ်ထွက် လာတယ်။
လူထုကြီးဟာ ဒီနိုင်ငံရေးပါတီသစ်တွေရဲ့ ခေါင်းဆောင်မှုအောက် မှာ တော်လှန်ရေးကိုဆင်နွှဲပြီး တော်လှန်ရေး
အာဏာသစ်ကိုထူထောင်လိုကြ် ကတယ်။ ဒီလိုနည်းနဲ့ ထုတ်လုပ်ရေး ဆက်ဆံမှုအဟောင်းကို အကြမ်းဖက်
နည်းဖြင့် နှိမ်နှင်းဖျက်သိမ်းလိုက်ပြီး ထုတ်လုပ်ရေးဆက်ဆံမှုအသစ်ကို ထူထောင်လိုက်တယ်။ ဖြစ်ပေါ်တိုးပွား
လာမှုရဲ့ အလိုအလျောက်ဖြစ်စဉ်ဟာ လူတွေရဲ့နိုးကြားမှုရှိတဲ့ လူပ်ရှားမှုအဖြစ် ပြောင်းသွားတယ်။ ငြိမ်းချမ်း
စွာဖြစ်ပေါ်တိုးပွားမှုဟာ အကြမ်းဖက်တဲ့ အုံကြွမှုအဖြစ်သို့ ပြောင်းသွားတယ်။ တဖြေးဖြေးပြောင်းလဲမှုဟာ တော်
လှန်ပြောင်းလဲမှုသို့ ကူးပြောင်းသွားတယ်။ ဒါ့ကြောင့် မျက်မှောက်ခေတ်ကာလမှာ တိုင်းပြည်အားလုံးရှိ ပစ္စည်းမဲ့
လူတန်းစားရဲ့ပါတီဖြစ်တဲ့ ကွန်မြူနစ်ပါတီနဲ့ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုရှိမှ သာလျှင်ဖြစ်နိုင်တယ်။ သမိုင်း
ပေးတာဝန်ဖြစ်တဲ့ အရင်းရှင်စနစ်ကိုဖြိုဖျက်ပြီး လူလူချင်းသွေးစုတ်မှု၊ ဖိနှိပ်မှုကင်းတဲ့ ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်
စနစ်ကို ထူထောင်ဘို့အတွက် ပစ္စည်းမဲ့လူတန်းစားရဲ့ ပါတီဖြစ်တဲ့ ကွန်မြုနစ်ပါတီနဲ့ ကွန်မြူနစ်ပါတီရဲ့
ခေါင်းဆောင်မှုရှိဘို့ အင်မတန်လိုအပ်ပါတယ်။ ဒီပါတီဟာ တိုက်တိုင်းအောင်တဲ့ မာက့်စ်- လီနင် ဝါဒ သဘော
တရားနဲ့ လက်နက်တတ်ဆင်ပြီး အကြမ်းဖက်တော်လှန်ရေးဆင်နွှဲရမယ်။ ပစ္စည်းမဲ့အာဏာရှင်စနစ်ကို ထူထောင်
ရမယ်။ အရင်းရှင်ထုတ်လုပ်ရေး ဆက်ဆံမှုအဟောင်းကို ဖျက်သိမ်းပြီး ဆိုရှယ်လစ်ထုတ်လုပ်ရေး ဆက်ဆံမှု
အသစ်ကို ခိုင်မြဲစွာထူထောင်ရမယ်။ ဒါကတော့ အနုပဋိလောမ ရုပ်ဝါဒနဲ့ သမိုင်းရုပ်ဝါဒမူတွေက ကျနော်တို့ကို
ညွှန်ပြလိုက်တဲ့ လက်တွေ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ ။

27

Вам также может понравиться